ဘုရားဆြမ္းေတာ္ကပ္ရာတြင္

ဗုဒၶဘာသာအမ်ားရဲ႕ အလဲြေတြထဲက ေနာက္ထပ္အလဲြတစ္ခုက ဘုရားဆြမ္းေတာ္ ကပ္တာေလးပါ။ ဆြမ္းေတာ္ကပ္လွဴတာကုိ ေျပာတာပါ။ နတ္တင္သလုိမ်ိဳး ဘုရားဆြမ္းေတာ္တင္တာမ်ိဳး မဟုတ္ပါဘူး။

ဆြမ္းေတာ္ကပ္တာ ဆုိတဲ့အတြက္ သက္ရွိထင္ရွား ဘုရားရွင္ကုိ ရည္ရြယ္အာ႐ုံျပဳၿပီး ကပ္ဖုိ႔လုိပါတယ္။ ဘုရားက ဘာမွ မေျပာဘူးဆုိၿပီး ျဖစ္သလုိေလး တင္သြားတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။

Credit to - မနာပဒါယီ အရွင္၀ိစိတၱ(ဒုိက္ဦး)။ 

ဗုဒၶဘာသာ၀င္ အခ်ိဳ႕ရဲ႕ အိမ္မွာဘုရားဆြမ္းေတာ္ ကပ္တာေလးေတြ ေတြ႕ဖူးပါတယ္။ ထမင္းပန္းကန္ေလးေပၚမွာ သၾကားေလးျဖဴ၊ ထန္းလွ်က္ေလးနဲ႔ တင္ထားတာကုိပါ။ အိမ္မွာ စားစရာမရွိလုိ႔၊ သူတုိ႔ကုိယ္တုိင္ ဒီသၾကား၊ ထန္းလွ်က္ေတြနဲ႔ စားေနရလုိ႔ဆုိရင္ေတာ့ အထူးေျပာစရာ မရွိပါဘူး။ ကုိယ္စားႏုိင္တာ၊ ကုိယ္ရွိတာေလးနဲ႔ ကုိယ္နဲ႔ထပ္တူထားၿပီး ဘုရားရွင္ကုိလည္း မရွိရွိတာ ကပ္တဲ့သေဘာပါ။ ခုဟာက အဲလုိမဟုတ္ပါဘူး။ မကပ္ႏုိင္လုိ႔ မဟုတ္ပါဘူး။ ကုိယ္စားတဲ့အခါ ဟင္းသုံးေလးမ်ိဳးနဲ႔ စားေနၿပီး ဘုရားဆြမ္းေတာ္ ကပ္တဲ့အခါမွာသာ အဲလုိတင္တာပါ။ တမင္တကာ ရည္ရြယ္ၿပီး တင္တာေတာ့ မဟုတ္ေလာက္ပါဘူး။ မသိလုိ႔ ျဖစ္မွာပါ။ ဒီလုိပဲ တင္ရတယ္ထင္လုိ႔ ထမင္းပန္းကန္ေလးအေပၚမွာ သၾကားထန္းလွ်က္ေလး ပုံၿပီးတင္တာ ျဖစ္မွာပါ။

ေရွးအစဥ္လာကတည္းက ဒီလုိတင္ရတယ္လုိ႔ သိေနခဲ့လုိ႔ တင္တာလည္း ျဖစ္ေကာင္းျဖစ္မွာပါ။ အဲဒီလုိ ပုံၿပီးတင္တာဆုိရင္ေတာ့ ဘုရားဆြမ္းေတာ္ကပ္တယ္လုိ႔ ေျပာလုိ႔မရဘဲ နတ္တင္သလုိ တင္တယ္လုိ႔ပဲ ေျပာရပါလိမ့္မယ္။ ဗုဒၶဘာသာ အခ်ိဳ႕ရဲ႕
ဘုရားေက်ာင္းေဆာင္ မွာ ဒီလုိနတ္တင္သလုိ ဘုရားဆြမ္းေတာ္ တင္တာေတြ ခုခ်ိန္ထိ ရွိေနပါေသးတယ္။

တကယ္ေတာ့ ဒီလုိမျဖစ္သင့္ပါဘူး။ ဆြမ္းေတာ္မတင္ဘဲ ဆြမ္းေတာ္ကပ္သင့္ပါတယ္။ ကပ္တယ္ဆုိကတည္းက သက္ေတာ္ထင္ရွား ဘုရားကုိ အာ႐ုံျပဳၿပီး ဘုရားရွင္ကုိ အိမ္မွာပင့္ၿပီး ကပ္သလုိမ်ိဳး ေသခ်ာက်နစြာ ကပ္သင့္ပါတယ္။ နည္းတာမ်ားတာက အဓိကမက်ပါဘူး။

