PS4 buying guide for Myanmar
===============================================
================================================
==============================================
===============================================
===============================================
Unicode 
Playstation 4 ဟာဆိုရင် Sony ရဲ့စတုတ္တမြောက် Home Console ဖြစ်ပါတယ်။ November 2013 မှာထွက်ရှိလာခဲ့တာဖြစ်ပြီး အတော်လေးလဲ စွမ်းအားကြီးတဲ့Game စက်တစ်ခုလဲဖြစ်ပါတယ်။
Playstation 4 ဟာဆိုရင် အခုဆို Model 3 မျိုးရှိပါတယ်။
  • ပထမဆုံးထွက်တဲ့Model ဖြစ်တဲ့ CHU-12XX ဟာဆိုရင် 500 GB Hard Drive နဲ့1000GB (1TB) Hard Drive ဆိုပြီးရှိပါတယ်။
  • ဒုတိယထွက်တဲ့ Model ကတော့ PlayStation 4 Slim လို့ခေါ်ပါတယ်။ သူလဲပဲ 500GB Hard Drive နဲ့ 1TB Hard Drive ဆိုပြီးရှိပါတယ်။
  • တတိယထွက်တာကတော့ PlayStation 4 Pro လို့ခေါ်ပါတယ်။ သူကတော့ 1 TB Hard Drive တစ်မျိုးထဲနဲ့ပဲလာပါတယ်။ 
အခုမြန်မာပြည်ဈေးကွက်ထဲမှာတော့ဝယ်မယ်ဆိုရင် PlayStation 4 Slim ကိုအများဆုံးတွေ့ရမှာဖြစ်ပါတယ်။ ပထမဆုံးထွက်ထားတဲ့ PlayStation 4 နဲ့ဘာကွာလဲမေးရင် အဓိကကတော့ စက်ပုံစံဟာ ပထမဆုံးထွက်တဲ့ PlayStation 4 ထက်ပိုသေးသွားတာကိုတွေ့ရမှာပါ။ စွမ်းဆောင်နိုင်မှုပိုင်းကတော့ အတူတူပါပဲ။
PlayStation 4 Pro ကတော့ပထမဆုံး PlayStation 4 ထက်ကော ဒုတိယမြောက် ဖြစ်တဲ့ PlayStation 4 Slim ထက် ပိုပြီး စွမ်းဆောင်ရည်ပိုင်းမြင့်ပါတယ်။ ဈေးလဲပိုမြင့်ပါတယ်။ သူ့ရဲ့အဓိက ထင်ရှားတဲ့ လုပ်ဆောင်နိုင်မှုက 4K TV ရှိတဲ့သူတွေအတွက် 4K ရုပ်ထွက်ကိုထုတ်ပေးနိုင်တာပဲဖြစ်ပါတယ်။ HDR ပါထုတ်ပေးနိုင်တဲ့အတွက် game Graphic မှာ HDR Support ပေးနိုင်တဲ့ Game တွေမှာဆိုရင်ပိုပြီးရုပ်ထွက်လှတာကိုတွေ့နိုင်ပါတယ်။ ဒါပင်မဲ့ ဒီကောင်ကြီးကို မရှိမဖြစ်လိုလားဆိုရင် … မလိုပါဘူး။ သူ့အတွက်သီးသန့်ထွက်တဲ့ Game ဆိုတာလဲရှိမှာမဟုတ်ပါဘူး။ သူ့အားသာချက်က 4K resolution ထုတ်ပေးနိုင်တယ်။ ရိုးရိုး PlayStation 4 စက်တွေမှာ အချို့သော Game တွေ မှာ …. (ဖြစ်တော့ဖြစ်ခဲတယ် .. မရှိသလောက်လဲရှားလဲရှားပါတယ်) Fram Rate လေး နဲနဲပါးပါးကျတဲ့အချိန်မှာသူကတော့မကျဘူးပေါ့။ ဒီလောက်ပါပဲ။
