Posts

Showing posts from October, 2014

အပ်ချုပ်ရာများ

Image
မျက်လုံးတွင် မျက်ကြည်လွှာ အစားထိုးကုသပြီးနောက် အနုစိတ်ကြည့် မှန်ပြောင်းနဲ့ ကြည့်တဲ့အခါ ချုပ်ရာများကို ထိုကဲ့သို့ မြင်ရပါတယ်။

ဘွဲ့နှင်းသဘင် ဦးထုပ် နှင့် ဘွဲ့ဝတ်စုံ သမိုင်းကြောင်း

Image
ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။ ထိုသို့ ပွဲတက်ဝတ်စုံ အခမ်းအနားဖြင့် စီစဉ်ကျင်းပခြင်းအား တက္ကသိုလ်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပညာတတ်များအဖြစ် သတ်မှတ်ခြင်း ခံကြရသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တစ်သားတည်း ဖြစ်သည်ဆိုသော သဘောကို ဖော်ကျူးရန်အလို့ငှာ တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။
၁၃၂၁ ခုနှစ်က ကိုလံဘီယာ တက္ကသိုလ်သည် ဒေါက်တာဘွဲ့၊ သာမန်ဘွဲ့နှင့် လက်မှတ်များကို ဘွဲ့ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ယူမှသာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားခဲ့သည်။ ၁၄ ရာစုလယ် နှောင်းပိုင်းတွင် အချို့သော ကောလိပ်အဆင့် ကျောင်းများတွင် ဘွဲ့ယူအခမ်းအနား၌ ဝတ်ဆင်သော ဝတ်စုံကို ဝတ်ရုံရှည် ဝတ်ဆင်မှုအား ကန့်သတ် တားမြစ်ခဲ့ကြောင်းလည်း တွေ့ရသည်။ အင်္ဂလန်မင်းဆက် အဋ္ဌမမြောက် ဟင်နရီ လက်ထက်တွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ျ တက္ကသိုလ်များတွင် ဘွဲ့ဝတ်စုံကို စံတစ်ခုအနေနှင့် သတ်မှတ်ခဲ့သည်။ ယင်းစံသတ်မှတ်ချက်အရ သေးကွေးလွန်းသည့် ဘွဲ့ဝတ်စုံများ ဝတ်ဆင်ခြင်းကို လက်မခံခဲ့ပေ။

ဝေလငါးတွေ ပင်လယ်ထဲမှာ ဘယ်လို အိပ်လေ့ရှိသလဲ

Image
ဝေလငါးတွေ ပင်လယ်ထဲမှာ ဘယ်လို အိပ်လေ့ရှိသလဲ ဆိုတော့ ပုံထဲကအတိုင်း ဇောက်ထိုး အိပ်လေ့ရှိပါတယ် တဲ့။



အမှတ်တရနေ့များ၏ အမှတ်တရများ

ဘာလိုလို နဲ့ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့၊ ဗယ်လင်တိုင်းဒေး တွေတောင် ပြီးသွားပြီပဲ။ ဗိုလ်ချုပ်မွေးနေ့ ဆိုတာကလည်း အခု သူများတွေ ဗိုလ်ချုပ်မှသာ လိုက်ချုပ်တာ။ ငယ်ငယ်ကဆို ရှိလို့ ရှိမှန်းတောင် မသိ။ သိတာက ပြည်ထောင်စုနေ့ နှင့် ဗယ်လင်တိုင်းဒေး။ ပြည်ထောင်စု နေ့က ရုံးပိတ်လို့။ ဗယ်လင်တိုင်း ဒေးက တော့ မရောက်ခင်ကတည်းက ကက်ဆက်ခွေတွေ ဘာတွေက ဆိုင်းဘုတ်ကြီးတွေ နဲ့ကြေငြာပြီး ကြိုရောင်းတာကိုး။

  ပြည်ထောင်စု နေ့ နှင့် ပတ်သက်လို့ကတော့ အမှတ်ရစရာ များစွာ ရှိ၏။ မမှတ်မိဘဲ နေမလား။ စောစောစီးစီး ထကာ ပြည်ထောင်စု လှေကို သွား တာ့တာ ပြရသည်ကိုး။ တစ်ခါတစ်လေ လမ်းဘေး ထိုင်ငိုက်နေတာ လှေ ဖြတ်လို့ ဖြတ်သွား မှန်း တောင် မသိ လိုက်။ ကျောင်းတွေက လည်း အားထည့်ရှာပါသည်။ မိမိတို့တွင် ရှိသမျှ ဘင်ခရာတွေရော ပန်းဖွား တွေရော ဗန်တို ဗန်ရှည် အေရိုးဗစ် စတာတွေနဲ့ လှေအား ကြိုဆိုကြပါ၏။ ဘင်ခရာ ဆိုလည်း မနက် ငါးခွဲ လောက်ကတည်းက ထတီးနေကြတာ လှေလည်း ရောက်လာရော ဆက်ဆိုဖုန်း မှုတ်တဲ့ သူမှာအာခေါင်တွေခြောက်ကာ ယဲ့ယဲ့ပဲ ကျန်သည်။ ပန်းဖွား အဖွဲ့မှာလည်း ကလိုက် ထိုင်လိုက်။ ဗန်တို ဗန်ရှည် ခမျာ မှာလည်း မနက်စောစောစီးစီး ကတည်း က ကီတွေ သွင်းပြီး ယား ဒရှု လုပ်ေ…

