Let's talk about PSU!



Power Supply Unit (ျမန္မာ့အေခၚ ပါဝါဆပ္ပလိုင္း) ဆိုတဲ့အရာက ကၽြန္ေတာ္တို့စီက ကြန္ပ်ဴတာအသုံးျပဳသူေတာ္ေတာ္မ်ားမ်ား PC တစ္လုံးဆင္တိုင္းဆင္တိုင္းမွာ သိပ္ဦးစားေပးျခင္းမခံရတဲ့ အရာတစ္ခု . .

PC (ကြန္ပ်ဴတာ) တစ္လုံးဝယ္မယ္ စီပီယူကို i ဘယ္ေလာက္သုံးမယ္၊ ရမ္ ဘယ္ႏွစ္ဂစ္ထည့္မယ္၊ ဂရပ္ဖစ္ကတ္ ဘယ္ေလာက္တန္ေလးထည့္ေပး စသျဖင့္ေရြးၾကေပမဲ့ ပါဝါဆပ္ပလိုင္းကိုေတာ့ ေနာက္ဆုံးမွေျပာၾကတယ္၊

အခ်ိဳ့ေသာဝယ္သူေတြဆို အဆင္ေျပသလိုသာထည့္ေပးပါဆိုၿပီး ဆိုင္ကိုေျပာၾကတယ္။

ဒီေတာ့ဆိုင္က ဝယ္သူရဲ့အေျခအေနကိုၾကည့္ပီး (မတတ္နိုင္တဲ့သူဆိုရင္) သာမာန္ ႏွစ္ေသာင္းခြဲ သုံးေသာင္းတန္ တစ္လုံးကိုေကာက္တပ္ေပးလိုက္ေရာ။

500W, 600W, 700W တစ္ခုခုထဲကေပါ့ေလ . .
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

ဒါေပမဲ့ ေဈးေတြက အဲ့ "တန္း" ထဲမွာပါပဲ။

တကယ္က ပါဝါဆပ္ပလိုင္း PSU ဆိုတာႀကီးက ကြန္ပ်ဴတာရဲ့ အဓိကအေရးပါအရာေရာက္တဲ့ အစိတ္အပိုင္းတစ္ခုဆိုတာ သူတို့သတိမထားမိၾကဘူး။

နားမလည္တာလည္း ပါပါလိမ့္မယ္ . .

ဒါကိုလည္း က်ေနာ္တို့က အျပစ္ေျပာလို့ေတာ့မရ။

ဆိုေတာ့ အေပၚကေျပာခဲ့တဲ့ သုံးေသာင္းတန္ေတြဆိုတာက လုံးဝစုတ္ျပတ္သတ္ၿပီး မသုံးသင့္ဘူးလားဆိုေတာ့လည္းမဟုတ္ဘူး။

ယခုေဆာင္းပါးကိုအဆုံးထိဖတ္ၿပီးရင္ သေဘာေပါက္ပါလိမ့္မယ္။

– Watt မ်ားတိုင္းေကာင္းသလား ?


PSU ဆိုတာက ကြန္ပ်ဴတာထဲက အစိတ္အပိုင္းအသီးသီးကို အလုပ္လုပ္ေစေအာင္ ပါဝါေပးရတဲ့သူပါ။

စီပီယူအတြက္ Watt ဘယ္ေလာက္
မားသားဘုတ္အတြက္ Watt ဘယ္ေလာက္
ဟာ့ဒစ္က ဘယ္ေလာက္

(ဂရပ္ဖစ္ကတ္စိုက္ထားရင္) အဲ့ကတ္အတြက္ဘယ္ေလာက္ စသျဖင့္ သူတို့ေတြေတာင္းဆိုသမၽွကို PSU က ထုတ္ေပးရပါတယ္။
ဒီေတာ့ PSU ရဲ့ အလုပ္လုပ္နိုင္စြမ္းကို သူဘယ္ေလာက္ထုတ္ေပးနိုင္သလည္းဆိုတဲ့ Watt နဲ႔တိုင္းတာပါတယ္။

i9-9900K
RX 5700 XT

သုံးထားတဲ့စက္မ်ိဳးမွာ 500W ေလာက္ PSU သြားတပ္သုံးရင္ မနိုင္ဝန္ထမ္းရၿပီး ေညႇာ္နံ့ေတြနဲ႔ သင့္ရဲ့ တန္ဖိုးႀကီး $2000 ေက်ာ္တန္ PC ႀကီး ပလုံသြားနိုင္ပါတယ္။

