ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြန် ဗေဒင်ဆရာကြီး မိုခ

  ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြန် ဗေဒင်ဆရာကြီး မိုခ တစ်ယောက် ယခုတလော အကြီးအကျယ်စိတ်ညစ်နေလေသည်။ အကြောင်းမှာ သူ့အိမ်ကို ဗေဒင်လာမေးကြဖို့ ဝေးစွ လမ်းဘေးခွေးတောင် သူ့အိမ်ဘက် သေးလှည့်မပန်း ဖြစ်နေလေရာ များစွာ စိတ်ဓါတ်ကျမိလေတော့သည်။ တကယ်ဆို သူ့ဆိုင်းဘုတ်ပေါ်က စာသားလေးများကို အားနာကြဖို့တော့ ကောင်းလှသည်။

" ဆရာကြီးမင်းသိင်္ခနှင့် မျက်လုံးချင်းတစ်ခါဆုံမိရာမှ ထွက်ရပ်ပေါက်သွားသူ ဆရာမင်းမိုခ"

  ကဲ ကြည့် ဒီလောက်ခန့်ညားလှတဲ့ ဆိုင်းဘုတ်ပေါ်က စာသားတွေကို အရေးမလုပ်ကြ။ နေနှင့်ကြအုံးပေါ့။ အရေးကြုံမှ ဆရာကယ်ပါ ဘာညာ လာမလုပ်ကြနှင့် ဟု စိတ်ထဲမှ ကျိန်းဝါးကာ ခါးပေါ်ဝတ်ထားသော မျိုးတင့်ဆွေဘောင်းဘီသားရေကြိုး ပြတ်လေးကို ပုဆိုးဝတ်သလို ၀တ်ဆင်ပြီး အပေါ်မှ အာဂျီနိုမိုတိုစွပ်ကျယ် လေးကို တစ်ချက် သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ ပြီးနောက် မီးဖိုထဲတွင် ဘာများ ရှိလိမ့်မလဲဟု လှန်လှော ရှာဖွေသော်လည်း ဖွတ်ကလိဒင်္ဂါးက အခြေအနေ မပေးသဖြင့် နောက်ဆုံး ရရာ ကြမ်းပြင်ပေါ်ကျနေသော ကြက်သွန်ဖြူတစ်လုံးအား မီးဖုတ်စားလိုက်ရလေသည်။ ထိုစဉ်

" ဆရာမိုခ ရှိလား ဗေဒင်မေးချင်လို့ပါ"

" ငင် Customer လာပြီ"


  အဲ့ဒါမှ ဒုက္ခ။ မိမိဗေဒင်ဟောလျှင် ၀တ်သော ၀တ်ဖြူစင်ကြယ်က ဒီနေ့မှ လျှော်ပြီး အိမ်ရှေ့မှာ လှန်းထား မိလေရာ ယခုမှ ထွက်ယူလို့ မဖြစ်တော့။ ဒီအာဂျီနိုမိုတို နဲ့လဲ ထွက်လို့ မဖြစ်။ စဉ်းစားစမ်း မိုခ စဉ်းစားစမ်း။ ဟာ ဟုတ်သားပဲ ။ မီးဖိုချောင်အပေါက်ဝမှာ ကာထားသော ခန်းဆီးစရှိတာပဲ။ ငင် ဒါလဲ မဖြစ်သေး ထိုအစက ပန်းနုရောင်ဇာကွက် တွေနဲ့ ချုပ်ထားတာ။ ဒါကြီး ပတ်သွားလို့တော့ မဖြစ်။ ဟိုဟို ဒီဒီလိုက်ရှာသော်လည်း ဘာမှမတွေ့သဖြင့် နောက်ဆုံး ထိုဇာခန်းဆီးကိုပင် ဖြုတ်ကာ ပတ်လိုက်ရလေတော့သည်။ အဲနေအုံး ခေါင်းပေါင်းစ လိုသေးတယ်။ ခေါင်းပေါင်းစ။ ထပ်ရှာစမ်း။ ထုံးစံ အတိုင်း ဘာမှ မတွေ့။ ကြံရာမရ ဖြစ်သဖြင့် အိမ်သာတံခါးအား တွန်းဖွင့်မိလေရာ ဟာ တွေ့ပြီ။ အိမ်သာတက်ပြီး လက်သုတ်တဲ့ တစ်ဘက် အစုတ်။ မိုခ တစ်ယောက် ထိုတစ်ဘက်အား ၀မ်းသာအားရ ဖြုတ်ယူ။ အနံ့အသက်ကတော့ သိပ်မကောင်း။ ယင်ကောင်ကလည်း နားနေသေးသည်။ မတတ်နီုင် ထိုတစ်ဘက်စုတ်ကိုပင် ခေါင်းပေါ် ရအောင်ပတ် အိနြေ္ဒရှိသောေ ခြလှမ်းများနှင့် အပြင်သို့ လှမ်းအထွက်

