အသုပ် ပေါင်းစုံ


ကန်ဇွန်းရွက်သုပ်


လှိုင် သံလမ်းထိပ်က ကိုဦးဆိုင်မှာ စားဖူးတာတဲ့ ပုံစံလေးယူပြီးသုပ်ထားတာ စစ် - ကိုဦးဆိုင်ကတော့ တရုပ်ကန်ဇွန်း ကို ဝက်ပြုတ်ရည် ထဲ ခဏထည်ပြုတ်ပြီး ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး သံပုရာသီးညှစ်ပြီး ဝက်ရိုးပြုတ်ရည် အနဲငယ် ဆား ထည့်ပြီးသုပ်ပါတယ် - ကျွန်မကတော့ တရုပ်ကန်ဇွန်းမရှိလို့ ကုန်းကန်ဇွန်းကို ရေနွေးဆူဆူမှာ ခဏဖျောပြီး ရေအေး စိမ်ကာ ရေစစ်ပြီး သုံးပိုင်းလောက်ဖြတ် ကြက်သွန်နီတစ်လုံးပါးပါးလှီးထည့် -ငရုပ်သီးစိမ်း လေးတောင့်နဲ့ ကြက်သွန်ဖြူဥသေး တစ်လုံးကို ဓါးပြားရိုက်ပြီး ထည့် - မြေပဲလှော်ထောင်း နှမ်းလှော် ကြက်သွန်ဖြူဆီချက် ဖတ် ဝက်ရိုးပြုတ်ရည် အနဲငယ် ဆား ငံပြာရည်ထည့် သံပုရာသီး တစ်ခြမ်းထည့်ပြီး သုပ်တယ်


ရခိုင်မုန်.တီသုပ် စပ် စပ်လေး

ချက်နည်းလေးက
ရခိုင်မုန်.တီအရည် နှင့် အသုပ်

ရခိုင်မုန်.တီကို ရခိုင်သူငယ်ချင်းချက်တိုင်း သူချက်ပြီးမှ
ရောက်သွားတော. ချက်နည်းကိုမကြည်.ဖြစ်ခဲ.ဘူး…
အိမ်မှာ အတူနေတဲ.တစ်ယောက်ကရခိုင်မုန်.တီချက်ဖို.
ငါးတွေဝယ်လာပြီဆိုမှ Yadanar Moe ကရခိုင်မုန်.တီချက်နည်းကို
သတိရတယ်… အချိုးအစားဘယ်လိုထည်.ရမယ် မပြောထားပေမယ်.
ချက်နည်းကို ရေးထားပေးတာကိုက တော်တော်အဆင်ပြေပါတယ်ရှင်။
ကျွန်မရဲ. ပထမဆုံးလက်ရာ ရခိုင်မုန်တီကို သုံးဆောင်ကြပါအုံးရှင်

ရခိုင်မုန်.တီအတွက်

ငါးရွှေ - ၈၀၀ g ကိုရေဆေးပြီး ၄” စီဖြတ်ထားပါ။
မျှင်ငပိ - ထမင်းစားဇွန်း ( ၅) ဇွန်း ကို ရေ ၁လီတာနှင့် ငပိကြေအောင်ကြိုထားပါ။
ငရုပ်ကောင်း - ထမင်းစားဇွန်း ( ၃) ဇွန်း ကို ကြက်သွန်ဖြူဥကြီး - (၂) လုံးကို
အခွံခွာပြီးရေဆေးပြီး မညှက်တညှက်ရောထောင်းထားပါ။
ဂျင်းနှင့်ပတဲကော - တစ်လက်မခန်.အခွံနွာပြီးရေဆေးကာထောင်းထားပါ။
ငါးဖယ်ခြစ် - ၂၅၀ g ကို ထောင်းကာ အပြားသေးလေးတွေပြားပြီးကြော်ပြီးပါးပါးညှပ်ထားပါ။
မန်ကျဉ်းသီးမှည်. - ၅၀ g ကို ရေဆေးကာ ရေနေွးဆန်ချိန်ခွက်၁ခွက်ခွဲခန်.နှင့်စိမ်ထားပါ။
ငရုပ်သီးစိမ်း - ၁၀၀ g ကိုပြုတ်ကာ ရေစစ်ပြီး ထောင်းထားပေးပါ။
ဆား - အနဲငယ်
နံနံပင် - ၁၀ ပင် ကိုရေစင်စင်ဆေးပြီး နုတ်နုတ်လှီးထားပေးပါ။
ကြက်သွန်နီ - ၂ လုံးကို အခွံခွာကာပါးပါးလှီးပြီးရေဆေးထားပါ။
ကြက်သွန်ဖြူ/နီ ဆီချက် - ဆန်ချိန်ခွက် တစ်ခွက်ခန်.ချက်ထားပါ။
မုန်.ဖတ်ခြောက် - ၂ kg
ပဲကြော် - ၅ ခု

ပြုလုပ်နည်း

ငါးရွှေကို ရေနဲနဲနှင့်အသားနူးအောင်ပြုတ် (သို.) ကင် ၊ ကျွန်မကတော.
မိုက်ခရိုဝေ.ထဲ မိနစ် ၂၀ လောက်ထားလိုက်ပါတယ် … အသားနူးပြီး
ရေအနဲငယ်သာထွက်ပါတယ်..ငါးအသားနူးပြီဆိုလျှင် အအေးခံပြီး
အရိုးနွံထားပါ။ ဇလုံတစ်ခုထဲ ရေနွေးနွေး ၅၀၀ ml ထည်.ကာ ငါးအသားများကို
လက်တစ်ဆုပ်စာစီယူကာ လက်နှင့်ညှစ်ပါ အချိုရည်ထွက် သွားပြီး
ငါးဖတ်ကျန်တာတွေကို ပုဂံတစ်ခုထဲထည်.ထားပါ။ ငါးအသားကိုအရိုးထွင်
ပြီးတန်းထဲ.တာထက်ပိုကောင်းတယ်ပြောပါတယ်.. တကယ်လဲစားလို.ကောင်းပါတယ်.

