ရေပေါ်အုတ်


ေရေပၚအုတ္

 ဒီလုိေရးျဖစ္ဖုိ႔ ကုိ Soe Thura Tun ကုိ ေက်းဇူးတင္ရေတာ့မွာပဲ ...
ေခါင္းထဲမွာ စာေတြမ်ဳိးစုံေရးဖုိ႔ အေၾကာင္းအရာေတြစီေနေပမယ့္ ထူးအိမ္သင္ (ကုိငွက္) ေျပာသလုိ စိတ္ထဲမွာ အၾကည္ဓါတ္ခမ္းေျခာက္ေနတဲ့အခါ ဘာမွမေရးျဖစ္ေတာ့ဘူးဆုိတာလုိပဲ ေရးခ်င္ေပမယ့္ စိတ္ထည့္လို႔မရတဲ့အခါက မ်ားေနတယ္ ...

က်ေနာ္ “အုတ္ကိစၥ” https://web.facebook.com/dominance.kozin/posts/1142152532472459 ဆုိတဲ့ ေခါင္းစဥ္နဲ႔ မၾကာခင္က ေရးဖူးတယ္ ...

အဓိကေထာက္ျပခ်င္တာကေတာ့ မီးဖုတ္အုတ္ဟာ သစ္ေတာသစ္ပင္ေတြကုိ ဆုံး႐ႈံးေစၿပီး အဖုိးတန္တဲ့စုိက္ပ်ဳိးေျမေတြကုိလည္း ပ်က္စီးေစတယ္ဆုိတာ ေနာက္ၿပီး လူမႈဘဝပတ္ဝန္းက်င္ကုိလည္း အထုိက္အေလ်ာက္ထိခုိက္တာပဲဆုိတာ ...

(All Credit to original writer, facebook မွ ကူးယူေဖာ္ျပပါသည္။)
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

အဲဒီလုိေရးတဲ့ေအာက္မွာ ကုိစုိးသူရထြန္းရဲ႕ ကြန္မန္႔ေတြက က်ေနာ့္ကို ဒီစာေရးဖုိ႔ အမ်ားႀကီးတြန္းအားေပးခဲ့တယ္ ...
ဖုန္းနဲ႔တစ္မ်ဳိး မက္ေဆ့ကတဖုံ က်ေနာ္သိခ်င္တဲ့ ေရေပၚအုတ္လုပ္နည္းေတြ စိတ္ရွည္လက္ရွည္နဲ႔ အခ်ိန္အမ်ားႀကီးေပးၿပီးရွင္းျပတဲ့အျပင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္လည္း အက်ဳိးရွိတာမုိ႔ ဒီအေၾကာင္းမိတ္ဆက္ေရးမယ္လုိ႔ စိတ္ထဲမွာေတးထားလုိက္တယ္ ...
ဒါေပမယ့္ လက္မေရာက္ဘူး ...

တေလာေလးက ကြမ္းၿခံကုန္းဖက္သြားမယ့္အေၾကာင္းဖန္လာေတာ့ ရန္ကုန္ေရာက္ရင္ ကုိစုိးသူရထြန္းဆီဝင္ၿပီး ေရေပၚအုတ္လုပ္နည္းကုိ ကုိယ္တုိင္ကုိယ္က်ေလ့လာမယ္ ... ဓါတ္ပုံေတြ႐ုိက္မယ္ ... ေလ့လာဖုိ႔လုိမယ့္ အခ်က္အလက္ေတြလည္း ထပ္ေတာင္းမယ္လုိ႔ ရည္႐ြယ္ထားေပမယ့္ အေၾကာင္းမသင့္ျပန္ဘူး ... လာခဲ့ပါ ... နည္းပညာလည္း အကူအညီေပးမယ္ ... လုပ္ငန္းလမ္းၫႊန္လည္းခ်ျပမယ္ ... စက္ပစၥည္းေတြရဖုိ႔လည္း လမ္းၫႊန္ေပးမယ္ဆုိထားေပမယ့္ မေရာက္ျပန္ဘူး ... ဒီအုတ္လုပ္ငန္းကုိ က်ေနာ္ထူေထာင္ဖုိ႔မဟုတ္ေပမယ့္ လုပ္ငန္းလုပ္ကုိင္လုိသူေတြ ေစ်းကြက္အသစ္ နည္းပညာအသစ္ေတြနဲ႔ မိတ္ဆက္ေပးမယ့္သူဆီသြားေလ့လာၿပီး အေၾကာင္းအရာစုံစုံေစ့ေစ့ေရးမယ္လုိ႔ ရည္စူးျခင္းသာ ...

ဒါက Cellular Lightweight Concrete Bricks သို႔တည္းမဟုတ္ ျမန္မာလုိ ေရေပၚအုတ္အေၾကာင္းပါပဲ ... 

အဲဒီကြန္ကရစ္အုတ္ဟာ ေရေပၚမွာ ေပါေလာေပၚတယ္ ... မီးဖုတ္ေျမအုတ္ေတြလုိပဲ ခုိင္ခံ့မာေၾကာတယ္ ... ေရရွည္ခံတယ္ ... မီးေလာင္ဒဏ္ကုိ ခံႏုိင္ရည္ရွိတယ္ ... ဆူညံသံေတြကုိေလ်ာ့က်ေစၿပီး အသံကုိလုံေစတယ္ ... အထပ္ျမင့္အေဆာက္အဦေတြအားလုံးမွာ သုံးႏုိင္တယ္ ... ရာသီမေ႐ြးအုတ္ထုတ္လုပ္ႏုိင္တယ္ ... ေဆာက္လုပ္ေရးလုပ္ေနတဲ့နယ္ေျမအတြင္းမွာပဲ အုတ္ကုိလုိသလုိထုတ္ႏုိင္တယ္ ... တနည္းအားျဖင့္ အုတ္လုပ္မယ့္စက္ေတြကုိ သယ္ယူေ႐ႊ႕ေျပာင္းသြားႏုိင္တယ္ ... စက္ေတြဆုိလုိ႔ အထင္မႀကီးနဲ႔ ေရာေမႊစက္ Mixer ရယ္၊ Foam generator (အျမႇပ္ထုတ္စက္) ရယ္၊ ေလတြန္းစက္ Air compressor ၂ ေကာင္အားရယ္၊ Foam agent (အျမႇပ္ထုတ္ဖို႔သံုးတဲ့ ပ႐ိုတိန္း) ရယ္၊ ပုံစံခြက္ Mold ရယ္ ... ဒါပဲ ... တန္ဖုိးလည္းနည္းတယ္ ... ကုိယ့္ေဒသ ကုိယ့္ပတ္ဝန္းက်င္မွာ လုပ္ငန္းသစ္တစ္ခုကုိ တည္ေထာင္လုိသူေတြ ထုိက္သင့္တဲ့အရင္းအႏွီးတစ္ခုနဲ႔ လုပ္ငန္းတစ္ခု ထူေထာင္ႏုိင္မယ္ ... အေသးစားအလတ္စားစီးပြားေရးလုပ္ငန္းကုိ ထူေထာင္ႏုိင္မယ္ …


