Monday, September 29, 2014

ဖုန်း

  ၉၅ ခုနှစ်လောက်က ဖြစ်မည် ထင်သည်။ မောင်ပွ တို့ အိမ် တယ်လီဖုန်းလျှောက်တာ ကျသဖြင့် ဆက်သွယ်ရေးရုံးက ဖုန်းလာတပ်ပေးသည်။ ဖုန်းအနီရောင် အပေါ်တွင် 52000 ဟု ရေးထားသည့် ဖုန်းခွံ တစ်ခု ပါတစ်ခါတည်း တပ်ပေးသွားသည်။ ထိုစဉ် အခါက တယ်လီဖုန်းဆိုတာ အိမ်တိုင်းမှာ မရှိ။ တယ်လီဖုန်း ရှိသော အိမ်ဆိုတာ ဟိုးအရင် ခေတ်က ဖယ်မလီယာ ကားဝယ်စီး နိုင်တဲ့သူတွေလို ရှားပါးလှသည်။ မောင်ပွ တို့အိမ်လည်း မျောက်အုန်းသီး ရသလို ထိုဖုန်းအား တစ်နေ့ တစ်နေ့ ဖုန်သုတ်ရတာ တစ်မျိုး ပုဝါအုပ်ပေးရတာ တစ်မျိုး နှင့်။ သည့်နောက် အဖေ လုပ်သူက နောက်ဖုန်းခွံ တစ်လုံးဝယ်ကာ အိမ်နောက်ဖေး တွင် တပ်ကာ Extension သဘော ထားပေးလေသည်။ တစ်ခါတစ်လေ အိမ်နောက်ဖေး မှာရောက်နေလို့ ဖုန်းလာနေပါက အိမ်ရှေ့သို့ ပြေးသွားရန် မလိုဘဲ အိမ်နောက်ဖေး ဖုန်းမှ ပြောနိုင်ရန် တပ်ဆင်ထားပေးခြင်း ဖြစ်လေသည်။ မောင်ပွ တို့မှာ ဖုန်းလာပါက ပြေးပြေးကိုင်ပြီး ဖြေရတာ အမော။ ကစားစရာ အရုပ်တစ်ရုပ် ယခုမှ အိမ်ပေါ်ရောက်နေသကဲ့ သို့ ဖြစ်နေလေတော့သည်။ တစ်နေ့ ဖခင် လုပ်သူ အိမ်သာတက်နေစဉ် မိခင်လုပ်သူက အိမ်ရှေ့မှာ ဘုရား ရှိခိုးနေလေသည်။ ထိုစဉ် ဖုန်းဝင်လာသည်။ မောင်ပွမှာ အိမ်က ကြိမ်းထားသဖြင့် ဖုန်းလာလျှင် မကိုင်ရဲတော့ဘဲ အိပ်ခန်းထဲတွင်သာ ခွေနေရလေသည်။ အတန်ကြာအောင် ဖုန်းခေါ်သံ မြည်သော်လည်း ကိုင်မည့်သူကမရှိ။ အမေကလဲ ဘုရားရှိခိုးလို့ မပြီးသေး အဖေကလဲ အိမ်သာထဲက ထွက်မလာသေး။ ခဏကြာသော် အဖေ အိမ်သာထဲမှ ကမန်းကတန်း ထွက်လာကာ အိမ်နောက်ဖေးရှိဖုန်းအား ကောက်ကိုင်လေသည်။ တစ်ချိန်တည်းမှာပင် မိခင်လုပ်သူက ဘုရားအားဦးချတောင်းပန်ကာ အိမ်ရှေ့ ဖုန်းအား ကောက်ကိုင်လေသည်။ တစ်ဆက်တည်း မှာပင် သူတို့ ၂ယောက်ကိုင်လိုက်သော အချိန်တွင် ဟိုဘက်မှ ခေါ်သော ဖုန်းမှာ အချိန်စေ့ သဖြင့် လိုင်းကျသွားလေ၏။

