ဘယ်လို ပျားရည်မျိုးက အကောင်းဆုံးလဲ


ပျားရည်မှာ အမျိုးအစား ၃ မျိုး ရှိပါတယ်တဲ့ .... အဲဒါကတော့

  • ဇီးပျား
  • နှမ်းပျား
  • နေကြာပျား

ဆိုပြီးတော့ပါ....

ဇီးပျားက ဘယ်လောက်ကြာကြာထား အရောင်သာ ပြောင်းသွားတယ် ချဉ်တာတွေ ဂက်စ်ထွက်တာတွေ လုံးဝ မဖြစ်ဘူး.... စတင် ယူတဲ့အချိန်မှာဆိုရင် ပျားရည်က ရွှေအိုရောင်လို ဝါကျင်ကျင် အရောင် ရှိတယ်.... အချိန် ကြာလာရင် တဖြည်းဖြည်း လက်ဖက်ခြောက် အရောင်ကို ပြောင်းသွားတယ်..... ဒီလို အရောင် ပြောင်းပေမယ့် အရသာကတော့ အရင် အတိုင်းပါပဲ

နှမ်းပျားက အရောင်တော့ မပြောင်းတတ်ဘူး..... ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ဂက်စ်တွေ ထွက်လာပြီး အရသာက ချဉ်လာတယ်.... ဂက်စ်တွေ ထွက်လာတော့ ဖန်ပုလင်းထဲ ထည့်ထားရင် pressure များလာပြီး ဖန်ပုလင်းက ထက်ပိုင်း ကွဲထွက်သွားတတ်တယ်....

နေကြာပျားကတော့ အရောင်မပြောင်းဘူး... ဂက်စ်လည်း မထွက်တတ်ဘူး.... ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အနည်ထိုင်ပြီး ခဲသွားတယ်.... သကြားတုံးလိုမျိုး ခဲ သွားတယ်.... သူကတော့ ရောင်းရင် တစ်နှစ်အတွင်း ကုန်အောင် သုံးမှ ရမှာပါ.... ၁ နှစ်ကျော်သွားတာနဲ့ သကြားခဲလိုမျိုး ခဲပြီပဲ

ပျားရည် အမျိုးအစား ၃ မျိုးမှာ ဇီးပျားသာ အကောင်းဆုံးပါ... ဒါကြောင့် ဇီးပျားပဲ ရောင်းကြတာ များတယ်.... ပျားရည် ထုတ်တဲ့ နေရာမှာ မွေးပျားကနေ ထုတ်တာနဲ့ သဘာဝပျားကနေ ထုတ်လုပ်တာဆိုပြီး ၂ မျိုး ရှိပါသေးတယ်..... ဘယ်ကနေပဲ ထုတ်ထုတ် ပျားရည်တွေက အတူတူပါပဲ ..... ဝတ်ရည်စုပ်တဲ့ ပျားလေးတွေ အပေါ်မှာပဲ မူတည်ပါတယ်

  • ပဲ ၊ ပြောင်း ကနေ ဝတ်ရည်စုပ်ရင် ဇီးပျား 
  • နှမ်း ပန်းပွင့်ကနေ ဝတ်ရည်စုပ်ရင် နှမ်းပျား
  • နေကြာပန်းကနေ စုပ်ရင် နေကြာပျား

ယေဘုယျအားဖြင့် ဒီလို ခွဲခြားထားပါတယ် .....

ပျားရည်ကို ပလတ်စတစ်ဘူးတွေနဲ့ မထည့်ပဲ ဖန်ပုလင်း နဲ့ ထည့်ထားရင် အကောင်းဆုံးပါ .... ပလတ်စတစ်ဘူးတွေနဲ့ ထည့်ရင် ကြာလာတဲ့အခါ ဘူးက အနည်တွေ ကျလာတတ်သလို ဓာတ်ပြုမှုလည်း ရှိလာတတ်ပါတယ် ...... ဒါကြောင့် ဖန်ပုလင်းနဲ့ ထည့်ရောင်းတဲ့ ဇီးပျားသာ ဝယ်ယူစားသုံးသင့်ပါကြောင်း

Post a Comment

0 Comments