အဲ့အစိတ္အပိုင္းႏွစ္မ်ိဳးအတြက္နဲ႔တင္ full load မွာ 320W ေလာက္ ေပးေနရၿပီ။

ဒီလို PC မ်ိဳးအတြက္ အနည္းဆုံး 600W PSU ကို မျဖစ္မေနသုံးရပါမယ္။

ေခါင္းစဥ္ကိုေျဖရရင္ Watt မ်ားတိုင္းေကာင္းတာမဟုတ္ပါဘူး၊ ဒါေပမဲ့ (ကိုယ္က ေနာင္တခ်ိန္ အစိတ္အပိုင္းသစ္ေတြထပ္တိုးအုံးမယ္ဆိုရင္) Watt မ်ားေလေလ ပိုစိတ္ခ်ရေလေလပါပဲ။

i3 (မည့္သည့္ Gen ျဖစ္ျဖစ္) နဲ႔ GTX 1050, RAM 8GB ပီစီတစ္စုံအတြက္ 500W ေလာက္ရွိရင္ လုံေလာက္ပါတယ္။

အဲဒီမွာ သတိျပဳရမွာက reliable ျဖစ္/မျဖစ္ပါ။ အေပၚမွာေျပာခဲ့တဲ့ ႏွစ္ေသာင္းခြဲတန္ 500W နဲ႔ Thermaltake လို branded 500W (ေဈးမွာ ငါးေသာင္းပတ္လည္တြင္ရွိနိုင္)

ဘာေတြကြာသြားလည္းဆိုတာပါပဲ။ ရိုးရိုးနဲ႔ branded အၾကား အဓိက စကားေျပာသြားတာက သက္တမ္းနဲ႔ Watt ထုတ္ေပးနိုင္မွု ဆိုတဲ့ႏွစ္ခ်က္ပါ။

တန္ဖိုးနည္း PSU ေတြက စြမ္းအင္ျဖဳန္းတီးမွုမ်ားပါတယ္၊

(ေအာက္တြင္ သီးသန႔္ ေခါင္းစဥ္နဲ႔ေရးေပးထားပါတယ္)

ေနာက္တစ္ခ်က္က Watt ကို အျပည့္ထုတ္မေပးနိုင္ပါဘူး။ အျပည့္ထုတ္ေပးသည့္တိုင္ေအာင္ ေရရွည္မွာ load ၾကာၾကာအဆြဲမခံပဲ သက္တမ္းက် ျမန္ေလ့ရွိပါတယ္။

ဝယ္ဝယ္ျခင္း ေလးငါးလေလာက္ ပုံမွန္အတိုင္းအလုပ္လုပ္ေပမဲ့ ေနာက္ပိုင္း harddisk 4TB, 8TB လိုမ်ိဳး ေတြမွာ ပါဝါအျပည့္မရေတာ့ပဲ တရႊီရႊီျဖစ္ေနတာမ်ိဳးပါ။

(ဒါက harddisk မေကာင္းေတာ့တာျဖစ္နိုင္သလို PSU ပါဝါအျပည့္ထုတ္မေပးနိုင္တဲ့အခါမ်ိဳးမွာလည္း ျဖစ္တတ္ပါတယ္)

brandard ေတြမွာက အျပည့္ထုတ္ေပးနိုင္သလို သက္တမ္းအရလည္း အဆိုပါ တန္ဖိုးနည္းေတြထက္ ပိုၾကာေလ့ရွိပါတယ္။

factory fault ျဖစ္ေလ့ျဖစ္ထလည္း နည္းပါတယ္။

တန္ဖိုးနည္း PSU ေတြက ပၽွမ္းမၽွ တစ္ႏွစ္ကေန ႏွစ္ႏွစ္သက္တမ္းရွိၿပီး branded ကေတာ့ ႏွစ္ႏွစ္ကေန ငါးႏွစ္အထိ ရွိတတ္ပါတယ္။

(က်ေနာ္သုံးခဲ့တဲ့ Thermaltake Litepower 600W ဆိုရင္ 2016 ကတည္းကျဖစ္ၿပီး လြန္ခဲ့တဲ့ ေလးငါးရက္ေလာက္ကမွ သူ႔ကို အနားေပးလိုက္ပါတယ္၊
ပ်က္သြား၍မဟုတ္ပဲ Cooler Master MWE Gold 650W Full Modular ကို အစားထိုးသုံးလိုက္ေသာေၾကာင့္ျဖစ္ပါတယ္)