Saturday, September 27, 2014

တံတားတည်ဆောက်မှုအတတ်ပညာ

  ကမ္ဘာပေါ်တွင် လူသားရယ်လို့ ပေါ်ပေါက်လာသောကျောက်ခေတ်ကာလမှာပင် ကမ္ဘာဦးလူသားတို့သည် တံတားကိုစတင်တည်ထောင်ခဲ့ကြသည်။ တကယ့်အဖြစ်မှာ - ကမ္ဘာပေါ်တွင် ကျောက်ခေတ်လူသားတို့ အင်ဂျင်နီယာအတတ်ပညာကို စတင် အသုံးပြုခဲ့ကြသည်မှာ တံတားဆောက်လုပ်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အိမ်ယာ အတတ်ပညာမရှိသေး။ ကျောက်ဂူတွင်နေကြသည်။ မီးကိုမတွေ့ရှိသေး။ အစိမ်းစားသောအချိန်တွင် သားကောင်သည် ချောက်ကမ္ဘား၏ တစ်ဖက်ကမ်းတွင် ရှိသည်ကိုသိသော လူသားများက ချောက်ကမ္ဘားထိပ်က သစ်ပင်ကိုခုတ်၍ တဖက် ချောက်ကမ္ဘားထိပ်သို့ လဲကျအောင် ဆောင်ရွက်ပြီး ထိုသစ်ပင်ပေါ်မှ ဖြတ်ကူး အမဲလိုက်ခဲ့ကြသည်။ ကမ္ဘာ့ပထမဆုံးအင်ဂျင်နီယာအတတ်ပညာ (တံတားထိုးခြင်း) ဖြစ်ပါသည်။

Friday, September 26, 2014

Meikyou Shisui ~Mononofu ga Michi~ Lyrics

With Kanji, Romanji and English translation,

Yukimura Sanada in Samurai Warriors 3
Meikyou Shisui ~Mononofu ga Michi~ (明鏡止水 ~もののふが道~) is a Samurai Warriors character image song which first appeared on the vocal CD Sen Retsu Uta Ougi; it was later put in Vocal Best. It is a solo song performed by Takeshi Kusao for his character in the series, Yukimura Sanada. The song's title can be translated as "Clear Mind with No Doubt ~A Samurai's Path is the Way~".

Thursday, September 25, 2014

JRC - JURONG Rock Cavern

   စင်ကာပူကို ပွဲစားနိုင်ငံအဖြစ် လူအတော်များများက သိကြပါတယ်။ ဒါပေမယ့် သူတို့က နည်းပညာတွေ/ အတတ်ပညာတွေ/ အသိပညာတွေနဲ့ ပေါင်းစပ်ပြီးမှ ပွဲစားလုပ်ကြတယ်။


   ၂၀၀၇မှာ Vopak Singapore က JRC လို့ခေါ်တဲ့ hydrocarbons အရည်တွေ သိုလှောင်တဲ့ Storage Cavern လိုဏ်ဂူကြီးကို စတင်တည်ဆောက်ခဲ့ပြီး ၂-၉-၂၀၁၄ မှာဖွင့်ပွဲလုပ်နိုင်ခဲ့တယ်။



Tuesday, September 23, 2014

Game ရုပ်ထွက်ကို ပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ



Skyrim with mods/ENB + SweetFX
   PS3, XBOX တို့လို ဂိမ်းစက်တွေမှာ ဂိမ်းရဲ့ရုပ်ထွက်က စက်က သတ်မှတ်ထားတဲ့အတိုင်းဖြစ်တဲ့အတွက် ပြောင်းလဲပေးဖို့ မလိုအပ်အောင်ကို အသွင်အပြင်ပုံရိပ်က ကြည်လင်ပြတ်သားပြီးသားပါ။ ဒါပေမယ့် PC game ကို အသုံးပြုသူတွေအတွက်ဆိုရင် ကိုယ့် PC ရဲ့ တပ်ဆင်ထားတဲ့ အမျိုးအစား အလိုက် ဂိမ်းရဲ့အသွင်အပြင်ဟာ ပြောင်းလဲပါတယ်။ တစ်ချို့ဂိမ်းတွေဟာ ကိုယ့် PC အမျိုးအစားက သူသတ်မှတ်ထားတဲ့ အမြင့်ဆုံးထက်တောင် ကျော်လွန်ပေမယ့် မည်မျှပင် game ရဲ့ setting ကို အမြှင့်ဆုံးကို မြှင့်ထားပေမယ့် ဂိမ်းရဲ့ပုံရိပ်ဟာ အနိမ့်ဆုံးသတ်မှတ်ချက်နဲ့ တူတူပဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာဆို SweetFX ဆိုတဲ့ tool တစ်မျိုးကို သုံးပေးရုံဖြင့် PS3, XBOX တို့လိုမျိုး အသွင်အပြင်ပုံရိပ်လိုမျိုး ရရှိစေမှာဖြစ်ပါတယ်။

