PS3 Buying Guide for Myanmar


  PS3 ဂိမ်းစက်တွေမှာ Copy ဂိမ်းဆော့ချင်တဲ့သူတွေ သိထားသင့်တဲ့အချက်လေးတွေ စုပေးထားတာပါ၊ နိုင်ငံခြားက original console ဝယ်ပြီး modify လုပ်ဖို့ဖြစ်ဖြစ်၊ ပြည်တွင်းကပဲ ဝယ်မှာဖြစ်ဖြစ် ရွေးချယ်လို့ပိုကောင်းအောင် ဒီ post တင်ပေးထားတာပါ။ ဒါပေမဲ့ original ခွေတွေမှာတောင် bug တွေ error တွေပါတတ်လို့ day one patch တွေ update တွေအမြဲလုပ်ပေးနေရတဲ့ ခေတ်ဆိုတော့ copy ဆော့မယ်ဆို အခွေအားလုံး 100% ရဖို့ကတော့ခက်မှာပါ။ 95% လောက်တော့ အဆင်ပြေပါလိမ့်မယ်။

PS3 Buying Guide

  PS3 ဂိမ်းစက်ရဲ့ အဓိကအားသာတဲ့ အချက်နှစ်ချက်ကတော့ 7th generation ဂိမ်းစက်တွေမှာ အကောင်းဆုံး processor ဖြစ်တဲ့ Cell Processor ပါဝင်ခြင်းနဲ့ Blu Ray ရုပ်ရှင်များကို ကြည့်ရှုနိုင်သလို 3D Movie support ပါပါဝင်ခြင်းဖြစ်ပါတယ်။ PS3 cell processor ကြောင့် PS3 ရဲ့ သီးသန့် exclusive ဂိမ်းတွေဟာ 7th generation console era မှာ ကြည့်အကောင်းဆုံးဂိမ်းတွေဖြစ်ပြီး 3D features ကိုအသုံးပြုဖို့ 3D ရုပ်ရှင်တွေ ကြည့်ဖို့ကတော့ 3D TV လိုအပ်မှာပါ။

   PS3 က Xbox360 တို့ Wii တို့လိုမဟုတ်ဘဲ jailbreak ရဖို့တော်တော်လေး စောင့်လိုက်ရပါတယ်။ 2006 ကတည်းက ထွက်တာဆိုပေမဲ့ Final Fantasy XIII တွေ God of War 3 တွ ထွက်ပြီးတော့ 2010 လောက်ကျမှ jailbreak လုပ်လို့ရသွားတာပါ။ Software modify ဖြစ်တဲ့အတွက် PC မှာလိုပဲ ဂိမ်းတစ်ခုချင်းဆီရဲ့ patch/crack စောင့်ရတာရှိသလို jailbreak ဖျက်တတ်တဲ့ official firmware (OFW) ရန်လည်း ကြောက်ရပါတယ်။

  Custom Firmware (CFW), game patches တွေစောင့်ရတာ တစ်ခုဆိုးပေမည့် patch ထွက်ပြီးဆိုလည်း ဆက်တိုက်အများကြီး ထွက်လာတတ်လို့ တစ်ပျော်ကြီး ဆော့ရတတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘယ်တော့ patch အသစ်ထွက်တာ ရပ်ပြီး သုံးလ၊ လေးလလောက် ထိုင်နေရမလည်း ဆိုပြီး တွေးပူနေတာကတော့ မကောင်းဘူးပေါ့။

   Exclusive ပိုင်းကတော့ Xbox360 ထက်အပြတ်အသတ်သာပါတယ်။ God of War, Uncharted, Resistance, Yakuza, Killzone, Ratchet & Clank, Jax & Dextar, Heavy Rain, Beyond Two Soul, Demon's Souls, Folklore, Atelier Series, Siren, Bleach, One Piece, Valkyria Chronicles, White Knight Chronicles, Mod Nation Racers, The Last of Us, Infamous, Final Fantasy Versus XIII, Twisted Metal နှင့် Little Big Planet Series တို့အပြင် JRPG ဂိမ်းအသစ်အများစုကလည်း PS3 မှာ ထွက်တာပိုများပါတယ်။

   ဆိုင်ဖွင့်မည့် သူတွေအတွက်ကတော့ hard disk ထဲ ဂိမ်းတွေထည့်ထားနိုင်တာရယ်၊ customer တွေရင်းနှီးပြီးသား PS2 controller နှင့် ပုံစံတူတာတွေရယ်ကြောင့် ဆိုင်မှာတင်ရတာ အဆင်ပြေမှာပါ။