ချက်နည်း

၁)ရေ၄လီတာထည်.ကာထည်.ကာတည်ထားသောအိုးကြီးထဲသို.
ငါးအချိုရည်ညှစ်လို.ရလာတဲ.အရည်နှင့် ကြိုထားတဲ.ငပိရည်ကို
အနယ်စစ်ကာရောထည်.ပါ။ ထောင်းထားတဲ.ဂျင်းနှင့် ပတဲကော၊ ဆားနှင့်
အရည်ညှစ်ထားတဲ.ငါးဖတ်တ၀က်ကိုထည်.ကာ ဆူပွက်လာလျှင်
ထောင်းထားသော ကြက်သွန်ဖြူနှင့်ငရုပ်ကောင်းကိုထည်.ပါ။
အပေါ.အငံမြည်းပြီး လိုအပ်လျှင်ဆားထပ်ထည်.ပါ။
၂)ထောင်းထားတဲ.ငရုပ်သီးစိမ်းနှင့်တ၀က်ကျန်တဲ.အရည်ညှစ်ထုတ်ထားတဲ့ ငါးအသားဖတ်လေး သုံးပုံ တစ်ပုံလောက်ကို ကြက်သွန်ဖြူထောင်းနှင့် ပာင်းရည် ထမင်းစားဇွန်း ၅ ဇွန်းခန်.ထည်.ကာချက်လိုက်ပါ။
၃)အသုပ်အတွက်တ၀က်ကျန်တဲ. အရည်ညှစ်ထုတ်ထားတဲ့ ငါးအသားဖတ် သုံးပုံ နှစ်ပုံလောက်ကို
ဒယ်အိုးနှင့် ဆား၊ နနွင်း၊ ကြက်သွန်ဖြူထောင်း ထည်.ကာခြောက်အောင်လှော်ထားပါ

ပြင်ဆင်နည်း

 ၁)ရခိုင်မုန်.တီအရည်အတွက်မုန်.ဖတ်ကို တစ်ပွဲစာပြင်ပြီး ပာင်းရည်ထည်.ကာ
ငရုပ်သီးစိမ်းပြုတ်ထောင်း၊ မန်ကျဉ်းရည်၊ ငါးဖယ်၊ပဲကြော်၊ကြက်သွန်န၊နံနံပင်
ကြက်သွန်ဖြူဆီချက်အဖတ် တို.ကိုထည်.ကာသုံးဆောင်နိုင်ပါပြီ။
၂)ရခိုင်မုန်တီအသုပ်အတွက် မုန်.ဖတ်ကိုပိုထည်.ကာ ငါးသားဖတ်၊ငရုပ်သီးစိမ်းပြုတ်ထောင်း၊ မန်ကျဉ်းရည်၊ ငါးဖယ်၊ပဲကြော်၊ကြက်သွန်န၊နံနံပင်၊ ကြက်သွန်ဖြူဆီချက်အဖတ်နှင့် ပာင်းရည် ထမင်စားဇွန်းနှစ်ဇွန်းခန်.ထာ်.ကာ သမအောင်နယ်ပြီး သုံးဆောင်လို.ရပါပြီးရှင်..

လိုအပ်တာရှိရင်လဲ အကြံပေးနိုင်ပါတယ်ရှင်
၊၊၊၊၊၊





ပြောင်းဖူးထမင်းသုပ်


ဒီနေ.ညနေစာက တစ်ယောက်ထဲဆိုတော.
ပာင်းမချက်ပဲ ပြောင်းဖူးကော်ပြန်.လုပ်တုန်းက
ကျန်နေတဲ. ပြောင်ဖူးတစ်ဖူးကို ပြုတ်ပြီး
ထမင်းနဲ.ရောသုပ်စားလိုက်တယ်..
ပြောင်းဖူးပြုတ်ကြီးပဲသုပ်သုပ်၊ လက်ဖက်နဲတြွဲပီးသုပ်သုပ်
ကျွန်မအတွက်တော.စားလို.ကောင်းတာပဲရှင်..

ပြောင်းဖူးထမင်းသုပ်အတွက်

- ထမင်း - တရုတ်ပုဂံလုံး (1) လုံး ကိုဖွထားပါ။
- ပြောင်းဖူး နုနု -1 လုံးကို ပြုတ်ပြီး ချွေ (သို.) ပါးပါးလှီးထားပါ၊
-ကြက်သွန်နီ- တစ်လုံး ကိုအခွံခွာကာ ပါးပါးလှီးပြီးနရေဆေးကာ
ရေစစ်ထားပါ။
- ခရမ်းချဉ်သီး - တစ်လုံး ရေဆေးပြီး ပါးပါးလှီးထားပါ
-ဆား၊ အရသာမှုန်.- ငံပြာရည်၊
-ကြက်သွန်ဖြူဆီချက် - ထမင်းစာဇွန်း 1 ဇွန်း၊
-ပုဇွန်ခြောက်ထောင်း - ထမင်းစာဇွန်း 2 ဇွန်း၊
-ငရုပ်သီးအလှော်မုန်. - ထမင်းစားဇွန်းတ၀က်
- ကုလားပဲအလှော်မုန်.- ထမင်းစားဇွန်း 1 ဇွန်း
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
-နံနံပင် - 2 ပင်ကို ရေဆေးပြီး
-သံပုရာသီးတစ်စိတ် (သို.) မန်ကျီးမှည်.ရည် - ထမင်းသားဇွန်း - 2 ဇွန်း

ထမင်းနှင့်ပြောင်းဖူးကိုရောကာ ပါးပါးလှီးထားသောကြက်သွန်နီ၊ခရမ်းချဉ်သီး၊နံနံပင်၊
ငရုပ်သီးစိမ်း နှင့်ဆား၊ အရသာမှုန်.၊ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း ၊ငရုပ်သီးအလှော်မှုန်.၊ကုလားပဲအလှော်မှုန်. နှင့်
သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး အပေါ. အငံ
မြည်းပြီး အရသာရှိသောပြောင်းဖူးထမင်းသုပ်ကို ရေနေွးကြမ်းသောက်ကာ
သုံးဆောင်နိုင်ပါပြီရှင်၊

သက်သတ်လွတ်စားသုံးသူများလဲ ပုဇွန်ခြောက်ထောင်းနှင့်
ငံပြာရည် မထည်.ပဲသုပ်စားနိုင်ပါတယ်ရှင်


ပဲပင်ပေါက်သုပ်


ခုလောအသုပ်တွေပဲ သုပ်စားဖြစ်နေတယ်..
ဒီတစ်ခါလဲ ပဲပေါက်သုပ်ပါမယ်..

