ကိုပြ ႏွင့္ သႀကၤန္

  သၾကၤန္က်ၿပီ ဆိုပဲ။ ေအာ္ အင္း ဟုတ္မွာပါေလ။ သား ၿဖစ္သူအား ေသးအႏွီး လဲေပးရင္း ေမာင္ပြ စဥ္းစား လိုက္မိသည္။ အသက္ေတြပဲ ၾကီးလာလို႕လား ေတာ႕ မသိ။ သၾကၤန္လည္ရသည္ထက္ အိမ္ထဲမွာ ႏွပ္ေနရသည္႕ အရသာ အား ပိုႏွစ္ၿခိဳက္ လာမိတာ။ အခုေနမ်ား ၁၀ ႏွစ္ေလာက္သာ ၿပန္ငယ္ ၾကည္႕ပါလား။သၾကၤန္ မေရာက္ခင္ကတည္းက Discount ပစၥည္းေတြ ေၿပးဆြဲလိုဆြဲ၊ လမ္းေဘးမွာ ေရာင္းတဲ႕ All Star ဖိနပ္ အတု ေတြ ေၿပး၀ယ္လို ၀ယ္ေနေသာ ေမာင္ပြ အား မ်က္၀ါးထင္ထင္ ေတြ႕ၿမင္ရမည္ ၿဖစ္ေလသည္။ ၿပီးလွ်င္ ဘယ္ကားက ဘယ္ေလာက္ေတာင္းတာ ဘယ္မ႑ပ္က ဘာေတြေကြ်းလို႕ ဘာေတြ တိုက္တာ စသၿဖင္႕ လိုက္စံုစမ္း ရေသးသည္။ အဆံုးသတ္ အေနၿဖင္႕ သၾကၤန္တြင္ ဖြန္ေၾကာင္ရန္ သို႕မဟုတ္ လန္းရန္ မိမိရူပါအား အစြမ္းကုန္ဖြင္႕ရေသးသည္။ ေမာင္ပြတို႕ တုန္းက ေခတ္စားေနတာ 2 မီလီမီတာ ေခၚ ကတံုးဆံေတာက္ေက။ ထို႕ေနာက္ သၾကၤန္တြင္ ၀တ္ဆင္ရန္ လက္၀တ္လက္စား မ်ားေခၚ ရႈပ္ရွက္ခတ္ေနရင္ ၿပီးေရာ ပစၥည္းမ်ားအား လမ္းေဘးဆိုင္တြင္ တစ္ဖံု အိမ္ေနာက္ေဖး မီးဖိုေခ်ာင္တြင္ တစ္မ်ိဳး လိုက္လံ ရွာေဖြ ၾကရေလသည္။

" ဂလံုး ဂလြမ္း"


" ဟဲ႕ ငပြ မီးဖိုေခ်ာင္ထဲ ဘာ၀င္လုပ္ ေနတာတုန္း ထြက္ပါအံုး ဟဲ႕ ငါထမင္းခ်က္ပ်ေစအံုး"

" အေမ သားကို ဒါေလး ေပး"

" ဟဲ႕ ေသာက္ပလုတ္တုတ္ အဲ႕သြပ္နန္းၾကိဳး က ဘာလုပ္ဖို႕လား"

" လက္ေကာက္မရွိလို႕ ဒါေလးေခြပတ္သြား မလို႕"

" ငင္ အာ႕က အိမ္သာ ဂ်က္မရွိလို႕ တံခါးမွာ ခ်ိတ္ဖို႕ တပ္ထား တာ မဟုတ္ဘူးလား"

" ဟုတ္တယ္ေလ"

" ငြင္႕ အဲ႕ၾကိဳး မရွိေတာ႕ ငါတို႕ တစ္အိမ္လံုးက ခ်ီးပါရင္ တံခါးဖြင္႕ပါရမွာလား"

" အင္းဆို"

" ငြန္႕"

   သို႕ေသာ္ ထိုႏွစ္က ရန္ကုန္ သၾကၤန္ မလည္ ၿဖစ္လိုက္။ အေၾကာင္း အမ်ိဳးမ်ိဳး ေၾကာင္႕ နယ္သို႕ ခဏ ၿပန္ရေလရာ နယ္သၾကၤန္ ကိုသာ ဆင္ႏႊဲ ရေလသည္။ ဘာပဲ ေၿပာေၿပာ ေမာင္ပြ တို႕က ၿမိဳ႕ေပၚမွာသာ ေခြးခ်ီး ၿဖစ္တာ နယ္မွာ ဆိုရင္ေတာ႕ ကိုယ္ေတြက မင္းသားမကလို႕ မိဖုရား တက္ၿဖစ္ခ်င္ေတာင္ရေသးသည္။ ထိုနယ္ၿမိဳ႕ ေလးတြင္ သၾကၤန္ႏွစ္တိုင္း ယိမ္းအက ၿပိဳင္ပြဲ မ်ား ရွိၿပီး ရပ္ကြက္ အလိုက္ ၿပိဳင္ၾကၿခင္း ၿဖစ္၏။ ဖြင္႕ပြဲ ပိတ္ပြဲက ၿမိဳ႕လယ္ေခါင္ ဗဟို မ႑ပ္တြင္ ၿပဳလုပ္ၿပီး က်န္သည္႕ ေန႕မ်ားတြင္ေတာ႕ သက္ဆိုင္ရာ ရပ္ကြက္ရွိ မ႑ပ္တြင္ ကၿပ ရသည္။ သည္တြင္ ၿမိဳ႕ၾကီးသား ေမာင္ပြ ၏ အခန္း က႑ ေရာက္လာေလၿပီ။ ဖြင္႕ပြဲ ေန႕တြင္ စင္ေပၚတက္ သီခ်င္း ဆိုရန္ အေၾကာင္း ၿဖစ္လာေလသည္။ ဘယ္သူမွ ေတာင္းဆို လို႕ေတာ႕ မဟုတ္။ ကိုယ္႕ဘာသာ ကိုယ္ ထို အစီ အစဥ္အား ထပ္ၿဖည္႕ေပးပါရန္ တာ၀န္ရွိသူေတြကို ဘာညာကြိကြ ေပါ႔ေလ။ ကိုယ္ေတြ အႏုပညာ ပိုးကလည္း မေသးဘူးပဲကိုး။

