Nintendo Switch အကြောင်းနှင့် သုံးသပ်ချက်


Nintendo Switch ရဲ့ ပထမဦးဆုံး debut trailer ကို ၂၀၁၆ အောက်တိုဘာ ၂၀ ရက်နေ့မှာ Nintendo က youtube ပေါ် တင်ခဲ့တယ် ။ အဲ့ဒီမှာ လူတော်တော်များများ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ပြီး ထင်ကြေးတွေလည်း အမျိုးစုံအောင် ပေးကြတယ် ။ ဒီ video ကြည့်ပြီး တချို့ ဝိုင်း hype ကြသလို တချို့က video ထဲမှာ မက်လောက်စရာ အကွက်တွေနဲ့ ပြခဲ့ပေမယ့် တကယ်ထွက်လာရင် မှန်းချက် နှမ်းထွက် မကိုက်မှာကို စိုးရိမ်စိတ်နဲ့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေနဲ့ စောင့်ကြည့်ခဲ့ကြတယ် ။ ဂိမ်းဝက်ဘ်ဆိုက်တွေက ထင်ကြေးတွေ အမျိုးမျိုးပေးရေးထားတာတွေ ထွက်ပြီးနောက် Nintendo က ၂၀၁၇ ဇန်နဝါရီ် ၁၂ ရက်နေ့မှာ နယူးယောက်မြို့မှာ အသေးစိတ် မိက်ဆက်ပွဲ ကျင်းပခဲ့တယ် ။ ဒီတော့မှ တဝက်လောက် သံသယစိတ်တွေ ကင်းသွားပြီး hype train ပေါ် လူ ၂ ဆလောက် ခုန်တက် လာကြကုန်တယ် ။ ဒီပွဲမှာ လာတဲ့လူတွေကို switch ပေါ် ရောက်လာမယ့် ဂိမ်းတွေ ပေးစမ်းခဲ့တော့ လူတော်တော်များများ စမ်းကြည့်ခဲ့ကြပြီး ကောင်းတယ် ခေတ်ရှေ့ပြေးနည်းပညာတစ်ခုဖြစ်တယ် 3DS နေရာကို ဆက်ခံမယ့် ဂိမ်းစက်တစ်ခု စသဖြင့် ထင်မြင်ချက်တွေ ထွက်လာခဲ့တယ် ။


မတ်လ ၃ ရက်နေ့မှာ စရောင်းမယ်လို့ ကြေညာလိုက်ပြီးပြီးချင်းမှာ preorder အမှာစာ တွေ မြင့်တက်လာပြီး online shop တွေမှာ out of stock တွေ ဖြစ်ကုန်ကြတယ် ။ ဒါနဲ့ပဲ Switch ဈေးက မိုးထိအောင် မြောက်တက်လာတယ် ။ တကယ် ရောင်းတဲ့အခါမှာလည်း ရောင်းရနှုန်းက Nintendo က ခန့်မှန်းသတ်မှတ်ထားတဲ့ ရောင်းရနှုန်းထက် ကျော်သွားတော့တယ် ။ အမေရိကန် အခြေစိုက် superdata ဝက်ဘ်ဆိုက်ရဲ့ လေ့လာသုံးသပ်ချက်မှာဆို Nintendo Switch ရောင်းရတဲ့ ပမာဏက အမေရိကန်မှာ ၅သိန်း ၊ ဂျပန်မှာ ၃ သိန်း ၆ သောင်း ၊ ယူကေမှာ ၈ သောင်း ၅ ထောင် ၊ ပြင်သစ်မှာ ၁သိန်း၁သောင်း ဖြစ်တယ်လို့ ကြေညာထားတယ် ။ အဲဒီ ရောင်းရတဲ့ ပမာဏက Switch စထွက်ပြီး တပတ်အတွင်း ရောင်းရတဲ့ ပမာဏကို စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ် ။ Legend of Zelda: Breath of Wild ဂိမ်းဟာလည်း Nintendo Switch ဂိမ်းစက်နဲ့ အပြိုင် ရောင်းအားအကောင်းဆုံး ဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ် ။ ဒီလို Switch ရောင်းကောင်းခဲ့ရတဲ့ အကြောင်းကတော့ ၈၀% သော ဝယ်သူတွေဟာ Legend of Zelda: Breath of Wild ဂိမ်းတစ်ခုတည်းကို မျှော်မှန်းပြီး Switch ဝယ်ခဲ့ကြလို့ပါတဲ့ ။