ပဲပင်ပေါက်သုပ်အတွက်

-ပဲပင်ပေါက် -150 g ကို
-ကြက်သွန်နီတစ်လုံး
-ဆား၊ အရသာမှုန်.- ငံပြာရည်၊
-ကြက်သွန်ဖြူဆီချက်၊
-ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
-မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
-ငရုပ်သီးအလှော်မုန်. - ထမင်းစားဇွန်းတ၀က်
- ကုလားပဲအလှော်မုန်.- ထမင်းစားဇွန်း 1 ဇွန်း
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
-နံနံပင် - ၂ ပင်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
-သံပုရာသီးတစိတ်။

ပဲပင်ပေါက်ကို ရေဆူဆူတွင် ၃ မိနစ်ခန်.ထည်.ပြုတ်ပြီး ရေအေးထည်.ထား
သောဇလုံထဲသို. ဆယ်ထည.်ပြီး အအေးခံကာ ရေစစ်ပြီး ထားပါ၊
ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးပြီးနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
ပဲပင်ပေါက်ကိုပါးပါးလှီးထားသောကြက်သွန်၊နံနံပင်၊ ငရုပ်သီးစိမ်း ၊ဆား၊ အရသာမှုန်.၊
ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ပုဇွန်ခြောက်ထောင်း ၊မြေပဲလှော်ထောင်း၊ ငရုပ်သီးအလှော်မှုန်.၊ကုလားပဲအလှော်မှုန်.၊နံနံပင် နှင့် သံပုရာသီးတခြမ်း
ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊

သက်သတ်လွတ်စားသုံးသူများလဲ ပုဇွန်ခြောက်ထောင်းနှင့်
ငံပြာရည် မထည်.ပဲသုပ်စားနိုင်ပါတယ်ရှင်…



 မုန်လာဥဖြူသုပ်


မုန်လာဥဖြူသည် အရသာမှာ ရှတတနှင့် အနံ.အနဲငယ်ပြင်း
ပြီး သူကိုသုပ်စား၊ကြော်စား၊ ချဉ်ရည်ချက် ၊ အချဉ်တည်
စားစုံအောင်လုပ်စားကြပါသည်။

မုန်လာဥဖြူသုပ်အတွက်

မုန်လာဥဖြူ ကြီး- 1 လုံး
ကြက်သွန်နီတစ်လုံး
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - ထမင်းစားဇွန်း 2 ဇွန်း
မြေပဲလှော်ထောင်း - ထမင်းစာဇွန်း 1 ဇွန်း၊
ငရုပ်သီးအလှော်မုန်. - အနဲငယ်
နှမ်းလှော် - ထမင်းစာဇွန်း 1 ဇွန်း၊
သံပုရာသီး - 1 စိတ်

ပြင်ဆင်နည်း

-မုန်လာဥကို အခွံခွာ ရေဆေးပြီး သဘောင်္ခြစ်နှင့် ခြစ်ပြီးရေ နှင့်
ရှာလကာရည်အနဲငယ်ထည်.ကာစိမ်ထားပါ။

-ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာရေနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။

-ခြစ်ထားသောမုန်လာဥကိုရေညှစ်ကာ ကြက်သွန်နီ၊ ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊ မြေပဲလှော်ထောင်း၊ ငရုပ်သီးအလှော်မုန်.တို.ကိုထည်.ကာ သံပုရာရည်ညှစ်ပြီး သမအောင်နယ်ကာ နှမ်းလှော်ဖြူးကာသုံးဆောင်နိုင်ပါပြီရှင်၊..

ုနံနံပင်နဲ. ငရုပ်သီးစိမ်းပါးပါးလှီးကာထည်.ပြီးလဲ သုပ်နိုင်ပါတယ်ရှင်..


မုန်ညှင်းချဉ်သုပ်


ငရုပ်သီးမပါတဲ. ရိုးရိုး ရှမ်းမုန်ညှင်းချဉ်ကိုသုပ်စားမှာဖြစ်ပါတယ်..
မုန်ညှင်းချဉ်ကို ရှမ်းခေါက်ဆွဲ၊ တိုပာူးနွေး နှင့်အခြား ရှမ်းအစားစာများနှင့်တွဲစားသလို
သူ.ကြီးပဲ သုပ်စား ဒါမှမပာုတ် ပဲပုတ်ချက် (သို.) မြေပဲချက်နှင့်လဲ တို.စရာ
အဖြစ်စားကြပါတယ်..
ကျွန်မကတော. မုန်.ညှင်းစိမ်းညွှန်.ချဉ်တာ ကိုပိုကြိုက်ပါတယ်ရှင်..
ပါဝင်ပစ္စည်းများ
မုန်ညှင်းချဉ် - 200 g
ကြက်သွန်နီတစ်လုံး၊
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - ထမင်းစားဇွန်း 2 ဇွန်း
မြေပဲလှော်ထောင်း - ထမင်းစာဇွန်း 1 ဇွန်း၊
ငရုပ်သီးအလှော်မုန်. - အနဲငယ်
ပြင်ဆင်နည်း
မုန်ညှင်းချဉ်ကို ရေညှစ်ကာ ခပ်သေးသေးလှီးထားပါ..
ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာရေနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
မုန်ညှင်းချဉ်ကို ကြက်သွန်၊ ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊ မြေပဲလှော်ထောင်း၊ ငရုပ်သီးအလှော်မုန်.တို.ကို ထည်.ကာသမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊..
မုန်ညှင်းချဉ်အစား မုန်လာဥချဉ် ကိုလဲသုပ်စားနိုင်ပါတယ်ရှင်..
အချဉ်မကြိုက်သူများ ပုဇွန်ခြောက်မှုန်.ပိုထည်နိုင်ပါတယ်ရှင်…
သတ်သတ်လွတ်စားသုံးသူများ ပုဇွန်ခြောက်အစား မြေပဲလှော်ထောင်းပိုထည်.ပြီး သုပ်စားနိုင်ပါတယ်ရှင