   ေမာင္ပြ နယ္ကို ေရာက္သြားတာက သၾကၤန္ မတိုင္ခင္ ေလးရက္ အလို။ ဆိုေတာ႕ကာ သီခ်င္းတိုက္ အကတိုက္ ဖို႕ အခ်ိန္ သိပ္မရလိုက္။ ေမာင္ပြ ဆိုမွာက သၾကၤန္ သီခ်င္းေတာ႕ မဟုတ္။ ဖြင္႕ပြဲ ေန႕ဆိုေတာ႕ ေပၚလစီ ေလးလည္း ပါေအာင္ ေဇာ္၀င္းထြဋ္ ရဲ႕ စည္းလံုးၿခင္းအတြက္ သီခ်င္း တစ္ပုဒ္ ကိုဆိုမည္။။ ေတးသရုပ္ေဖာ္လည္း ပါေသး။ အက အဖြဲ႕ ေတြက အေတြ႕အၾကံဳ ရွိၿပီးသား ဆိုေတာ႕ သိပ္ၿပႆနာ မရွိ။ ကိုယ္႕ဘာသာကိုယ္ တိုင္းရင္းသား ၀တ္စံုေလးေတြ ၀တ္ၿပီး ပတ္ကေနရံု။ ၿပႆနာ တက္ေနသည္က ေမာင္ပြ။ ဘာလဲဆိုေတာ႕ ထိုသီခ်င္းကို သိပ္မရ။ စာသားေတြ အကုန္ရေပမယ္႕ ကခ်င္ၿပီးရင္ ကယား ကို ေခၚရမလား ကရင္ကို ေခၚရမလား ေရာေနတာ တစ္ခုပါပဲ။ စာရြက္ၾကည္႕ဆိုဖို႕ အၾကံေပးၾကေပမယ္႕ ဒါၾကီးက မိမိ သိကၡာအား လြန္စြာ က်ဆင္းေစေသာ ကိစၥ ၿဖစ္သၿဖင္႕ ခပ္မာမာပင္ လက္မခံ ခဲ႕။

   ကဲ ဖြင္႕ပြဲေန႕ ေရာက္ပါၿပီ။ ေမာင္ပြကား ရန္ကုန္မွ တကူးတက ၀ယ္လာေသာ ဖဲတိုက္ပံု ပိုးပုဆိုး တို႕ ၿဖင္႕ အင္မတန္ ခန္႕ညား လ်က္ ရွိေနေပေတာ႕သည္။ ရူပါ ပိုတက္ေအာင္ဆိုၿပီး အေဒၚ လုပ္သူက မိတ္ကပ္ ပါးပါး ပုတ္ကာ ႏႈတ္ခမ္းနီ ဆိုးသြားေပးေသးသည္။

" အခု ဆက္လက္ၿပီး တင္ဆက္မယ္႕ အစီ အစဥ္ ကေတာ႕ စည္းလံုးၿခင္းအတြက္ သီခ်င္းတစ္ပုဒ္ဆိုတဲ႕ ေတးသရုပ္ေဖာ္ အစီ အစဥ္ ၿဖစ္ပါတယ္ေညာ္"

ၿပီးသကာလ သက္ဆိုင္ရာ တိုင္းရင္းသား စံုတြဲ အသီးသီးမွာ အင္ထရို တီးလံုး ႏွင္႕ အတူ စင္ေပၚသို႕ တက္ေရာက္လာၾကေလသည္။ စပါၿပီ ေမာင္ပြ ဆိုရမည္႕ ေနရာ။ ပထမဆံုး ထြက္လာတာက ကခ်င္စံုတြဲ။

" ေမခ နဲ႕ မလိခ ဆံုစည္းတဲ႕ ေနရာ ဂ်ိန္းေဖာတို႕ ရွိတဲ႕ ဌာေန တစ္နယ္စီၿခားေနလည္း ရင္မွာ အၿမဲတည္တဲ႕ စည္းလံုးၿခင္း အတြက္ သီခ်င္းတစ္ပုဒ္ ရွိေနမယ္"

အမယ္ ဟုတ္သဟ။ ကခ်င္စံုတြဲမွာ သူတို႕ အလွည္႕ၿပီးသြား သၿဖင္႕ တြန္႕တြန္႕တြန္႕တြန္႕ ႏွင္႕ ၿပန္၀င္သြားၾကေလလွ်င္ ငင္ ေနပါအံုးဟ ကခ်င္ၿပီးရင္ ဘာစံုတြဲ လာမွာပါလိမ္႕။ အီး ေတၿပီ။ ကဲ ထင္တာ ရမ္းၾကိတ္လိုက္မယ္။