ဒီ ေရေပၚအုတ္က အိႏၵိယနဲ႔ အာဖရိကလုိ သစ္ေတာသစ္ပင္ေလာင္စာရွားပါးလွတဲ့ႏုိင္ငံေတြမွာ သုံးစြဲေနတာၾကာၿပီ ... ျမန္မာျပည္မွာ ေခတ္စားလာတာကေတာ့ ဒီကေန႔လက္ေတြ႕အေျခအေနနဲ႔ကုိက္ညီၿပီလုိ႔ ယူဆလာၾကတဲ့ လုပ္ငန္းရွင္ေတြ စြန္႔ဦးလုပ္ငန္းအေနနဲ႔ စလုပ္ေနၾကၿပီ ... ဒါေပမယ့္ လူသိနည္းေနေသးတယ္ ... လူသိနည္းေပမယ့္ ကုိစုိးသူရထြန္းကေတာ့ ေလ့လာလုပ္ကုိင္ေနတာ ၅ ႏွစ္နီးပါးရွိၿပီ ... သူလည္းစုိက္ပ်ဳိးေရးသမား ... သဘာဝပတ္ဝန္းက်င္ကုိလည္း ထိန္းသိမ္းခ်င္တဲ့သူ ... ဒါေၾကာင့္ မီးဖုတ္ဖုိ႔မလုိဘဲ မီးဖုတ္အုတ္ကုိစိန္ေခၚႏုိင္တဲ့ ေရေပၚအုတ္ကုိ လူအမ်ားသိေစခ်င္တယ္ ... နည္းပညာ၊ စက္ပစၥည္းနဲ႔လုပ္ငန္းအတြက္ သူသိသေလာက္မွ်ေဝခ်င္တယ္ ...

ေရေပၚအုတ္လုပ္နည္းက ႐ုိးစင္းတယ္ ...

ပ႐ုိတိန္းအျမႇဳပ္ထုတ္စက္ကေနရလာတဲ့ အျမႇဳပ္ရည္ကုိ သဲ၊ ဘိလပ္ေျမ၊ ေရတုိ႔နဲ႔ ေရာေမႊစက္ထဲမွာ အခ်ဳိးအဆမွန္မွန္ေရာစပ္လုိက္ရင္ ကြန္ကရစ္အျမႇဳပ္ရည္ကုိ ရေတာ့တာပဲ ... အဲဒါကုိ အသင့္လုပ္ထားတဲ့ ပုံစံခြက္ထဲထည့္ၿပီး ၂၄ နာရီၾကာေအာင္ အခဲခံထားလုိက္ရင္ ေရေပၚအုတ္ကုိရၿပီ ... ပ႐ုိတိန္းအျမႇဳပ္က သဲ၊ ဘိလပ္ေျမ၊ ေရတုိ႔ကုိ ပြထလာေစၿပီး တနည္းအားျဖင့္ ပ႐ုိတိန္းအျမႇဳပ္ကဖန္တီးေပးလုိက္တဲ့ ေလဟာနယ္ကေလးေတြဟာ သဲ၊ ဘိလပ္ေျမနဲ႔ ေရတုိ႔ရဲ႕အၾကားမွာ အႏွံ႔အျပား ညီညီညာညာေနရာယူလိုက္တဲ့အတြက္ ေလထုပါေနတဲ့ ကြန္ကရစ္အုတ္ျဖစ္တာေၾကာင့္ ေရထဲခ်လုိက္တဲ့အခါ ေပါေလာေပၚေနရျခင္းျဖစ္တယ္ ... ေလခုိေနလုိ႔ မခုိင္ဘူးလားဆုိေတာ့ သံ႐ုိက္လုိ႔လည္းရတယ္ ... ပစ္ခ်လုိ႔လည္းအစိတ္စိတ္အမႊာမႊာမကြဲသြားဘူး ... ေနာက္ ေလခုိေနတဲ့အတြက္ အသံဆူညံမႈကုိေလွ်ာ့ခ်ႏုိင္တဲ့သတိၱရွိတယ္ ... မီးေလာင္တဲ့ဒဏ္ကုိ သာမန္မီးဖုတ္႐ႊံ႕အုတ္ထက္ ခံႏုိင္ရည္ပုိရွိတယ္ ... ေပါ့ပါးၿပီးခုိင္ခံ့လွတဲ့အတြက္ ႏုိင္ငံတကာမွာေဆာက္လုပ္ၾကတဲ့ အထပ္ျမင့္အေဆာက္အဦႀကီးေတြမွာသုံးေနၾကၿပီ ...