SweetFX သုံးထားတဲ့ Game တွေရဲ့ screenshots ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်လို့ရပါတယ်။ 

Monday, September 22, 2014

ဘုရားရင်ပြင်တော်မှာ ဟင်္သာတိုင်ဘာကြောင့်ထားရတာလဲ

အမေး။ ။ အရှင်ဘုရား….ဘုရားစေတီရင်ပြင်တော်မှာ ဟင်္သာတိုင် ဘာလို့ ထားရလဲဆိုတာရယ်၊ ဟင်္သာနှုတ်သီးမှာ အလုံးကြီးတစ်လုံးလည်း ဘာလို့ ဆွဲထားလဲဆိုတာရယ် သိချင်ပါတယ်ဘုရား

ဖြိုး(မြိတ်)

အဖြေ။ ။ဟင်္သာတိုင်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ အမြတ်ဆုံးဖြစ်တဲ့ ကိုးကွယ်မှုဆိုင်ရာ အမှတ်အသား တစ်ခုဖြစ်တယ်။

  ဟင်္သာတိုင်ကို အခုအခါ တံခွန်တိုင်လို့လဲ ခေါ်ဆိုကြပါတယ်။ တကယ်တော့ ဟင်္သာတိုင်ဆိုတာ ဘုရားအလောင်းတော် ဟင်္သာမင်းဖြစ်စဉ်က အမှတ်အသားတစ်ခု ဖြစ်ဟန်တူပါတယ်။ ပိုပြီး ရှင်းလင်းသွားအောင် လိုရင်းတိုကျဉ်း ပြောပေးပါ့မယ်။

  မြတ်စွာဘုရားရှင်ဟာ ဘုရားမဖြစ်ခင် အလောင်းတော်ဘ၀က ဇ၀နအမည်ရှိတဲ့ဟင်္သာမင်းဖြစ်ခဲ့ဖူးပါတယ်။ ဟင်္သာပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။ သူ့မှာ ညီငယ် ဟင်္သာ နှစ်ကောင်လဲ ရှိပြီး၊ စိတ္တကုဋ်တောင်မှာ နေထိုင်ကြပါတယ်။ တစ်နေ့မှာ ညီငယ်များက နေနဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို ဟင်္သာမင်းဆီမှာ ခွင့်တောင်းပါတယ်။

  ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ဘူး။ ညီငယ် ၂ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ဘဲ နေနဲ့ပြိုင်ဖို့အတွက် နေမထွက်မီကတည်းက ယုဂန္ဓိုရ်တောင်ထိပ်ကနေ သွားစောင့်နေပါတယ်။ နေထွက်တာနဲ့ အပြိုင် ပျံသန်းကြတယ်။ လမ်းခရီးမှာ နေရဲ့အရှိန်ကြောင့် အငယ်ဆုံးကောင်ရဲ့အတောင်မှာ မီးစွဲလောင်ပါတယ်။

Sunday, September 21, 2014

Transport Network Master Plan (Myanmar)

  ယနေ့မြန်မာနိုင်ငံတွင် ပျမ်းမျှခြင်းတစ်နေ့လျှင် လူဦးရေ (၃၀၀,၄၄၅) သည် တစ်မြို့မှ တစ်မြို့သို့ ခရီးသွားလာနေကြပြီး တစ်နေ့လျှင် ကုန်တန်ချိန် (၂၄၆,၀၀၀) သည် တစ်နယ်မှ တစ်နယ်သို့ ပို့ဆောင် ကုန်သွယ်နေပါသည်။ ထိုသို့နေ့စဉ် ခရီးသွားလာနေသော ခရီးသည်အားလုံး၏ ( ၇၉.၄% ) သည် မော်တော်ကားလမ်းများကို အသုံးပြု၍ ဘတ်(စ်)ကား၊ ကိုယ်ပိုင်ကားတို့ဖြင့် သွားလာနေကြပြီး၊ မီးရထားဖြင့် ( ၁၇.၃% )၊ သင်္ဘောဖြင့် (၁.၆%)၊ လေယာဉ်ဖြင့် ( ၁.၇% ) ခရီးသွားလာခဲ့ကြပါသည်။