" လွမ္းၾကည္႕ရင္ မဆံုးတဲ႕ ေတာင္တန္း အလွေပၚ ကခ်င္သားခ်င္းတို႕ ေမြ႕ေလ်ာ္တယ္ေလ ငင္ ကခ်င္ ကို ထပ္ေခၚမိၿပန္ၿပီ"

" ငင္႕ ကခ်င္ပဲတဲ႕"

ကခ်င္သံလည္း ၾကားေရာ ခုနက တြန္႕တြန္႕တြန္႕တြန္႕ ၀င္သြားေသာ ကခ်င္စံုတြဲမွာ တြန္႕တြန္႕တြန္႕တြန္႕ ႏွင္႕ပင္ ၿပန္ထြက္လာရၿပန္ေလသည္။ တြန္႕တြန္႕တြန္႕တြန္႕ ႏွင္႕ ထြက္လာခါစ ရွိေသာ ကရင္စံုတြဲမွာ အတိတ္ေမ႕သလို ေရႊေပ်ာက္သလို လုပ္ၿပီး မူလေနရာ သို႕ မေယာင္မလည္ ကၿပီး ၿပန္၀င္သြားရေလသည္။

" ခြီးးးးးး ေတဘီ သီခ်င္းစာသားေတြ ေမ႕ကုန္ၿပီ"

ဟုတ္ပါသည္။ ေအာက္က ပရိတ္သတ္ Stress ေရာ သီခ်င္းမရသည္႕ Stress ေရာ အကုန္ေပါင္းကာ သီခ်င္းစာသားေတြ ေမ႕ကုန္ေလၿပီ။ သီခ်င္းတီးလံုး တီးေနစဥ္ တြန္႕တြန္႕တြန္႕တြန္႕ ထြက္လာတာက ရွမ္းစံုတြဲ။ ဟာ ေတာ္ပါေသးရဲ႕။ ဒါဆို ရွမ္း အေၾကာင္း ဆိုရမွာပဲ။ ငင္ ေနပါအံုး ရွမ္း ဘယ္က စပါလိမ္႕။

" ရွမ္းေတြဟာ ရွမ္းေတြနဲ႕ ရွမ္းေတြရယ္ ရွမ္းအမ်ိဳးသမီး နဲ႕ အမ်ိဳးသား ၿဖစ္ပါတယ္ ေတာင္ေပၚရွမ္း ေတြနဲ႕ ေၿမၿပန္႕ရွမ္း ေတြမခြဲ ရွမ္းကိုးမီး ေတာ႕ ေဆာ႕တတ္ၾကပါတယ္"

" ခြီးးးးး ဒါၾကီးက သီခ်င္း အသစ္လား"

မတတ္ႏိုင္။ စာသားေမ႕ေတာ႕ သီခ်င္း အလိုက္ႏွင္႕ Own tune စာသားမ်ား ထည္႕ကာ ရမ္းၾကိတ္ရေတာ႕သည္။ တြန္႕တြန္႕တြန္႕တြန္႕ ဒံုးယိမ္းကၿပီး ထပ္ထြက္လာတာက ကရင္ စံုတြဲ။သူတို႕မွာလည္း ထြက္သာ ထြက္လာရတာ မ်က္လံုးၿပဴး မ်က္ဆံၿပဴး ေၾကာက္ေၾကာက္လန္႕လန္႕ ႏွင္႔ပင္ ဘာေတြမ်ား ဆိုမလဲေပါ႔ေလ။ ေသာက္ခြပဲ။ ကရင္ကလည္း ဘယ္က စလဲ မသိ။ အာ သိၿပီ သိၿပီ။

" ဖားစည္သံ နားထဲ ခ်ိဳပ်ံ႕လြင္လာ ခ်စ္ညီ အစ္ကိုတို႕ ဇြဲကပင္ ေၿမ ဟူးးးးးးးး"

" ဟူးးးးးးးေတာ္ပါေသးရဲ႕"

ကရင္ စံုတြဲမွာ ခုမွ စိတ္သက္သာ ရာ ရေသာ ပံုစံ ၿဖစ္သြားေလသည္။ သို႕ေသာ္ မၾကာပါ

" ကရင္မ်ား ဟာလည္း ကခ်င္မ်ားပါပဲ စည္းလံုးၿခင္းအတြက္ သီခ်င္းတစ္ပုဒ္ ရွိေနမယ္"

" ငင္ လာၿပန္ၿပီ ကခ်င္တဲ႕"

ေခ်ာင္တစ္ေနရာတြင္ အၿငိမ္းစားရေနေသာ ကခ်င္စံုတြဲမွာ တြန္႕တြန္႕တြန္႕တြန္႕ ထြက္လာရၿပန္ေလသည္။

" ဘယ္႕ႏွာၿပဳလို႕ ကခ်င္က ခဏ ခဏ ပါေနရတာတုန္းဟ"

တြန္႕တြန္႔ တြန္႕တြန္႕ ထပ္ထြက္လာတာက မြန္အတြဲ။ ေတာ္ေသးသည္ မြန္ အင္ထရိုက သိသာလို႕။ ငင္ ေနပါအံုး မြန္ အစ က ဘာပါလိမ္႕။ ေအာ္ သိၿပီ သိၿပီ။

" ရာမည လို႕တြင္ခဲ႕တဲ႕ မြန္တို႕ရဲ႕ ေၿမ ယဥ္ေက်းမႈ အစ ၿဖစ္တည္တယ္ေလ"

