Posts

Showing posts from March, 2017

အရောင်ခွဲခြားမရတဲ့ မွေးရာပါ ဗီဇ ချွတ်ယွင်းမှု (Color Blind)

Image
မွေးရာပါ ဗီဇချို့ယွင်းမှုဖြစ်တဲ့ အရောင်ခွဲခြားမရတဲ့ ချို့ယွင်းမှု (ကာလာဘလိုင်း Color Blind) ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေထဲက ၀.၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေ နှင့် ၈ ရာခိုင်နှုန်းသော အမျိုးသားတွေမှာ ရှိကြပါတယ် ။ ကာလာဘလိုင်း ဆိုတာကတော့ အရောင်တွေကို ကွဲကွဲပြားပြား မမြင်တာပါ ။ မွေးကတည်းက ဗီဇမှာ ပါလာတာ ဖြစ်ပြီး လုံးဝ ကုသလို့ မရတဲ့ အရာ ဖြစ်ပါတယ် ။ ကာလာဘလိုင်း ဖြစ်နေတဲ့ လူတစ်ယောက်ဟာ သူ့အနေနဲ့ မြင်ရတဲ့ အရောင်တွေဟာ သာမာန် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ မြင်ရတဲ့ အရောင်နဲ့ လုံးဝ မတူပါဘူး ။ ကာလာဘလိုင်း အမျိုးအစား အများကြီး ရှိပါတယ် ။ ဒီအထဲကမှ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ကာလာဘလိုင်း အမျိုးအစား ၃ ခုကို ဖော်ပြလိုက်ရပါတယ် ။


ဒါကတော့ သာမာန် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ မြင်ရတဲ့ အရောင်တွေ ဖြစ်ပါတယ် ။


Deuteranomalia ကတော့ အဖြစ်အများဆုံး ကာလာဘလိုင်း တစ်မျိုး ဖြစ်ပါတယ် ။ ကမ္ဘာပေါ်မှာရှိတဲ့ ၄.၆၃ ရာခိုင်နှုန်းသော ယောကျာင်္းတွေ ဟာ အဆိုပါ ကာလာဘလိုင်းအမျိုးအစား ဖြစ်နေတာကို ခံစားနေရတာ ဖြစ်ပါတယ် ။ ပုံမှာ တွေ့တဲ့အတိုင်းပဲ Deuteranomalia ဖြစ်နေတဲ့ သူတစ်ယောက်ဟာ အရောင်တွေရဲ့ တောက်ပမှုကို မမြင်နိုင်ကြပါဘူး ။ အထူးသဖြင့် အစိမ်းရောင်…

နှင်းတောထဲ အေးခဲနေတဲ့ ကြောင်မလေး (ဖြစ်ရပ်မှန်)

Image
၂၀၁၇ ခုနှစ် ဇန်နဝါရ်ီလ ၃ ရက်နေ့မှာ Slava လို့ အမည်ရတဲ့ လူငယ်တစ်ယောက်ဟာ ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ နှင်းတွေ ကပ်နေတဲ့ အမွှေးဖွားဖွား အလုံးလေးတစ်လုံးလို ဝပ်နေတဲ့ ကြောင်ကလေးတစ်ကောင်ကို မြင်ခဲ့ပါတယ် ။ ဒီနေ့ဟာ ခါတိုင်းနေ့တွေထက် နှင်းတွေ ပိုမို ကျဆင်းနေခဲ့ပြီး နေရာတိုင်း ဖြူဖြူဖွေးဖွေး နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ် ။

"ကျွန်တော်တော့ ဒီအမွှေးလုံးလေးဟာ ကြောင်ကလေး တစ်ကောင် ဖြစ်လိမ့်မယ် ။ ဒီလောက် အေးစိမ့်နေတဲ့ ဆောင်းရာသီကြီးမှာ ဒီ ကြောင်ကလေး အေးခဲနေလို့ မသွားနိုင်ပဲ ငြိမ်နေတာ ဖြစ်မယ်လို့ ထင်ခဲ့တယ် ။"


