"World of Final Fantasy" Review (PS4, PS Vita, Xbox one, PC, Switch)


World of Final Fantasy ဂိမ်းကို developer Tose က ဖန်တီးပြီး Square Enix က ထုတ်ပေးခဲ့တာ ဖြစ်ပါတယ် ။ ၂၀၁၆ မှာ PS4, PS Vita အတွက် ထုတ်ပေးခဲ့ပြီး ၂၀၁၇ မှာ PC အတွက် ထုတ်ပေးခဲ့ပါတယ် ။ ဒီနှစ် ၂၀၁၈ နိုဝင်ဘာလမှာတော့ Nintendo Switch နှင့် Xbox One အတွက် content အသစ်တွေထပ်ထည့်ထားပြီး World of Final Fantasy Maxima နာမည်နှင့် ထွက်လာတော့မှာပါ ။ ဂိမ်းအမျိုးအစားကတော့ turn based RPG ဖြစ်ပါတယ် ။

တကယ်တော့ World of Final Fantasy ဟာ Final Fantasy စီးရီး တစ်လျှောက်က character တွေ ရောသမမွှေပြီး ဇာတ်လမ်းဖွဲ့ထားတာ ဖြစ်ပါတယ် ။ သူ့ရဲ့ ထူးခြားချက်က အဓိကဇာတ်ကောင် Main character ၂ ယောက်ရယ် ၊ ဗီလိန်ရယ် နောက်ပြီး ဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ character အနည်းငယ်ရယ်ကလွဲလို့ ကျန် character တွေကို အရမ်းချစ်စရာကောင်းတဲ့ လုံးလုံးဖောင်းဖောင်း chibi အရုပ်ပုံဖြစ်အောင် ဆွဲထားတာပဲ ဖြစ်ပါတယ် ။ (အရပ်စကားနဲ့ ပြောရရင် ခေါင်းကြီးဖင်ငယ်လို့ ဆိုရမလားပဲ :3 ။) ဆွဲထားတဲ့ အရုပ်တွေက ကြီးလွန်းလို့ cutscene တွေမှာဆို မျက်နှာတစ်ချပ်ဆို screen တစ်ဝက်နီးပါးလောက် နေရာယူထားတယ် ။ Main character အရွယ်ကို Jiant လို့ခေါ်ပြီး chibi ပုံစံအရွယ်ကိုတော့ Lilikin လို့ခေါ်ပါတယ် ။ ရုပ်ထွက်အရည်အသွေးကတော့ ဘာမှ ပြောစရာမရှိပါဘူး ။ ချစ်စရာကောင်းတယ် ... သပ်ရပ်တယ် ... လှပတယ် ။ ဒါပေမယ့် မျက်လုံးတွေက သက်ဝင်လှုပ်ရှားမှု မရှိဘူး ... မျက်လုံးသေကြီးတွေနဲ့ ကြည့်ရတာ နဲနဲထောက်နေတယ် ။ camera က Final Fantasy 9 လိုမျိုး angle တွေက အသေနဲ့ လှုပ်ရှားလို့မရဘူး ... ဆိုလိုတာကတော့ ကင်မရာကို ကိုယ့်စိတ်ကြိုက် လှည့်ကြည့်လို့ မရတာပါပဲ ။ Third person view ဖြစ်ပေမယ့် ကင်မရာကို ၃၆ဝဒီဂရီ လှည့်ကြည့်လို့မရတာ သိပ်မကြိုက်လှဘူး ။ အားလုံးခြုံငုံကြည့်ရမယ်ဆိုရင် အိုကေ အဆင့်ပါပဲ ။