  အောက်ဖော်ပြပါ 2013 စာရင်းအရတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပျမ်းမျှနေ့စဉ် ခရီးသွားစာရင်းဖြစ်၍ 2015 ၊ 2020 ၊ 2030 ခရီးသွားစာရင်းကို ကြိုတင်ခန့်မှန်းဖော်ပြထားပါသည်။


  အောက်ပုံမှာ 2013 ခုနှစ် ခရီးသည် စုစုပေါင်းနှင့် သွားလာခဲ့သည့်ယာဉ်အမျိုးအစားနှင့် 2030 တွင် ဖြစ်လာနိုင်ဖွယ် ခရီးသည်နှင့် ဖြစ်နိုင်ဖွယ် လမ်းကြောင်းများဖြစ်ပါသည်။

Friday, September 19, 2014

စင်္ကာပူမှာ ရေရှားမှု နှင့် မြေရှားမှုပြသာနာကိုဘယ်လိုဖြေရှင်းတယ်ဆိုတာ


 
  စင်္ကာပူမှာ ရေရှားမှု နှင့် မြေရှားမှုပြသာနာကိုဘယ်လိုဖြေရှင်းတယ်ဆိုတာ Newater plant မှာရှင်းထားပါတယ်။ ရေကို နည်းလမ်း ၄သွယ်ဖြင့်ရရှိပါတယ်။

  1. မလေးရှားက import water
  2. ပင်လယ်ဆားငန်ရေကနေ ရေချိုပြန်ချက်တဲ့နည်းလမ်း။
  3. Reservoirs ရေကန်ကြီးတွေက မိုးရေသိုလှောင်ပြီးရရှိသည့်နည်းလမ်း။
  4. Newater Technology

  Newater ဆိုသည်မှာ လူနေ အဆောက် အဦးအားလုံးက ထွက်ရှိတဲ့ ရေဆိုးရေညစ်တွေကို မြေအောက်ဦးမင်လိုဏ်ခေါင်းကနေ စုဆောင်းပြီး
Process BOD, COD, Membrane bioreactor တွေနဲ့ Pre-treatment ပြုလုပ်ပါတယ်။ Newater master စီမံကိန်းကို ၁၉၇၀ ကျော်လောက်ကတည်းကရေးဆွဲပြီး သုတေသနပြုလုပ်ပြီးဖြစ်ပါသည်။

Wednesday, September 17, 2014

Basis of R.C column design

Point to Re-remember:

Static Design ကိုပဲ ရည် ရွယ်ပါတယ်။ Dynamic Design မှာက ငလျင် နဲ့ မုန်တိုင်းစတဲ့ Lateral force တွေကိုပါ စဉ်းစားရ တော့ Column တွေကလဲ Bending/ Flexural Action ဝင် လာပြီး Tension Zone ရဲ့နေရာယူမှုက သိသာလာပြီး Column တွေဟာ Compression Control မဖြစ်တဲ့ case ရှိပါတယ် .. Engineering မှာ ပုံသေမမှတ် ရပါ Depends on time & situation ပါပဲ

‪‎Material‬
R.C column မှာ Load ကိုထမ်းပေးတဲ့ Materaial နှစ်မျိုးပါတယ် ..Steel နဲ့ Concrete ပေါ့


Concept‬
Column မှာ Steel/Rebar ထက် Concrete က ပိုအ ရေးကြီးပါတယ်။ Column ဆိုတာ compression
member ဖြစ်တဲ့အတွက် Elastic Stage က နေ Ultimate Stage ထိ Concrete ကသာ Loads တွေကို အဓိက ထမ်းပေးသွားမှာပါ။  Concrete က Compression ကိုကောင်းကောင်းခံနိုင် တယ်လေ


Tuesday, September 16, 2014

Tenka Haruka ni Koete Lyrics

With Kanji, Romanji and English translation
Masamune Date from Samurai Warriors 4
Tenka Haruka ni Koete (天下遙かに越えて) is a Samurai Warriors character image song. It's a solo song performed by Nobuyuki Hiyama for one of his characters in the series, Masamune Date.