မ်ားေသာအားျဖင့္ ေရေပၚအုတ္ရဲ႕ အ႐ြယ္အစားကုိ ၁၈" အရွည္ ၈" ဗ်က္ ၄" ထု အ႐ြယ္အစားထုတ္တယ္ ... ဒီအ႐ြယ္အစားဟာ မီးဖုတ္႐ႊံ႕အုတ္ ၄ လုံးရဲ႕ အ႐ြယ္အစားပါပဲ ... ဒါေပမယ့္ သာမန္မီးဖုတ္အုတ္ ၂ လုံးရဲ႕အေလးခ်ိန္ေလာက္ပဲ ေလးပါတယ္ ... ထုထည္ႀကီးၿပီးေပါ့ပါးတာေၾကာင့္ အုတ္စီအုတ္ေခ်ာရာမွာျမန္ဆန္တယ္ ... အခ်ိန္ကုန္သက္သာတဲ့အတြက္ အလုပ္သမားစရိတ္လည္းသက္သာလာမယ္ ... မီးဖုတ္႐ႊံ႕အုတ္လုပ္ငန္းေတြကုိ ကန္႔သတ္ပိတ္ပင္မႈေတြရွိလာခဲ့ရင္ အုတ္ေစ်းကျမင့္လာမယ္ ... အဲဒီအခါ ေရေပၚအုတ္ကုိ အစားထုိးသုံးစြဲရင္ ေဆာက္လုပ္မႈကုန္က်စရိတ္ေတြ သက္သာလာမယ္ ... အုတ္အေနနဲ႔သုံး႐ုံသာမက ၾကမ္းခင္းေလာင္းရင္လည္းျဖစ္သလုိ ၿခံစည္း႐ုိးတံတုိင္းခတ္ရာမွာလည္း လုိသလုိပုံေလာင္း အသုံးခ်ႏုိင္တယ္ ... အုတ္ေတြရဲ႕ Density လုိ႔ေခၚတဲ့ သိပ္သည္းဆအတုိးအေလွ်ာ့လုပ္ၿပီး သိပ္သည္းဆျမင့္တာကုိ အျပင္နံရံစီရာမွာသုံး ... သိပ္သည္းဆနည္းတာကုိ အခန္းမ်ားကန္႔ရာမွာသုံး စသည္ျဖင့္ လုိအပ္သလုိ အသုံးခ်ႏုိင္တယ္ ... Density လုိ႔ေခၚတဲ့ သိပ္သည္းဆအခ်ဳိးအစားခ်ိန္ညႇိရတာလည္း ဘာမွမခက္ခဲဘူး ... အျမႇဳပ္၊ သဲ၊ ဘိလပ္ေျမ၊ ေရတုိ႔ကုိ လုိအပ္သလုိအခ်ဳိးအဆမ်ဳိးမ်ဳိးေျပာင္းၿပီး ေရာစပ္တာပါပဲ ... Density ျမင့္ရင္ အုတ္ရဲ႕မာေက်ာက်စ္လစ္မႈနဲ႔ ခံႏုိင္ရည္ရွိမႈပုိျမင့္လာမယ္ ... ဒီသေဘာပါပဲ ... ေရေပၚအုတ္က သက္တမ္းရင့္လာေလေလ ခံႏုိင္ရည္ရွိမႈနဲ႔ မာေက်ာက်စ္လစ္မႈက ပုိၿပီးျမင့္လာေလေလပါပဲ ... ဒါက သူ႔ရဲ႕ထူးျခားခ်က္ေပါ့ ...

 အရည္အေသြးေကာင္းၿပီး ေရရွည္ခံတဲ့ေရေပၚအုတ္ရဖုိ႔ဆုိတာ ကြန္ကရစ္ေဖ်ာ္စပ္ရာမွာသုံးတဲ့ အျမႇဳပ္ထုတ္ရာမွာ အခ်ိန္အဆမွန္ကန္ရမယ္၊ သဲ၊ ေရ၊ ဘိလပ္ေျမတုိ႔နဲ႔ ေရာစပ္သမရာမွာ နည္းစနစ္မွန္ရပါမယ္ ... ဒါမွ အုတ္ရဲ႕ သိပ္သည္းဆ Density အမ်ဳိးမ်ဳိးနဲ႔ကုိက္ညီတဲ့ Compression Strength ေရရွည္ခံႏုိင္ရည္ျပည့္ဝတဲ့ အရည္အေသြးကိုရမွာျဖစ္ပါတယ္ ... က်ေနာ္က အင္ဂ်င္နီယာမဟုတ္လုိ႔ နည္းပညာပုိင္းဆုိင္ရာ အေသးစိတ္ေတြမေရးျပတတ္ပါဘူး ... ဖတ္ရတာလည္း ေခါင္း႐ႈပ္မွာစုိးလုိ႔ ... ကုိယ္ေဆာက္လုပ္မယ့္ အေဆာက္အဦဒီဇုိင္းနဲ႔ အ႐ြယ္အစားအေပၚမူတည္ၿပီး Cellular Lightweight Concrete သုိ႔မဟုတ္ ေရေပၚအုတ္ကုိ လုိသလုိခ်ိန္ဆ အသုံးျပဳႏုိင္ပါတယ္ ...

က်ေနာ္တုိ႔ လုပ္ငန္းငယ္ကေလးတစ္ခု ထူေထာင္မႈအပုိင္းကုိ သြားၾကရေအာင္ ...

ေလာေလာဆယ္ အလုပ္သမား ၂ ေယာက္ သုိ႔မဟုတ္ ၃ ေယာက္နဲ႔ လုပ္ငန္းကုိစမယ္ဆိုရင္ စက္ဖိုးနဲ႔ ပုံစံခြက္ေတြအတြက္ ၃၅ သိန္းေလာက္ရင္းႏွီးရမွာျဖစ္ၿပီး တစ္ရက္စာ ၁၈" အရွည္ ၈" ဗ်က္ ၄" ထုအ႐ြယ္ အုတ္အလုံး ၈၀၀ (႐ိုး႐ိုးမီးဖုတ္႐ႊံ႕အုတ္ ၄၀၀၀) ထုတ္လုပ္ႏုိင္ၿပီ ... အဲဒီအတြက္ လုပ္အားခေရာ ပစၥည္းဖိုးနဲ႔ဆိုရင္ စုစုေပါင္း သိန္း ၅၀ ေလာက္ရင္းရပါလိမ့္မယ္ ... ေနာက္ပုိင္းဆုိရင္ တစ္ရက္စာထုတ္လုပ္မႈ ကုန္ပစၥည္းတန္ဖုိးနဲ႔ အလုပ္သမားခပဲ ဆက္ကုန္ဖုိ႔ရွိေတာ့တာေပါ့ ... အုတ္တစ္လုံးရဲ႕ ထုတ္လုပ္မႈကုန္က်စရိတ္တန္ဖုိးကုိတြက္ခ်က္ရင္ ေဒသႏၲရကုန္ၾကမ္းေစ်းႏႈန္းနဲ႔ လုပ္အားခအေပၚမူတည္ၿပီး ၂၀၀ က်ပ္ကေန ၃၀၀ က်ပ္တန္ေၾကးျဖစ္ႏုိင္ပါတယ္ ... အတိအက်ေျပာလုိ႔မရႏုိင္ဘူးေလ ... ကုန္ေစ်းႏႈန္းက ေနရာေဒသ အတက္အက်အမ်ဳိးမ်ဳိးပဲမဟုတ္လား ... နယ္ဖက္ေတြက မီးဖုတ္႐ႊံ႕အုတ္ ၄ လုံးစာရဲ႕ေစ်းႏႈန္းေလာက္ အရင္းအႏွီးရွိေနေပမယ့္ ၿမိဳ႕ႀကီးေတြမွာ ေရေပၚအုတ္တစ္လုံး (မီးဖုတ္႐ႊံ႕အုတ္ ၄ လုံးစာ) ကုိ ၈၀၀ က်ပ္ကေန ၁၀၀၀ က်ပ္အထိ အေရာင္းအဝယ္ျဖစ္ေနၿပီ ... ေရေပၚအုတ္က ေစ်းႀကီးေနေသးေပမယ့္ အားသာခ်က္ေတြရွိေနတယ္ ...