" ဟူးးးးးးေတာ္ပါေသးရဲ႕"

မြန္စံုတြဲမွာလည္း ယခုမွ စိတ္ေအးသြားရပံုႏွင္႕။

" မြန္မ်ားဟာလည္း ကရင္မ်ား ပါပဲ ဒံုးယိမ္း ကေတာ႕ ကတတ္ၾကပါတယ္ အီးးးးးးးး ငါဘာေတြ ဆိုေနတာလား"

" ငင္႕ ဒံုးယိမ္းတဲ႕"

အိေၿႏၵရရ မြန္က ကကာ ၿပန္၀င္သြားေသာ မြန္စံုတြဲမွာ ၿပန္ေရာက္ခါနီးမွ ဒံုးယိမ္းကေလး ေတာ႕လိုက္ရေလသည္။ ေနာက္ထပ္ တြန္႕တြန္႕တြန္႕တြန္႕ ထြက္လာတာက ခ်င္း စံုတြဲ။ အီး နာေတာ႕ ေသခ်င္တာပါပဲ။ ဒင္းတို႕သာ တစ္တြဲၿပီး တစ္တြဲ ထြက္လာတာ သီခ်င္း အစ ေတြက ဘာေတြမွႏ္းလဲ မသိေတာ႕။ အို ကိစၥ မရွိပါဘူးေလ။ ေအာက္က လူေတြက ေတာသားေတြ။ ဒီသီခ်င္း ရမွာလည္း မဟုတ္ပါဘူး။ ခ်င္းစံုတြဲက လည္း ထြက္သာ ထြက္လာရတာ ပံုစံေတြက ေၾကာက္ေၾကာက္လန္႕လန္႕။

" လွမ္းၾကည္႕ရင္ မဆံုးတဲ႕ ေတာင္တန္း အလွ အေပၚ ခ်စ္ညီ အစ္ကိုတို႕ ဇြဲကပင္ေၿမ"

" ငင္႕ ဇြဲကပင္ တဲ႕ ကရင္ဟ ကရင္ ကရင္"

ခုနက ကခ်င္စံုတြဲလိုပင္ ေခ်ာင္ထဲတြင္ တြန္႕တြန္႕တြန္႕တြန္႕ လုပ္ေနေသာ ကရင္စံုတြဲမွာ ဒံုးယိမ္း ကကာ တိုးထြက္လာရၿပန္ေလသည္။ ကခ်င္စံုတြဲမွာလည္း တစ္ေခါက္လာ သူတို႕ကို ၿပန္ေခၚ မလား ဆိုၿပီး လန္႕ဖ်တ္ ေနရာမွ အေတာ္ အသန္ စိတ္သက္သာရာ ရသြားေလသည္။ ေနာက္ဆံုး က်န္တာက ရခိုင္စံုတြဲ။ သည္တစ္ေခါက္ ရခိုင္စံုတြဲကား အေရွ႕က အတြဲမ်ားကို ၾကည္႕ကာ အေတြ႕အၾကံဳ အေတာ္ရသြား၍ ထင္သည္။ ထြက္လာကတည္းက ရခိုင္က မကဘဲ ကရင္ဒံုးယိမ္း အက က ကာ ထြက္လာေလေတာ႕သည္။ ၾကိဳတင္ကာကြယ္ ထားသည္႕ သေဘာ။

" ရႈဆံုးမ၀ ႏိုင္တဲ႕ ေတာင္တန္း အလွေၿမ ရခိုင္သားခ်င္းတို႕ ေမြ႕ေလ်ာ္တယ္ေလ"

" ငင္ ရခိုင္ ရခိုင္တဲ႕ မွန္တယ္ဟ ရခိုင္ အက ၿပန္က ရခိုင္ အက ၿပန္က"

" ရခိုင္မ်ားဟာလည္း ကရင္မ်ားပါပဲ ဒံုးယိမ္း အကေတာ႕ ကတတ္ၾကပါတယ္"

" ခြီးးးးးးး ကရင္ ၿဖစ္သြား ၿပန္ၿပီလား ကြ်န္မ တို႕ ေသပ်ေစေတာ႕"

ကဲ ေနာက္ဆံုးက ကယား။ သီခ်င္းစာသားေတြလဲ ေဇာက္တိ ေဇာက္ထိုး။ လူေတြကလည္း မိမိဆိုသည္႕ အေပၚ မူတည္ၿပီးသာ ထြက္လာၾကေလေတာ႕၏။

" ဘီလူးေခ်ာင္းက ေပးတဲ႕ ေရအားေၾကာင္႕ေလ ကခ်င္သားခ်င္းတို႕ ေမြ႕ေလ်ာ္တယ္ေလ"

" ၀ွစ္ ၀ွစ္"

" ငင္ ကခ်င္စံုတြဲပါလား ဘယ္လိုလုပ္ ေရွ႕ကို ေရာက္လာတာတုန္း ၿမန္ထွာ"

" ၾကိဳတင္ေမွ်ာ္လင္႕ထားၿပီးသားမုိ႕ပါ"

ကခ်င္စံုတြဲမွာ စာသားတိုင္းကိုသတိၾကီးစြာ နားေထာင္ၿပီး အသင္႕ အေန အထား ၿဖင္႕ ေစာင္႕ေနေလရာ ယခုလိုလဲ ေခၚလိုက္ေရာ မဆိုင္း မတြပင္ ေရွ႕ေရာက္လာေလေတာ႕သည္။ အေတြ႕အၾကံုဆိုတာ ဒါပဲေနမည္။

