Splice Location for beams and columns

Credit to mmewp.org

Q -သံချောင်း lapping ဆက်တာ top bar ဆို ဘယ်နေရာ bottom bar ဆိုဘယ်နေလဲ သိချင်ပါတယ်

A – Beam မှာ top bar ကို mid span မှာဆက်တာ အကောင်းဆုံးဖြစ်ပြီး bottom bar ကို support နား column face ကနေ 2h (h=beam depth) အကွာမှာဆက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အကောင်းဆုံးနေရာတွေမှာပဲဆက်ဖို့ အခက်အခဲ(သံချောင်းပုတ်တာ)ရှိနိုင်တဲ့အတွက် ပုံမှာ Splice zone ဆိုပြီး Splice ဆက်ရမယ့် zone သတ်မှတ်ပေးထားပါတယ်။ အဲဒီ zone အပြင်မှာမဆက်ရပါဘူး။
Column ကတော့ ရိုးရိုးအဆောက်အဦဆိုရင် (ငလျှင်မပါရင်) ကြမ်းခင်းလောင်းပြီးအပေါ်မှာ ဆက်နိုင်ပါတယ်။ ငလျှင်ပါရင်တော့ Floor တွေရဲ့အလယ်မှာဆက်ရပါမယ်။



Post a Comment

0 Comments