ဆြမ္းေတာ္ကုိ ဆြမ္း၊ ဆြမ္းဟင္းစသည္ သီးသန္႔စီျပင္ၿပီး ကုိယ္စားသလုိမ်ိဳး ဦးဦးဖ်ားဖ်ား ႐ုိ႐ုိေသေသ ကပ္လွဴသင့္ပါတယ္။ အမ်ားႀကီး ၀ုိင္းလုိက္ျပင္ၿပီး ကပ္လွဴဖုိ႔မဟုတ္ပါဘူး။ ကုိယ္စားတဲ့အထဲက မစားခင္ အဦးအဖ်ား လွဴတဲ့သေဘာနဲ႔ ေစတနာေရွ႕ထားၿပီး ကပ္လွဴေစခ်င္တာပါ။ ကပ္ၿပီးရင္လည္း ေမ့ေမ့ေပ်ာက္ေပ်ာက္ မထားသင့္ပါဘူး။

ေနာက္ေန႔ တစ္ခါကပ္ခါနီးမွ စြန္႔ၿပီးကပ္တာမ်ိဳး မျဖစ္သင့္ပါဘူး။ သူ႔အခ်ိန္ေလးနဲ႔သူ ကပ္ၿပီး စြန္႔သင့္ပါတယ္။ အ႐ုဏ္ကပ္ၿပီး တစ္ခါစြန္႔ ေနဆြမ္းမွာလည္း မြန္းမတည့္မီကပ္ၿပီး မြန္းတည့္၁၂နာရီ မေက်ာ္မီ စြန္႔သင့္ပါတယ္။ ဆြမ္းမွမဟုတ္ပါဘူး။ တစ္ျခား ပန္း၊ သစ္သီး၊ ေသာက္ေတာ္ေရ စတာေတြကုိလည္း ေသေသခ်ခ်ာ က်က်နန ျပင္ဆင္ကပ္သင့္ပါတယ္။

ေသာက္ေတာ္ေရကေတာ့ အခ်ိန္ျပည့္ ကပ္ထားလုိ႔ ရပါတယ္။ ကပ္တဲ့ ေသာက္ေတာ္ေရခြက္ေတာ့ ကုိယ့္အိမ္မွာ ပုံမွန္ေသာက္ေနတဲ့ ေသာက္ေရခြက္ အေနအထားေတာ့ ရွိသင့္ပါတယ္။ တစ္ခ်ိဳ႕ ဘုရားေသာက္ေတာ္ေရကုိ အရက္ခြက္အရြယ္ အေသးေလးေတြနဲ႔ တစ္ေနကုန္ တစ္ခါပဲ ကပ္တာေတြ ရွိပါေသးတယ္။ အလကား ရတဲ့ေရကုိေတာင္ နဲနဲေသးေသးေလးပဲ ကပ္ေတာ့ ေျပာစရာျဖစ္တာေပါ့။

ကုိယ္ကုိယ္တုိင္လည္း အဲဒီေလာက္ ေသးေသးေလးကုိ တစ္ေနကုန္ေသာက္ၿပီး ေနႏုိင္မေနႏုိင္ ဆင္ျခင္သင့္ပါတယ္။ ပန္းကပ္တာလည္း ရွိေသးတယ္။ ၾကာၾကာခံေအာင္၊ ေနာက္မလဲရေအာင္ ဆုိၿပီး ကပ္လွဴၾကတယ္ေလ။ ေဇာ္စိမ္းေဇာ္ၾကားတဲ့။ ကပ္ၿပီးပန္းအုိးထဲမွာ အျမစ္ပါ ေပါက္လာေတာ့ ပုိခံတာေပါ့တဲ့။ အဲဒါဆုိလဲ ကပ္မေနနဲ႔ေတာ့ေပါ့။ ပန္းလည္းလွၿပီး အနံ႔အသက္ရွိတဲ့ ပန္းဆုိ ဘုရားရွင္ကုိ ပုိၿပီးပူေဇာ္လုိ႔ ေကာင္းတာေပါ့။