===============================================
အဲ့တော့ဘယ်ဟာကိုဝယ်ရမလဲဆိုပြီးမေးရင်တော့ … PlayStation 4 Slim 500GB ကတော့လုံး၀ အားလုံးအတွက် အသင့်တော်ဆုံးနဲ့အကောင်းဆုံး Model ပဲဖြစ်ပါတယ်။ PlayStation 4 Pro ကတော့ဘယ်လိုသူတွေဝယ်သင့်လဲဆိုရင် ပိုက်ဆံအရမ်းပိုနေတယ် … 4K TV ကြီးလဲရှိတဲ့သူ၊ အကောင်းဆုံးကိုမှခံစားချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့သင့်တော်ပါတယ်။
================================================
ဒါကတော့ဘယ်စက်ကိုဝယ်ရမလဲဆိုတာကိုပြောပြပြီးပြီ။ ဘယ်စက်ကိုရှောင်ရမလဲဆိုတဲ့အချက်နဲ့ကျွန်တော်တို့ဗမှားတွေ မှားနေတဲ့အယူကိုပြောပြပါမယ်။
အရင်ဆုံးစကားကိုကြိုခံထားချင်တာက PlayStation 4 မှာ jailbreak လုံးဝလုံးဝမရသေးပါဘူး။ ခင်ဗျားသိသလောက် ဉာဏ်လေးနဲ့ကျွန်တော်ကို ပြန်ခံပြောတော့မယ် “ရနေပြီလေ ငပေါကြီး MTX စနစ်ဆိုတာမကြာဘူးဘူးမှတ်လား စောက်ရူးကြီး ဟား ဟား ဟား” ပေါ့။
အဲ့ဒီ MTX စနစ်ဆိုတာ True Jailbreak စနစ်မဟုတ်သလို အဲ့စက်ကို ဝယ်မိရင် ခင်ဗျားပြန်ပေးဆပ်ရမဲ့ကြေးကလဲကြီးပါတယ်။ အိမ်မှာတစ်ယောက်ထဲဆော့ဖို့PS4 ကိုသွားဝယ်တဲ့အခါ အဲ့ဆိုင်က MTX သုံးထားတဲ့ PS4 ကိုအတင်းထိုးရောင်းနေရင် ဆဲပြီးသာထွက်လာပါ။ ခင်ဗျားကို အဲ့ဒါဂျင် သိပ်နေတာ။ အကယ်လို့သာ ကိုယ်က Game ဆိုင်ဖွင့်ထားတယ် PS4 ကိုစီးပွားဖြစ်ဆိုင်မှာသုံးဖို့ဆိုရင်တော့ဝယ်သာဝယ်ပါ။ မနစ်နာပါဘူး။ ဘာကြောင့်လဲဆိုတော့အခွေမလိုတဲ့အတွက်မို့လို့စရိတ်စကသက်သာပါတယ်။ အဲ့ဒါဆိုအိမ်မှာသုံးမဲ့သူကလဲ ပြောပြီ … ကျွန်တော်လဲအခွေဖိုးမတက်နိုင်လို့MTX စက်ဝယ်တာ ဆိုရင် …
==============================================
ပထမဆုံး မေးခွန်းတစ်ခုမေးပါမယ်။
PS4 စက်ကြီးတစ်လုံးကို သုံးသိန်းကျော် လေးသိန်း ပေးဝယ်ပြီး အခွေတစ်ခွေဖိုး ၄ သောင်းကိုတက်နိုင်ပါသလား? အခွေတွေအများကြီးမဝယ်ခိုင်းဘူးနော်။ အခွေ တစ်ခွေဖိုးပဲ ပြောတာ။ PS4 အခွေတစ်ခွေပဲဝယ်ရမှာ။ PS4 ကြီးရှိနေသရု် အခွေတစ်ခွေဝယ်တိုင်း ၄ သောင်း ၄သောင်းထွက်နေတာကိုပြောတာမဟုတ်ဘူးနော်။ PS4 ကိုခင်ဗျားဘဝတစ်သက်သုံးအတွက် အခွေလေးတစ်ခွေကိုပဲပြောနေတာ။
မတက်နိုင်ပါဘူးဆိုရင်….