Voice Actor : Nobuyuki Hiyama
Lyrics

Moving forward, forward, forward, moving ever onward
先へ先へ先へ進め どこまでも突き進め
Saki e saki e saki e susume dokomade mo tsuki susume
No one can ever oppose my will
志は誰も阻めめ
Kokorozashi wa dare mo habamenu
I’ll win, I’ll win, I’ll come from behind, never stopping, never looking back
勝って勝って勝ちまくって 皆まらず振り向かず
Katte katte kachimakutte todomarazu furi mukazu
Crossing to that faraway land, looking ever forward
天下遥かに越えて 更にその先を見る
Tenka haruka ni koete sara ni sono saki wo miru

Sunday, September 14, 2014

RC တိုင်၏ ခံနိုင်အားကို ပုံသေနည်းဖြင့် တွက်ထုတ်ပုံ

Credit to mmewp.org

10'' ပတ်လည်ရှိသော RC တိုင်ထဲတွင် 16mm(5/8'') အချင်းရှိသော သံချောင်းလေးချောင်းထည့်ထားမည်။ ထို RC တိုင်၏ ခံနိုင်အားကို ရှာပါ။

f'c = ကွန်ကရစ်၏ ခံနိုင်အား
fs = သံချောင်း၏ ဆွဲဆန့်အား
Ag = RC တိုင်၏ area
As = သံချောင်း area
P = RC တိုင်၏ ခံနိုင်အား

ကွန်ကရစ် နှင့် သံချောင်းတို့၏ ရုန်းပြန်ကိန်းအချိုးကို ၁၀ ဟု ယူဆပြီး တွက်မည်။ ထိုကြောင့် ဇယားအရ f'c ကို 2500 psi, fs ကို 18000 psi သတ်မှတ်မည်။

P = 0.18 f'c Ag + 0.8 As fs
   = [0.18 x 2500 x (10 x 10)] + [0.18 x (4 x 0.31) x 18000]
   = 45000 + 17856
   = 62856 lb
   = 62856/2240
   = 28.06 ton

RC တိုင်၏ ခံနိုင်အားမှာ 28.06 ton ဖြစ်သည်။

Written by Tin Ko Ko

Saturday, September 13, 2014

Warriors Orochi 3 Ultimate -Mystic Weapons Guide-

Hello! Here is the best possible full guide of unlocking the so called 'Mystic Weapons'. These weapons can only be acquired in Musou Orochi 2 Ultimate (Warriors Orochi 3 Ultimate)  and by completing certain conditions.


***REMINDERS***

  1. If you are trying to get Zhao Yun's Mystic Weapon, you must play as him.
  2. You MUST play on Hard or Chaos difficulty.
  3. If you succeed the certain requirement needed, you will get a precious item report which will be highlighted in green. If you are unsure, just check the battle log.
  4. You can temper with the Mystic Weapons and you can only get ONE.
  5. Mystic Weapons have very high base attacks and it will go higher when the Weapon Familiarity bar has reached maxed.

Wednesday, September 10, 2014

ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြန် ဗေဒင်ဆရာကြီး မိုခ

  ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြန် ဗေဒင်ဆရာကြီး မိုခ တစ်ယောက် ယခုတလော အကြီးအကျယ်စိတ်ညစ်နေလေသည်။ အကြောင်းမှာ သူ့အိမ်ကို ဗေဒင်လာမေးကြဖို့ ဝေးစွ လမ်းဘေးခွေးတောင် သူ့အိမ်ဘက် သေးလှည့်မပန်း ဖြစ်နေလေရာ များစွာ စိတ်ဓါတ်ကျမိလေတော့သည်။ တကယ်ဆို သူ့ဆိုင်းဘုတ်ပေါ်က စာသားလေးများကို အားနာကြဖို့တော့ ကောင်းလှသည်။

" ဆရာကြီးမင်းသိင်္ခနှင့် မျက်လုံးချင်းတစ်ခါဆုံမိရာမှ ထွက်ရပ်ပေါက်သွားသူ ဆရာမင်းမိုခ"

  ကဲ ကြည့် ဒီလောက်ခန့်ညားလှတဲ့ ဆိုင်းဘုတ်ပေါ်က စာသားတွေကို အရေးမလုပ်ကြ။ နေနှင့်ကြအုံးပေါ့။ အရေးကြုံမှ ဆရာကယ်ပါ ဘာညာ လာမလုပ်ကြနှင့် ဟု စိတ်ထဲမှ ကျိန်းဝါးကာ ခါးပေါ်ဝတ်ထားသော မျိုးတင့်ဆွေဘောင်းဘီသားရေကြိုး ပြတ်လေးကို ပုဆိုးဝတ်သလို ၀တ်ဆင်ပြီး အပေါ်မှ အာဂျီနိုမိုတိုစွပ်ကျယ် လေးကို တစ်ချက် သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ ပြီးနောက် မီးဖိုထဲတွင် ဘာများ ရှိလိမ့်မလဲဟု လှန်လှော ရှာဖွေသော်လည်း ဖွတ်ကလိဒင်္ဂါးက အခြေအနေ မပေးသဖြင့် နောက်ဆုံး ရရာ ကြမ်းပြင်ပေါ်ကျနေသော ကြက်သွန်ဖြူတစ်လုံးအား မီးဖုတ်စားလိုက်ရလေသည်။ ထိုစဉ်

