Posts

Showing posts from February, 2017

ပိုက်ဆံ တကယ်ရတဲ့ app,တွေအကြောင်း

Image
Lucky cash ဆိုတဲ့ app ကို share နေကြတာ တွေ့တယ် ။ တကယ်ငွေရတယ်တို့ ဘာတို့ ပြောကြတယ် ။ ဒါနဲ့ စိတ်ဝင်စားပြီး အင်တာနက်ပေါ် လျှောက်ရှာကြည့်မိတယ် ။တွေ့ရတာကတော့ ဒီ app တွေက တကယ်ကို ငွေပေးပါတယ်။ ဒါပေမယ့် risk များတယ် ။ အန္တရာယ်များတယ် ။ PlayStore ထဲမယ် Lucky cash လို့ ရိုက်ထည့်ရှာကြည့် ။ သူ့ပုံစံမျိုး နာမည်မတူတဲ့ app တွေ တပြုံကြီး ဆင်းလာတာ တွေ့ရလိမ့်မယ်ဆိုတော့ကား အဲ့ဒီ ငွေတကယ်ရတယ်ဆိုတဲ့ app က ဘာလဲ? ဘာတွေ လုပ်ရတာလဲ?ဒီ app တွေကို ကိုယ့်ဖုန်းထဲ install လုပ်လိုက်တာနဲ့ သူက ငွေရမယ့် နည်းလမ်းတွေ ပြောပြပြီး လုပ်ခိုင်းလိမ့်မယ် သူတို့မှာ daily quest တွေ ရှိတယ် ။ နေ့စဉ် လုပ်ရမယ့် အလုပ်ပေါ့ ။ quest တွေ လုပ်ပြီးရင် coin လေးတွေ ပေးလိမ့်မယ် ။ အဲ့ဒီ coin နဲ့ 10$ တန် steam wallet တို့ 5$ တန် paypal gif card တို့ ဘာတို့ နဲ့ လဲလို့ရတယ် ။ လဲရတာတွေတော့ အများကြီးပဲ ရှိတယ် (gif card တွေ wallet တွေက code နဲ့ အလုပ်လုပ်တော့ ဘယ်နေရာပဲ ဖြစ်ဖြစ်ရတယ် မြန်မာပြည်မှာလည်း ရတယ်)Daily quest တွေက တနေ့ကို သူပြထားတဲ့ video တွေ ဘယ်လောက်ခု ကြည့်ပေးရမယ် (video ကြည့်တဲ့နေရာမှာ တချက်ဝင်ကြည့်ရုံနဲ့ မရဘူး ပြီးအောင် ကြည့်ပေးမှ ရတာ) ကြေညာ ဘယ်…

ရေပေါ်အုတ်

Image
ဒီလိုရေးဖြစ်ဖို့ ကို Soe Thura Tun ကို ကျေးဇူးတင်ရတော့မှာပဲ ...
ခေါင်းထဲမှာ စာတွေမျိုးစုံရေးဖို့ အကြောင်းအရာတွေစီနေပေမယ့် ထူးအိမ်သင် (ကိုငှက်) ပြောသလို စိတ်ထဲမှာ အကြည်ဓါတ်ခမ်းခြောက်နေတဲ့အခါ ဘာမှမရေးဖြစ်တော့ဘူးဆိုတာလိုပဲ ရေးချင်ပေမယ့် စိတ်ထည့်လို့မရတဲ့အခါက များနေတယ် ...
ကျနော် “အုတ်ကိစ္စ” https://web.facebook.com/dominance.kozin/posts/1142152532472459 ဆိုတဲ့ ခေါင်းစဉ်နဲ့ မကြာခင်က ရေးဖူးတယ် ...
အဓိကထောက်ပြချင်တာကတော့ မီးဖုတ်အုတ်ဟာ သစ်တောသစ်ပင်တွေကို ဆုံးရှုံးစေပြီး အဖိုးတန်တဲ့စိုက်ပျိုးမြေတွေကိုလည်း ပျက်စီးစေတယ်ဆိုတာ နောက်ပြီး လူမှုဘဝပတ်ဝန်းကျင်ကိုလည်း အထိုက်အလျောက်ထိခိုက်တာပဲဆိုတာ ...