မီးဖုတ္အုတ္ကုိသုံးမယ္ဆုိရင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကုိေရာက္ဖုိ႔ သယ္ယူပုိ႔ေဆာင္ရတဲ့စရိတ္ရွိတယ္ ... အုတ္စီအုတ္ေခ်ာရာမွာ ဒုထည္အ႐ြယ္အစားေသးတဲ့အတြက္ အခ်ိန္စားတယ္ ... အလုပ္သမားခကုန္က်စရိတ္တက္လာမယ္ ... အေလအလြင့္အဆုံးအ႐ႈံးမ်ားတယ္ ... လုပ္ငန္းႀကီးတစ္ခုလုံးၿပီးသြားတဲ့အခါ ေစ်းႀကီးတယ္လုိ႔ယူဆရတဲ့ ေရေပၚအုတ္ကုိမသုံးခဲ့မိတာ မွားမွန္းသိလိမ့္မယ္ ... ေရေပၚအုတ္ကုိသုံးမယ္ဆုိရင္ေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ထဲကုိ ဝန္မက်ယ္တဲ့စက္ကေလးေတြ သယ္သြားၿပီး လုိအပ္တဲ့အုတ္အလုံးအေရအတြက္ကုိ ပုံစံခြက္ထဲမွာေလာင္းၿပီး ထုတ္ခုိင္းလုိက္႐ုံပဲ ... ဒီမွာတင္ သယ္ယူစရိတ္က သက္သာသြားၿပီ ... အုတ္ရဲ႕ထုထည္အ႐ြယ္အစားေၾကာင့္ အုတ္စီအုတ္ေခ်ာရာမွာ တိက်ျမန္ဆန္တဲ့အတြက္ အခိ်န္စားသက္သာၿပီး အလုပ္သမားခေတြပါ သက္သာလာမယ္ ... လုပ္ငန္းၿပီးဆုံးတဲ့အခါ ခုိင္ခံ့ေပါ့ပါး မာေက်ာက်စ္လစ္ၿပီး ေရရွည္ခံႏုိင္တဲ့ အေဆာက္အဦေကာင္းတစ္ခုကို ပုိင္ဆုိင္ႏုိင္ၿပီေပါ့ ...

ေႏြ၊ မုိး၊ ေဆာင္း အခ်ိန္မေ႐ြး အမုိးအကာေအာက္မွာ အုတ္ကုိလုိသလုိထုတ္လုပ္ႏုိင္မယ္ ... သစ္သား ထင္းမီးစတာေတြမသုံးရေတာ့တဲ့အတြက္ သဘာဝပတ္ဝန္းက်င္ကုိ ထိန္းသိမ္းရာလည္းေရာက္တယ္ ... မီးဖုတ္႐ႊံ႕အုတ္လုိ တန္ဖုိးရွိလွတဲ့ လယ္ေျမေတြ စုိက္ပ်ဳိးေျမေတြကို ထုိးေကာ္ဖ်က္ဆီးစရာမလုိဘဲ သဲ၊ ဘိလပ္ေျမ၊ ေရတုိ႔ကုိသာ အဓိကသုံးစြဲတာေၾကာင့္ ေျမလႊာပ်က္စီးမႈကုိ တားဆီးၿပီးသားျဖစ္တယ္ ... သင့္တင့္မွ်တတဲ့ေစ်းႏႈန္းေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ အက်ဳိးရွိမယ္ ... ေဆာက္လုပ္မႈကုန္က်စရိတ္ေလ်ာ့နည္းလာတာနဲ႔အမွ် လူေနမႈအဆင့္အတန္းလည္း တျဖည္းျဖည္းတုိးတက္ျမင့္မားလာႏုိင္ပါတယ္ ...

ဒါေၾကာင့္ သဘာဝပတ္ဝန္းက်င္အတြက္လည္းအက်ဳိးရွိ၊ လူမႈဘဝအတြက္လည္း တုိးတက္မႈကုိေဆာင္၊ ေငြေၾကးကုန္က်မႈကုိလည္း ေခၽြတာႏုိင္တဲ့ ေရေပၚအုတ္ကုိ လူတုိင္းလူတုိင္းသုံးစြဲၿပီး ေကာင္းက်ဳိးအေထြေထြျပဳႏုိင္ၾကပါေစလုိ႔ ဆႏၵျပဳလုိက္ရပါတယ္ ....။

