ထူးဆန်းသော အချိုရည်ဘူးထုတ်စက် “Haunted” coke machine

Washington, Seattle မြို့ မှာ အလွန်သက်တမ်းရင့်ပြီး ထူးဆန်းတဲ့ စက်တစ်လုံးရှိပါတယ်။ ၁၅နှစ်နီးပါး နေရာမပြောင်းမရွှေ့ဘဲရှိနေတဲ့ ဒီစက်ကြီးဟာ အခုထက်ထိတိုင်အလုပ်လုပ်နေဆဲဖြစ်ပါတယ်။



ဒီစက်ကြီးပေါ်က တချို့ခလုတ်တွေမှာ "mystery" ဆိုတဲ့ စာသားရေးထားပါတယ်။ ဒီခလုတ်တွေကို နှိပ်လိုက်တဲ့အခါမှာ စက်ကနေ တခါတလေ တွေ့နေကျ သာမာန် အချိုရည်ဘူးတွေ ထုတ်ပေးပေမယ့် တခါတလေမှာတော့ အခုခေတ် ဈေးကွက်မှာ မရှိတော့တဲ့ အချိုရည်ဘူးတွေကိုပါ ထုတ်ပေးတာကို တွေ့ရပါတယ်။



အနီးအနားကလူတွေကတော့ ဒီစက်ကြီးထဲကို အချိုရည်ဘူးတွေ လာထည့်ပေးတာကို တစ်ခါမှမမြင်ဖူးခဲ့ပါ တစ်ယောက်မှလဲ လာမထည့်ပေးခဲ့ဖူးပါ လို့ဆိုကြပါတယ်။ ဒီထူးဆန်းတဲ့ စက်ကြီးကို လာရောက်စမ်းသပ်ကြတဲ့လူတွေ ရှိကြပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီစက်ကထုတ်ပေးတဲ့ ဆိုဒါဘူးတွေရဲ့ ဈေးနှုန်းဟာ တဖြည်းဖြည်းနဲ့ ၅၅ဆင့် ကနေ ၇၅ဆင့် အထိ ဈေးတက်လာတာပဲဖြစ်ပါတယ်။

မူရင်းလင့်ခ် - http://unexplained-events.com/post/88121038353/in-seattle-washington-an-aged-and-allegedly

Post a Comment

0 Comments