ကိုယ္က ဂရပ္ဖစ္ကတ္တပ္သုံးမယ္ စီပီယူကို i ထည့္မယ္ဆိုရင္ စိတ္ခ်ရတဲ့ (ေဈး ႏွစ္ဆေလာက္ပိုတဲ့) branded PSU ကို သုံးသင့္ပါတယ္။

ဘာဂရပ္ဖစ္ကတ္အျမင့္မွထည့္ဘူး၊ သုံးမွာကလည္း သာမန္ Office suit ေလာက္ပဲ၊ စရိတ္လည္း တတ္နိုင္သမၽွ ေခၽြတာလိုတယ္ဆိုရင္ေတာ့ ႏွစ္ေသာင္းခြဲတန္ေတြနဲ႔လည္းျပသနာမရွိပါ၊ သုံးလို့ရပါတယ္။

— PSU ႏွင့္ စြမ္းအင္အေလအလြင့္


PSU ေတြမွာပါတဲ့ 80 Plus/Bronze/Silver/Gold တို့ကဘာေတြလည္း . ..

အဲ့စာနဲ႔ စေတကာ (sticker) ကပ္ အမွတ္အသားျပဳထားတဲ့ PSU ေတြက ဘာေၾကာင့္ ေဈး အဆမတန္မ်ားျပားေနရတာလည္း။

ယခုအကန႔္ထဲကအေၾကာင္းအရာ စကားလုံးေတြက PC Gaming နယ္ပယ္ထဲကသူေတြအတြက္ရင္းႏွီးၿပီးသားျဖစ္ေနေပမဲ့ ျပင္ပသူေတြအတြက္က စိမ္းေနပါလိမ့္မယ္။

က်ေနာ့္အေနနဲ႔ နားလည္လြယ္ေအာင္ အတတ္နိုင္ဆုံးေရးေပးသြားပါ့မယ္။

ရိုးရိုးေလးေတြးမယ္ဆိုရင္ 500W PSU တစ္လုံးဟာ နံရံ wall plug ကေန 500W စုပ္ယူမယ္၊ ၿပီးရင္ ကြန္ျပဴတာအစိတ္အပိုင္းေတြကို သူ႔ဟာနဲ႔သူ ျဖန႔္ထုတ္ေပးမယ္ ဆိုၿပီး က်ေနာ္တို့ထင္ၾကလိမ့္မယ္။

တကယ္က အဲ့ေလာက္မရိုးရွင္းဘူး။

ၾကားထဲမွာ အေလအလြင့္ျဖစ္သြားတာေတြရွိတယ္။

500W ရွိတဲ့ PSU တစ္လုံးဟာ 50℅ efficiency ရွိတယ္လို့ေျပာထားရင္ သူဟာ full load မွာ နံရံမိန္းပလပ္ကေန အျမင့္ဆုံး 1000W အထိဆြဲယူစားသုံးပါလိမ့္မယ္။ (မီတာခ ပိုကုန္လာမယ္)

ဒီၾကားထဲ ပိုစုပ္ယူမိထားတဲ့ 500W က ကိုယ့္အတြက္ ဘာအက်ိဴးမွမရွိတဲ့ waste သပ္သပ္ (အေလအလြင့္) ျဖစ္သြားတယ္။
အဲဒီအေလအလြင့္ေတြက heat (အပူစြမ္းအင္) အျဖစ္ေရာက္ရွိသြားတယ္။
ရိုးရိုးေလးေျပာရရင္ ပါဝါဆပ္ပလိုင္းႀကီး ပူလာသည္ေပါ့။

efficiency % နည္းေလေလ waste မ်ားေလေလ ပိုပူေလေလ မီတာခပိုတက္ေလေလပါပဲ။

80 Plus ဆိုတာ 80℅ efficiency ရွိတယ္လို့ေျပာတာပါ။
အဲ့ဒီမွာ သူ႔ကိုလည္း level ေတြထပ္ခြဲထားပါတယ္။

80 Plus = 80℅
80 Plus Bronze = 82℅
80 Plus Silver = 85℅
80 Plus Gold = 87℅
80 Plus Platinum = 89℅
80 Plus Titanium = 94℅

500W PSU တစ္လုံးအေပၚအေျခခံၿပီး ေျပာရမယ္ဆိုရင္


500W Normal = 500/0.5 = 1000W
500W 80 Plus = 500/0.8 = 625W
500W 80 Plus Bronze = 500/0.82 = 610W
500W 80 Plus Silver = 500/0.85 = 588W
500W 80 Plus Gold = 500/0.87 = 575W
500W 80 Plus Platinum = 500/0.89 = 562W
500W 80 Plus Titanium = 500/0.94 = 532W