Switch အကြောင်း ပြောရမယ်ဆို သူက ဟိုက်ဘရစ် ဂိမ်းစက် တစ်ခု ဖြစ်တဲ့အတွက် လက်ကိုင်ဆော့လို့ ရအောင် လုပ်ထားတဲ့အပြင် တီဗွီနဲ့ ချိတ်ဆက်ပြီး ကြည့်ဆော့လို့ရအောင် လုပ်ထားတာ ဖြစ်တယ် ။ Switch ဂိမ်းစက်ရဲ့ စခရင်ဘေး ၂ ချက်က လက်ကိုင် Joy-con ၂ ခုက ဖြုတ်တပ်လို့ရတယ် ။ အပြင်သွားရင် လက်ကိုင် ဂိမ်းစက် handle အနေနဲ့ ဆော့ ၊ အိမ်မှာဆို တီဗွီနဲ့ ချိတ်ဆက်ပြီး console ဂိမ်းစက်အနေနဲ့ ဆော့နိုင်တယ် ။ Joy con ၂ ခုမှာ motion sensor တွေပါတယ် ။ multiplayer ဆော့ရတဲ့အတွက် လူ ၂ ယောက် ကနေ ၆ ယောက်အထိ ချိတ်ဆက်ပြီး အတူ ဆော့နိုင်တယ် ။ resolution ကတော့ လက်ကိုင်အနေနဲ့ ဆိုရင် 720p ၊ တီဗွီနဲ့ ချိတ်ဆက်လိုက်ရင် 920p ရှိတယ် ။ မကြီးလွန်း မသေးလွန်း အရွယ် ရှိတဲ့အပြင် handle လက်ကိုင် အနေနဲ့ရော TV screen ကြီးကြီးနဲ့ ဆော့ချင်သမားဆို Switch နဲ့ အံကိုက်ပါပဲ ။


 ဆော့ဖူးတဲ့ တစ်ယောက် ပြောကြားချက်အရတော့ ဂိမ်းစက်က ခိုင်ခံ့ပြီး ဆွဲဆောင်မှု အပြည့်ရှိတယ် ။ handheld mode (လက်ကိုက်ဂိမ်းစက်) အနေနဲ့ ဆော့ကြည့်တဲ့အခါမှာတော့ Joy Con လက်ကိုင် ၂ ခုမှာက ဘုတွေဟာ တခုနဲ့ တခု အနည်းငယ် ကွာတဲ့အတွက် အချိန်အကြာကြီး ဆော့တဲ့အခါ လက်အညောင်းမိပါတယ် ။ လက်ကိုင် နံဘေးက ZR နဲ့ R ခလုတ် ၂ ခု ကလည်း နီးလွန်းတဲ့အတွက် အမြဲတမ်း မှားနှိပ်မိပါတယ် ။ Tablet mode (ဂိမ်းစက်ကနေ လက်ကိုင်ဖြုတ် ဆော့ရတဲ့ အနေအထား) နဲ့ဆော့ကြည့်တဲ့အခါ အနေတော် ဖြစ်ပေမယ့် switch ဂိမ်းစက်ကို ထောင်နေအောင် နောက်က ထောက်ပေးထားတဲ့ stand က ပလတ်စတစ်နဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် ကျိုးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ် ။ resolution မှာပြောရရင် handheld မှာ ကြည်လင်ပြတ်သားစွာ မြင်ရပေမယ့် တီဗီနဲ့ ချိတ်ဆက်ဆော့ရတဲ့ dock mode မှာတော့ နဲနဲ ဝါးနေတာ တွေ့ရပါတယ် ။ dock mode မှာ frame rate လည်း ကျသွားတယ် ။ handheld mode နဲ့ tablet mode ဆော့ရင် ဂိမ်းစက်က heat သိပ်မတက်ပေမယ့် dock mode မှာတော့ စက်အပူက သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ် ။ ဒါ့အပြင် Switch မျက်နှာပြင်ဟာ ပွတ်တိုက်မှု များမှာ ဖြစ်တဲ့အတွက် screen guard ကပ်ထားသင့်တယ်လို့လည်း အကြံပြုထားပါတယ် ။


လက်ကိုင်ဖြုတ်ဆော့တဲ့အခါ Joy con နဲ့ ဂိမ်းစက် ချိတ်ဆက်မှုအပိုင်းမှာ connection မမိတဲ့ ပြသနာတွေ ရှိတာ တွေ့ရပါတယ် ။ Joy con တွေ သတ်သတ်ဝယ်လို့ ရပါတယ် ။ ဒါပေမယ့် မဝယ်ရပဲ ဒီလိုပြသနာကို ဖြေရှင်းဖို့ နည်းလမ်း ရှိပါတယ် ။ လက်ကိုင်ကို ဖွင့်ပြီး အထဲက ဆားကစ်ပြားရဲ့ တနေရာမှာ ခဲဆော်လိုက်ရင် ကောင်းသွားတဲ့အကြောင်းကို လုပ်ဖူးသူအချို့က youtube ပေါ် video တွေ ရိုက်တင်ပြီး မျှဝေထားတာ တွေ့ရမှာ ဖြစ်ပါတယ် ။ Switch ထွက်ရှိပြီး ၂ ပတ် အကြာလောက်ပဲ ရှိသေးတယ် ဟက်ကာ ၂ ယောက် က Switch ရဲ့ system အပိုင်းကို web browser ကနေတဆင့် ချိုးဖောက်ပြီး Jailbreak လုပ်လိုက်နိုင်ပြီဆိုတဲ့ သတင်း ထွက်လာပါတယ် ။ connection အပိုင်းမှာရော performance အပိုင်းမှာပါ ပြဿနာတွေ ရှိနေပေမယ့် ဒီ့အတွက် အခုထိ Nintendo ကတော့ ဘာမှ မပြောသေးပါဘူး ။