ဗူးသီးကြော်သုပ်အတွက်


ဆလပ်ရွက် - တစ်ပင် ကိုရေဆေးပြီးနုတ်နုတ်လှီးထားပါ
နံနံပင် - ၂ ပင် ကိုရေဆေးပြီးနုတ်နုတ်လှီးထားပါ
ဗူးသီးကြော်ကို ကပ်ကြေးနှင့်လက်မ၀က်ခန်.ညှပ်ပြီး ဆလပ်ရွက်
နံနံပင်နှင့် ဖျော်ထားတဲ. မန်ကျဉ်းချဉ်ရည် ဆမ်းကာ လိုအပ်လျှင်
ငရုပ်သီးအကျက်မှုန်.နှင့် ငံပြာရည်ထပ်ထည်.ပြီး သမအောင်နယ်ကာ
သုံဆောင်နိုင်ပါပြီရှင်..


 သဘောင်္သီးသုပ် စပ်စပ်လေး


သဘောင်္သီး အစိမ်း တစ်လုံး ခပ်သေးသေးကို အခွံခွာ
အစေ့ထုတ်ပြီး ခြစ်နဲ.ခြစ်ရေစိမ်ထားပြီး
ရေညစ်ကာ ပုဇွန်ခြောက်၊ ငရုပ်သီးမှုန်.၊ မြေပဲမှုန်.၊
ငပိထောင်း၊ ငံပြာရည်၊ ပဲမှုန်.၊ ကြက်သွန်ဖြူ ဆီချက်၊ဆား၊
ရှိတာလေးပဲထည်.ပြီး ပြီးစလွယ် ဖြစ်သလိုသုပ်ထားပေမယ့်
စားလို.ကောင်းပါတယ်။။.. ငယ်ငယ်က ကျောင်းမှုန်.ဈေးတန်းမှာ
ရောင်းတာ ၀ယ်စားဖူးတဲ.သူရှိလား ။။
ကျောင်းဆောင်တွေမှာနေတုန်းက အိမ်ကပို.လိုက်တဲ. ငပိထောင်း
ပုဇွန်ခြောက်ကြော်တွေနဲ.နယ်ပြီး သုပ်စားဖူးကြလား




 မန်ကျီးရွက်သုပ်


မန်ကျီးရွက်နုနု သင်ပြီးသာဒ- 150 g
ကြက်သွန်နီ - တစ်လုံး ကို ပါးပါးလှီးပြီးရေဆေးထားပါ။
စာတော်ပဲပြုတ် - 100 g (သို.)
မြေပဲလှော်ထောင်း ထမင်းစာဇွန်း 3 ဇွန်း၊
ဆား၊ အရသာမှုန်.၊ အနဲငယ်စီ
မြေပဲဆီ - အနဲငယ်.

မန်ကျီးရွက်ကို ရေစင်စင်ဆေးပြီး
ပါးပါးလှီးထားသောကြက်သွန်နီ၊ ပဲပြုတ်၊
ဆား၊ အရသာမှုန်.ထည်.ကာ
သမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊




မြင်းခွာရွက်သုပ်


မြင်းခွာရွက်ကို တို.စရာ၊သုပ်စား၊ ပာင်းခါးချက်စားကြပါတယ်
ဘာပဲချက်ချက် နှစ်ယောက်စာပဲချက်ဖြစ်တာများပါတယ်..
တစ်ခါတစ်လေ မှသာ အခြားအခန်းကလူ
တွေ အတွက်ပါ 6 ယောက်စာချက်ဖြစ်ပါတယ်…

မြင်းခွာရွက်သုပ်အတွက်

မြင်းခွာရွက် - 200 g
ကြက်သွန်နီ - တစ်လုံး ကို ပါးပါးလှီးပြီးရေဆေးထားပါ။
ခရမ်းချဉ်သီး - 1 လုံး ကိုလဲရေဆေးပြီး ပါးပါးလှီးထားပါ။
ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ အနဲငယ်စီ
ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
နံနံပင် - 1 ပင် ရေဆေးပြီး ပါးပါးလှီးထားပါ..
ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
သံပုရာသီး- တစ်စိတ်၊

မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီး နုတ်နုတ်လှီးထားကာ
ပါးပါးလှီးထားသောကြက်သွန်၊ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုပ်သီးစိမ်း ၊
ဆား၊ အရသာမှုန်. ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊
မြေပဲလှော်ထောင်း နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ
သမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊
သက်သတ်လွတ် စားသူများ ပုဇွန်ခြောက် နှင့် ငံပြာရည်မထည်ပဲသုပ်စားနိုင်ပါတယ်ရှင်..



 ကြက်ကြော်သုပ်


ကြက်ပေါင်နှစ်ချောင်းကိုကြော်ပြီး အရိုး အသားနွင်ထားပါ။
ကြက်သွန်နီ နှစ်လုံးကို ပါးပါးလှီးပြီးရေဆေးပြီ့းရေညှစ်ထားပါ။
သံပုရာသီး နှစ်စိတ်၊ ငံပြာရည်၊ ဆား၊ ပဲဆီအနဲငယ်စီ၊
ငရုပ်သီးစိမ်း နှစ်လုံးကို ပါးပါးလှီးထားပါ။
သံပုရာသီးမှလွဲပြီး ပုဂံတစ်ခုထဲထည်.ကာ သံပုရာရည်ညှစ်ပြီး
ကာရောနယ်လိုက်ပါ။





