Transport Network Master Plan (Myanmar)

  ယနေ့မြန်မာနိုင်ငံတွင် ပျမ်းမျှခြင်းတစ်နေ့လျှင် လူဦးရေ (၃၀၀,၄၄၅) သည် တစ်မြို့မှ တစ်မြို့သို့ ခရီးသွားလာနေကြပြီး တစ်နေ့လျှင် ကုန်တန်ချိန် (၂၄၆,၀၀၀) သည် တစ်နယ်မှ တစ်နယ်သို့ ပို့ဆောင် ကုန်သွယ်နေပါသည်။ ထိုသို့နေ့စဉ် ခရီးသွားလာနေသော ခရီးသည်အားလုံး၏ ( ၇၉.၄% ) သည် မော်တော်ကားလမ်းများကို အသုံးပြု၍ ဘတ်(စ်)ကား၊ ကိုယ်ပိုင်ကားတို့ဖြင့် သွားလာနေကြပြီး၊ မီးရထားဖြင့် ( ၁၇.၃% )၊ သင်္ဘောဖြင့် (၁.၆%)၊ လေယာဉ်ဖြင့် ( ၁.၇% ) ခရီးသွားလာခဲ့ကြပါသည်။


  အောက်ဖော်ပြပါ 2013 စာရင်းအရတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပျမ်းမျှနေ့စဉ် ခရီးသွားစာရင်းဖြစ်၍ 2015 ၊ 2020 ၊ 2030 ခရီးသွားစာရင်းကို ကြိုတင်ခန့်မှန်းဖော်ပြထားပါသည်။


  အောက်ပုံမှာ 2013 ခုနှစ် ခရီးသည် စုစုပေါင်းနှင့် သွားလာခဲ့သည့်ယာဉ်အမျိုးအစားနှင့် 2030 တွင် ဖြစ်လာနိုင်ဖွယ် ခရီးသည်နှင့် ဖြစ်နိုင်ဖွယ် လမ်းကြောင်းများဖြစ်ပါသည်။


  ထို့အတူ(၂၀၁၃) ခုနှစ်တွင် တစ်နှစ်ပျမ်းမျှကုန်စည်ပို့ဆောင်မှုအားလုံး၏ (၉၀.၉ %) သည် မော်တော်ကားလမ်းများဖြင့်လည်းကောင်း ၊ (၇.၈ %) ကိုမီးရထားလမ်းဖြင့်လည်းကောင်း ၊ (၁.၂ %) ကိုသင်္ဘောလမ်းဖြင့်လည်းကောင်း သယ်ယူပို့ဆောင်နေပါသည်။


  အောက်ဖော်ပြပါ စက်ဝိုင်းသည် (၂၀၃၀) ခုနှစ်တွင် ကြိုတင်ခန့်မှန်းထားသည်မှာ ကုန်စည်အားလုံး၏ (၉၃%) ကိုမော်တော်ကားလမ်းများဖြင့် လည်းကောင်း ၊ (၅.၆ %) ကိုမီးရထားလမ်းဖြင့် လည်းကောင်း ၊ (၁.၅ %)ကိုသင်္ဘောလမ်းဖြင့် လည်းကောင်း သယ်ယူပို့ဆောင်နေမည်ဖြစ်ပါသည်။



  ထို့အတူ ယနေ့အချိန်မှာ တစ်နေ့လျှင် ပျမ်းမျှကုန်တန်ချိန် (၂၄၆) သိန်းမှာ ကုန်ပစ္စည်းအမျိုးအစားအလိုက် (၂၀၁၃) ခုနှစ်တွင် သယ်ယူပို့ဆောင်နေသော စာရင်းဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


  ထို့အတူ ၂၀၁၅ ၊ ၂၀၂၀ ၊ ၂၀၃၀ တို့တွင် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်လာနိုင်မှု အခြေအနေအလိုက် အောက်ပါဇယားများဖြင့် ခန့်မှန်းထားရာတွင် 2030 ခုနှစ်အထိ ကုန်းလမ်းမှ (၈၇ %) ဖြင့် သယ်ပို့နေရအုံးမည်ဖြစ်ပါသည်။

  2013 ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ်များ အချို့ သယ်ယူပို့ဆောင်ခဲ့သည့် ကုန်များ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ ကုန်သွယ်မှုစက်ဝိုင်း

2013 Freight Production by Region (in ton)
  ၂၀၁၃ ခုနှစ်တွင် ခရီးသည်များအဓိကသယ်ယူပို့ဆောင်နေသည့် လမ်းကြောင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်တွင် ခရီးသည်များအဓိကသယ်ယူပို့ဆောင်နေသည့် လမ်းကြောင်းများ


  ၂၀၃၀ ခုနှစ်တွင် ခရီးသည်များအဓိကသယ်ယူပို့ဆောင်နေမည့် လမ်းကြောင်းများမှာ အောက်ပါအတိုင်း ကြိုတင်ခန့်မှန်းထားပါသည်။

၀၃၀ ခုနှစ်တွင် ခရီးသည်များအဓိကသယ်ယူပို့ဆောင်နေမည့် လမ်းကြောင်းများ


  ၂၀၁၃ ခုနှစ်တွင် ကုန်ပစ္စည်းများအဓိကသယ်ယူပို့ဆောင်နေသည့် လမ်းကြောင်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်တွင် ကုန်ပစ္စည်းများအဓိကသယ်ယူပို့ဆောင်နေသည့် လမ်းကြောင်းများ


  ၂၀၃၀ တွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ကုန်တင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှာ အောက်ပါ အတိုင်းဖြစ်သည်။


၂၀၃၀ တွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ကုန်တင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ

              မြန်မာနိုင်ငံတွင် ခရီးသည်ပို့ဆောင်ရေးကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတို့တွင် ယခုရော  နောင်တွင်ပါ ( ၇၉.၄ %) နှင့် ( ၈၇%) တို့ဖြင့် အဓိကအခန်းမှ တာဝန်ယူနေရမည်ဖြစ်သော ကျွန်တော်တို့၏ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသည် Phdဘွဲ့ရDr (၉) ဦး၊ Master ဘွဲ့ရ (၁၉၅) ဦး၊ BE , AGTI တို့နှင့် မလုံလောက်ဘဲ နောင်(၇)နှစ် အတွင်း Phdဘွဲ့ရ (၃၀) ဦး၊ Master ဘွဲ့ရ (၂၀၀) ဦးတို့အထိ တိုးတက်လာရန် H.R.D Program ချမှတ် ဆောင်ရွက်နေပါသည်။

  ဌာနဝန်ထမ်းများ Continuous Professional Development အတွက် အပါတ်စဉ် ဌာနကြီးမှူးအစည်းအဝေးအပြီး ကြာသပတေးနေ့ ညနေတိုင်း ရုံးချုပ်တွင် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။

[အထက်ဖော်ပြပါ အချက်အလက်များမှာ ပြည်ပပညာရှင်များနှင့် Detailed Analysis ပြုလုပ်ထားခြင်းဖြစ်ပြီး၊ Master ဘွဲ့အတွက် Thesis ပြုလုပ်မည့် အင်ဂျင်နီယာများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ခရီးသွား Agency များ ကုန်သယ်ပို့လုပ်ငန်းရှင်များအတွက် များစွာ အကျိုးရှိမည့် အချက်အလက်များ ဖြစ်ပါသည်။]

မူရင်းလင့်ခ် - https://www.facebook.com/notes/md-kyawlinn/transport-network-master-plan/278300499044504 

Post a Comment

0 Comments