Gameplay ကတော့ mirage ဆိုတဲ့ အကောင်လေးတွေ ဖမ်းမယ် .... ပြီးရင် train မယ်... တစ်ကောင်ခေါင်းပေါ် တစ်ကောင် ဆင့်တင်ပြီး တိုက်ပွဲတွေမှာ အသုံးပြုမယ် ။ spell, skill, status aliments တွေ အခြေအနေအချိန်အခါလိုက် သုံးမယ် ။ ဒီလောက်ပါပဲ ။ အဓိကဇာတ်ကောင် ၂ ယောက်မှာက ထူးခြားတာ ဘာမှမပါဘူး ။ level တက်လာရင် inventory slot တစ်ခု (ဒါက သတ်မှတ် level ရောက်မှရတာ)၊ attack, defence, stats တွေ တိုးလာမယ် ။ ဒါပေမယ့် Mirage မှာတော့ပါတယ် ။ Mirage တစ်ကောင်ချင်းစီမှာ ability တွေ ရှိသလို elemental resistance, weigh, stats တွေရှိတယ် ။ Mirage အမျိုးအစား ၃ မျိုးခွဲထားပါတယ် ။ Small, Medium, large ။ အကြီးပေါ် အငယ် ဆင့်ရတာပါ ။ Large အပေါ် Medium ၊ Medium အပေါ် Small ... ဒီလိုဆင့်တင်ပြီး (stack လုပ်ပြီး) တိုက်ပွဲတိုက်ရတာ ဖြစ်ပါတယ် ။ ဆိုတော့ သုံးဖို့ spell တွေ skill တွေ ability တွေ အကုန်လုံးက ဒီ Mirage အပေါ်မှာပဲ မူတည်နေတယ် ။ ဒါကြောင့် ဇာတ်လမ်းကို အခက်အခဲမရှိ ဆော့ချင်ရင် Mirage တွေကို အရ ရှာဖမ်းပြီး level အတော်အတန် ရောက်အောင် train ထားပါလို့ တိုက်တွန်းချင်ပါတယ် ။


ပြီးတော့ Mirage တွေမှာ Transfiguration ဆိုတာ ရှိပါတယ် ။ ပြောရရင်တော့ အကောင် ဆင့်ကဲပြောင်းလဲတာပါ ။ သက်ဆိုင်ရာ Memento ဆိုတာ ရလာတဲ့အခါမှာ small ဆိုရင် small ကနေ medium ၊ medium ဆို Large အဆင့်ရှိ Mirage အဖြစ် ပြောင်းနိုင်သွားပါတယ် ။ Transfiguration အပြည့်အစုံ ရပြီးတဲ့ Mirage တွေဆို ကိုယ်ကြိုက်သလို ပြောင်းလဲလို့ရသွားတယ် ။ medium ကနေ small ချင်လား ရတယ်.... large ကနေ လည်း small လို့ရတယ် ။ ဒါပေမယ့် ဒီလိုပြောင်းတဲ့အခါ Mirage ရဲ့ ability, skill, spell တွေဟာ ပြောင်းတဲ့အမျိုးအစားအပေါ် မူတည်ပြီး အကုန် ပြောင်းလဲသွားတာမို့ သတိထားရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် Mirage တွေ ဆင့်တင်တဲ့နေရာမှာ Mirage ရဲ့ elemental resistance အလိုက် ကိုယ့် stack ရဲ့ elemental resistance ပြောင်းသွားတာကြောင့် mirage တွေ ဆင့်တင်တဲ့နေရာမှာလည်း သတိထားရပါတယ် ။ ဥပမာ... fire spell တွေ သုံးတဲ့ ရန်သူမျိုး သွားချတဲ့အခါ ကိုယ့် stack ရဲ့ fire elemental resistance မှာ -100 ရှိနေခဲ့ရင် အတော်ကို အထိနာပါတယ် ။ under level ဖြစ်နေရင်တော့ တချက်တည်းနဲ့ ကိုယ့်အသက်ပျောက်ပြီပဲ ။