Cats in Tumblr

Image

သာမန်လေ ပျော်ရွှင်လေ

Image
တစ်ခါက စာကလေးတစ်ကောင်ဟာ သူ့ရဲ့ဘာမှထူးခြားမှုမရှိတဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်ပျက်ညည်းတွားနေခဲ့တယ်။ တစ်ညမှာ စာကလေးဟာ သူ့ကိုယ်သူ ရောင်စုံအမွေးအတောင်နဲ့ လှပတဲ့ဒေါင်းတစ်ကောင်ဖြစ်သွားတယ်လို့ အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူဟာ လှပတဲ့အမွေးအတောင်ကို ဖြန့်ကားပြီး သတ္တဝါတိုင်းကို ကြွားဝါနေခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် အဝေးကလာတဲ့ ဟိန်းဟောက်သံကို ကြားလိုက်တယ်။ တခြားသတ္တဝါငယ်လေးတွေလိုပဲ အမြင့်ကိုပျံဖို့၊ အမြင့်ကိုခုန်တက်ဖို့ သူကြိုးစားခဲ့ပေမယ့် လေးလံတဲ့ ခန္ဓာကိုယ်နဲ့အတောင်ကြောင့် အမြင့်ကိုသူမပျံနိုင်ခဲ့ဘူး။ သားရိုင်းတွေကလည်း နီးသထက်နီးလာခဲ့တယ်။ ရုန်းဆန်ရင်း ကယ်တင်ဖို့ အသံကုန်သူအော်ဟစ်ချိန်မှာ အိပ်မက်ဆိုးကနေ သူလန့်နိုးလာခဲ့တယ်။ အိပ်မက်ကနိုးလာပြီး သေးငယ်တဲ့ကိုယ့်ခန္ဓာကို စိတ်ပျက်လက်ပျက် သူကြည့်လိုက်မိပြန်တယ်။

Kanade ~Aragai Kou~ Lyrics

Image
With Kanji, Romanji and English translation,

Kanade ~Aragai Kou~ (奏 ~抗い候~) is a Samurai Warriors character image song which first appeared on the vocal CD Sen Retsu Uta Ougi; it was later put in Vocal Best.


The song's title roughly translates as "Play ~Quarreling Weather~" with the "play" defined as someone playing a musical instrument. It's a solo song performed by Ryotaro Okiayu. It is created in Motochika Chōsokabe's image, who is Okiayu's character in this series.

Splice Location for beams and columns

Image
Credit to mmewp.org

Q -သံချောင်း lapping ဆက်တာ top bar ဆို ဘယ်နေရာ bottom bar ဆိုဘယ်နေလဲ သိချင်ပါတယ်

A – Beam မှာ top bar ကို mid span မှာဆက်တာ အကောင်းဆုံးဖြစ်ပြီး bottom bar ကို support နား column face ကနေ 2h (h=beam depth) အကွာမှာဆက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အကောင်းဆုံးနေရာတွေမှာပဲဆက်ဖို့ အခက်အခဲ(သံချောင်းပုတ်တာ)ရှိနိုင်တဲ့အတွက် ပုံမှာ Splice zone ဆိုပြီး Splice ဆက်ရမယ့် zone သတ်မှတ်ပေးထားပါတယ်။ အဲဒီ zone အပြင်မှာမဆက်ရပါဘူး။ Column ကတော့ ရိုးရိုးအဆောက်အဦဆိုရင် (ငလျှင်မပါရင်) ကြမ်းခင်းလောင်းပြီးအပေါ်မှာ ဆက်နိုင်ပါတယ်။ ငလျှင်ပါရင်တော့ Floor တွေရဲ့အလယ်မှာဆက်ရပါမယ်။

