အရောင်ခွဲခြားမရတဲ့ မွေးရာပါ ဗီဇ ချွတ်ယွင်းမှု (Color Blind)

မွေးရာပါ ဗီဇချို့ယွင်းမှုဖြစ်တဲ့ အရောင်ခွဲခြားမရတဲ့ ချို့ယွင်းမှု (ကာလာဘလိုင်း Color Blind) ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေထဲက ၀.၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေ နှင့် ၈ ရာခိုင်နှုန်းသော အမျိုးသားတွေမှာ ရှိကြပါတယ် ။ ကာလာဘလိုင်း ဆိုတာကတော့ အရောင်တွေကို ကွဲကွဲပြားပြား မမြင်တာပါ ။ မွေးကတည်းက ဗီဇမှာ ပါလာတာ ဖြစ်ပြီး လုံးဝ ကုသလို့ မရတဲ့ အရာ ဖြစ်ပါတယ် ။ ကာလာဘလိုင်း ဖြစ်နေတဲ့ လူတစ်ယောက်ဟာ သူ့အနေနဲ့ မြင်ရတဲ့ အရောင်တွေဟာ သာမာန် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ မြင်ရတဲ့ အရောင်နဲ့ လုံးဝ မတူပါဘူး ။ ကာလာဘလိုင်း အမျိုးအစား အများကြီး ရှိပါတယ် ။ ဒီအထဲကမှ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ကာလာဘလိုင်း အမျိုးအစား ၃ ခုကို ဖော်ပြလိုက်ရပါတယ် ။


ဒါကတော့ သာမာန် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ မြင်ရတဲ့ အရောင်တွေ ဖြစ်ပါတယ် ။


Deuteranomalia ကတော့ အဖြစ်အများဆုံး ကာလာဘလိုင်း တစ်မျိုး ဖြစ်ပါတယ် ။ ကမ္ဘာပေါ်မှာရှိတဲ့ ၄.၆၃ ရာခိုင်နှုန်းသော ယောကျာင်္းတွေ ဟာ အဆိုပါ ကာလာဘလိုင်းအမျိုးအစား ဖြစ်နေတာကို ခံစားနေရတာ ဖြစ်ပါတယ် ။ ပုံမှာ တွေ့တဲ့အတိုင်းပဲ Deuteranomalia ဖြစ်နေတဲ့ သူတစ်ယောက်ဟာ အရောင်တွေရဲ့ တောက်ပမှုကို မမြင်နိုင်ကြပါဘူး ။ အထူးသဖြင့် အစိမ်းရောင်တောက်တောက်နှင့် အနီရောင်တောက်တောက်ကို အစိမ်းပုပ်ရောင်နှင့် လိမ္မော်ရောင်အဖြစ်သာ မြင်ကြတာ ဖြစ်ပါတယ် ။


Protanopia ကတော့ ကမ္ဘာပေါ်ရှိ လူတွေထဲက ၁ ရာခိုင်နှုန်းလောက်ပဲ ဒီ ကာလာဘလိုင်းကို ခံစားနေရတာ ဖြစ်ပါတယ် ။ အစိမ်းရောင်နှင့် အနီရောင်တို့ဟာ ပျောက်နေကြပြီး ဒီအရောင်တွေအစား အပြာရောင်သမ်းတဲ့အရောင် အဝါရောင်သမ်းနေတဲ့ အရောင်တွေကို မြင်နေရတာ ဖြစ်ပါတယ် ။


Tritanopia ကတော့ အလွန့်အလွန် ဖြစ်ခဲတဲ့ ကာလာဘလိုင်း အမျိုးအစား တစ်ခုပါ ။ Tritanopia ဖြစ်နေတဲ့ သူတစ်ယောက်ဟာ အရောင်တွေ အကုန်လုံးကို အစိမ်းရောင် နှင့် ပန်းရောင် ၂ခု ရောထားတဲ့ အရောင်တွေ အနေနဲ့ပဲ မြင်နေရတာ ဖြစ်ပါတယ် ။


အဖြူအမည်းကာလာဘလိုင်းကတော့ အရောင်တွေကို လုံးဝ ကွဲကွဲပြားပြား မမြင်ရတော့ပဲ အဖြူရောင် အမည်းရောင် အနေနဲ့ပဲ မြင်ရတာ ဖြစ်ပါတယ် ။ ကမ္ဘာ့လူဦးရေရဲ့ ၀.၀၀၀၀၃% လောက်ပဲ ဒီ ကာလာဘလိုင်းမျိုး ခံစားနေရတာ ဖြစ်ပါတယ် ။







Reference : Blindside

Post a Comment

0 Comments