" အမလေး ဒေဝေါကြီး ဒေဝေါကြီး ဇာအကျီင်္နဲ့ ဒေဝေါကြီး"

" ငင် ဘယ်မှာတုန်း ဒေဝေါကြီး ပြေးပြေး"

  ဆရာမိုခ လည်း ယောင်တောင်တောင်နှင့် အိမ်ထဲ ပတ်ပြေးလေတော့သည်။ ဟိုလင်မယားက အရှေ့ကပြေး ဆရာမိုခက အနောက်မှပြေး။ ဟိုလင်မယားက သူတို့နောက်ကို ဒေဝေါကြီးလိုက်ပါတယ်ဆိုပြီး ထပ်ပြေး ဆရာမိုခကလည်း သူ့နောက်မှာ ဒေဝေါကြီးဆိုပြီး ထပ်ပြေး။ တစ်အိမ်လုံး နှံ့အောင်ပြေးပြီးတော့မှ

" အမလေး ဒေဝေါကြီးရယ် မောထှာ ခဏ ဘွာတေး ပြီးမှ ဆက်လိုက်"

" ငင် ဒေဝေါက အဲ့လို ပြောလို့ရလား"

" ငင် ရှင်က ဒေဝေါမဟုတ်ဘူးလား"

" အာ ကျွန်တော်က မင်းမိုခလေ"

" ငင် ဒါကြီးက ဆရာမင်းမိုခ ဒီရုပ်ကြီးကလေ ဒီဇာအကျီင်္ကြီးနဲ့ကလေ ဒီ တစ်ဘက်စုတ်ကြီးပေါင်းထားတာကလေ ဆရာမင်းမိုခ"

" တော်ပြီလေ အဲ့လောက်ပြောရရင် ကဲကဲ အမောဖြေကြ ဆို ဘာကိစ္စလာကြသတုန်း"

" ဒီလိုဆရာရေ ကျွန်တော်က မောင်ရွဲ ဒါက ကျွန်တော့်မိန်းမ မယ်မျိုး ကျွန်တော်တို့သားလေးအတွက် နာမည်လာရွေးတာ"

" အော် ဂလိုလား ဒါတွေက ကိုယ်တွေ အိတ်စပတ်ပါ ပြော ကလေးက ဘယ်အရွယ်တုန်း"

" အခုမှ ဗိုက်ထဲမှာပါ ဆရာ"

" ဖွီးးးးးးးးးဗိုက်ထဲကဟာ ကိုနာမည် လာပေးတယ် လာနောက်နေတာလား"

" ငင် နောက်စရာလား တကယ်ပေးချင်လို့ပါဆို"
 
" ဒါနဲ့ ဗိုက်ထဲကဟာ ကို ဘယ်လိုလုပ်ယောက်ျားလေးလို့ ပြောလို့ရမလဲ"

" သေချာတယ် ဆရာ သားလေးက ကျွန်မ ကို အိမ်မက်လာပေးတယ် အိမ်မက်ထဲမှာရေပြွတ် ကြီးနဲ့"

" ငင် ရေပြွတ်ကိုင်တာနဲ့ ယောက်ျားတန်းဖြစ်ရောလား"

" ကျန်သေးတယ် ရေပြွတ်တင်မကဘူး သူက အမြှောက်ပေါ်မှာ ခွထိုင်ထားသေး"

" ငွန့် ခွထိုင်တာနဲ့ ယောက်ျားဖြစ်ပြန်တာပဲလား"

" ကျန်သေးတယ် ဆရာ သူက အိမ်မက်ထဲမှာ ကျွန်မ ကိုလေ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ပြောတာ ဖအေတူလေးပေါ့ အဟင်း"