   PS3 လက်ကိုင်က analog stick position ကြောင့် Xbox360 controller လောက် Shooter တွေဆော့လို့မကောင်းပါဘူး။ ဒါပေမဲ့ PS3 အတွက် mouse နှင့် keyboard accessory တွေတော့ရှိပါတယ်။ PS3 Move Sharpshooter ကတော့ Shooter တွေအတွက် တော်တော်လည်း အသုံးဝင်သလို ကိုင်တွယ်ရတာလည်း အရသာရှိပါတယ်။

   PSMove motion control accessory က Kinect နှင့် Wii လောက် Sports ဂိမ်းတွေ Rhythm game တွေကစားလို့မကောင်းပေမဲ့၊ Ninja Gaiden 3, No More Heroes, House of the Dead Overkill, Rune Factory: Tides of Destiny နှင့် The Amazing Spider-man တို့လို ဂိမ်းတွေအတွက်ပါ motion control support ပါဝင်တာတော့ သဘောကျဖို့ကောင်းပါတယ်။

   သတိထားရမည့် အချက်ကတော့ Internet ကပဲဖြစ်ဖြစ်၊ Original ခွေကပဲဖြစ်ဖြစ် System Update လုပ်ခိုင်းရင် လုံးဝလုံးဝ မလုပ်ဖို့ပါဘဲ။ Modify ပျက်သွားနိုင်ပါတယ်။ Game Hive ကအခွေက System Update တောင်းပြီဆိုရင် customer service ကိုချက်ချင်း phone ဆက်ပြီး confirmation ယူသင့်ပါတယ်။

  PS3 မှာ copy ဂိမ်းတွေ internal hard disk သို့မဟုတ် external hard disk ထဲထည့်ပြီးဆော့ဖို့အတွက် console ရဲ့ system version က 3.55 သို့မဟုတ် သူ့ထက်နိမ့်ဖို့ လိုအပ်ပါတယ်။ version 3.55 ထက်မြင့်နေရင် downgarde ချရမှာဖြစ်ပြီး စက်တိုင်းကို downgrade ချဖို့မလွယ်ပါဘူး။ Manufacture date 2011 April မတိုင်ခင် ကာလလောက်က စက်တွေကတော့ downgrade ချရလွယ်ကူပါတယ်။

  Persona 4 Arena တစ်ခွေတည်းကလွဲလို့ PS3 မှာ Xbox360 လို region ခွဲထားခြင်းမရှိပါဘူး။ ဒါကြောင့် ဘယ်ဂိမ်းရဲ့ English version ကိုမဆို patch ရှိတာနဲ့ ကစားလို့အဆင်ပြေပါတယ်။ ဘယ်နိုင်ငံကဝယ်လာလာ အဆင်ပြေတယ် ဆိုပေမည့် system version မြင့်စက်တွေ မဝယ်လာသင့်ဘဲ system version နိမ့် 3.55 မကျော်တဲ့ second hand စက်တွေ ရှာဝယ်နိုင်ရင် တော်တော်လေး ပိုက်ဆံကုန်သက်သာမှာပါ။ Jailbreak ရတဲ့ ver.3.55 စက်တွေက ပိုပိုရှားလာတော့ PS3 original စက်ဈေးတွေ သက်သာနေပေမဲ့ back up copy games ဆော့လို့ရမည့် စက်တွေကတော့ ဈေးပိုများနေဦးမှာ ဖြစ်ပါတယ်။

   PS3 hard disk ထဲကို ဂိမ်းသွင်းမယ်ဆိုရင် Multiman နှင့် Rogero manager လို backup manager တွေသုံးပြီးသွင်းရမှာဖြစ်ပါတယ်။ ဂိမ်း size ကတော့ 3 GB ကနေ average 20 GB လောက်ထိရှိတတ်ပါတယ်။ ဂိမ်းသွင်းတဲ့ ကြာချိန်ကတော့ file size နဲ့သိပ်မဆိုင်ဘဲ total file အရည်အတွက်နဲ့ ဆိုင်ပါတယ်၊ Average 15 mintues ကနေ 45 mintures လောက်ထိကြာတတ်ပါတယ်။

Source - PS3 Buying Guide
Credit to Author - Nay Aung Latt

Comments

Popular posts from this blog

Mi Phone အားလုံးအတွက် Zawgyi Font ထည့်နည်း ပေါင်းစုံ

Warriors Orochi 3 Ultimate -Mystic Weapons Guide-

ဟိုမရောက် ဒီမရောက် စာပေ

All Mi phone model can use Myanmar Font and Root

ကျန်းမာရေး အတွက် ဂရုစိုက်ရမည့် နာရီများ

Zapya for PC

ဖျက်သိမ်းခံခဲ့ရတဲ့ ဂိမ်းတွေရဲ့ အကြောင်း

ပီယလက်စွပ်အကြောင်း

ဖူးစာရှင်

Game ဘာဖြစ်လို့ computer မှာ မ run နိုင်ရတာလဲ