" ဆရာမိုခ ရှိလား ဗေဒင်မေးချင်လို့ပါ"

" ငင် Customer လာပြီ"

Monday, September 8, 2014

Wake Up My Soul Lyrics

 With Kanji, Romanji and English translation
Sima Zhao From Dynasty Warriors 8
Wake up my Soul is a Dynasty Warriors character image song which first appeared on the Jin character image song CD for Dynasty Warriors 8. It's a solo song performed by Kishio Daisuke for one of his characters in the series, Sima Zhao.  

Voice Actor : Kishio Daisuke

Lyrics

I wake up my soul
And with all my heart and mind and strength
全身全霊で
Zenshin zenrei de
I take a step forward on my way
踏み出す my way
Fumidasu My way

Not doing anything troublesome is my principle
面倒事はしない主義
Mendou koto wa shinai shugi
I live freely as the wind tell me
風のままに生きてきたんだ
Kaze no mama ni ikitekitan da
But now I think I can take a step forward
だけど今はその皆中
Dakedo ima wa sono senaka
If it’s for the sake of supporting that person’s back
支えるためなら踏み出せる
Sasaeru tame nara fumidaseru

Saturday, September 6, 2014

ပျော်ရွှင်ခြင်း သော့


   ကျွန်တော်တို့နေထိုင်သော ပတ်ဝန်းကျင်ရှိ လူ၊ အရာဝတ္ထု၊ သက်ရှိ၊ သက်မဲ့ပစ္စည်းများသည် ကျွန်တော်တို့၏ စိတ်အာရုံအား အလွယ်တကူ ထိခိုက်စေနိုင်သည်။ မတော်တဆ သို့မဟုတ် တမင်သက်သက်ပြောလိုက်သော လူတစ်ဦးတစ်ယောက်၏စကားတစ်ခွန်းနှင့် အပြုအမူသည် သင့်၏စိတ်အား အနှောင့်အယှက် ဖြစ်စေခဲ့ပြီလား...၊

   တစ်ခါက ချီကာဂိုနေ့စဉ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် Sydney J.Harris သည် မိတ်ဆွေတစ်ဦးနှင့်အတူ လမ်းဘေးတွင် သတင်းစာ ဝယ်လေသည်။ သတင်းစာယူပြီးမိတ်ဆွေ က ရောင်းသူအား ကျေးဇူးတင်ကြောင်း ပြောခဲ့သော်လည်း ရောင်းသူမှာမျက်နှာမာနှင့် ဘာမှပြန်မပြောခဲ့ပေ။ ထိုအချင်းအရာကို မြင်သော Sydney J.Harris က “ဒီကောင့်အချိုးက မပြေဘူးနော်” ဟုဆို၏။

မိတ်ဆွေ...... “သူပုံစံက အမြဲတမ်း ဒီအတိုင်းပဲ”

Sydney J.Harris........“ဒါကိုများ ခင်ဗျားက အားတုန့်အားနာနဲ့ ကျေးဇူးတင်ကြောင်း ပြောနေသေးတယ်”

မိတ်ဆွေ...... “ကျွန်တော့်ရဲ့အပြုအမူကို ဘာဖြစ်လို့ သူ့ကြောင့်ပြောင်းလဲရမလဲဗျာ”

Friday, September 5, 2014

Heart Beat Lyrics

With Kanji, Romanji and English translation
Guan Xing From Dynasty Warriors 8
Heart Beat is a Dynasty Warriors character image song which first appeared on the Dynasty Warriors 8 character image song CD for Shu. It's a solo song performed by Shimazaki Nobunaga dedicated to his character Guan Xing.