  " ကဲ ထားပါလေ ကြည့်ကျက်ပေးရတာပေါ့ မဟာဘုတ်တိုင်ထောင်မယ် လာလေရော့ အောင်လံထူစစ်သူကြီးပွဲ &^*(&*^&*%&*^%&*"

" ၀ှီး ၀ှီး"

  အရေးထဲ ယင်ကောင်များက အိမ်သာထဲက တဘက်ကို သံယောဇဉ် မပျက်၍ထင့်။ ဆရာမိုခ နား တစ်ဝှီးဝှီးနှင့်။

" ကဲ ရပြီဗျား"

" ဟုတ်လား ဆရာ ဘာတဲ့လဲ"

" အိမ်းကလေး နာမည်က ကတောက် သေချင်းဆိုး ကာလနာ သောက်ယင်ကောင်တွေ ကိုယ့်ဘာသာကိုယ် ချီးတွင်းထဲ ချီးသွားမစားဘူး ခွီး"

" ငင် နာမည်က ရှည်လှပါလား ဆရာ"

" ငင် မဟုတ်ဘူး အဲ့ဒါ မဟုတ်ဘူး တကယ်တော့ ကလေးနာမည်က လာပြန်ပြီကွာ ငါဖမ်းပြီးဝါးစားမိတော့မယ်နော်"

" ဒါကြီးလဲ ရှည်သေးတာပဲ"

" ငွန့် မဟုတ်ဘူးလေ ဒီမှာ ယင်ကောင်တွေကို ကြိမ်းနေတာလေ ဟင့်"

" အော် တိပါဘူး မြန်မြန်ပြောပါဆရာ ကျွန်မ သိချင်လှပြီ"

" အေးဗျ နေ့အလိုက်ပေးထားတယ် တနင်္လာမှာ မွေးရင် ကြိုးကြီးချိတ်၊ အင်္ဂါမှာမွေးရင် ဇေယျတုသဗ္ဗမင်္ဂလာ၊ ဗုဒ္ဓဟူးမွေးရင် ၀က်စွပ်ပြုတ်၊ ကြာသပတေးမွေးရင် မြစ်တို့၏မာယာ၊ သောကြာမွေးရင် သံပုရာသီး၊ စနေမွေးရင် တွန့်တွန့်လူး၊ တနင်္ဂနွေမွေးရင် အုန်းအုန်းထ ဘယ်ဟာကြိုက်လဲ"

" အမလေး ဆရာရဲ့ ဂစ် ဂစ် ဖလူး ဖလူး"

" ဟဲ့ မယ်မျိုး မယ်မျိုး ဆရာ ဆရာ လုပ်ပါအုံး "

"ခဏလေး နောက်တစ်မျိုး ထပ်ရွေးထားသေးတယ် တနင်္လာ ဆို ကြာနီကန်၊ အဂါင်္ဆို စစ်ဘီလူး၊ ဗုဒ္ဓဟူးဆို လဒမှိုင်၊ ကြာသာပတေးဆို ဘုံဗိမာန်၊ သောကြာဆို သေချင်းဆိုး၊ စနေဆို တင်းပုတ်ကြီး၊ တနင်္ဂနွေဆို အင်တာဗျူး ကဲ ခင်ဗျားရော ဘယ်ဟာ ကြိုက်လဲ"

" ငင် ခဏလေးဆရာ ကျွန်တော်ပါ တက်ပြီ ဂစ်"

" ငင်"

ကူးယူဖော်ပြသည်။ Credit to ကိုပွ

Comments

Popular posts from this blog

Mi Phone အားလုံးအတွက် Zawgyi Font ထည့်နည်း ပေါင်းစုံ

Warriors Orochi 3 Ultimate -Mystic Weapons Guide-

All Mi phone model can use Myanmar Font and Root

Zapya for PC

ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ်

ဖီးနစ် သို့ မီးငှက်

ပီယလက်စွပ်အကြောင်း

ခရမ်းစွဲ (Amethyst)

Xiao Mi Phone များ အတု အစစ် ခွဲနည်း

အေဗရာဟမ်​ လင်​ကွန်း နှင့်​ ဂျွန်​အက်​ဖ်​ က​နေဒီ တို့ရဲ့ ကံကြမ္မာ တူညီချက်