ပာင်းနုနွယ်ရွက်သုပ်


ပာင်းနုနွယ်ကိုတော. လူတော်တော်များမျာသိကြပါမှာ… အမျိုးအစားမတူညီတဲ. အစိမ်းရောင်၊ ခရမ်းရောင်၊ အရွက်ဝိုင်းဝိုင်း၊ အရွက်နဲနဲရှည်တာတွေတွေ.ဖူးပါတယ်… ကျွန်မကတော. အရွက်ဝိုင်းဝိုင်းနဲ. အစိမ်းနုတဲ.ပာင်းနုနွယ်ရွက်ကိုပိုကြိုက်ပါတယ်…ပိုလဲနူးညံ့တယ်လို.ထင်ပါ တယ်… ပာင်းနုနွယ်ကို များသောအားဖြင့် ကြော်စား၊သုပ်စား ကြပါတယ်…

ပါဝင်ပစ္စည်းများ

ပာင်းနုနွယ် သင်ပြီးသား - 200 g
ကြက်သွန်နီတစ်လုံး
နှမ်းလှော် အနဲငယ်
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊ မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊ သံပုရာသီးတခြမ်း။

ပြုလုပ်နည်း

ပာင်းနုနွယ်ကို ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူထဲဆားခပ်ကာ အရွက်ငြိုးရုံ 2 မိနစ်ခန်.ထည်.ပြုတ်ပြီး ရေခဲနှင့်ရေထည.်ထားသောဇလုံထဲသို. ဆယ်ထည်ပြီး အအေးခံထားပါ၊ ပာင်းနုနွယ်အေးပြီဆိုရင် ဇကာတစ်ခုနှင့်ရေစစ်ထားပါ၊

ကြက်သွန်နီကိုအခွံခွာကာ
ပါးပါးလှီးပြီး ရေနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
ရေစစ်ထားတဲ. ပာင်းနုနွယ်ကို ပါးပါးလှီးထားသောကြက်သွန်၊ ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊ မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်းနှင့် သံပုရာသီးတခြမ်း ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး နမ်းလှော် (သို.) ကြက်သွန်နီ/ဖြူကြော်ဖြူပြီး သုံးဆောင်နိုင်ပါပြီးရှင်၊

သက်သတ်လွတ်စားသုံးလိုသူများ ငံပြာရည်နှင့် ပုဇွန်ခြောက်မုန်.မထည်.ပဲသုပ်စားနိုင်ပါတယ်..






 အကြောပေါင်းတစ်ထောင်ရွက်သုပ


ငယ်ငယ်က ကလောမှာ သုပ်စားလေ.ရှိတဲ.
အကြောပေါင်းတစ်ထောင်ရွက်ကို ရန်ကုန်
ရောက်တော. ရှာမတွေ.လို.မသုပ်စားဖြစ်တာကြာပြီ။
ဒီမှာတော. နေရာတော်တော်များများမှာဝယ်လို.ရလို.
ဝယ်ပြီးသုပ်စားဖြစ်တယ်.. အခြားနာမည်ဘာရှိသလဲတော.
မသိဘူး .. ငယ်ငယ်က ခေါ်တဲ.အတိုင်းပဲခေါ်လိုက်တယ်..

အကြောပေါင်းတစ်ထောင်ရွက်သုပ်အတွက်

-အကြောပေါင်းတစ်ထောင်အရွက်နှင့် အရိုး -300 g ကို
အမြစ်ဖြတ်ပြီးရေဆေးထားပါ။
-ကြက်သွန်နီတစ်လုံး
-ဆား၊ အရသာမှုန်.- ငံပြာရည်၊
-ကြက်သွန်ဖြူဆီချက်၊
-ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
-မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
-သံပုရာသီးတစိတ်။

အကြောပေါင်းတစ်ထောင်ရွက်ကို ရေနွေးပွက်ပွက်ဆူထဲဆားခပ်ကာ
5 မိနစ်ခန်.ထည်.ပြုတ်ပြီး ရေခဲနှင့်ရေထည.်ထားသောဇလုံထဲသို.
ဆယ်ထည်ပြီး အအေးခံကာ ရေညှစ်ပြီး တစ်လက်မခန်.လှီးထားပါ၊
ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးပြီးနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
ရေစစ်ထားတဲ. အကြောပေါင်းတစ်ထောင်ကို ပါးပါးလှီးထားသောကြက်သွန်၊
နံနံပင်၊ ငရုပ်သီးစိမ်း ၊ဆား၊ အရသာမှုန်. ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း ၊မြေပဲလှော်ထောင်း နှင့် သံပုရာသီးတခြမ်း
ကိုညှစ်ထည်.ကာ သမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီးရှင်၊

နှမ်းလှော်ကြိုက်ရင်လဲထည်.သုပ်စားနိုင်ပါတယ်၇ှင်..
သက်သတ်လွတ်စားသုံးသူများလဲ ပုဇွန်ခြောက်ထောင်းနှင့်
ငံပြာရည် မထည်.ပဲသုပ်စားနိုင်ပါတယ်ရှင်… 





ငါးပုတ်ခြောက်ကင်သုပ်


ငါးပုတ်ခြောက်ကို ကင်ပြီး
ကြက်သွန်နီပါးပါးလှီးပြီး
ငရုပ်သီးစိမ်း၊
ငရုပ်အလှော်မှုန်.မြေပဲဆီလေးဆမ်းနဲ.
သံပုရာသီးညှစ်ပြီးသုပ်ထားပါတယ်ရှင်




ဗယာကြော်သုပ်


ကိုယ်တိုင်ကြော်ထားတဲ. ဗယာကြော်ကို ချေပြီး
ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပူစီနံ ပါးပါးလှီး
ထားတာနဲ. မန်ကျီးချဉ်ရည် ငံပြာရည်ဆား အရာသာမှုန်.ထည်..ပြီး သုပ်ထားပါတယ်
ဗယာကြော် အတွက် https://www.facebook.com/159913487539752/photos/a.227316390799461.1073741854.159913487539752/239694172895016/?type=3&theater