ၿပီးေတာ့ သစ္သီးကပ္တာေတြ ရွိပါေသးတယ္။ ေစ်းသြား ငွက္ေပ်ာသီး၊ သရက္သီး အစိမ္းအလုံး လွလွေလးေတြ ၀ယ္လာၿပီ ဘုရားေက်ာင္းေဆာင္ ေပၚတင္ကပ္ထား၊ မွည့္တဲ့အခါက်ေတာ့ စြန္႔ၿပီး ကုိယ္စားပစ္လုိက္တာေတြ ရွိပါတယ္။ ဒီေတာ့ ဘုရားေက်ာင္းေဆာင္ က သစ္သီးအုပ္တဲ့ေနရာလုိ ျဖစ္ေနျပန္ပါတယ္။ အဲဒီလုိ မျဖစ္သင့္ပါဘူး။ သစ္သီးအစိမ္းအလွေတြ ၀ယ္လာလုိ႔ ဘုရားေက်ာင္းေဆာင္မွာ ကပ္လွဴထားျဖစ္ရင္လည္း မွည့္တဲ့အခါမွာ ေသခ်ာက်က်နန ခဲြၿပီးဇြန္းေလး၊ ခရင္းေလးေတြထည့္ကာ အခ်ိန္ကာလၾကည့္ၿပီး ကပ္လွဴသင့္ပါတယ္။ ဒါမွ သစ္သီးဆြမ္းကပ္ရာ ေရာက္မွာေပ့ါ။ ခုေတာ့ အစိမ္း၀ယ္တင္ထားၿပီး ကုိယ္ေတာ္အဆင္ေျပသလုိ ဘုဥ္းေပးဆုိတာမ်ိဳး ျဖစ္ေနပါတယ္။ မထူးပါဘူး။ ဓားနဲ႔ဇြန္းခရင္းပါတင္ၿပီး မွည့္ရင္အရွင္ဘုရား ကုိယ္တုိင္ပဲ ခဲြစားပါဘုရားလုိ႔ တစ္ခါတည္း ကပ္ထားလုိက္ေပါ့။ ပုိသက္သာတာေပါ့။

ထားပါေလ။ ေျပာခ်င္တာက ဘာပဲကပ္ကပ္ သက္ေတာ္ထင္ရွား ဘုရားကုိ ရည္မွန္းၿပီး ကုိယ္တတ္ႏုိင္သမွ်ကုိ နည္းသည္မ်ားသည္မဟုတ္ဘဲ ေသခ်ာက်က်နန ကုိယ္နဲ႔ထပ္တူ စဥ္းစားကာ ဦးဦးဖ်ားဖ်ား ကပ္လွဴၾကဖုိ႔ ေျပာတာပါ။

ဘုရားရွင္ရဲ႕ အလုပ္အေကၽြး အရွင္အာနႏၵာ မေထရ္လုိ႔ေပါ့။ အရွင္အာနႏၵာမေထရ္ဟာ ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံေတာ္မူၿပီး ေနာက္ပုိင္းမွာလည္း ဘုရားရွင္ သက္ေတာ္ထင္ရွား ရွိစဥ္တုန္းကလုိပဲ မပ်က္မကြက္ ျပင္ဆင္ကာ “အရွင္ဘုရား ဒီအခ်ိုန္က မ်က္ႏွာသစ္ေရ သုံးေဆာင္ရမယ့္အခ်ိန္၊ ဒီအခ်ိန္က အ႐ုဏ္ဆြမ္းဘုဥ္းရမယ့္ အခ်ိန္၊ ဒီအခ်ိန္က ေန႔ဆြမ္းဘုဥ္းေပးရမယ့္ အခ်ိန္ပါဘုရား“ စသည္ျဖင့္ သက္ေတာ္ထင္ရွား ဘုရားရွင္ကုိ လုပ္ေကၽြးေနတဲ့ ပုံစံအတုိင္း ကပ္လွဴလုပ္ေကၽြးတယ္လုိ႔ ဆုိပါတယ္။ အရွင္အာနႏၵာမေထရ္ေလာက္ မလုပ္ႏုိင္ၾကေပမယ့္ ဗုဒၶဘာသာမ်ားဟာ ကုိယ္တတ္ႏုိင္တဲ့ အတုိင္းအတာေလးနဲ႔ ကုိယ္စားတဲ့အရာေလးေတြကုိ တတ္ႏုိင္သမွ် က်က်နနျပင္ဆင္ကာ ႐ုိ႐ုိေသေသ ကပ္လွဴၾကေစခ်င္တာပါ။ ဒါေၾကာင့္မုိ႔ ဘုရားဆြမ္းေတာ္ကပ္တာကုိ နတ္တင္သလုိမ်ိဳး ျဖစ္သလုိ မတင္ၾကဘဲ နည္းမ်ားမဆုိ ေစတနာ သဒၶါတရားအျပည့္နဲ႔ ေသခ်ာက်က်နန ျပင္ဆင္ကပ္လွဴၾကဖုိ႔ အလဲြေလးေတြကုိ မလဲြေအာင္ သတိေပးတင္ျပျခင္း ျဖစ္ပါတယ္။