တကယ္က သီခ်င္းစာသားေတြက သံစဥ္တူ ေတြ ၿဖစ္ေနေလေတာ႕ အကုန္ေရာကာ ေမ႕သြား ၿခင္းပင္။ ဟူးးးး ၿဖစ္ခ်င္ရာၿဖစ္ ေနာက္ဆံုး တစ္ပိုဒ္ပဲ က်န္ေတာ႕တယ္ လာထားဟ။ အကုန္ထြက္က လို႕ ရၿပီ။

" ကရင္ ကခ်ား ခ်ကင္ ကယင္း ဗြန္ မမာ ခရိုင္ ခ်မ္း ညီညြတ္ေနတဲ႕ ၿမိဳင္ခဲတဲ႕ လက္မ်ား ၿမီေထာင္စုၾကီး အၿပဲတမ္း ရွိေနမယ္ ေအာင္မေလးဟဲ႕ စကားေတြ လံုးထွာ"

" ခြီးးးးးးးးတိုင္းရင္းသား အသစ္ေတြပါလားေညာ္"

ထိုႏွစ္က စၿပီး ထိုနယ္ၿမိဳ႕ကေလး သို႕ ၿပန္မေရာက္တာ ယေန႕ ထိ အတိုင္ပါပဲေလ။

( စိတ္ကူးသက္သက္သာ ၿဖစ္ပါအိ)

ကူးယူေဖာ္ျပသည္။ Credit to ကိုပြ
 
 
Unicode
 
   သင်္ကြန်ကျပြီ ဆိုပဲ။ အော် အင်း ဟုတ်မှာပါလေ။ သား ဖြစ်သူအား သေးအနှီး လဲပေးရင်း မောင်ပွ စဉ်းစား လိုက်မိသည်။ အသက်တွေပဲ ကြီးလာလို့လား တော့ မသိ။ သင်္ကြန်လည်ရသည်ထက် အိမ်ထဲမှာ နှပ်နေရသည့် အရသာ အား ပိုနှစ်ခြိုက် လာမိတာ။ အခုနေများ ၁၀ နှစ်လောက်သာ ပြန်ငယ် ကြည့်ပါလား။သင်္ကြန် မရောက်ခင်ကတည်းက Discount ပစ္စည်းတွေ ပြေးဆွဲလိုဆွဲ၊ လမ်းဘေးမှာ ရောင်းတဲ့ All Star ဖိနပ် အတု တွေ ပြေးဝယ်လို ဝယ်နေသော မောင်ပွ အား မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်လေသည်။ ပြီးလျှင် ဘယ်ကားက ဘယ်လောက်တောင်းတာ ဘယ်မဏ္ဍပ်က ဘာတွေကျွေးလို့ ဘာတွေ တိုက်တာ စသဖြင့် လိုက်စုံစမ်း ရသေးသည်။ အဆုံးသတ် အနေဖြင့် သင်္ကြန်တွင် ဖွန်ကြောင်ရန် သို့မဟုတ် လန်းရန် မိမိရူပါအား အစွမ်းကုန်ဖွင့်ရသေးသည်။ မောင်ပွတို့ တုန်းက ခေတ်စားနေတာ 2 မီလီမီတာ ခေါ် ကတုံးဆံတောက်ကေ။ ထို့နောက် သင်္ကြန်တွင် ဝတ်ဆင်ရန် လက်ဝတ်လက်စား များခေါ် ရှုပ်ရှက်ခတ်နေရင် ပြီးရော ပစ္စည်းများအား လမ်းဘေးဆိုင်တွင် တစ်ဖုံ အိမ်နောက်ဖေး မီးဖိုချောင်တွင် တစ်မျိုး လိုက်လံ ရှာဖွေ ကြရလေသည်။

" ဂလုံး ဂလွမ်း"


" ဟဲ့ ငပွ မီးဖိုချောင်ထဲ ဘာဝင်လုပ် နေတာတုန်း ထွက်ပါအုံး ဟဲ့ ငါထမင်းချက်ပျစေအုံး"

" အမေ သားကို ဒါလေး ပေး"

" ဟဲ့ သောက်ပလုတ်တုတ် အဲ့သွပ်နန်းကြိုး က ဘာလုပ်ဖို့လား"

" လက်ကောက်မရှိလို့ ဒါလေးခွေပတ်သွား မလို့"

" ငင် အာ့က အိမ်သာ ဂျက်မရှိလို့ တံခါးမှာ ချိတ်ဖို့ တပ်ထား တာ မဟုတ်ဘူးလား"

" ဟုတ်တယ်လေ"

" ငွင့် အဲ့ကြိုး မရှိတော့ ငါတို့ တစ်အိမ်လုံးက ချီးပါရင် တံခါးဖွင့်ပါရမှာလား"

" အင်းဆို"

" ငွန့်"