မွတ္ခ်က္ - ဒီစာေရးတဲ့အတြက္ ဘယ္သူ႔ဆီကမွ တစ္ျပားတစ္ခ်ပ္မရပါ ... အထူးသျဖင့္ ကုိစုိးသူရထြန္းဆီကလည္း အခေၾကးေငြယူျခင္းမရွိရပါ ... ဆုိခဲ့ၿပီးသလုိ ေကာင္းက်ဳိးမ်ားစြာရွိတဲ့အတြက္ အူယားလုိ႔ေရးျခင္းသာျဖစ္ပါတယ္ ... ေရေပၚအုတ္လုပ္နည္းနဲ႔ စက္ပစၥည္းမ်ား၊ ကုန္ၾကမ္းရရွိမႈမ်ားအတြက္ အကူအညီေပးႏုိင္မယ့္ ကုိစုိးသူရထြန္း (ဖုန္း - 09-420077888, 09-73336699) အမွတ္ ၉၃၅၊ ၆၃ ရပ္ကြက္ ဇုံ ၂၊ ေတာင္ဒဂုံ ကုိ ဆက္သြယ္ၿပီး ပုိသိခ်င္တာေတြကုိေမးျမန္းႏုိင္ပါတယ္။ သူက ဒီနည္းပညာနဲ႔ အလတ္စားလုပ္ငန္းကေလးေတြထြန္းကားလာဖုိ႔ အနယ္နယ္အရပ္ရပ္က ေလ့လာလုိသူေတြကုိ အခမဲ့ သင္တန္းေတြေပးႏုိင္ဖုိ႔လည္းစီစဥ္ေနပါတယ္တဲ့ ... ကုိးကားထားတဲ့ Link ေတြမွာလည္း လက္ေတြ႕ထုတ္လုပ္မႈပုိင္းေတြ ေဆာင္လုပ္ေရးနည္းနာေတြကို ေလ့လာႏုိင္ပါတယ္...။

ကုိဇင္ အဓိပတိပစၥေယာ
၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလ (၇) ရက္။

ကိုကား - ကုိစုိးသူရထြန္း

http://www.clc-bricks.in/what-is-clc
www.youtube.com/watch?v=lx-88j2bJLI
http://www.moladi.net
www.foamconcretehousing.com

(All Credit to original writer, facebook မွ ကူးယူေဖာ္ျပပါသည္။) 

Unicode


ဒီလိုရေးဖြစ်ဖို့ ကို Soe Thura Tun ကို ကျေးဇူးတင်ရတော့မှာပဲ ...
ခေါင်းထဲမှာ စာတွေမျိုးစုံရေးဖို့ အကြောင်းအရာတွေစီနေပေမယ့် ထူးအိမ်သင် (ကိုငှက်) ပြောသလို စိတ်ထဲမှာ အကြည်ဓါတ်ခမ်းခြောက်နေတဲ့အခါ ဘာမှမရေးဖြစ်တော့ဘူးဆိုတာလိုပဲ ရေးချင်ပေမယ့် စိတ်ထည့်လို့မရတဲ့အခါက များနေတယ် ...

ကျနော် “အုတ်ကိစ္စ” https://web.facebook.com/dominance.kozin/posts/1142152532472459 ဆိုတဲ့ ခေါင်းစဉ်နဲ့ မကြာခင်က ရေးဖူးတယ် ...

အဓိကထောက်ပြချင်တာကတော့ မီးဖုတ်အုတ်ဟာ သစ်တောသစ်ပင်တွေကို ဆုံးရှုံးစေပြီး အဖိုးတန်တဲ့စိုက်ပျိုးမြေတွေကိုလည်း ပျက်စီးစေတယ်ဆိုတာ နောက်ပြီး လူမှုဘဝပတ်ဝန်းကျင်ကိုလည်း အထိုက်အလျောက်ထိခိုက်တာပဲဆိုတာ ...

(All Credit to original writer, facebook မှ ကူးယူဖော်ပြပါသည်။)

အဲဒီလိုရေးတဲ့အောက်မှာ ကိုစိုးသူရထွန်းရဲ့ ကွန်မန့်တွေက ကျနော့်ကို ဒီစာရေးဖို့ အများကြီးတွန်းအားပေးခဲ့တယ် ...
ဖုန်းနဲ့တစ်မျိုး မက်ဆေ့ကတဖုံ ကျနော်သိချင်တဲ့ ရေပေါ်အုတ်လုပ်နည်းတွေ စိတ်ရှည်လက်ရှည်နဲ့ အချိန်အများကြီးပေးပြီးရှင်းပြတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း အကျိုးရှိတာမို့ ဒီအကြောင်းမိတ်ဆက်ရေးမယ်လို့ စိတ်ထဲမှာတေးထားလိုက်တယ် ...
ဒါပေမယ့် လက်မရောက်ဘူး ...

တလောလေးက ကွမ်းခြံကုန်းဖက်သွားမယ့်အကြောင်းဖန်လာတော့ ရန်ကုန်ရောက်ရင် ကိုစိုးသူရထွန်းဆီဝင်ပြီး ရေပေါ်အုတ်လုပ်နည်းကို ကိုယ်တိုင်ကိုယ်ကျလေ့လာမယ် ... ဓါတ်ပုံတွေရိုက်မယ် ... လေ့လာဖို့လိုမယ့် အချက်အလက်တွေလည်း ထပ်တောင်းမယ်လို့ ရည်ရွယ်ထားပေမယ့် အကြောင်းမသင့်ပြန်ဘူး ... လာခဲ့ပါ ... နည်းပညာလည်း အကူအညီပေးမယ် ... လုပ်ငန်းလမ်းညွှန်လည်းချပြမယ် ... စက်ပစ္စည်းတွေရဖို့လည်း လမ်းညွှန်ပေးမယ်ဆိုထားပေမယ့် မရောက်ပြန်ဘူး ... ဒီအုတ်လုပ်ငန်းကို ကျနော်ထူထောင်ဖို့မဟုတ်ပေမယ့် လုပ်ငန်းလုပ်ကိုင်လိုသူတွေ ဈေးကွက်အသစ် နည်းပညာအသစ်တွေနဲ့ မိတ်ဆက်ပေးမယ့်သူဆီသွားလေ့လာပြီး အကြောင်းအရာစုံစုံစေ့စေ့ရေးမယ်လို့ ရည်စူးခြင်းသာ ...

 

ဒါက Cellular Lightweight Concrete Bricks သို့တည်းမဟုတ် မြန်မာလို ရေပေါ်အုတ်အကြောင်းပါပဲ ...