Credit to - မနာပဒါယီ အရွင္၀ိစိတၱ(ဒုိက္ဦး)။ 


 

Unicode

 

ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။ ဆွမ်းတော်ကပ်လှူတာကို ပြောတာပါ။ နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။

ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။ ဘုရားက ဘာမှ မပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။

Credit to - မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)။

ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။ ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူ၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။ ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။ တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။ ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ သကြားထန်းလျှက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။

ရှေးအစဉ်လာကတည်းက ဒီလိုတင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ အဲဒီလို ပုံပြီးတင်တာဆိုရင်တော့ ဘုရားဆွမ်းတော်ကပ်တယ်လို့ ပြောလို့မရဘဲ နတ်တင်သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဗုဒ္ဓဘာသာ အချို့ရဲ့
ဘုရားကျောင်းဆောင် မှာ ဒီလိုနတ်တင်သလို ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။

တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ ဆွမ်းတော်မတင်ဘဲ ဆွမ်းတော်ကပ်သင့်ပါတယ်။ ကပ်တယ်ဆိုကတည်းက သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး ဘုရားရှင်ကို အိမ်မှာပင့်ပြီး ကပ်သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။ နည်းတာများတာက အဓိကမကျပါဘူး။

ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်းစသည် သီးသန့်စီပြင်ပြီး ကိုယ်စားသလိုမျိုး ဦးဦးဖျားဖျား ရိုရိုသေသေ ကပ်လှူသင့်ပါတယ်။ အများကြီး ဝိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့မဟုတ်ပါဘူး။ ကိုယ်စားတဲ့အထဲက မစားခင် အဦးအဖျား လှူတဲ့သဘောနဲ့ စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။ ကပ်ပြီးရင်လည်း မေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။

နောက်နေ့ တစ်ခါကပ်ခါနီးမှ စွန့်ပြီးကပ်တာမျိုး မဖြစ်သင့်ပါဘူး။ သူ့အချိန်လေးနဲ့သူ ကပ်ပြီး စွန့်သင့်ပါတယ်။ အရုဏ်ကပ်ပြီး တစ်ခါစွန့် နေဆွမ်းမှာလည်း မွန်းမတည့်မီကပ်ပြီး မွန်းတည့်၁၂နာရီ မကျော်မီ စွန့်သင့်ပါတယ်။ ဆွမ်းမှမဟုတ်ပါဘူး။ တစ်ခြား ပန်း၊ သစ်သီး၊ သောက်တော်ရေ စတာတွေကိုလည်း သေသေချချာ ကျကျနန ပြင်ဆင်ကပ်သင့်ပါတယ်။

သောက်တော်ရေကတော့ အချိန်ပြည့် ကပ်ထားလို့ ရပါတယ်။ ကပ်တဲ့ သောက်တော်ရေခွက်တော့ ကိုယ့်အိမ်မှာ ပုံမှန်သောက်နေတဲ့ သောက်ရေခွက် အနေအထားတော့ ရှိသင့်ပါတယ်။ တစ်ချို့ ဘုရားသောက်တော်ရေကို အရက်ခွက်အရွယ် အသေးလေးတွေနဲ့ တစ်နေကုန် တစ်ခါပဲ ကပ်တာတွေ ရှိပါသေးတယ်။ အလကား ရတဲ့ရေကိုတောင် နဲနဲသေးသေးလေးပဲ ကပ်တော့ ပြောစရာဖြစ်တာပေါ့။

ကိုယ်ကိုယ်တိုင်လည်း အဲဒီလောက် သေးသေးလေးကို တစ်နေကုန်သောက်ပြီး နေနိုင်မနေနိုင် ဆင်ခြင်သင့်ပါတယ်။ ပန်းကပ်တာလည်း ရှိသေးတယ်။ ကြာကြာခံအောင်၊ နောက်မလဲရအောင် ဆိုပြီး ကပ်လှူကြတယ်လေ။ ဇော်စိမ်းဇော်ကြားတဲ့။ ကပ်ပြီးပန်းအိုးထဲမှာ အမြစ်ပါ ပေါက်လာတော့ ပိုခံတာပေါ့တဲ့။ အဲဒါဆိုလဲ ကပ်မနေနဲ့တော့ပေါ့။ ပန်းလည်းလှပြီး အနံ့အသက်ရှိတဲ့ ပန်းဆို ဘုရားရှင်ကို ပိုပြီးပူဇော်လို့ ကောင်းတာပေါ့။