ကျွန်တော်ပြောချင်တာက အခွေဖိုးမတက်နိုင်ရင် အစထဲက PS4 ကိုမဝယ်ပါနဲ့။ လှည့်ကိုမကြည့်ပါနဲ့။ ယောင်လို့တောင်အဲ့ဘက်ရဲ့အနံတောင်သွားမရူပါနဲ့။
အဲ့လိုပြောလို့လန့်ပြီး PS4 မဝယ်တော့ဘူးဖြစ်သွားဦးမယ်။ တကယ်တော့ PS4 Game အခွေတွေက ထင်သလို အခွေတိုင်း ၈သောင်းမဟုတ်ပါဘူး။ ထွက်ထွက်ချင်းအခွေ ကိုမှဆော့ချင်တယ် ဒီနေ့ထွက် ဒီနေ့ဆော့ချင်တယ်ဆိုရင်တော့ တစ်ခွေကို ၈သောင်းပေါ့။ သာမာန် လခစားတွေအတွက်ကတော့ အခွေလေးတစ်ခွေအတွက် ၈သောင်းဆိုတာ အရမ်းအရမ်းများတဲ့ကြေးပါ။ ဒါပင်မဲ့ အဲ့အခွေကို ၁ လကျော် လောက် အချိန်ပေးပြီးမဝယ်ပဲစောင့်လိုက်ရင် အဲ့အခွေဈေးဟာ ထက်ဝက်တိတိကိုကျသွားပါတယ်။ အချိန်ပိုပေးပြီးစောင့်နိုင်လေ အခွေတစ်ခွေရဲ့တန်ဖိုးဟာလဲကျသွားလေပါပဲ။ ပုံမှန်အားဖြင့်တော့Second hand တစ်ခွေဟာ ၃၅၀၀၀ပါ။ တစ်ချို့အခွေတွေဆို ၂၀၀၀၀ လောက်ပဲရှိပါတော့တယ်။
PS4 မှာ Second Hand အခွေကိုဝယ်ရင်လဲ အသစ်အတိုင်းပါပဲ။ PS4 မှာ Game တွေဟာ အခွေကနေတိုက်ရိုက်ဖတ်တာမဟုတ်ပါဘူး။ အခွေထဲမှာပါတဲ့ Data တွေကို စက်ထဲ အကုန်ကူးထည့်လိုက်ပြီးစက်ကနေတစ်ဆင့်ဖတ်တာပါ။ အဲ့တော့ အခွေကို သူက သော့အဖြစ်လောက်ပဲ သုံးပါတယ်ယ အဲ့အခွေထည့်ထားမှ အဲ့ အခွေနဲ့ ဆိုင်တဲ့ Data ကို စက်ထဲကနေလှမ်းဖတ်ခွင့်ပေးတာပါ။ အဲ့တော့ စကားအကုန်ပြောရရင် PS4 အခွေတွေဟာ Blue ray ဖြစ်တဲ့အလျှောက် အခွေမှာ ခြစ်ရာတွေ ဗလပွဖြစ်နေရင်တောင် ( မြန်မာဈေးကွက်မှာ ခြစ်ရာပါတဲ့ Second hand အခွေသည်မရှိသလောက်ရှားပါသည်) ဝယ်သာဝယ်ပါ။ Game ထစ်တာတွေဆော့မရတော့တာတွေဆိုတာ အယောက် ၁၀၀၀၀ မှာတစ်ယောက်ပဲဖြစ်လေ့ဖြစ်ထရှိတာပါ။
===============================================
နောက်တစ်ခုက ကိုယ့်မှာ PS4 game ခွေတစ်ခွေရှိရုံနဲ့ Game အစုံဆော့နိုင်တယ်ဆိုတာကောသိပါသလား?
အခု Game ရောင်းတဲ့ဆိုင်တွေမှာ ကိုယ်မှာရှိတဲ့ PS4 တစ်ခွေကို အလိုက် ၇ထောင် ပေးပြီး နောက် PS4 အခွေတစ်ခုနဲ့လဲလို့ရပါပြီ။ လိပ်စာအတိအကျပြောပါဆိုရင် မြေနီကုန်းနဲ့မင်္ဂလာဈေးက “ကိုမြတ်သူ” ဆိုတဲ့သူဖွင့်တဲ့ဆိုင်မှာလဲလို့ရပါတယ်။ ဒီစနစ်ဟာတကယ့်ကိုကောင်းတဲ့စနစ်ပါ။ ဒါပင်မဲ့မြန်မာလူမျိုးတွေရဲ့စောက်ကျင့်က ဈေးကွက်မှာ တန်ဖိုးမရှိတော့တဲ့ game တွေနဲ့ဆိုင် ကတန်ဖိုးရှိတဲ့ Game ကိုလဲပြီး ကိုယ်ကျိုးအတွက် ရောင်းစားပစ်တာပါပဲ။ အတော့်ကိုဆိုးတဲ့စရိုက်ပါ။ ကိုယ့်အတွက်လဲ မကောင်းသလို နောက်လူတွေအတွက်လဲမကောင်းပါဘူး။ Game ခွေအသစ်ကို ၇၀၀၀ ထဲပေးပြီးဆော့လို့ရမဲ့စနစ်ကိုဖြတ်စီးနေတာပါပဲ။ အဲ့စောက်ကျင့်လေးတွေပြင်ပေးကြဖို့တောင်းဆိုပါတယ်။ ဒါကတော့စကားကြုံတုံးလေး တောင်းဆိုတာပါ။ (ဒီစနစ်အကြောင်းလဲနောက်မှ Post တစ်ခုနဲ့အကျယ်တစ်ဝင့်ပြောဦးမယ်)