ဘာ 80 Plus တံဆိပ္မွတပ္မထားတဲ့ normal PSU တစ္လုံးရဲ့ efficiency က 50℅~60℅ ပတ္လည္မွာရွိပါတယ္။ 80 Plus တံဆိပ္ မပါတာျခင္းအတူတူ ႏွစ္ေသာင္းခြဲတန္ေတြက brandard ထက္ efficiency ျဖစ္မွု နိမ့္ပါးပါတယ္။

(ေဖာ္ျပပါ efficiency % မွာ full load တြင္ အေျခခံၿပီး ေဖာ္ျပထားျခင္းျဖစ္ပါတယ္၊ သက္ဆိုင္ရာ load အလိုက္ efficient ျဖစ္မွု ကြာပါေသးတယ္)

အဆိုပါ 80 Plus certified PSU ေတြဟာ ေဈးႏွုန္းအားျဖင့္လည္း ႀကီးျမင့္ေလ့ရွိၿပီး Watt အတူတူ brand အတူတူျဖစ္ရင္ေတာင္ Rating (silver လား gold လား စသျဖင့္) အေပၚမူတည္ၿပီး ေဈးႏွုန္းကြာဟခ်က္က သိသိသာသာစကားေျပာပါတယ္။

ေငြေၾကးတတ္နိုင္ရင္ 80 Plus Certified PSU ေတြကိုသုံးသင့္ပါတယ္။

waste ထြက္နည္းတဲ့အတြက္ အပူလည္းနည္းသလို ေနာက္ဆက္တြဲအေနနဲ႔ PSU အတြင္း ပန္ကာတဝူးဝူးျဖစ္ေနၿပီး နားဒုကၡေပးျခင္းလည္းသက္သာသြားပါလိမ့္မယ္။

— PSU ေတြမွာ Modular ဆိုတာဘာလည္း ?


Modular ဆိုတာ ႀကိဳးေတြကို socket နဲ႔ အျဖဳတ္အတပ္လုပ္လို့ရျခင္းကိုေျပာတာပါ။

Modular မွာ Semi နဲ႔ Full ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။

Full ကေတာ့ရွင္းပါတယ္၊ ႀကိဳးအားလုံး အျဖဳတ္တပ္ရပါတယ္။
Cable Mod ကိုစိတ္ႀကိဳက္ျပဳလုပ္ခ်င္သူေတြအတြက္ အေကာင္းဆုံးပါပဲ။

Semi မွာ မ်ားေသာအားျဖင့္
24-pin power connector
PCIe connector
CPU connector
အတြက္ကလြဲရင္ က်န္တာက အေသျဖစ္ပါတယ္။

ထုံးစံအတိုင္း Semi က ေဈးပိုသက္သာသြားမွာပါ။

ဒီေလာက္ဆိုရင္ PSU နဲ႔ပါတ္သတ္ၿပီး အတန္အသင့္နားလည္သေဘာေပါက္သြားမယ္လို့ေမၽွာ္လင့္ပါတယ္။

Credit to Original Writer, Seo Thu Aung

Unicode





Let's talk about PSU!


Power Supply Unit (မြန်မာ့အခေါ် ပါဝါဆပ်ပလိုင်း) ဆိုတဲ့အရာက ကျွန်တော်တို့စီက ကွန်ပျူတာအသုံးပြုသူတော်တော်များများ PC တစ်လုံးဆင်တိုင်းဆင်တိုင်းမှာ သိပ်ဦးစားပေးခြင်းမခံရတဲ့ အရာတစ်ခု . .

Credit to Original Writer, Seo Thu Aung

PC (ကွန်ပျူတာ) တစ်လုံးဝယ်မယ် စီပီယူကို i ဘယ်လောက်သုံးမယ်၊ ရမ် ဘယ်နှစ်ဂစ်ထည့်မယ်၊ ဂရပ်ဖစ်ကတ် ဘယ်လောက်တန်လေးထည့်ပေး စသဖြင့်ရွေးကြပေမဲ့ ပါဝါဆပ်ပလိုင်းကိုတော့ နောက်ဆုံးမှပြောကြတယ်၊

အချို့သောဝယ်သူတွေဆို အဆင်ပြေသလိုသာထည့်ပေးပါဆိုပြီး ဆိုင်ကိုပြောကြတယ်။

ဒီတော့ဆိုင်က ဝယ်သူရဲ့အခြေအနေကိုကြည့်ပီး (မတတ်နိုင်တဲ့သူဆိုရင်) သာမာန် နှစ်သောင်းခွဲ သုံးသောင်းတန် တစ်လုံးကိုကောက်တပ်ပေးလိုက်ရော။

500W, 600W, 700W တစ်ခုခုထဲကပေါ့လေ . .