ငှက်ပျောဖူးသုပ်


-ငှက်ပျောဖူး တစ်ဖူးကိုအရင့်တွေခွာပြီး နှစ်ခြမ်းခြမ်းပြီး
ဆားနှင့် ရှာလကာရည်(သို.) ရှောက်ရည်ညှစ်ထားသော
ရေနွေးဆူဆူမှာ ထည်.ပြီး 5 မိနှစ်ခန်.ပြုတ်ပါ။
ထိုနောက်ရေအေးစိမ်ပြီးရေစစ်ကာ အူတိုင်ဖယ်ပြီး
အကွင်းလိုက်ပါးပါးလှီးကာ ရေအေးစိမ်ထားပါ။
-ကြက်သွန်နီ နှစ်လုံးကိုလဲ အခွံခွာကာ ပါးပါးလှီးပြီး
နှစ်ကြိမ်ခန်.ရေဆေးပြီးရေအေးစိမ်ထားပါ။
-သုပ်မည်.ပုဂံထဲသို. ပါးပါးလှီးထားတဲ.ငှက်ပျောဖူး၊
ကြက်သွန်နီ၊ ငရုပ်သီးစိမ်း နှစ်လုံး၊ နံနံပင်တစ်ပင်နှင့်
ထောင်းထားတဲ.မြေပဲလှော် ထမင်းစားဇွန်း သုံးဇွန်း၊
ကြက်သွန်ဖြူ ဆီချက် ထမင်းစားဇွန်း တစ်ဇွန်း၊
ကင်ထားတဲ. ပဲပုပ်မှုန်. ထမင်းစားဇွန်း တစ်ဇွန်း၊
ဆား၊အရသာမှုန်.နှင့် သံပုရာသီးတစ်လုံးကိုညှစ်ကာ
သမအောင်နယ်ပြီး အပေါ.အငံမြည်းကာ ပုဂံတစ်ခုထဲထည်.ကာ ပေါ်မှ နှမ်းလှော်ဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်..
-သက်သတ်လွတ်မစားသူများ ငါးငံပြာရည်နှင့်
ပုဇွန်ခြောက်ထောင်းထည်.သုပ်စားနိုင်သလို၊
အစိမ်းသုပ်စားလိုသူများ ပြုတ်ရန်မလိုပါရှင်...
ခရမ်းချဉ်သီး မီးဖုတ်ပြီးထည်.ကာ သုပ်စားလို.လဲကောင်းပါတယ်ရှင်...






မြင်းခွာရွက်သုပ်


မြင်းခွာရွက်ကို တို.စရာ၊သုပ်စား၊ ပာင်းခါးချက်စားကြပါတယ်
ဘာပဲချက်ချက် နှစ်ယောက်စာပဲချက်ဖြစ်တာများပါတယ်..
တစ်ခါတစ်လေ မှသာ အခြားအခန်းကလူ
တွေ အတွက်ပါ 6 ယောက်စာချက်ဖြစ်ပါတယ်…

မြင်းခွာရွက်သုပ်အတွက်

မြင်းခွာရွက် - 200 g
ကြက်သွန်နီ - တစ်လုံး ကို ပါးပါးလှီးပြီးရေဆေးထားပါ။
ခရမ်းချဉ်သီး - 1 လုံး ကိုလဲရေဆေးပြီး ပါးပါးလှီးထားပါ။
ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ အနဲငယ်စီ
ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
နံနံပင် - 1 ပင် ရေဆေးပြီး ပါးပါးလှီးထားပါ..
ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
သံပုရာသီး- တစ်စိတ်၊

မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီး နုတ်နုတ်လှီးထားကာ
ပါးပါးလှီးထားသောကြက်သွန်၊ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုပ်သီးစိမ်း ၊
ဆား၊ အရသာမှုန်. ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊
မြေပဲလှော်ထောင်း နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ
သမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊
သက်သတ်လွတ် စားသူများ ပုဇွန်ခြောက် နှင့် ငံပြာရည်မထည်ပဲသုပ်စားနိုင်ပါတယ်ရှင်..








ကြောင်ရှာပွင့်သုပ်


ကြောင်ရှာပွင့်ခြောက်ကို ရေစမ် ရေစင်စင်ဆေးပြီး
10 မိနစ်ခန်. ပြုတ်ပါတယ်။ ပြုတ်ရေကို သွန်ကာ ရေအေးစိမ်
ပြီး ရေစင်အောင်ညှစ်ထုတ်ကာ ပါးပါးလှီးထားပါ။
ထိုနောက် သုပ်မည်.ပုဂံထဲသို.ထည်.ကာ
ပါးပါးလှးထားသော ကြက်သွန် နံနံပင်၊ မြေပဲလှော်ထောင်း၊
ကြက်သွန်ဖြူ။ဆီချက်၊ အရသာမှုန်.၊ ဆားတို.ထည်.ကာ
သံပုရာသီးညှစ်ပြီး သမအောင်နယ်ကာ အရသာရှိသော
ကြောင်ရှာသီးသုပ်ကို သုံးဆောင်နိုင်ပါပြီရှင်...

ကြောင်ရှာပွင်ခြောက်ပေးသော သူငယ်ချင်းဝင်းလဲ.ကိုလဲ
ကျေးဇူးတင်ပါတယ်ရှင်








ငနီတူခြောက်လှော်သုပ် ချဉ်စပ်လေး


အရင် တပတ်ကချက်စားဖြစ်တာလေးပါ။
- ငနီတူခြောက် (100) g ကို လှော်ပြီး အအေးခံထားပါ။
-ငရုပ်သီးစိမ်း (5) တောင့်ကိုလှော်ပြီးထောင်းထားပါ။
- ကြက်သွန်နီတစ်လုံးပါးပါးလှီးကာ ရေဆေးထားပါ။
-သံပုရာသီး ( 1) လုံးကို အစိတ်လေးတွေစိတ်ထားပါ။
- ထိုနောက် ထမင်းစားခါနီးမှ ပုဂံကြီးကြီးတစ်ခုတွင်
ထည်.ပြီး သံပုရာရည်နှင့် လို အပ်ပါက ဆားထည်.ပြီးနယ်ပါ။
အရသာရှိသော ချဉ်စပ် ငနီတူသုပ်ကို မိမိနှစ်သက်ရာ ဟင်းချို တစ်မျိုးနှင့်တွဲကာ သုံးဆောင်နိုင်ပါပြီရှင်

ကျွန်မရဲ. ရခိုင်သူငယ်ချင်း ကတော. သံပုရာသီးထည်.လျှင်
ငါးခြောက်လှော်များ အနဲငယ်ပျော.သွားတတ်တာကြောင်
မန်ကျဉ်းသီးမှည်.ကို ရေဆေးပြီး ထည်.သုပ်ပါတယ်တဲ.ရှင်...