အီကြာကွေး

Image
အီကြာကွေးဆိုရင် မစားဖူးသူ၊ မကြားဖူးသူ မရှိသလောက်ပါ။ လက်ဖက်ရည်နဲ့ အထူးလိုက်ဖက်တဲ့ အစားအစာ တစ်ခုဖြစ်လေတော့ လက်ဖက်ရည်ဆိုင်တိုင်းလောက် ရနိုင်တဲ့ သရေစာတစ်ခု ဖြစ်နေပါပြီ။ မူလဘူတအားဖြင့် ပေါက်ဖော်စာ တစ်ခုဖြစ်ပေမယ့် အခုဆိုရင် တာကောနဲ့ ကျယ်ကျယ်တို့ဆိုင်မှာသာမက ကာကာနဲ့ ခါလာတို့ လက်ဖက်ရည်ဆိုင်မှာပါ ရရှိနိုင်ပါပြီ။ အီကြာကွေးဆိုတာ နှစ်ခုပေါင်းမှ တစ်ချောင်းတည်းပါ။ ဒါကြောင့် မန္တလေးအငြိမ့်လူရွှင်တော်တစ်ယောက်က စာရေးဆရာကြီးတစ်ယောက်ရဲ့ နာမည်ကျော် အချစ်ဝတ္ထု ထဲက "နှစ်လွှာပေါင်းမှ တစ်ရွက်မည်သော စွယ်တော်ရွက်ကဲ့သို့....." ဆိုတဲ့ စာသားကို စာမြောင်ကပ်ပြီး "နှစ်ခုပေါင်းမှ တစ်ချောင်းမည်သော အီကြာကွေးကဲ့သို့" ဆိုပြီး ပြက်လုံးထုတ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က သင်္ကြန်တွေမှာဆိုရင် "အပျို ပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး အီကြာကွေး" လို့တောင် သံချပ်ထိုးကြတဲ့အထိ တို့မြန်မာကြားမှာ ရေပန်းစားလှပါတယ်။

Dynasty Warriors 8 XL CE PC version System Update 1.01 (Standalone)

Dynasty Warriors 8 Xtreme Legend Complete Edition PC Version System Update 1.01 (no need online connection) ပါ။  Game ထဲ စဝင်တာ မြန်သွားပါတယ်.. Black Screen Error & Crash လုံးဝ မရှိတော့ပါ။

-------------
[Update Details Ver 1.01] 
Fixed a bug in which using certain playable characters caused the game to freeze at the start of battle.Fixed a bug in which downloadable content was not read correctly.Fixed a bug in which the screen turned black while a movie was paused.Fixed a bug in "Controller Settings," in which settings were applied without selecting "Apply Settings." -------------

ကိုပွ နှင့် သင်္ကြန်

သင်္ကြန်ကျပြီ ဆိုပဲ။ အော် အင်း ဟုတ်မှာပါလေ။ သား ဖြစ်သူအား သေးအနှီး လဲပေးရင်း မောင်ပွ စဉ်းစား လိုက်မိသည်။ အသက်တွေပဲ ကြီးလာလို့လား တော့ မသိ။ သင်္ကြန်လည်ရသည်ထက် အိမ်ထဲမှာ နှပ်နေရသည့် အရသာ အား ပိုနှစ်ခြိုက် လာမိတာ။ အခုနေများ ၁၀ နှစ်လောက်သာ ပြန်ငယ် ကြည့်ပါလား။သင်္ကြန် မရောက်ခင်ကတည်းက Discount ပစ္စည်းတွေ ပြေးဆွဲလိုဆွဲ၊ လမ်းဘေးမှာ ရောင်းတဲ့ All Star ဖိနပ် အတု တွေ ပြေးဝယ်လို ၀ယ်နေသော မောင်ပွ အား မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်လေသည်။ ပြီးလျှင် ဘယ်ကားက ဘယ်လောက်တောင်းတာ ဘယ်မဏ္ဍပ်က ဘာတွေကျွေးလို့ ဘာတွေ တိုက်တာ စသဖြင့် လိုက်စုံစမ်း ရသေးသည်။ အဆုံးသတ် အနေဖြင့် သင်္ကြန်တွင် ဖွန်ကြောင်ရန် သို့မဟုတ် လန်းရန် မိမိရူပါအား အစွမ်းကုန်ဖွင့်ရသေးသည်။ မောင်ပွတို့ တုန်းက ခေတ်စားနေတာ 2 မီလီမီတာ ခေါ် ကတုံးဆံတောက်ကေ။ ထို့နောက် သင်္ကြန်တွင် ၀တ်ဆင်ရန် လက်ဝတ်လက်စား များခေါ် ရှုပ်ရှက်ခတ်နေရင် ပြီးရော ပစ္စည်းများအား လမ်းဘေးဆိုင်တွင် တစ်ဖုံ အိမ်နောက်ဖေး မီးဖိုချောင်တွင် တစ်မျိုး လိုက်လံ ရှာဖွေ ကြရလေသည်။
" ဂလုံး ဂလွမ်း"

Rainy Pot

Image
ငြီးငွေ့ဖွယ်ကောင်းတဲ့ ပန်းပင်ရေလောင်းရတဲ့အလုပ်ကို တမျိုးတဖုံ ပြန်လည်ဆန်းသစ်စေမယ့် အရမ်းချစ်စရာကောင်းတဲ့ ပန်းအိုးလေးပါ။ Korea's DailyLife Lab က Jeong Seungbin ဆိုတဲ့ လူက တီထွင်ခဲ့တာပါ။