(All Credit to original writer, facebook မှ ကူးယူဖော်ပြပါသည်။)

အဲဒီလိုရေးတဲ့အောက်မှာ ကိုစိုးသူရထွန်းရဲ့ ကွန်မန့်တွေက ကျနော့်ကို ဒီစာရေးဖို့ အများကြီးတွန်းအားပေးခဲ့တယ် ...
ဖုန်းနဲ့တစ်မျိုး မက်ဆေ့ကတဖုံ ကျနော်သိချင်တဲ့ ရေပေါ်အုတ်လုပ်နည်းတွေ စိတ်ရှည်လက်ရှည်နဲ့ အချိန်အများကြီးပေးပြီးရှင်းပြတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း အကျိုးရှိတာမို့ ဒီအကြောင်းမိတ်ဆက်ရေးမယ်လို့ စိတ်ထဲမှာတေးထားလိုက်တယ် ...
ဒါေ…

Transformers: Earth Wars (Review)

Image
Transformer ရုပ်ရှင် ထွက်ပြီး သိပ်မကြာ .... PlayStation တို့ PC တို့မှာ Transformer ဂိမ်း ထွက်လာတယ် ။ ဟော ...... အခုလည်း mobile အတွက် ထွက်လာပြီ ....... Transformers: Earth Wars တဲ့ ..... Android နှင့် iOS အတွက် ထွက်လာတာ ။ graphic ကတော့ HD .... နဲနဲ အသေးစိတ်ဆွဲထားလို့ တော်တော်လှတယ် ..... ကိုယ့် base ထဲ စက်ရုပ်လေးတွေ လျှောက်သွားနေတာ အစ တွေ့နိုင်တယ်..... အရောင် စိုစိုပြေပြေနဲ့ ကြည့်ရ တော်တော် ကောင်းတယ် ။

သူကတော့ console တွေမှာ ထွက်ဖူးတဲ့ ဂိမ်းကြီးတွေနဲ့ သိပ်မတူဘူး..... အဲ့ Transformer မိုဘိုင်းဂိမ်းက base ထောင်.... စက်ရုပ်တွေထုတ်....သူများကို သွားတိုက်ရမှာ..... သူများ ပြန်လာတိုက်တာကိုလည်း ခုခံရမယ် .... ဆိုတော့ကား Clash Of Clan နဲ့ ဆင်တူနေတယ်.... ကွဲတာတော့ နဲနဲ ရှိတယ်..... Story mode လေး ပါတယ်.....

Story ကတော့ ဒီလိုပါ.... အော်တိုဘော့ (Autobots) နှင့် ဒီဆက်ပ်တီကွန် (Decepticons) တို့က ကမ္ဘာမြေကြီးကို ပြန်လာပြီး ကမ္ဘာမြေကြီးက သယံဇာတတွေ လာယူတယ်..... အဲတာကို အော့ပ်တီမတ် ပရိုင်းနဲ့ အပေါင်းအပါတစ်စုက တားတယ်..... အဲ့ဒီအခါ ဘယ်လိုတွေ ဖြစ်မလဲ ဆိုတာ ဇာတ်လမ်း အတိုင်းဆော့ရတာပေါ့ .... မက်ဂါထရွန်ရဲ့ အစီအစ…

ဘုရားဆွမ်းတော်ကပ်ရာတွင်

ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။ ဆွမ်းတော်ကပ်လှူတာကို ပြောတာပါ။ နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။

ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။ ဘုရားက ဘာမှ မပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။

Credit to - မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)။ 

ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။ ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူ၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။ ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။ တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။ ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ သကြားထန်းလျှက်လေး ပုံပြီးတင်တာ ဖြစ်မှာ…