အဲ့တော့စကားပြန်ဆက်မယ်။ MTX က PS4 Game တစ် Game ၅၀၀၀ ပဲရှိတယ်ကွ Game အစုံဆော့လို့ရတယ်ကွဆိုပြီးအဲ့အနောက်ကိုမပါသွားပါနဲ့။ True Jailbreak စနစ်ဆိုရင်ကျွန်တော်မပြောပါဘူး။ True Jailbreak မဟုတ်တဲ့စနစ်အတွက်ကြောင့်မှာ လောလောဆယ် တစ် Game ၅၀၀၀ တန် Game 50 လောက်ကို ဆော့ပြီးရင် ဘာ Game အသစ်မှထပ်ဆော့လို့မရတော့ပါဘူး။ (Game 50 ဆိုတာ တကယ်တော့ရင် 2 လမခံပါဘူး) ကိုယ်က PS4 အခွေအသစ်ကို ၈ သောင်းပေးဝယ်ပြီး အဲ့ MTX သုံးတဲ့စက်မှာထည့်ရင်တောင်ဆော့မရတော့ပါဘူး။ ရပါတယ်ဆိုရင်တောင် အတော်ကြီးခေါင်းအရှုပ်ခံပြီး ကလိရပါသေးတယ်။ MTX စနစ်နဲ့စက်ကိုလက်ဝယ် 1 လကျော် ၂ လ အလွန်ဆုံး ၃လလောက်ပိုင်ဆိုင်ထားသူတွေအသိဆုံးဖြစ်မှာပါ။ဘယ်တော့များ Game တွေတွေဆော့ရပါ့မလဲ ဆော့ရပါ့မလဲနဲ့ PS4 ကြီးလဲ ဖုန်တက်ပြီးပျက်သွားတာပဲရှိမယ်။ သူ့ရဲ့မကောင်းတဲ့အချက်ကအဲ့ဒါတစ်ခုထဲမဟုတ်ပါဘူး။ အများကြီးရှိပါသေးတယ်။ အကျယ်တဝင့်ရေးနေရင် အရမ်းရှည်သွားမှာမို့သိသင့်အချက်ကိုပဲအဓိကထားပြောပြပေးသွားတာပါ။ MTX စနစ်ကတကယ်တော့အိမ်သမားတွေအတွက်လုံးလုံးရှောင်ရမဲ့စက်ပါ။ Game ဆိုင်ဖွင့်သမားတွေအတွက်ကတော့ အခုဝယ် အခုငွေဝင်မဲ့စက်ပါ။
===============================================
အားလုံးအတိုပြန်ချုံးမယ်။
  • PS4 ဝယ်ရင် MTX သုံးတဲ့စက်ကိုရှောင်ပါ။ 
  • PS4 Slim ကတော့အဈေးကွက်မှာ ၃သိန်းကျော် ၄သိန်း၊ အခုနောက်ပိုင်း ၃သိန်းလောက်နဲ့တောင်ဝယ်လို့ရနေပါပြီ။ 
  • အခွေဈေးကို မကြောက်ပါနဲ့။ Facebook မှာ PS4 Game အခွေတွေအလဲအလည်။ Second Hand ခွေတွေကိုဈေးပေါပေါနဲ့User အချင်းရောင်းဝယ်နေတဲ့ Group တွေလဲ ၅ ခု ၆ခုလောက်ရှိပါတယ်။ PS4 Myanmar ဆိုပြီးသာ ရှာလိုက်ပါ။ တွေ့ပါလိမ့်မယ်။ အဲ့မှာ PS4 ရဲ့အခွေဈေးကွက်ကို လေ့လာပြီးမှ အခွေတွေဈေးကြီးတယ်ဆိုတာပြန်လာအော်ပါ။ 
  • တစ်ခွေဘယ်လောက်ဘယ်လောက်နဲ့ ဈေးသက်သက်သာသာလဲလို့ရတဲ့ဆိုင်တွေမှာစောက်ကျင့်ယုတ်ပြီး အဟောင်းအဟောင်တွေနဲ့အသစ်တွေကို လဲလဲပြီးပြန်ရောင်းမစားကြပါနဲ့။ ကိုယ်မဆော့ရသေးတဲ့ Game ဆိုရင်အသစ်ပါပဲ။ သာသည်နာသည်မတွေးပဲ ဒီစနစ်လေးကိုပိုပြီးကျယ်ပြန်တိုးပွားအောင် အားပေးကြပါ။
ဒါတွေကတော့ မြန်မာပြည်မှာ PlayStation 4 ကိုဝယ်မယ်ဆိုရင်သိထားသင့်တဲ့အချက်တွေပါ။
Credit to Original Writer : Khant Soe Maung
Post a Comment
2 Comments
  1. MTX သုံးထားတဲ့ စက်ဟုတ် မဟုတ် ဘယ်လိုစစ်လို့ရလဲ
    ReplyDelete
  2. Can I play ps4 without a disc.
    ReplyDelete