   သို့သော် ထိုနှစ်က ရန်ကုန် သင်္ကြန် မလည် ဖြစ်လိုက်။ အကြောင်း အမျိုးမျိုး ကြောင့် နယ်သို့ ခဏ ပြန်ရလေရာ နယ်သင်္ကြန် ကိုသာ ဆင်နွှဲ ရလေသည်။ ဘာပဲ ပြောပြော မောင်ပွ တို့က မြို့ပေါ်မှာသာ ခွေးချီး ဖြစ်တာ နယ်မှာ ဆိုရင်တော့ ကိုယ်တွေက မင်းသားမကလို့ မိဖုရား တက်ဖြစ်ချင်တောင်ရသေးသည်။ ထိုနယ်မြို့ လေးတွင် သင်္ကြန်နှစ်တိုင်း ယိမ်းအက ပြိုင်ပွဲ များ ရှိပြီး ရပ်ကွက် အလိုက် ပြိုင်ကြခြင်း ဖြစ်၏။ ဖွင့်ပွဲ ပိတ်ပွဲက မြို့လယ်ခေါင် ဗဟို မဏ္ဍပ်တွင် ပြုလုပ်ပြီး ကျန်သည့် နေ့များတွင်တော့ သက်ဆိုင်ရာ ရပ်ကွက်ရှိ မဏ္ဍပ်တွင် ကပြ ရသည်။ သည်တွင် မြို့ကြီးသား မောင်ပွ ၏ အခန်း ကဏ္ဍ ရောက်လာလေပြီ။ ဖွင့်ပွဲ နေ့တွင် စင်ပေါ်တက် သီချင်း ဆိုရန် အကြောင်း ဖြစ်လာလေသည်။ ဘယ်သူမှ တောင်းဆို လို့တော့ မဟုတ်။ ကိုယ့်ဘာသာ ကိုယ် ထို အစီ အစဉ်အား ထပ်ဖြည့်ပေးပါရန် တာဝန်ရှိသူတွေကို ဘာညာကွိကွ ပေါ့လေ။ ကိုယ်တွေ အနုပညာ ပိုးကလည်း မသေးဘူးပဲကိုး။

   မောင်ပွ နယ်ကို ရောက်သွားတာက သင်္ကြန် မတိုင်ခင် လေးရက် အလို။ ဆိုတော့ကာ သီချင်းတိုက် အကတိုက် ဖို့ အချိန် သိပ်မရလိုက်။ မောင်ပွ ဆိုမှာက သင်္ကြန် သီချင်းတော့ မဟုတ်။ ဖွင့်ပွဲ နေ့ဆိုတော့ ပေါ်လစီ လေးလည်း ပါအောင် ဇော်ဝင်းထွဋ် ရဲ့ စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ် ကိုဆိုမည်။။ တေးသရုပ်ဖော်လည်း ပါသေး။ အက အဖွဲ့ တွေက အတွေ့အကြုံ ရှိပြီးသား ဆိုတော့ သိပ်ပြဿနာ မရှိ။ ကိုယ့်ဘာသာကိုယ် တိုင်းရင်းသား ဝတ်စုံလေးတွေ ဝတ်ပြီး ပတ်ကနေရုံ။ ပြဿနာ တက်နေသည်က မောင်ပွ။ ဘာလဲဆိုတော့ ထိုသီချင်းကို သိပ်မရ။ စာသားတွေ အကုန်ရပေမယ့် ကချင်ပြီးရင် ကယား ကို ခေါ်ရမလား ကရင်ကို ခေါ်ရမလား ရောနေတာ တစ်ခုပါပဲ။ စာရွက်ကြည့်ဆိုဖို့ အကြံပေးကြပေမယ့် ဒါကြီးက မိမိ သိက္ခာအား လွန်စွာ ကျဆင်းစေသော ကိစ္စ ဖြစ်သဖြင့် ခပ်မာမာပင် လက်မခံ ခဲ့။

   ကဲ ဖွင့်ပွဲနေ့ ရောက်ပါပြီ။ မောင်ပွကား ရန်ကုန်မှ တကူးတက ဝယ်လာသော ဖဲတိုက်ပုံ ပိုးပုဆိုး တို့ ဖြင့် အင်မတန် ခန့်ညား လျက် ရှိနေပေတော့သည်။ ရူပါ ပိုတက်အောင်ဆိုပြီး အဒေါ် လုပ်သူက မိတ်ကပ် ပါးပါး ပုတ်ကာ နှုတ်ခမ်းနီ ဆိုးသွားပေးသေးသည်။

" အခု ဆက်လက်ပြီး တင်ဆက်မယ့် အစီ အစဉ် ကတော့ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဆိုတဲ့ တေးသရုပ်ဖော် အစီ အစဉ် ဖြစ်ပါတယ်ညော်"

ပြီးသကာလ သက်ဆိုင်ရာ တိုင်းရင်းသား စုံတွဲ အသီးသီးမှာ အင်ထရို တီးလုံး နှင့် အတူ စင်ပေါ်သို့ တက်ရောက်လာကြလေသည်။ စပါပြီ မောင်ပွ ဆိုရမည့် နေရာ။ ပထမဆုံး ထွက်လာတာက ကချင်စုံတွဲ။

" မေခ နဲ့ မလိခ ဆုံစည်းတဲ့ နေရာ ဂျိန်းဖောတို့ ရှိတဲ့ ဌာနေ တစ်နယ်စီခြားနေလည်း ရင်မှာ အမြဲတည်တဲ့ စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ် ရှိနေမယ်"

အမယ် ဟုတ်သဟ။ ကချင်စုံတွဲမှာ သူတို့ အလှည့်ပြီးသွား သဖြင့် တွန့်တွန့်တွန့်တွန့် နှင့် ပြန်ဝင်သွားကြလေလျှင် ငင် နေပါအုံးဟ ကချင်ပြီးရင် ဘာစုံတွဲ လာမှာပါလိမ့်။ အီး တေပြီ။ ကဲ ထင်တာ ရမ်းကြိတ်လိုက်မယ်။