အဲဒီကွန်ကရစ်အုတ်ဟာ ရေပေါ်မှာ ပေါလောပေါ်တယ် ... မီးဖုတ်မြေအုတ်တွေလိုပဲ ခိုင်ခံ့မာကြောတယ် ... ရေရှည်ခံတယ် ... မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိတယ် ... ဆူညံသံတွေကိုလျော့ကျစေပြီး အသံကိုလုံစေတယ် ... အထပ်မြင့်အဆောက်အဦတွေအားလုံးမှာ သုံးနိုင်တယ် ... ရာသီမရွေးအုတ်ထုတ်လုပ်နိုင်တယ် ... ဆောက်လုပ်ရေးလုပ်နေတဲ့နယ်မြေအတွင်းမှာပဲ အုတ်ကိုလိုသလိုထုတ်နိုင်တယ် ... တနည်းအားဖြင့် အုတ်လုပ်မယ့်စက်တွေကို သယ်ယူရွှေ့ပြောင်းသွားနိုင်တယ် ... စက်တွေဆိုလို့ အထင်မကြီးနဲ့ ရောမွှေစက် Mixer ရယ်၊ Foam generator (အမြှပ်ထုတ်စက်) ရယ်၊ လေတွန်းစက် Air compressor ၂ ကောင်အားရယ်၊ Foam agent (အမြှပ်ထုတ်ဖို့သုံးတဲ့ ပရိုတိန်း) ရယ်၊ ပုံစံခွက် Mold ရယ် ... ဒါပဲ ... တန်ဖိုးလည်းနည်းတယ် ... ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင်မှာ လုပ်ငန်းသစ်တစ်ခုကို တည်ထောင်လိုသူတွေ ထိုက်သင့်တဲ့အရင်းအနှီးတစ်ခုနဲ့ လုပ်ငန်းတစ်ခု ထူထောင်နိုင်မယ် ... အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းကို ထူထောင်နိုင်မယ် …

ဒီ ရေပေါ်အုတ်က အိန္ဒိယနဲ့ အာဖရိကလို သစ်တောသစ်ပင်လောင်စာရှားပါးလှတဲ့နိုင်ငံတွေမှာ သုံးစွဲနေတာကြာပြီ ... မြန်မာပြည်မှာ ခေတ်စားလာတာကတော့ ဒီကနေ့လက်တွေ့အခြေအနေနဲ့ကိုက်ညီပြီလို့ ယူဆလာကြတဲ့ လုပ်ငန်းရှင်တွေ စွန့်ဦးလုပ်ငန်းအနေနဲ့ စလုပ်နေကြပြီ ... ဒါပေမယ့် လူသိနည်းနေသေးတယ် ... လူသိနည်းပေမယ့် ကိုစိုးသူရထွန်းကတော့ လေ့လာလုပ်ကိုင်နေတာ ၅ နှစ်နီးပါးရှိပြီ ... သူလည်းစိုက်ပျိုးရေးသမား ... သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းချင်တဲ့သူ ... ဒါကြောင့် မီးဖုတ်ဖို့မလိုဘဲ မီးဖုတ်အုတ်ကိုစိန်ခေါ်နိုင်တဲ့ ရေပေါ်အုတ်ကို လူအများသိစေချင်တယ် ... နည်းပညာ၊ စက်ပစ္စည်းနဲ့လုပ်ငန်းအတွက် သူသိသလောက်မျှဝေချင်တယ် ...

ရေပေါ်အုတ်လုပ်နည်းက ရိုးစင်းတယ် ...

ပရိုတိန်းအမြှုပ်ထုတ်စက်ကနေရလာတဲ့ အမြှုပ်ရည်ကို သဲ၊ ဘိလပ်မြေ၊ ရေတို့နဲ့ ရောမွှေစက်ထဲမှာ အချိုးအဆမှန်မှန်ရောစပ်လိုက်ရင် ကွန်ကရစ်အမြှုပ်ရည်ကို ရတော့တာပဲ ... အဲဒါကို အသင့်လုပ်ထားတဲ့ ပုံစံခွက်ထဲထည့်ပြီး ၂၄ နာရီကြာအောင် အခဲခံထားလိုက်ရင် ရေပေါ်အုတ်ကိုရပြီ ... ပရိုတိန်းအမြှုပ်က သဲ၊ ဘိလပ်မြေ၊ ရေတို့ကို ပွထလာစေပြီး တနည်းအားဖြင့် ပရိုတိန်းအမြှုပ်ကဖန်တီးပေးလိုက်တဲ့ လေဟာနယ်ကလေးတွေဟာ သဲ၊ ဘိလပ်မြေနဲ့ ရေတို့ရဲ့အကြားမှာ အနှံ့အပြား ညီညီညာညာနေရာယူလိုက်တဲ့အတွက် လေထုပါနေတဲ့ ကွန်ကရစ်အုတ်ဖြစ်တာကြောင့် ရေထဲချလိုက်တဲ့အခါ ပေါလောပေါ်နေရခြင်းဖြစ်တယ် ... လေခိုနေလို့ မခိုင်ဘူးလားဆိုတော့ သံရိုက်လို့လည်းရတယ် ... ပစ်ချလို့လည်းအစိတ်စိတ်အမွှာမွှာမကွဲသွားဘူး ... နောက် လေခိုနေတဲ့အတွက် အသံဆူညံမှုကိုလျှော့ချနိုင်တဲ့သတ္တိရှိတယ် ... မီးလောင်တဲ့ဒဏ်ကို သာမန်မီးဖုတ်ရွှံ့အုတ်ထက် ခံနိုင်ရည်ပိုရှိတယ် ... ပေါ့ပါးပြီးခိုင်ခံ့လှတဲ့အတွက် နိုင်ငံတကာမှာဆောက်လုပ်ကြတဲ့ အထပ်မြင့်အဆောက်အဦကြီးတွေမှာသုံးနေကြပြီ ...

