Memory Card အလုပ်လုပ်ပုံလေး

ဖုန်းထဲမှာ သုံးတဲ့ Memory Card ကို ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ မတူညီတဲ့ Mode နှစ်ခုနဲ့တွေ့ နိုင်ပါတယ် ။

(၁) SD Mode
(၂) SPI Mode




  SD Mode မှာဆိုရင်တော Data ကူးယူမူကို အမြင့်ဆုံး 4bit အထိ ခွင့်ပြုထားတယ်...... SPI Mode မှာ ကြတော့ memory card လမ်းကြောင်းတွေ ထဲက သူနဲ့ ဆိုင်တဲ့ လမ်းကြောင်းကိုပဲ ခွင့်ပြုထားတယ်....... ဒါပေမဲ့ SPI Mode ရဲ့အားနည်းချက်က SD mode ထက် စွမ်းဆောင်ရည်နည်းတယ်....... ဖုန်းတစ်လုံး Memory Card Mode ကို ဘယ် Mode သုံးထားလည်း အလွယ်သိချင်ရင် Schematic Diagram ကြည့်ရင်သိနိုင်တယ်.... နောက်ပြီး ဖုန်းရဲ့ Card Slot မှာ အဆက်အသွယ်ပင်တွေကြည့်ရင်သိနိုင်တယ်........... SD Mode မှာ Memory Card ရဲ့ ပင်အားလုံးကို အသုံးပြုတယ်......... ပင်အားလုံးအဆက်အသွယ်ရှိတယ်...... SPI Mode မှာတော့ ပင်အနည်းငယ်အဆက်အသွယ်မရှိဘူး........... ပင်အကုန်လုံးမသုံးဘူး........... ဒီလိုဆိုရင်တော့ ခွဲလို့ လွယ်လောက်မယ်ထင်ပါတယ်..............



Micro SD ကဒ် ရဲ့ SD Mode မှာ အလုပ်လုပ်တဲ့ ပင်တွေအကြောင်းနဲ့ အမျိုးအစား


  • Pin No. (1) DAT 2 - Data ကူးယူမူကို 2bit အထိ တိုက်ရိုက်ဆောင်ရွက်နိုင်တဲ့ Data လမ်းကြောင်း
  • Pin No. (2) DAT 3/CD - Data ကူးယူမူကို 3bit အထိဆောင်ရွတ်နိုင်ပြီး Card Detect လမ်းကြောင်းလည်းဖြစ်သည်
  • Pin No. (3) CMD - ဒေတာကူးမူကို CPUက စေခိုင်းတဲ့လမ်းကြောင်း Command Line
  • PIn No. (4) Vcc - Power IC ကနေ အပေါင်းဗို့ ပေးတဲ့လမ်းကြောင်း
  • Pin No. (5) CLK - 1bit လောက်ကူးယူမူပြုတိုင်း အချက်ပြလှိုင်း 0 MHz to 50 MHz ကြားထုတ်ပေးတဲ့ Clock line
  • Pin No. (6) Vss - Ground တနည်းအားဖြင့် အနုတ်ဗို့ ပေးတဲ့လမ်းကြောင်း
  • Pin No. (7) DAT 0 - Data ကူးယူမူ ကို 0 bit ဆောင်ရွတ်နိုင်တဲ့ Data လမ်းကြောင်း
  • Pin No. (8) DAT 1 - Data ကူးယူမူ ကို 1 bit အထိဆောင်ရွတ်နိုင်တဲ့ Data လမ်းကြောင်း

   နောက်ဆုံး လမ်းကြောင်း တစ်ခုကျန်သေးတယ် Card မှာမပါဘူး....... ဖုန်းရဲ့ Card Slot မှာပါတယ်...... ခုလုပ်တစ်ခုလိုပဲ ကဒ်ထည့်လိုက်တော့မှ ငုတ်ကလေး သွားပူးတယ်....... အဲ့ကောင်လေးကတော့ အရေးကြီးဆုံးပဲ...... အဲ့ဒါလေး မပူးရင်သော်လည်းကောင်း ငုတ်လေး ကျိုးနေရင်သော်လည်းကောင်း မန်မိုရီကဒ်ကို လုံးဝမသိတော့ပါဘူး...... ကဒ်မသိတဲ့ဖုန်းတွေဆို အဲ့ကောင်လေး အရင်စစ်ကြည့်သင့်တယ်....... အဲ့ခလုပ်လေးကောင်းတယ်ဆိုမှ တစ်ခြားဟာတွေစစ်ပါ ။

  နောက်တစ်ခြားဟာတွေ စစ်တဲ့အခါမှာ ဗို့ လမ်းကြောင်းကို အဓိကထားစစ်ပါ....... Pin No.4 မှာ 2.8V ကနေ 3.6V ကြားရှိရပါမယ်..........


  မရှိဘူးဆိုရင် ESD Filter ကို စစ်ရပါမယ်..... အဲ့ဒါလေးကို Memory Card IC လို့ လည်းခေါ်ကြတယ်....... သူကတော့ Memory Card Slot နားမှာပဲရှိပါတယ်။ ပြောင်ပြောင်သေးသေးလေးပါ..... ရေဝင်တဲ့အလုံးတွေဆို ESD Filter ဖြုတ်လည်းလိုက်ရင် ကောင်းသွားတာများတယ်........ SPI Mode ကိုတော့ မရှင်းတော့ဘူး......... ဇယားကြည့်ပြီး နားလည်မယ်လို့ ထင်ပါတယ် ။ အဆင်ပြေပါစေ .....

Credit to Author

Post a Comment

0 Comments