Voice Actor : Shimazaki Nobunaga

Lyrics

Don’t look down! No other way
Now, be brave… Go another way
Light up dark minds! Fight for our destiny
Don’t look down! No other way
Now, be brave… Go another way
Light up dark minds! Fight on!

What I want to pledge to the sky and the wind is my unwavering resolution
空に風に誓いたい 揺ぎない 覚悟を
Sora ni kaze ni chikaitai yuruginai kakugo o
To fight fearlessly, slicing the night and the enemies away
闇を敵を 薙ぎ払い 恐れず 戦うと
Yami o teki o nagiharai osorezu tatakau to
Everytime I step forward, my heartbeat resounds and grows hotter
一歩前に進むたび 熱く響く鼓動
Ippo mae ni susumu tabi atsuku hibiku kodou
Surely over there lay a world I don’t know
きっとそこに 知らない世界がある
Kitto soko ni shiranai sekai ga aru

Thursday, September 4, 2014

ထူးဆန်းသော အချိုရည်ဘူးထုတ်စက် “Haunted” coke machine

Washington, Seattle မြို့ မှာ အလွန်သက်တမ်းရင့်ပြီး ထူးဆန်းတဲ့ စက်တစ်လုံးရှိပါတယ်။ ၁၅နှစ်နီးပါး နေရာမပြောင်းမရွှေ့ဘဲရှိနေတဲ့ ဒီစက်ကြီးဟာ အခုထက်ထိတိုင်အလုပ်လုပ်နေဆဲဖြစ်ပါတယ်။


Wednesday, September 3, 2014

Koumyou ga Michi

With Kanji, Romanji and English translation
Takatora Tōdō From Samurai Warriors 3
Koumyou ga Michi (功名が道), roughly translated as "Fame is the Way", is a Samurai Warriors character image song which can be found on the Sengoku Musou Seiyuu Ougi 2012 Aki event exclusive CD and Gekika Ougi. It's a solo song performed by Masaya Matsukaze who voices Takatora Tōdō in the series.

Lyrics: Yuriko Mori
Composition, Arrangement: Takeshi Masuda
UNIVERSAL MUSIC label
Voice Actor : Masaya Matsukaze
Lyrics
Taken from Koei Wiki
Where is he? The master I swore my life to
何処にいるのか?此の身が仕える
doko ni iru no ka? kono mi ga tsugaeru
left no trace of himself behind
主君は影もなし
aruji wa kage mo nashi
Hanging onto the loyalty found in those distant days
遠きあの日の忠義をぶら下げ
tooki ano hi no chuugi wo burasage
I roam alone
流離う 唯独り
sasurau tada hitori
I won't let it end here
此の儘で終わるつもりなどはない
kono mama de owaru tsumorinado wa nai
I head towards the location of my new position
新たな仕官の場所だけを 求めて歩く
aratana shikan no bashou dake wo motomete aruku
—I don't know why. That's the only answer I have.
—知らん。それ以外の嗚呼答えは
—shiran. sore igai no aa kotae wa

Tuesday, September 2, 2014

The President (Giant sequoia tree)


ဒီပုံက မကြာသေးခင်ကမှ ရိုက်ထားတဲ့ သက်တမ်း နှစ်ပေါင်း 3200 ရှိပြီး The president လို့အမည်ရှိတဲ့ သစ်ပင်ကြီးပုံဖြစ်ပါတယ်။ ဒီမတိုင်ခင်က ဒီသစ်ပင်ကြီးကို မည်သူတဦးတယောက်မှ ပုံမရိုက်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြီးမားပြီး မြင့်မားလွန်းလှတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဒီကြီးမားပြီး မြင့်မားလွန်းလှတဲ့ sequoia မျိုးနွယ်ဝင် သစ်ပင်ကြီးဟာ ၂၄၇ ပေမြင့်ပြီး ထုထည်က ၄၅,၀၀၀ ကုဗပေ ရှိပါတယ်။ ပင်စည်လုံးပတ်တစ်ခုတည်းတင် ၂၇ ပေရှိပြီး သူ့ရဲ့အကိုင်းအခက်ကြီးတွေမှာ အကိုင်းအခက်အခွဲပေါင်း သန်းတစ်ထောင်လောက် ရှိပါတယ်။ ဒီပမာဏက ကမ္ဘာပေါ်မှာရှိတဲ့ သာမာန်သစ်ပင်တွေထက်ကို အများကြီးပိုပါတယ်။