များသောအားဖြင့် ရေပေါ်အုတ်ရဲ့ အရွယ်အစားကို ၁၈" အရှည် ၈" ဗျက် ၄" ထု အရွယ်အစားထုတ်တယ် ... ဒီအရွယ်အစားဟာ မီးဖုတ်ရွှံ့အုတ် ၄ လုံးရဲ့ အရွယ်အစားပါပဲ ... ဒါပေမယ့် သာမန်မီးဖုတ်အုတ် ၂ လုံးရဲ့အလေးချိန်လောက်ပဲ လေးပါတယ် ... ထုထည်ကြီးပြီးပေါ့ပါးတာကြောင့် အုတ်စီအုတ်ချောရာမှာမြန်ဆန်တယ် ... အချိန်ကုန်သက်သာတဲ့အတွက် အလုပ်သမားစရိတ်လည်းသက်သာလာမယ် ... မီးဖုတ်ရွှံ့အုတ်လုပ်ငန်းတွေကို ကန့်သတ်ပိတ်ပင်မှုတွေရှိလာခဲ့ရင် အုတ်ဈေးကမြင့်လာမယ် ... အဲဒီအခါ ရေပေါ်အုတ်ကို အစားထိုးသုံးစွဲရင် ဆောက်လုပ်မှုကုန်ကျစရိတ်တွေ သက်သာလာမယ် ... အုတ်အနေနဲ့သုံးရုံသာမက ကြမ်းခင်းလောင်းရင်လည်းဖြစ်သလို ခြံစည်းရိုးတံတိုင်းခတ်ရာမှာလည်း လိုသလိုပုံလောင်း အသုံးချနိုင်တယ် ... အုတ်တွေရဲ့ Density လို့ခေါ်တဲ့ သိပ်သည်းဆအတိုးအလျှော့လုပ်ပြီး သိပ်သည်းဆမြင့်တာကို အပြင်နံရံစီရာမှာသုံး ... သိပ်သည်းဆနည်းတာကို အခန်းများကန့်ရာမှာသုံး စသည်ဖြင့် လိုအပ်သလို အသုံးချနိုင်တယ် ... Density လို့ခေါ်တဲ့ သိပ်သည်းဆအချိုးအစားချိန်ညှိရတာလည်း ဘာမှမခက်ခဲဘူး ... အမြှုပ်၊ သဲ၊ ဘိလပ်မြေ၊ ရေတို့ကို လိုအပ်သလိုအချိုးအဆမျိုးမျိုးပြောင်းပြီး ရောစပ်တာပါပဲ ... Density မြင့်ရင် အုတ်ရဲ့မာကျောကျစ်လစ်မှုနဲ့ ခံနိုင်ရည်ရှိမှုပိုမြင့်လာမယ် ... ဒီသဘောပါပဲ ... ရေပေါ်အုတ်က သက်တမ်းရင့်လာလေလေ ခံနိုင်ရည်ရှိမှုနဲ့ မာကျောကျစ်လစ်မှုက ပိုပြီးမြင့်လာလေလေပါပဲ ... ဒါက သူ့ရဲ့ထူးခြားချက်ပေါ့ ...

အရည်အသွေးကောင်းပြီး ရေရှည်ခံတဲ့ရေပေါ်အုတ်ရဖို့ဆိုတာ ကွန်ကရစ်ဖျော်စပ်ရာမှာသုံးတဲ့ အမြှုပ်ထုတ်ရာမှာ အချိန်အဆမှန်ကန်ရမယ်၊ သဲ၊ ရေ၊ ဘိလပ်မြေတို့နဲ့ ရောစပ်သမရာမှာ နည်းစနစ်မှန်ရပါမယ် ... ဒါမှ အုတ်ရဲ့ သိပ်သည်းဆ Density အမျိုးမျိုးနဲ့ကိုက်ညီတဲ့ Compression Strength ရေရှည်ခံနိုင်ရည်ပြည့်ဝတဲ့ အရည်အသွေးကိုရမှာဖြစ်ပါတယ် ... ကျနော်က အင်ဂျင်နီယာမဟုတ်လို့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်တွေမရေးပြတတ်ပါဘူး ... ဖတ်ရတာလည်း ခေါင်းရှုပ်မှာစိုးလို့ ... ကိုယ်ဆောက်လုပ်မယ့် အဆောက်အဦဒီဇိုင်းနဲ့ အရွယ်အစားအပေါ်မူတည်ပြီး Cellular Lightweight Concrete သို့မဟုတ် ရေပေါ်အုတ်ကို လိုသလိုချိန်ဆ အသုံးပြုနိုင်ပါတယ် ...

ကျနော်တို့ လုပ်ငန်းငယ်ကလေးတစ်ခု ထူထောင်မှုအပိုင်းကို သွားကြရအောင် ...

လောလောဆယ် အလုပ်သမား ၂ ယောက် သို့မဟုတ် ၃ ယောက်နဲ့ လုပ်ငန်းကိုစမယ်ဆိုရင် စက်ဖိုးနဲ့ ပုံစံခွက်တွေအတွက် ၃၅ သိန်းလောက်ရင်းနှီးရမှာဖြစ်ပြီး တစ်ရက်စာ ၁၈" အရှည် ၈" ဗျက် ၄" ထုအရွယ် အုတ်အလုံး ၈၀၀ (ရိုးရိုးမီးဖုတ်ရွှံ့အုတ် ၄၀၀၀) ထုတ်လုပ်နိုင်ပြီ ... အဲဒီအတွက် လုပ်အားခရော ပစ္စည်းဖိုးနဲ့ဆိုရင် စုစုပေါင်း သိန်း ၅၀ လောက်ရင်းရပါလိမ့်မယ် ... နောက်ပိုင်းဆိုရင် တစ်ရက်စာထုတ်လုပ်မှု ကုန်ပစ္စည်းတန်ဖိုးနဲ့ အလုပ်သမားခပဲ ဆက်ကုန်ဖို့ရှိတော့တာပေါ့ ... အုတ်တစ်လုံးရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တန်ဖိုးကိုတွက်ချက်ရင် ဒေသန္တရကုန်ကြမ်းဈေးနှုန်းနဲ့ လုပ်အားခအပေါ်မူတည်ပြီး ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်တန်ကြေးဖြစ်နိုင်ပါတယ် ... 