" လှမ်းကြည့်ရင် မဆုံးတဲ့ တောင်တန်း အလှပေါ် ကချင်သားချင်းတို့ မွေ့လျော်တယ်လေ ငင် ကချင် ကို ထပ်ခေါ်မိပြန်ပြီ"

" ငင့် ကချင်ပဲတဲ့"

ကချင်သံလည်း ကြားရော ခုနက တွန့်တွန့်တွန့်တွန့် ဝင်သွားသော ကချင်စုံတွဲမှာ တွန့်တွန့်တွန့်တွန့် နှင့်ပင် ပြန်ထွက်လာရပြန်လေသည်။ တွန့်တွန့်တွန့်တွန့် နှင့် ထွက်လာခါစ ရှိသော ကရင်စုံတွဲမှာ အတိတ်မေ့သလို ရွှေပျောက်သလို လုပ်ပြီး မူလနေရာ သို့ မယောင်မလည် ကပြီး ပြန်ဝင်သွားရလေသည်။

" ခွီးးးးးး တေဘီ သီချင်းစာသားတွေ မေ့ကုန်ပြီ"

ဟုတ်ပါသည်။ အောက်က ပရိတ်သတ် Stress ရော သီချင်းမရသည့် Stress ရော အကုန်ပေါင်းကာ သီချင်းစာသားတွေ မေ့ကုန်လေပြီ။ သီချင်းတီးလုံး တီးနေစဉ် တွန့်တွန့်တွန့်တွန့် ထွက်လာတာက ရှမ်းစုံတွဲ။ ဟာ တော်ပါသေးရဲ့။ ဒါဆို ရှမ်း အကြောင်း ဆိုရမှာပဲ။ ငင် နေပါအုံး ရှမ်း ဘယ်က စပါလိမ့်။

" ရှမ်းတွေဟာ ရှမ်းတွေနဲ့ ရှမ်းတွေရယ် ရှမ်းအမျိုးသမီး နဲ့ အမျိုးသား ဖြစ်ပါတယ် တောင်ပေါ်ရှမ်း တွေနဲ့ မြေပြန့်ရှမ်း တွေမခွဲ ရှမ်းကိုးမီး တော့ ဆော့တတ်ကြပါတယ်"

" ခွီးးးးး ဒါကြီးက သီချင်း အသစ်လား"

မတတ်နိုင်။ စာသားမေ့တော့ သီချင်း အလိုက်နှင့် Own tune စာသားများ ထည့်ကာ ရမ်းကြိတ်ရတော့သည်။ တွန့်တွန့်တွန့်တွန့် ဒုံးယိမ်းကပြီး ထပ်ထွက်လာတာက ကရင် စုံတွဲ။သူတို့မှာလည်း ထွက်သာ ထွက်လာရတာ မျက်လုံးပြူး မျက်ဆံပြူး ကြောက်ကြောက်လန့်လန့် နှင့်ပင် ဘာတွေများ ဆိုမလဲပေါ့လေ။ သောက်ခွပဲ။ ကရင်ကလည်း ဘယ်က စလဲ မသိ။ အာ သိပြီ သိပြီ။

" ဖားစည်သံ နားထဲ ချိုပျံ့လွင်လာ ချစ်ညီ အစ်ကိုတို့ ဇွဲကပင် မြေ ဟူးးးးးးးး"

" ဟူးးးးးးးတော်ပါသေးရဲ့"

ကရင် စုံတွဲမှာ ခုမှ စိတ်သက်သာ ရာ ရသော ပုံစံ ဖြစ်သွားလေသည်။ သို့သော် မကြာပါ

" ကရင်များ ဟာလည်း ကချင်များပါပဲ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ရှိနေမယ်"

" ငင် လာပြန်ပြီ ကချင်တဲ့"

ချောင်တစ်နေရာတွင် အငြိမ်းစားရနေသော ကချင်စုံတွဲမှာ တွန့်တွန့်တွန့်တွန့် ထွက်လာရပြန်လေသည်။

" ဘယ့်နှာပြုလို့ ကချင်က ခဏ ခဏ ပါနေရတာတုန်းဟ"

တွန့်တွန့် တွန့်တွန့် ထပ်ထွက်လာတာက မွန်အတွဲ။ တော်သေးသည် မွန် အင်ထရိုက သိသာလို့။ ငင် နေပါအုံး မွန် အစ က ဘာပါလိမ့်။ အော် သိပြီ သိပြီ။

" ရာမည လို့တွင်ခဲ့တဲ့ မွန်တို့ရဲ့ မြေ ယဉ်ကျေးမှု အစ ဖြစ်တည်တယ်လေ"

" ဟူးးးးးးတော်ပါသေးရဲ့"

မွန်စုံတွဲမှာလည်း ယခုမှ စိတ်အေးသွားရပုံနှင့်။

" မွန်များဟာလည်း ကရင်များ ပါပဲ ဒုံးယိမ်း ကတော့ ကတတ်ကြပါတယ် အီးးးးးးးး ငါဘာတွေ ဆိုနေတာလား"

" ငင့် ဒုံးယိမ်းတဲ့"

