တွေ့ရတာကတော့ ဒီ app တွေက တကယ်ကို ငွေပေးပါတယ်။ ဒါပေမယ့် risk များတယ် ။ အန္တရာယ်များတယ် ။ PlayStore ထဲမယ် Lucky cash လို့ ရိုက်ထည့်ရှာကြည့် ။ သူ့ပုံစံမျိုး နာမည်မတူတဲ့ app တွေ တပြုံကြီး ဆင်းလာတာ တွေ့ရလိမ့်မယ်
ဆိုတော့ကား အဲ့ဒီ ငွေတကယ်ရတယ်ဆိုတဲ့ app က ဘာလဲ? ဘာတွေ လုပ်ရတာလဲ?
ဒီ app တွေကို ကိုယ့်ဖုန်းထဲ install လုပ်လိုက်တာနဲ့ သူက ငွေရမယ့် နည်းလမ်းတွေ ပြောပြပြီး လုပ်ခိုင်းလိမ့်မယ် သူတို့မှာ daily quest တွေ ရှိတယ် ။ နေ့စဉ် လုပ်ရမယ့် အလုပ်ပေါ့ ။ quest တွေ လုပ်ပြီးရင် coin လေးတွေ ပေးလိမ့်မယ် ။ အဲ့ဒီ coin နဲ့ 10$ တန် steam wallet တို့ 5$ တန် paypal gif card တို့ ဘာတို့ နဲ့ လဲလို့ရတယ် ။ လဲရတာတွေတော့ အများကြီးပဲ ရှိတယ် (gif card တွေ wallet တွေက code နဲ့ အလုပ်လုပ်တော့ ဘယ်နေရာပဲ ဖြစ်ဖြစ်ရတယ် မြန်မာပြည်မှာလည်း ရတယ်)
Daily quest တွေက တနေ့ကို သူပြထားတဲ့ video တွေ ဘယ်လောက်ခု ကြည့်ပေးရမယ် (video ကြည့်တဲ့နေရာမှာ တချက်ဝင်ကြည့်ရုံနဲ့ မရဘူး ပြီးအောင် ကြည့်ပေးမှ ရတာ) ကြေညာ ဘယ်လောက်ခု နှိပ်ပေးရမယ် app ဘယ်လောက်ခု install လုပ်ပေးရမယ် သူငယ်ချင်း ဘယ်လောက်ယောက်ကို ကိုယ့် link ပြပြီး ဝင်ဆော့ခိုင်းရင် တနေ့ကို coin ဘယ်လောက်ခု ပုံမှန်ဝင်မယ် ( referal link) ဂိမ်းလည်း သူ သတ်မှတ်ထားတဲ့ ဘာတွေကို ရအောင် ေဆော့ရမယ် စသဖြင့်ပေါ့ ။
Quest တွေက ရတဲ့ coin တွေက အတော်နည်းတယ် ။ တနေ့မှာ quest ၃ ၄ ခု ပြီးအောင် လုပ်တာတောင်မှ coin က သိပ်မတက်ဘူး ။ lucky cash က coin အရများလို့ သုံးကြတာ များတယ် ။ video ကြည့်တာနဲ့ app install လုပ်တာက အရများတာပေါ့လေ ။
ဒါပေမယ့် သေချာ စဉ်းစားကြည့် ။ ဒီလိုတွေ video တွေကြည့် app install လုပ်တာတွေကြောင့် ကုန်ရတဲ့ ငွေက ပြန်ရမယ့် ငွေထက် ပိုများမှာ ။ app တွေက install လုပ်ရင် ကြေညာတွေက တပြုံကြီး ကပ်ပါလာတယ် ။ အင်တာနက်ဖွင့်တာနဲ့ အဲ့ကောင်တွေ လိုင်းဆွဲပြီ ။ app အများကြီး ထည့်ထားရလို့ ဖုန်းက လေးသထက် လေးလာမယ် ။ အဲ့ ငွေရတဲ့ app တွေက ကန့်သတ်ထားသေးတယ် ။ သူ သွင်းခိုင်းတဲ့ app တွေကို သွင်းပြီး ပြန်မဖျက်ရဘူးတို့ ဘာတို့နဲ့ ။ video ကြည့်ရင် လိုင်း ဘယ်လောက်ဆွဲမလဲဆိုတာ လူတိုင်းလိုလို သိနေကြပြီ ထင်ပါတယ် ။
ငွေရတဲ့ app Lucky Cash လိုမျိုး လုပ်တဲ့ developer တွေက ဘာကနေ ပိုက်ဆံရတာလဲ? သုံးတဲ့သူတွေ ကြည့်လိုက်တဲ့ ကြေညာ video နဲ့ app တွေကနေတဆင့် ပိုက်ဆံရပါတယ်တဲ့ ။ တယောက်ကြည့်ရင် $ဘယ်လောက် စသဖြင့် ကြည့်တာများလေ developer က ပွလေပဲ ။ သူတို့အနေနဲ့ ပေးရတာက နဲနဲလေးရယ် ။ အစကတော့ coin ပေးတာများတယ် ။ ကြည့်နေ ။ နာမည်ရလာတာနဲ့ coin ပေးတာတွေ တဖြည်းဖြည်း နည်းနည်းလာလိမ့်မယ် ။
ငွေတကယ်ပေးတယ် ဆိုတဲ့နေရာမှာ သုံးတဲ့သူ အားလုံး ငွေရကြတာ မဟုတ်ဘူး ။ အဲ့ app အောက်က review တွေ လိုက်ဖတ်ကြည့်ရင် တွေ့ရလိမ့်မယ် ။ မရကြတဲ့ လူတွေလည်း ရှိကြတယ် ဆိုတာကိုပါ ။
နောက်ဆုံးတော့ လူ့လောဘကို အသုံးချပြီး လုပ်ထားတာပဲ ။ အဲ့ဒါက သွယ်ဝိုက်သောနည်းနဲ့ လောင်းကစားတမျိုးပဲ ။ သုံးချင်တဲ့သူတွေတော့ သုံးကြပါ ။ လူတိုင်းက ကိုယ့်သဘောနဲ့ ကိုယ်မို့ မတားချင်ပါ ။ သို့ပေမယ့် ကိုယ့်ဖုန်း ဟမ်းနိုင် ပျက်စီးနိုင်သလို လောဘ အတောမသတ်နိုင်ရင် bill တွေ ပိုကုန်နိုင်ပြီး နဂိုထက် ပို မွဲနိုင်ကြောင်း သတိပေးလိုက် ရပါတယ်
Zawgyi
ပိုက်ဆံ တကယ်ရတဲ့ app,တွေအကြောင်း
Daily quest တွေက တနေ့ကို သူပြထားတဲ့ video တွေ ဘယ်လောက်ခု ကြည့်ပေးရမယ် (video ကြည့်တဲ့နေရာမှာ တချက်ဝင်ကြည့်ရုံနဲ့ မရဘူး ပြီးအောင် ကြည့်ပေးမှ ရတာ) ကြေညာ ဘယ်လောက်ခု နှိပ်ပေးရမယ် app ဘယ်လောက်ခု install လုပ်ပေးရမယ် သူငယ်ချင်း ဘယ်လောက်ယောက်ကို ကိုယ့် link ပြပြီး ဝင်ဆော့ခိုင်းရင် တနေ့ကို coin ဘယ်လောက်ခု ပုံမှန်ဝင်မယ် ( referal link) ဂိမ်းလည်း သူ သတ်မှတ်ထားတဲ့ ဘာတွေကို ရအောင် ဆော့ရမယ် စသဖြင့်ပေါ့ ။
0 Comments