အတိအကျပြောလို့မရနိုင်ဘူးလေ ... ကုန်ဈေးနှုန်းက နေရာဒေသ အတက်အကျအမျိုးမျိုးပဲမဟုတ်လား ... နယ်ဖက်တွေက မီးဖုတ်ရွှံ့အုတ် ၄ လုံးစာရဲ့ဈေးနှုန်းလောက် အရင်းအနှီးရှိနေပေမယ့် မြို့ကြီးတွေမှာ ရေပေါ်အုတ်တစ်လုံး (မီးဖုတ်ရွှံ့အုတ် ၄ လုံးစာ) ကို ၈၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေပြီ ... ရေပေါ်အုတ်က ဈေးကြီးနေသေးပေမယ့် အားသာချက်တွေရှိနေတယ် ...

မီးဖုတ်အုတ်ကိုသုံးမယ်ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုရောက်ဖို့ သယ်ယူပို့ဆောင်ရတဲ့စရိတ်ရှိတယ် ... အုတ်စီအုတ်ချောရာမှာ ဒုထည်အရွယ်အစားသေးတဲ့အတွက် အချိန်စားတယ် ... အလုပ်သမားခကုန်ကျစရိတ်တက်လာမယ် ... အလေအလွင့်အဆုံးအရှုံးများတယ် ... လုပ်ငန်းကြီးတစ်ခုလုံးပြီးသွားတဲ့အခါ ဈေးကြီးတယ်လို့ယူဆရတဲ့ ရေပေါ်အုတ်ကိုမသုံးခဲ့မိတာ မှားမှန်းသိလိမ့်မယ် ... ရေပေါ်အုတ်ကိုသုံးမယ်ဆိုရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ဝန်မကျယ်တဲ့စက်ကလေးတွေ သယ်သွားပြီး လိုအပ်တဲ့အုတ်အလုံးအရေအတွက်ကို ပုံစံခွက်ထဲမှာလောင်းပြီး ထုတ်ခိုင်းလိုက်ရုံပဲ ... ဒီမှာတင် သယ်ယူစရိတ်က သက်သာသွားပြီ ... အုတ်ရဲ့ထုထည်အရွယ်အစားကြောင့် အုတ်စီအုတ်ချောရာမှာ တိကျမြန်ဆန်တဲ့အတွက် အချိန်စားသက်သာပြီး အလုပ်သမားခတွေပါ သက်သာလာမယ် ... လုပ်ငန်းပြီးဆုံးတဲ့အခါ ခိုင်ခံ့ပေါ့ပါး မာကျောကျစ်လစ်ပြီး ရေရှည်ခံနိုင်တဲ့ အဆောက်အဦကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ပြီပေါ့ ...

နွေ၊ မိုး၊ ဆောင်း အချိန်မရွေး အမိုးအကာအောက်မှာ အုတ်ကိုလိုသလိုထုတ်လုပ်နိုင်မယ် ... သစ်သား ထင်းမီးစတာတွေမသုံးရတော့တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်းရောက်တယ် ... မီးဖုတ်ရွှံ့အုတ်လို တန်ဖိုးရှိလှတဲ့ လယ်မြေတွေ စိုက်ပျိုးမြေတွေကို ထိုးကော်ဖျက်ဆီးစရာမလိုဘဲ သဲ၊ ဘိလပ်မြေ၊ ရေတို့ကိုသာ အဓိကသုံးစွဲတာကြောင့် မြေလွှာပျက်စီးမှုကို တားဆီးပြီးသားဖြစ်တယ် ... သင့်တင့်မျှတတဲ့ဈေးနှုန်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အကျိုးရှိမယ် ... ဆောက်လုပ်မှုကုန်ကျစရိတ်လျော့နည်းလာတာနဲ့အမျှ လူနေမှုအဆင့်အတန်းလည်း တဖြည်းဖြည်းတိုးတက်မြင့်မားလာနိုင်ပါတယ် ...

ဒါကြောင့် သဘာဝပတ်ဝန်းကျင်အတွက်လည်းအကျိုးရှိ၊ လူမှုဘဝအတွက်လည်း တိုးတက်မှုကိုဆောင်၊ ငွေကြေးကုန်ကျမှုကိုလည်း ချွေတာနိုင်တဲ့ ရေပေါ်အုတ်ကို လူတိုင်းလူတိုင်းသုံးစွဲပြီး ကောင်းကျိုးအထွေထွေပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ် ....။

မှတ်ချက် - ဒီစာရေးတဲ့အတွက် ဘယ်သူ့ဆီကမှ တစ်ပြားတစ်ချပ်မရပါ ... အထူးသဖြင့် ကိုစိုးသူရထွန်းဆီကလည်း အခကြေးငွေယူခြင်းမရှိရပါ ... ဆိုခဲ့ပြီးသလို ကောင်းကျိုးများစွာရှိတဲ့အတွက် အူယားလို့ရေးခြင်းသာဖြစ်ပါတယ် ... ရေပေါ်အုတ်လုပ်နည်းနဲ့ စက်ပစ္စည်းများ၊ ကုန်ကြမ်းရရှိမှုများအတွက် အကူအညီပေးနိုင်မယ့် ကိုစိုးသူရထွန်း (ဖုန်း - 09-420077888, 09-73336699) အမှတ် ၉၃၅၊ ၆၃ ရပ်ကွက် ဇုံ ၂၊ တောင်ဒဂုံ ကို ဆက်သွယ်ပြီး ပိုသိချင်တာတွေကိုမေးမြန်းနိုင်ပါတယ်။ သူက ဒီနည်းပညာနဲ့ အလတ်စားလုပ်ငန်းကလေးတွေထွန်းကားလာဖို့ အနယ်နယ်အရပ်ရပ်က လေ့လာလိုသူတွေကို အခမဲ့ သင်တန်းတွေပေးနိုင်ဖို့လည်းစီစဉ်နေပါတယ်တဲ့ ... ကိုးကားထားတဲ့ Link တွေမှာလည်း လက်တွေ့ထုတ်လုပ်မှုပိုင်းတွေ ဆောင်လုပ်ရေးနည်းနာတွေကို လေ့လာနိုင်ပါတယ်...။

ကိုဇင် အဓိပတိပစ္စယော
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။

ကိုကား - ကိုစိုးသူရထွန်း

http://www.clc-bricks.in/what-is-clc
www.youtube.com/watch?v=lx-88j2bJLI
http://www.moladi.net
www.foamconcretehousing.com

(All Credit to original writer, facebook မှ ကူးယူဖော်ပြပါသည်။) 

Post a Comment

0 Comments