ဒါပေမဲ့ ဈေးတွေက အဲ့ "တန်း" ထဲမှာပါပဲ။

တကယ်က ပါဝါဆပ်ပလိုင်း PSU ဆိုတာကြီးက ကွန်ပျူတာရဲ့ အဓိကအရေးပါအရာရောက်တဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ သူတို့သတိမထားမိကြဘူး။

နားမလည်တာလည်း ပါပါလိမ့်မယ် . .

ဒါကိုလည်း ကျနော်တို့က အပြစ်ပြောလို့တော့မရ။

ဆိုတော့ အပေါ်ကပြောခဲ့တဲ့ သုံးသောင်းတန်တွေဆိုတာက လုံးဝစုတ်ပြတ်သတ်ပြီး မသုံးသင့်ဘူးလားဆိုတော့လည်းမဟုတ်ဘူး။

ယခုဆောင်းပါးကိုအဆုံးထိဖတ်ပြီးရင် သဘောပေါက်ပါလိမ့်မယ်။

– Watt များတိုင်းကောင်းသလား ?


PSU ဆိုတာက ကွန်ပျူတာထဲက အစိတ်အပိုင်းအသီးသီးကို အလုပ်လုပ်စေအောင် ပါဝါပေးရတဲ့သူပါ။

စီပီယူအတွက် Watt ဘယ်လောက်
မားသားဘုတ်အတွက် Watt ဘယ်လောက်
ဟာ့ဒစ်က ဘယ်လောက်

(ဂရပ်ဖစ်ကတ်စိုက်ထားရင်) အဲ့ကတ်အတွက်ဘယ်လောက် စသဖြင့် သူတို့တွေတောင်းဆိုသမျှကို PSU က ထုတ်ပေးရပါတယ်။

ဒီတော့ PSU ရဲ့ အလုပ်လုပ်နိုင်စွမ်းကို သူဘယ်လောက်ထုတ်ပေးနိုင်သလည်းဆိုတဲ့ Watt နဲ့တိုင်းတာပါတယ်။

i9-9900K
RX 5700 XT

သုံးထားတဲ့စက်မျိုးမှာ 500W လောက် PSU သွားတပ်သုံးရင် မနိုင်ဝန်ထမ်းရပြီး ညှော်နံ့တွေနဲ့ သင့်ရဲ့ တန်ဖိုးကြီး $2000 ကျော်တန် PC ကြီး ပလုံသွားနိုင်ပါတယ်။

အဲ့အစိတ်အပိုင်းနှစ်မျိုးအတွက်နဲ့တင် full load မှာ 320W လောက် ပေးနေရပြီ။

ဒီလို PC မျိုးအတွက် အနည်းဆုံး 600W PSU ကို မဖြစ်မနေသုံးရပါမယ်။

ခေါင်းစဉ်ကိုဖြေရရင် Watt များတိုင်းကောင်းတာမဟုတ်ပါဘူး၊

ဒါပေမဲ့ (ကိုယ်က နောင်တချိန် အစိတ်အပိုင်းသစ်တွေထပ်တိုးအုံးမယ်ဆိုရင်) Watt များလေလေ ပိုစိတ်ချရလေလေပါပဲ။

i3 (မည့်သည့် Gen ဖြစ်ဖြစ်) နဲ့ GTX 1050, RAM 8GB ပီစီတစ်စုံအတွက် 500W လောက်ရှိရင် လုံလောက်ပါတယ်။

အဲဒီမှာ သတိပြုရမှာက reliable ဖြစ်/မဖြစ်ပါ။

အပေါ်မှာပြောခဲ့တဲ့ နှစ်သောင်းခွဲတန် 500W နဲ့ Thermaltake လို branded 500W (ဈေးမှာ ငါးသောင်းပတ်လည်တွင်ရှိနိုင်)