လမ်းမပေါ်မှာ ကားတွေ တစ်စင်းပြီး တစ်စင်း ဖြတ်သွားနေပေမယ့် တစ်စီးမှ ရပ်ပြီး ဆင်းမကြည့်ခဲ့ကြဘူး ။ Slava ကတော့ ကားကို ရပ်ပြီး ကြောင်ကလေး ရှိတဲ့ နေရာကို အပြေးအလွှား သွားကြည့်ခဲ့တယ် ။

ကြောင်လေးအနား ရောက်ခါနီးအချိန်မှာ ကြောင်လေးဟာ လူငယ်ရဲ့ ခြေသံကြားသွားတဲ့အတွက် လန့်သွားပြီး ရုတ်တရက် လမ်းနံဘေးက သစ်ပင်ကို ခုန်တက်လိုက်တယ် ။ ဒါပေမယ့် သိပ်မတက်နိုင်ပဲ တနေရာမှာ ထိုင်ပြီး ဝပ်နေပြန်တယ် ။ ဒါနဲ့ပဲ Slava က သူ့ကားကို အဝေးတစ်နေရာမှာ သွားရပ်ခဲ့ရပြီး နှင်းတောထဲမှာ အသံလည်း မထွက်နိုင် ၊ မလှုပ်မယှက် ဝပ်နေတဲ့ ကြော…

Nintendo Switch အကြောင်းနှင့် သုံးသပ်ချက်

Image
Nintendo Switch ရဲ့ ပထမဦးဆုံး debut trailer ကို ၂၀၁၆ အောက်တိုဘာ ၂၀ ရက်နေ့မှာ Nintendo က youtube ပေါ် တင်ခဲ့တယ် ။ အဲ့ဒီမှာ လူတော်တော်များများ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ပြီး ထင်ကြေးတွေလည်း အမျိုးစုံအောင် ပေးကြတယ် ။ ဒီ video ကြည့်ပြီး တချို့ ဝိုင်း hype ကြသလို တချို့က video ထဲမှာ မက်လောက်စရာ အကွက်တွေနဲ့ ပြခဲ့ပေမယ့် တကယ်ထွက်လာရင် မှန်းချက် နှမ်းထွက် မကိုက်မှာကို စိုးရိမ်စိတ်နဲ့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေနဲ့ စောင့်ကြည့်ခဲ့ကြတယ် ။ ဂိမ်းဝက်ဘ်ဆိုက်တွေက ထင်ကြေးတွေ အမျိုးမျိုးပေးရေးထားတာတွေ ထွက်ပြီးနောက် Nintendo က ၂၀၁၇ ဇန်နဝါရီ် ၁၂ ရက်နေ့မှာ နယူးယောက်မြို့မှာ အသေးစိတ် မိက်ဆက်ပွဲ ကျင်းပခဲ့တယ် ။ ဒီတော့မှ တဝက်လောက် သံသယစိတ်တွေ ကင်းသွားပြီး hype train ပေါ် လူ ၂ ဆလောက် ခုန်တက် လာကြကုန်တယ် ။ ဒီပွဲမှာ လာတဲ့လူတွေကို switch ပေါ် ရောက်လာမယ့် ဂိမ်းတွေ ပေးစမ်းခဲ့တော့ လူတော်တော်များများ စမ်းကြည့်ခဲ့ကြပြီး ကောင်းတယ် ခေတ်ရှေ့ပြေးနည်းပညာတစ်ခုဖြစ်တယ် 3DS နေရာကို ဆက်ခံမယ့် ဂိမ်းစက်တစ်ခု စသဖြင့် ထင်မြင်ချက်တွေ ထွက်လာခဲ့တယ် ။


မတ်လ ၃ ရက်နေ့မှာ စရောင်းမယ်လို့ ကြေညာလိုက်ပြီးပြီးချင်းမှာ preorder အမှာစာ တွေ မြင…