ဂိမ်းစက်အသစ်တိုင်းမှာ ထွက်ရှိတဲ့ ဂိမ်းတွေ နည်းတတ်တာ သဘာဝပါပဲ ။ အခု Switch မှာ လောလောဆယ် ရရှိနေတဲ့ ဂိမ်းတွေကတော့

Legend of Zelda: Breath of the Wild
1, 2 Switch.
Just Dance 2017
Skylanders Imaginators
Snipperclip Cut it out

တို့ပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာတော့ Legend of Zelda: Breath of the Wild က အရောင်းရ အကောင်းဆုံးပဲ ။ Switch ကို လှလှပပလေး ပွဲဦးထွက် ဖြစ်သွားအောင် လုပ်ပေးခဲ့တဲ့ ဂိမ်းတစ်ခုပေါ့ ။ နောင်ထွက်လာမယ့် ဂိမ်းကောင်းတွေ အများကြီး ရှိပါသေးတယ် ။ Arms ၊ Splatoon 2 ၊ Super Mario Odyssey ၊ Skyrim အစရှိတဲ့ ဂိမ်းတွေ လာဦးမှာပါ ။


ဘယ်ဂိမ်းစက်ပဲ ဖြစ်ဖြစ် ကနဦး စထွက်ထွက်ခြင်းမှာ ပြီးပြည့်စုံပြီး ထွက်လာခဲ့တာမျိုး မရှိခဲ့ပါဘူး ။ အားလုံးက တမျိုးမဟုတ် တမျိုး အနာအဆာကိုယ်စီနဲ့ ထွက်လာခဲ့ကြတာချည်းပါ ။ လက်ကိုင်ဂိမ်းစက် နှင့် တီဗီနဲ့ ဆော့ရတဲ့ ဂိမ်းစက် ၂ မျိုးပေါင်းထားတဲ့ Nintendo Switch ကတော့ Nintendo fan သမားတွေ အကြိုက် ဖြစ်ခဲ့တဲ့အပြင် Handheld ကစားသမား ၊ console ကစားသမားတွေရဲ့ ဂရုပြုမှု ရအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ် ။


Nintendo fan တွေ နောက်ပြီး ပိုက်ဆံရှိပြီး ဆော့ချင်ပေမယ့် ဆော့ဖို့အချိန်မရှိ ၊ ရတဲ့အချိန်လေးမှာ ဆော့ဖို့ ကြံရွယ်ထားတယ် အားတဲ့အချိန် အိမ်မှာ တီဗီစခရင်ကြီးကြီးနဲ့ ဆော့ချင်သမားတွေ အတွက် ဝယ်သင့်တဲ့ ဂိမ်းစက် တစ်ခုပါ ။ ဒါပေမယ့် အခုအချိန်မှာတော့ ဝယ်ဖို့ မသင့်သေးဘူး ။ ဘာကြောင့်လဲဆိုတော့ error တွေလည်း များနေသေးတယ် ၊ ဈေးလည်းကြီးနေသေးတယ် ၊ စက်ရဲ့ performance အပိုင်းမှာ ပြသနာ အများကြီး ရှိနေသေးတာ ကြောင့်ပါ ။ နောက်ပြီး accessory အပိုင်းမှာလည်း အခုမှ စ ထုတ်လုပ်နေဆဲ ကာလမို့ မြန်မာပြည်အနေနဲ့ ဝယ်ရ မလွယ်သေးပါ ။ နည်းနည်းစောင့်ကြည့်ပြီးမှ ဝယ်သင့်ကြောင်း အကြံပြုလိုက်ရပါတယ် ။

References:
Express
Techrader
Cnet
Superdata
Pcmag
Freddy Mitchell's Switch reviews

Photo credit to google image and Freddy Mitchell

(ကိုယ်တိုင်တော့ Nintendo Switch မဝယ်နိုင်သေးဘူး ။ သူများရေးထားတာတွေကို အခြေခံပြီး ရေးထားတာပါ ။)

Post a Comment

0 Comments