ငါးဖယ်သုပ်


ငါးဖယ်ခြစ်ကို ကြော်ပြီး သုပ်လို.စားစား
ချက်လို.ပဲစားစား ဘယ်လိုစားစားကြိုက်ပါတယ်..
အရင်က ရန်ကုန် 37 လမ်းထိပ်က ငဖယ်သုပ်ကိုလဲ
အရမ်းကြိုက်ပါတယ်.. ငဖယ်၊ ဂေါ်ဖီ၊ကြက်သွန်ဖြူဆီချက်ဖတ၊
ငံပြာရည်၊ငရုပ်သီးစိမ်းနှင့်ရှောက်ရည်သာညှစ်ပြီး
သုပ်သော်လည်း အလွန်စားကောင်းပါသည်။

ငါးဖယ်သုပ်အတွက်

- ငါးဖယ် - 200 g ကို ကြက်သွန်ဖြူ နှစ်တက်၊
ဂျင်း လက်တဆစ်လောက်ကို အခွာပြီး ပါးပါးလှီးကာ
အရင်ထောင်းပြီး ညှက်လျှင် ငါးဖယ်၊ ဆား၊ နနွင်းမှုန်.၊
အရသာမှုန်.တို.ကိုထည်.ကာ ငါးဖယ် စီးပြီးမာလာအောင်ထောင်းပါ။
ထိုနောက် လက်ကိုဆီသုပ်ပြီးအ၀ိုင်းသေးသေးပြားကာ ဆီပူပူတွင်ကြော်ပါ။
နီညိုရောင်သန်လာလျှင်ဆယ်ပြီး ဆီစစ်ထားပါ။

-ကြက်သွန်နီ - တစ်လုံးကို အခွံပြီး ပါးပါးလှီးကာရေဆေးထားပါ။
- ဂေါဖီ ရွက်နုန - 1ရွက်လောက်ခွာပြီး အလယ်ရိုးထုတ်
ကာပါးပါးလှီးထားပါ၊ (ကြိုက်မှထည်.ရန်)
- ခရမ်းချဉ်သီး - တစ်လုံး ရေဆေးပြီး ပါးပါးလှီးထားပါ ။( ကြိုက်မှထည်.ရန်)
-ဆား၊ အရသာမှုန်.၊ငံပြာရည် အနဲငယ်စီ
-ငရုပ်သီးအကျက်မှုန်. - ထမင်းစားဇွန်းဝက်
-ကြက်သွန်ဖြူဆီကျက် - ထမင်းစာဇွန်း 1 ဇွန်း၊
-ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ…
- နံနံပင် - 2 ပင် (သို.) ရှောက်ရွက်နုနု (3) ရွက်ကိုရေဆေးကာ
ပါးပါးလှီးထားပါ
-သံပုရာသီးတစ်စိတ်

-ငါးဖယ်သုပ်နယ်မည်.ပုဂံထဲသို. ငါးဖယ် 5 ခုကို ကပ်ကြေးနှင့်ညှပ်ထည်.ပြီး
ပါးပါးလှီးထားသောကြက်သွန်နီ၊ဂေါ်ဖီ၊ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း နှင့်ဆား၊
အရသာမှုန်.၊ငံပြာရည်၊ ငရုပ်သီးအကျက်မှုန်.၊ကြက်သွန်ဖြူဆီချက်၊ နံနံပင်
နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး အပေါ. အငံ
အချဉ် အစပ်ကိုမြည်းပြီး အရသာရှိသော ငါးဖယ်သုပ်ကို ထမင်း
(သို.) ကြာဇံပာင်းခါးတ.နှင့်တွဲကာသုံးဆောင်နိုင်ပါပြီရှင်၊
-ငဖယ်သုပ်ပြီးပိုနေသည်. ငါးဖယ်ကြော်များကို ခရမ်းချဉ်သီး(သို.) မန်ကျီးသီးမှည်.နှင့်ချက်စား ဒါမှမပာုတ် သုပ်စား ၊ မုန်.ပာင်းခါးထဲထည်.စားလိုကထည်.စားနိုင်သည်။
ထမင်းသုပ်ထဲထည်.ပြီးသုပ်လဲကောင်းတာပါပဲရှင်..



ချဉ်ငံစပ် သရက်သီးစိမ်းသုပ်


မြန်မာပြည်မှာ သရက်သီးအမျိုးအစားများစွာရှိပါတယ်..
သရက်သီးစိမ်းကို များသောအားဖြစ် သုပ်စား၊ကြော်စား၊ ထောင်းစား၊
ချက်စား ကြပါတယ်ရှင်၊ တို.စရာအဖြစ်စားသလို…
အချဉ်ပေါင်းလုပ်ပြီးတော.လဲ စားကြပါတယ်ရှင်.
သရက်သီးအမှည်.ကိုလဲ သစ်သီးအဖြစ်စားသုံးကြပါတယ်..