ဒီပုံကို Nat Geo ဓာတ်ပုံဆရာများအဖွဲ့က လွန်ခဲ့တဲ့ ၃၂ ရက်ကမှ  ရိုက်ယူခဲ့ပါတယ်။ အစိတ်အပိုင်းပေါင်း ၁၂၆ ပုံကို ဆက်ထားတာဖြစ်ပါသည်။

မူရင်းလင့်ခ် - http://news.distractify.com/geek/science/after-126-separate-photos-scientists-have-captured-this-incredibly-tall-tree-in-a-single-image/

Monday, September 1, 2014

ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ်

  ယခုမြင်ရသောပုံတော်မှာ ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်ပါသည်။ ထိုပုံကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မူသည့်နေရာဖြစ်သော မဟာဗောဓိ ညောင်ပင်ရင်းတွင် နိုင်ငံခြားယောဂီ တယောက် ဓါတ်ပုံရိုက်ကူးထားခြင်း ဖြစ်ပါသည်။ ဤပုံတော်မှာ ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်သောကြောင့် အလွန်ထူးခြားသော ပုံတော်လည်း ဖြစ်ပါသည်။ ပုံတော်အစစ်အမှန်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဓမ္မပရိသတ်ကြီးကို စာရေးသူ ရှင်းပြမည် ဖြစ်ပါသည်။

  ပထမတွင် ဤပုံတော်၏ရာဇဝင်ကို ရှင်းပြလိုပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက နိုင်ငံခြားမှ ဘာသာခြား အမျိုးသမီးတဦးသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို လေ့လာဖတ်ရှုရာမှ ဗုဒ္ဓဘာသာ၏ အဆုံးအမများကို ယုံကြည်သက်ဝင်လာပါသည်။ ထိုမှတဆင့် လက်လှမ်းမီသမျှ ဗုဒ္ဓစာပေများကို အချိန်ရလျှင်ရချင်း လေ့လာဖတ်ရှု မှတ်သားမှုများ ပြုလုပ်ပါတော့သည်။

  ထိုအခါ စာပေများကို ဖတ်ရာကို အားရတင်းတိမ်ခြင်း မရှိပဲ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သစ္စာလေးပါး တရားတော်များကို ကျင့်ကြံပွားများ အားထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုဆုံးဖြတ်ချက်အရ မြတ်စွာဘုရား ပွင့်တော်မူရာဒေသဖြစ်သော ဗုဒ္ဓဂါယာသို့ ရောက်ရှိလာပါသည်။ ထိုအခါ မြတ်စွာဘုရား၏ သာသနာပြုရာ ဒေသများသို့ သွားရောက်ဖူးမျှော်ရင်း မြတ်စွာဘုရား၏ မူလပုံတော်အစစ်ကို ဖူးမြော်ချင်သည့် သဒ္ဓါတရား ဖြစ်ပေါ်လာပါသည်။

ကမ္ဘာမှာ ပထမဆုံး ပြိုကျခဲ့တဲ့ (တစိတ်တပိုင်း) precast concrete အဆောက်အဦ



ကမ္ဘာမှာ ပထမဆုံး ပြိုကျခဲ့တဲ့ (တစိတ်တပိုင်း) precast concrete အဆောက်အဦ
--------------------------------------

  Technical literature တွေကို ဖတ်ရင် ကမ္ဘာမှာ ပထမဆုံး (တစိတ်တပိုင်း ၊ partially) ပြိုကျခဲ့တဲ့ precast concrete အဆောက်အဦ အဖြစ် အင်္ဂလန် လန်ဒန်မြို့မှာ ဖြစ်ခဲ့တဲ့ Ronan Point case ကို ရေးသားဖော်ပြ ထားကြတာကို တွေ့မြင်ကြရပါတယ်။

  အဲသည်တုန်းက precast design နဲ့ ပတ်သက်တဲ့ standard တွေ မရှိသေးတာကို သတိပြုမိသွားပြီး ၊ အဲသည် နောက်ပိုင်း precast standard တွေ ဖွံ့ဖြိုးလာတယ်လို့ မှတ်တမ်းများမှာ ဖတ်ရပါတယ်။

  အဲသည်အကြောင်းကို ပြီးခဲ့တဲ့ နှစ်က note တခု ရေးထားဖူးပါတယ်။ မဖတ်ရသေးသူများ အတွက် ပြန်ရှယ်ပါတယ် ခင်ဗျား ..