ပြီးတော့ သစ်သီးကပ်တာတွေ ရှိပါသေးတယ်။ ဈေးသွား ငှက်ပျောသီး၊ သရက်သီး အစိမ်းအလုံး လှလှလေးတွေ ဝယ်လာပြီ ဘုရားကျောင်းဆောင် ပေါ်တင်ကပ်ထား၊ မှည့်တဲ့အခါကျတော့ စွန့်ပြီး ကိုယ်စားပစ်လိုက်တာတွေ ရှိပါတယ်။ ဒီတော့ ဘုရားကျောင်းဆောင် က သစ်သီးအုပ်တဲ့နေရာလို ဖြစ်နေပြန်ပါတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။ သစ်သီးအစိမ်းအလှတွေ ဝယ်လာလို့ ဘုရားကျောင်းဆောင်မှာ ကပ်လှူထားဖြစ်ရင်လည်း မှည့်တဲ့အခါမှာ သေချာကျကျနန ခွဲပြီးဇွန်းလေး၊ ခရင်းလေးတွေထည့်ကာ အချိန်ကာလကြည့်ပြီး ကပ်လှူသင့်ပါတယ်။ ဒါမှ သစ်သီးဆွမ်းကပ်ရာ ရောက်မှာပေ့ါ။ ခုတော့ အစိမ်းဝယ်တင်ထားပြီး ကိုယ်တော်အဆင်ပြေသလို ဘုဉ်းပေးဆိုတာမျိုး ဖြစ်နေပါတယ်။ မထူးပါဘူး။ ဓားနဲ့ဇွန်းခရင်းပါတင်ပြီး မှည့်ရင်အရှင်ဘုရား ကိုယ်တိုင်ပဲ ခွဲစားပါဘုရားလို့ တစ်ခါတည်း ကပ်ထားလိုက်ပေါ့။ ပိုသက်သာတာပေါ့။

ထားပါလေ။ ပြောချင်တာက ဘာပဲကပ်ကပ် သက်တော်ထင်ရှား ဘုရားကို ရည်မှန်းပြီး ကိုယ်တတ်နိုင်သမျှကို နည်းသည်များသည်မဟုတ်ဘဲ သေချာကျကျနန ကိုယ်နဲ့ထပ်တူ စဉ်းစားကာ ဦးဦးဖျားဖျား ကပ်လှူကြဖို့ ပြောတာပါ။

ဘုရားရှင်ရဲ့ အလုပ်အကျွေး အရှင်အာနန္ဒာ မထေရ်လို့ပေါ့။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကလိုပဲ မပျက်မကွက် ပြင်ဆင်ကာ “အရှင်ဘုရား ဒီအချိုန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်၊ ဒီအချိန်က အရုဏ်ဆွမ်းဘုဉ်းရမယ့် အချိန်၊ ဒီအချိန်က နေ့ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား“ စသည်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်ကို လုပ်ကျွေးနေတဲ့ ပုံစံအတိုင်း ကပ်လှူလုပ်ကျွေးတယ်လို့ ဆိုပါတယ်။ အရှင်အာနန္ဒာမထေရ်လောက် မလုပ်နိုင်ကြပေမယ့် ဗုဒ္ဓဘာသာများဟာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်စားတဲ့အရာလေးတွေကို တတ်နိုင်သမျှ ကျကျနနပြင်ဆင်ကာ ရိုရိုသေသေ ကပ်လှူကြစေချင်တာပါ။ ဒါကြောင့်မို့ ဘုရားဆွမ်းတော်ကပ်တာကို နတ်တင်သလိုမျိုး ဖြစ်သလို မတင်ကြဘဲ နည်းများမဆို စေတနာ သဒ္ဓါတရားအပြည့်နဲ့ သေချာကျကျနန ပြင်ဆင်ကပ်လှူကြဖို့ အလွဲလေးတွေကို မလွဲအောင် သတိပေးတင်ပြခြင်း ဖြစ်ပါတယ်။


Credit to - မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)။

Post a Comment

0 Comments