ပါဝင်ပစ္စည်းများ

သရက်သီးစိမ်း - 1 လုံး
ကြက်သွန်နီတစ်လုံး၊
ဆား၊ အရသာမှုန်.- ငံပြာရည် အနဲငယ်စီ
ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း 1ဇွန်း
ပုဇွန်ခြောက်ထောင်း - ထမင်းစားဇွန်း 2 ဇွန်း
မြေပဲလှော်ထောင်း - ထမင်းစာဇွန်း 2 ဇွန်း၊
ငရုပ်သီးအလှော်မှုန်. - လက်ဖက်ဇွန်းတစ်ဇွန်း

ပြင်ဆင်နည်း

သရက်သီးကို အခွံခွာ ရေဆေးပြီး သဘောင်္ခြစ်နှင့် ခြစ်ပြီးထားပါ။
ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာရေနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။
ခြစ်ထားသောသရက်သီးကို ကြက်သွန်၊ ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊
မြေပဲလှော်ထောင်း၊ ငရုပ်သီးအလှော်မုန်.တို.ကိုထည်.ကာသမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊..
ကျန်မကတော အချဉ်ပေါ.တဲ.ထိုင်းကလာတဲ.သရက်သီးနှင့်သုပ်ထားပါတယ်ရှင်..
သရက်သီးအခွံခွာတာ မကြိုက်သူများ ရေစင်အောင်ဆေးပြီး
သဘောင်္ခြစ်နှင့်ခြစ်ပြီးတော.လဲသုပ်စားနိုင်ပါတယ်.
.
မျှင်ငပိကင် (သို.) ငပိထောင်း ကိုထည်.သုပ်တာကြိုက်သူများလဲထည်သုပ်စားနိုင်ပါတယ်ရှင်.



မယ်ဇလီဖူးသုပ်


မယ်ဇလီဖူးကို တန်ဆောင်တိုင်လပြည်.ညမှာဆေးပေါင်းခတယ်ဆိုပြီး သုပ်စားကြပါတယ်..
အရင်ကတင်ပေးပြီးသား post အပောာင်းလေးပါ။ ဒီနေ.မှာ ရာသီစာအဖြစ်ထပ်တင်ပေးလိုက်ပါတယ်..

မယ်ဇလီဖူးသုပ်ရန်

မယ်ဇလီဖူး - 100 g
ကြက်သွန်နီတစ်လုံး ကိုပါးပါးလှီးပြီး ရေစိမ်ထားပါ။
ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊
ကြက်သွန်ဖြူ၊နီဆီချက်- ထမင်းစာဇွန်း ၂ ဇွန်း၊
ပုဇွန်ခြောက်ထောင်း - ထမင်းစာဇွန်း ၁ ဇွန်း၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊
နှမ်းလှော်.. ထမင်းစာဇွန်း ၁ ဇွန်း၊
သံပုရာသီးတခြမ်း။
မန်းကျွးသီးမှည်. - ထမင်းစာဇွန်း ၁ ဇွန်း၊

မယ်ဇလီဖူးကိုရေဆေးပြီး ရိုးတံ နှင့်အရင့်တွေဖယ်ပြီး ပြုတ်ပါ …
၁၀ မိနစ်လောက်ပြုတ်ပြီး ၊ ရေသွန်ပြီး ရေသစ်လဲပြီး မန်ကျဉ်းမှည်.ထည်.
၁၀ မိနစ်ထပ်ပြုတ်ပြီး ရေစစ်ပြီး မညှက်တညှက်ထောင်း ပြီး ပါးပါးလှီးထားသော
ကြက်သွန်နီ၊ ဆား၊အရသာမှုန်.၊ငံပြာရည်၊ ကြက်သွန်ဖြူ၊နီဆီချက်၊
ပုဇွန်ခြောက်ထောင်း၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်တို.ကိုထည်.ကာ
သံပုရာရည် ညှစ်ထည်.ပြီး သမအောင်နယ်ကာ သုံးဆောင်လို.ရပါပြီရှင်



မုန်လာဥနီချဉ်ငံစပ်သုပ်

ဒီနေ.တော. မုန်လာဥနီသုပ်စားပါတယ်
ကြက်သားပာင်းရွက်ပာင်းချိုနဲ. ပုဇွန်ဆီပြန်
ပာင်းလေးနဲ.တွဲစားပါတယ်…
မုန်လာဥနီသုပ်အတွက်
မုန်လာဥနီကြီးကြီး- ၁ လုံး
ကြက်သွန်နီတစ်လုံး
ဆား၊ အရသာမှုန်.- ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - ထမင်းစားဇွန်း 2 ဇွန်း
မြေပဲလှော်ထောင်း - ထမင်းစာဇွန်း 1 ဇွန်း၊
ငရုပ်သီးစိမ်း - ၃ တောင့်ကို ရေဆေးပြီးပါးပါးလှီးထားပါ။
ကုလားပဲ အလှော်မှုန်. - ထမင်းစားဇွန်း ၁ ဇွန်း
နှမ်းလှော် - ထမင်းစာဇွန်း ၁ ဇွန်း၊
နံနံပင်- ၁ ပင်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။
သံပုရာသီး - ၁ ခြမ်း

ပြင်ဆင်နည်း

-မုန်လာဥနီကို အခွံခွာ ရေဆေးပြီး သဘောင်္ခြစ်ပါ။ ခြစ်ထားတဲ.မုန်လာဥနီကို
အချိုရေထွက်သွားစေရန်ဆားနဲ.နယ်ကာရေဆေးပြီး
ရေနှင့် ရှာလကာရည်အနဲငယ်ထည်.ကာထားပါ

-ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးကာရေဆေးပြီး ရေစစ်ထားပါ။

-ခြစ်ထားသောမုန်လာဥကိုရေညှစ်ကာ ပါးပါးလှီးထားတဲ. ကြက်သွန်နီ၊ ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊ မြေပဲလှော်ထောင်း၊ ကုလားပဲ အလှော်မှုန်.၊ ငရုပ်သီးစိမ်း၊နံနံပင်တို.ကိုထည်.ကာ သံပုရာရည်ညှစ်ပြီး သမအောင်နယ်ကာ နှမ်းလှော်ဖြူးကာသုံးဆောင်နိုင်ပါပြီရှင်၊..
မုန်လာဥနီ သည် ချိုသော အရသာရှိ
သောကြောင့် အချဉ်ပို.ထည်.ပြီးသုပ်ဖို.လိုပါတယ်..
မုန်လာဥဖြူ နှင့်ရောပြီးတော.လဲသုပ်စားနိုင်ပါတယ်ရှင်


Credit to original writer

Post a Comment

0 Comments