နောက်ပြီး Champion ဆိုတာ ရှိသေးတယ် ။ Champion ဆိုတာကတော့ Final Fantasy Brave Exvius ထဲက Esper လိုမျိုး Final Fantasy XIII ထဲက Eidolon လိုမျိုးပါ ။ Champion လေးတွေကို တပွဲမှာ တစ်ခေါက်ပဲ ခေါ်ယူနိုင်ပါတယ် ။ Final Fantasy 13 ထဲက Lightining တို့ Final Fantasy 7 ထဲက Tifa တို့ Final Fantasy 10 ထဲက Yuna တို့ စသဖြင့် Champion လေးတွေ အများကြီးရှိတယ် ။ ခေါ်လိုက်ရင် battle ထဲ cutscene လှလှလေးတွေနဲ့ ရောက်လာပြီး ဝင်ကူချပေးသွားတာပေါ့ ။ ဒါပေမယ့် တစ်ချက်တည်းပါပဲ XD ။

Gameplay ထဲ ဆိုးတဲ့အချက်က World of Final Fantasy ဂိမ်းဟာ turn based combat နဲ့သွားရတာဖြစ်တဲ့အတွက် ကိုယ့် အလှည့်ရောက်ဖို့ အချိန်စောင့်ရတာ အရမ်းကြာတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် battle speed မြန်အောင် နှိပ်ရတဲ့ ခလုတ်ရှိတယ် ။ ကြာကြာနှိပ်ထားရင် မြန်တယ် ။ ကျနော်က စိတ်မရှည်တော့ ဒီခလုတ်ကို အမြဲနှိပ်နေရတာ ကြာလာတော့ လက်ထိပ်တွေ နာလာတယ် ။ ဒါကတော့ တော်တော်ဆိုးပါတယ် ။


နောက်ခံသီချင်းအပိုင်းကို ပြောရရင် Final Fantasy တို့ကတော့ ဒီနေရာမှာ ပြောစရာမလိုအောင် perfect ဖြစ်ပြီးသားမို့ ဘာမှ ပြောစရာမရှိပါဘူး ။ World of Final Fantasy ထဲက 80% သော သီချင်းတွေဟာ ရှေ့ကရှိခဲ့တဲ့ Final Fantasy ဂိမ်းတွေထဲက သီချင်းတွေကို version တစ်မျိုးပြောင်းပြီး ပြန်ဖန်တီးထားတာပါ ။ နားထောင်ရတာ အရမ်းကောင်းပါတယ် ။

