JRC - JURONG Rock Cavern

   စင်ကာပူကို ပွဲစားနိုင်ငံအဖြစ် လူအတော်များများက သိကြပါတယ်။ ဒါပေမယ့် သူတို့က နည်းပညာတွေ/ အတတ်ပညာတွေ/ အသိပညာတွေနဲ့ ပေါင်းစပ်ပြီးမှ ပွဲစားလုပ်ကြတယ်။


   ၂၀၀၇မှာ Vopak Singapore က JRC လို့ခေါ်တဲ့ hydrocarbons အရည်တွေ သိုလှောင်တဲ့ Storage Cavern လိုဏ်ဂူကြီးကို စတင်တည်ဆောက်ခဲ့ပြီး ၂-၉-၂၀၁၄ မှာဖွင့်ပွဲလုပ်နိုင်ခဲ့တယ်။




  အများအားဖြင့် ဒီလိုသိုလှောင်တဲ့ကန်တွေကို မြေပေါ်မှာပဲ တည်ဆောက်လေ့ရှိတယ်။ တခြားနိုင်ငံတွေကလာတဲ့ ရေနံစိမ်း/ ဓာတ်ငွေ့/ အခြားဓာတုပစ္စည်းတွေကို သူ့ Tank အလိုက် သိုလှောင်ထားပြီး ရေနံချက်စက်ရုံတွေ/ ဓာတ်အားပေးစက်ရုံတွေ/ အခြားနိုင်ငံတွေကို ပိုက်လိုင်းတွေ/ Tanker သင်္ဘောတွေနဲ့ တဆင့်ပြန်လည်ပို့ဆောင်ရောင်းချပါတယ်။ 


   ဒီJRC ကတော့ အရှေ့တောင်အာရှမှာ ပထမဆုံး မြေအောက်/ရေအောက် သိုလှောင်ကန်ဖြစ်ပါတယ်။ phase 1မှာ စုစုပေါင်း 5 cavern တည်ဆောက်မှာဖြစ်ပြီး phase 1A မှာ 2 cavern (480,000 m3) နဲ့ phase 1B မှာ 3 cavern (990,000 m3) ပါဝင်မှာဖြစ်တယ်။ ဒီပမာဏဟာ အိုလံပစ်ရေကူးကန် ၆၀၀ နဲ့ ညီမျှပါတယ်။ cavern တွေကို မြေအောက် 150m အနက်မှာ တည်ဆောက်ထားပြီး အမြင့် 20m၊ အကျယ် 20m ရှိပါတယ်။ မြေရှားပါးတဲ့ စင်ကာပူနိုင်ငံမှာ ဒီ project က မြေ ၆၀ဧက သက်သာစေတယ် လို့ဆိုပါတယ်။


Credit

Post a Comment

0 Comments