အိန္ဒြေရရ မွန်က ကကာ ပြန်ဝင်သွားသော မွန်စုံတွဲမှာ ပြန်ရောက်ခါနီးမှ ဒုံးယိမ်းကလေး တော့လိုက်ရလေသည်။ နောက်ထပ် တွန့်တွန့်တွန့်တွန့် ထွက်လာတာက ချင်း စုံတွဲ။ အီး နာတော့ သေချင်တာပါပဲ။ ဒင်းတို့သာ တစ်တွဲပြီး တစ်တွဲ ထွက်လာတာ သီချင်း အစ တွေက ဘာတွေမှန်းလဲ မသိတော့။ အို ကိစ္စ မရှိပါဘူးလေ။ အောက်က လူတွေက တောသားတွေ။ ဒီသီချင်း ရမှာလည်း မဟုတ်ပါဘူး။ ချင်းစုံတွဲက လည်း ထွက်သာ ထွက်လာရတာ ပုံစံတွေက ကြောက်ကြောက်လန့်လန့်။

" လှမ်းကြည့်ရင် မဆုံးတဲ့ တောင်တန်း အလှ အပေါ် ချစ်ညီ အစ်ကိုတို့ ဇွဲကပင်မြေ"

" ငင့် ဇွဲကပင် တဲ့ ကရင်ဟ ကရင် ကရင်"

ခုနက ကချင်စုံတွဲလိုပင် ချောင်ထဲတွင် တွန့်တွန့်တွန့်တွန့် လုပ်နေသော ကရင်စုံတွဲမှာ ဒုံးယိမ်း ကကာ တိုးထွက်လာရပြန်လေသည်။ ကချင်စုံတွဲမှာလည်း တစ်ခေါက်လာ သူတို့ကို ပြန်ခေါ် မလား ဆိုပြီး လန့်ဖျတ် နေရာမှ အတော် အသန် စိတ်သက်သာရာ ရသွားလေသည်။ နောက်ဆုံး ကျန်တာက ရခိုင်စုံတွဲ။ သည်တစ်ခေါက် ရခိုင်စုံတွဲကား အရှေ့က အတွဲများကို ကြည့်ကာ အတွေ့အကြုံ အတော်ရသွား၍ ထင်သည်။ ထွက်လာကတည်းက ရခိုင်က မကဘဲ ကရင်ဒုံးယိမ်း အက က ကာ ထွက်လာလေတော့သည်။ ကြိုတင်ကာကွယ် ထားသည့် သဘော။

" ရှုဆုံးမ၀ နိုင်တဲ့ တောင်တန်း အလှမြေ ရခိုင်သားချင်းတို့ မွေ့လျော်တယ်လေ"

" ငင် ရခိုင် ရခိုင်တဲ့ မှန်တယ်ဟ ရခိုင် အက ပြန်က ရခိုင် အက ပြန်က"

" ရခိုင်များဟာလည်း ကရင်များပါပဲ ဒုံးယိမ်း အကတော့ ကတတ်ကြပါတယ်"

" ခွီးးးးးးး ကရင် ဖြစ်သွား ပြန်ပြီလား ကျွန်မ တို့ သေပျစေတော့"

ကဲ နောက်ဆုံးက ကယား။ သီချင်းစာသားတွေလဲ ဇောက်တိ ဇောက်ထိုး။ လူတွေကလည်း မိမိဆိုသည့် အပေါ် မူတည်ပြီးသာ ထွက်လာကြလေတော့၏။

" ဘီလူးချောင်းက ပေးတဲ့ ရေအားကြောင့်လေ ကချင်သားချင်းတို့ မွေ့လျော်တယ်လေ"

" ဝှစ် ဝှစ်"

" ငင် ကချင်စုံတွဲပါလား ဘယ်လိုလုပ် ရှေ့ကို ရောက်လာတာတုန်း မြန်ထှာ"

" ကြိုတင်မျှော်လင့်ထားပြီးသားမို့ပါ"

ကချင်စုံတွဲမှာ စာသားတိုင်းကိုသတိကြီးစွာ နားထောင်ပြီး အသင့် အနေ အထား ဖြင့် စောင့်နေလေရာ ယခုလိုလဲ ခေါ်လိုက်ရော မဆိုင်း မတွပင် ရှေ့ရောက်လာလေတော့သည်။ အတွေ့အကြုံဆိုတာ ဒါပဲနေမည်။

တကယ်က သီချင်းစာသားတွေက သံစဉ်တူ တွေ ဖြစ်နေလေတော့ အကုန်ရောကာ မေ့သွား ခြင်းပင်။ ဟူးးးး ဖြစ်ချင်ရာဖြစ် နောက်ဆုံး တစ်ပိုဒ်ပဲ ကျန်တော့တယ် လာထားဟ။ အကုန်ထွက်က လို့ ရပြီ။

" ကရင် ကချား ချကင် ကယင်း ဗွန် မမာ ခရိုင် ချမ်း ညီညွတ်နေတဲ့ မြိုင်ခဲတဲ့ လက်များ မြီထောင်စုကြီး အပြဲတမ်း ရှိနေမယ် အောင်မလေးဟဲ့ စကားတွေ လုံးထှာ"

" ခွီးးးးးးးးတိုင်းရင်းသား အသစ်တွေပါလားညော်"

ထိုနှစ်က စပြီး ထိုနယ်မြို့ကလေး သို့ ပြန်မရောက်တာ ယနေ့ ထိ အတိုင်ပါပဲလေ။

( စိတ်ကူးသက်သက်သာ ဖြစ်ပါအိ)

ကူးယူဖော်ပြသည်။ Credit to ကိုပွ
 

Post a Comment

0 Comments