ဇာတ်လမ်းကို ပြောရရင် ဆော့ရင်း တဖြည်းဖြည်း အီလာပါတယ် ။ ဇာတ်လမ်းသွားမှာ အခက်အခဲမရှိ အေးအေးဆေးဆေးဆော့ရဖို့အတွက် Mirage မျိုးစုံ ရထားဖို့က အဓိကလို ဖြစ်နေတော့ Mirage တွေကို ဖမ်းရင်းနဲ့ ဒီလိုဖြစ်တာ ဖြစ်နိုင်ပါတယ် ။ ပြီးတော့ ဇာတ်လမ်းကို သိပ်မပျင်းရအောင် ဇာတ်လိုက် အမွှာ ၂ ယောက် အချင်းချင်း ရန်ဖြစ်တာ၊ စကားနဲ့ ရွဲ့ပြောတာ ဖဲ့တာတွေ ဟာသလေးတွေ ထည့်ထားတယ်လို့ မြင်မိတယ် ။ ဇာတ်လမ်းကို သူ့တခုတည်းမဟုတ်ပဲ တခြား ဇာတ်လမ်းအတိုငယ်လေးတွေ ရှိပြီး အဲ့ဒါတွေကို cutscene အပြည့်အစုံလေးနဲ့ side quest ပုံစံ လိုမျိုးနဲ့ ထားထားတယ် ။ မြို့တွေမှာလည်း သီးခြား side quest လေးတွေ ရှိပါတယ် ။ ပေးတဲ့ rewards တွေက potion တွေပဲ များပါတယ် ။ ဒါပေမယ့် အပေါ်မှာ ပြောထားတဲ့ side quest လိုမျိုးကိုတော့ Tea Room ထဲက The Girl who forget her name ဆိုတဲ့ ကောင်မလေးဆီမှာပဲ ရနိုင်တာ ဖြစ်ပါတယ် ။ ဒီ side quest တွေက လုံးဝပြီးဖို့ မလိုသလို ဒီအတိုင်းထားထားလို့လည်း မရဘူး ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ Mirage တွေအတွက် Memento အကောင်းစား လေးတွေ ပေးတဲ့အပြင် ဒီအထဲ တချို့ side quest တွေဟာ အဓိကဇာတ်လမ်းရဲ့ မြုပ်ကွက်လေးတွေ ဖြစ်နေလို့ပါပဲ ။ ဇာတ်လမ်းအပြည့်အစုံ သိချင်သမားတွေ Memento အကောင်းစားလိုချင်သမားတွေကတော့ ဒီ side quest တွေ အကုန်ဆော့သင့်ပါတယ် ။ ဒါပေမယ့် ဇာတ်လမ်းက ဆော့ရင်း အီတယ်ဆိုပေမယ့် နောက်ဆုံးအပိုင်းရောက်ခါနီးမှ စိတ်ဝင်စားဖို့ကောင်းလာနေတာကို တွေ့ရတယ် ။ လှည့်ကွက်လေးတွေ မထင်မှတ်ထားတာလေးတွေ တွေ့ရလို့ ။ ဇာတ်လမ်းကို အားလုံး ခြုံငုံသုံးသပ်ရရင်တော့ မဆိုးဘူးလို့ ဆိုရမှာပါ ။ ရုပ်ရှင်တစ်ပွဲ ကြည့်ရသလို ဖြစ်နေလို့ သက်သက်သာသာနဲ့ ဆော့ပျော်ပါတယ် ။


အစက ကျနော် ဒီဂိမ်းကို review ရေးဖို့ စိတ်ကူးမရှိခဲ့ပါဘူး ။ ဒါကြောင့် ဇာတ်လမ်းလောက်ပဲ ပြီးအောင် ဆော့ကြည့်မယ်ဆိုပြီး ဇာတ်လမ်းသွားမှာ မိတ်ဆက်ပြသွားတဲ့ ရှိသလောက် content တွေပဲ ဆော့သွားပြီး ကျန်တဲ့ Gameplay content တွေအားလုံးကို လျစ်လျူရှုထားခဲ့တယ် ။ အဲ့ဒါ ပြသနာ တက်ပါလေရော ။ ရှေ့ဆက်လို့မရပဲ တစ်,နေတော့တာပါပဲ ။ ဒါနဲ့ ဂိမ်းကို တစ်ကနေ ပြန် ဆော့ခဲ့ရတယ် ။ ဒါကြောင့် ဆော့တဲ့သူတွေကို အကြံပေးချင်တာက ကျန် content တွေကိုလည်း အချိန်ယူပြီး ဆော့ပါလို့ ... ကျနော့်လို မဖြစ်အောင် XD ။

Overall အနေနဲ့ပြောရရင် ကောင်းပါတယ် ။ gameplay က နည်းနည်းထူးခြားတယ် ..... သီချင်းတွေကလည်း နားထောင်လို့ကောင်းသလို သူ့နေရာနဲ့သူ လိုက်ဖက်မှုလည်း ရှိတယ် .... ရုပ်ထွက်လည်း ချစ်စရာကောင်းတဲ့အပြင် ဇာတ်လမ်းလေးလည်း မဆိုးတော့ ဆော့ပျော်ပါတယ် ။ ကျနော်လည်း ကြိုက်ပါတယ် ။ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ရုပ်ထွက်နဲ့ ဆော့ချင်ရင်တော့ World of Final Fantasy က အသင့်တော်ဆုံးပါပဲလို့ ပြောပါရစေ ။

7/10

Post a Comment

0 Comments