စိုက်ပျိုးရေးအတွက် မီးသွေးပေါင်းခံရည်

Image
ကိုဝင်းကျော်ဦးခိုင်းထားတာ ကြာပါပြီ ...
ဝါးပေါင်းခံရည်လုပ်နည်း ရှာဖွေရေးပေးဦးဆိုတာ လူက ဟိုသွား ဒီသွား အလုပ်များ ...
စာရိုက်ရမှာလည်း ပျင်းပျင်းရှိနေတာနဲ့ စိတ်ကူးတည့်တာ ဦးစားပေးရေးရေးမိတယ် ...
{All Credit to original writer Ko Zin}
ဆရာသမားများ ကျွဲမြီးမတိုခင် ရွှေစိတ်တော်မငြိုခင် ဝါးပေါင်းခံရည်လုပ်နည်းအကြောင်း ရှာဖွေမွှေနှောက်ရင်း ကိုဝေအောင်ချမ်းမျိုးတင်ပြထားတဲ့ PDF ဖိုင်ကို ကူးချ Photo Convert လုပ် စာနဲ့တစ်မျိုး တစ်ပုံချင်းထောက်ကြည့်လို့ အဆင်ပြေအောင်တစ်ဖုံ တင်ပြပေးလိုက်ပါတယ် ...
အခုတင်ပြချက်ဟာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ The Nippon Foundation (ဂျပန်) နဲ့ စေတနာအဖွဲ့တို့က ပူးပေါင်းထုတ်ဝေတဲ့ စာရွက်ကိုသာ ကူးယူဖော်ပြခြင်းဖြစ်ကြောင်း ပဏာမဝန်ခံပါရစေ ...

စာဖတ်လို့အဆင်မပြေရင်လည်း တစ်ပုံချင်းထောက်ကြည့်ရင်း အဆင်ပြေကြပါစေ ...

မီးသွေးပေါင်းခံရည်ဆိုသည်မှာ မီးသွေးဖိုမှထွက်ရှိသော မီးခိုးကို ပြန်လည်အအေးခံခြင်းဖြင့် ရရှိသော အရည်ဖြစ်ပြီး ဂျပန်တောင်သူလယ်သမားများ ယနေ့အထိ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုလျှက်ရှိပါသည်။ မီးသွေးပေါင်းခံရည်ကို ထုတ်လုပ်သည့်အခါ ဝါး (သို့…

ဘယ်လို ပျားရည်မျိုးက အကောင်းဆုံးလဲ

Image
ပျားရည်မှာ အမျိုးအစား ၃ မျိုး ရှိပါတယ်တဲ့ .... အဲဒါကတော့

ဇီးပျားနှမ်းပျားနေကြာပျား
ဆိုပြီးတော့ပါ....

ဇီးပျားက ဘယ်လောက်ကြာကြာထား အရောင်သာ ပြောင်းသွားတယ် ချဉ်တာတွေ ဂက်စ်ထွက်တာတွေ လုံးဝ မဖြစ်ဘူး.... စတင် ယူတဲ့အချိန်မှာဆိုရင် ပျားရည်က ရွှေအိုရောင်လို ဝါကျင်ကျင် အရောင် ရှိတယ်.... အချိန် ကြာလာရင် တဖြည်းဖြည်း လက်ဖက်ခြောက် အရောင်ကို ပြောင်းသွားတယ်..... ဒီလို အရောင် ပြောင်းပေမယ့် အရသာကတော့ အရင် အတိုင်းပါပဲ

နှမ်းပျားက အရောင်တော့ မပြောင်းတတ်ဘူး..... ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ဂက်စ်တွေ ထွက်လာပြီး အရသာက ချဉ်လာတယ်.... ဂက်စ်တွေ ထွက်လာတော့ ဖန်ပုလင်းထဲ ထည့်ထားရင် pressure များလာပြီး ဖန်ပုလင်းက ထက်ပိုင်း ကွဲထွက်သွားတတ်တယ်....

နေကြာပျားကတော့ အရောင်မပြောင်းဘူး... ဂက်စ်လည်း မထွက်တတ်ဘူး.... ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အနည်ထိုင်ပြီး ခဲသွားတယ်.... သကြားတုံးလိုမျိုး ခဲ သွားတယ်.... သူကတော့ ရောင်းရင် တစ်နှစ်အတွင်း ကုန်အောင် သုံးမှ ရမှာပါ.... ၁ နှစ်ကျော်သွားတာနဲ့ သကြားခဲလိုမျိုး ခဲပြီပဲ

ပျားရည် အမျိုးအစား ၃ မျိုးမှာ ဇီးပျားသာ အကောင်းဆုံးပါ... ဒါကြောင့် ဇီးပျားပဲ ရောင်းကြတာ များတယ်.... ပျားရည် ထုတ်တဲ…