ဘာတွေကွာသွားလည်းဆိုတာပါပဲ။

ရိုးရိုးနဲ့ branded အကြား အဓိက စကားပြောသွားတာက သက်တမ်းနဲ့ Watt ထုတ်ပေးနိုင်မှု ဆိုတဲ့နှစ်ချက်ပါ။

တန်ဖိုးနည်း PSU တွေက စွမ်းအင်ဖြုန်းတီးမှုများပါတယ်၊

(အောက်တွင် သီးသန့် ခေါင်းစဉ်နဲ့ရေးပေးထားပါတယ်)
နောက်တစ်ချက်က Watt ကို အပြည့်ထုတ်မပေးနိုင်ပါဘူး။
အပြည့်ထုတ်ပေးသည့်တိုင်အောင် ရေရှည်မှာ load ကြာကြာအဆွဲမခံပဲ သက်တမ်းကျ မြန်လေ့ရှိပါတယ်။

ဝယ်ဝယ်ခြင်း လေးငါးလလောက် ပုံမှန်အတိုင်းအလုပ်လုပ်ပေမဲ့ နောက်ပိုင်း harddisk 4TB, 8TB လိုမျိုး တွေမှာ ပါဝါအပြည့်မရတော့ပဲ တရွှီရွှီဖြစ်နေတာမျိုးပါ။

(ဒါက harddisk မကောင်းတော့တာဖြစ်နိုင်သလို PSU ပါဝါအပြည့်ထုတ်မပေးနိုင်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်)

brandard တွေမှာက အပြည့်ထုတ်ပေးနိုင်သလို သက်တမ်းအရလည်း အဆိုပါ တန်ဖိုးနည်းတွေထက် ပိုကြာလေ့ရှိပါတယ်။

factory fault ဖြစ်လေ့ဖြစ်ထလည်း နည်းပါတယ်။

တန်ဖိုးနည်း PSU တွေက ပျှမ်းမျှ တစ်နှစ်ကနေ နှစ်နှစ်သက်တမ်းရှိပြီး branded ကတော့ နှစ်နှစ်ကနေ ငါးနှစ်အထိ ရှိတတ်ပါတယ်။

(ကျနော်သုံးခဲ့တဲ့ Thermaltake Litepower 600W ဆိုရင် 2016 ကတည်းကဖြစ်ပြီး လွန်ခဲ့တဲ့ လေးငါးရက်လောက်ကမှ သူ့ကို အနားပေးလိုက်ပါတယ်၊ ပျက်သွား၍မဟုတ်ပဲ Cooler Master MWE Gold 650W Full Modular ကို အစားထိုးသုံးလိုက်သောကြောင့်ဖြစ်ပါတယ်)

ကိုယ်က ဂရပ်ဖစ်ကတ်တပ်သုံးမယ် စီပီယူကို i ထည့်မယ်ဆိုရင် စိတ်ချရတဲ့ (ဈေး နှစ်ဆလောက်ပိုတဲ့) branded PSU ကို သုံးသင့်ပါတယ်။

ဘာဂရပ်ဖစ်ကတ်အမြင့်မှထည့်ဘူး၊

သုံးမှာကလည်း သာမန် Office suit လောက်ပဲ၊ စရိတ်လည်း တတ်နိုင်သမျှ ချွေတာလိုတယ်ဆိုရင်တော့ နှစ်သောင်းခွဲတန်တွေနဲ့လည်းပြသနာမရှိပါ၊

သုံးလို့ရပါတယ်။

— PSU နှင့် စွမ်းအင်အလေအလွင့်


PSU တွေမှာပါတဲ့ 80 Plus/Bronze/Silver/Gold တို့ကဘာတွေလည်း . ..

အဲ့စာနဲ့ စတေကာ (sticker) ကပ် အမှတ်အသားပြုထားတဲ့ PSU တွေက ဘာကြောင့် ဈေး အဆမတန်များပြားနေရတာလည်း။

ယခုအကန့်ထဲကအကြောင်းအရာ စကားလုံးတွေက PC Gaming နယ်ပယ်ထဲကသူတွေအတွက်ရင်းနှီးပြီးသားဖြစ်နေပေမဲ့ ပြင်ပသူတွေအတွက်က စိမ်းနေပါလိမ့်မယ်။

ကျနော့်အနေနဲ့ နားလည်လွယ်အောင် အတတ်နိုင်ဆုံးရေးပေးသွားပါ့မယ်။

ရိုးရိုးလေးတွေးမယ်ဆိုရင် 500W PSU တစ်လုံးဟာ နံရံ wall plug ကနေ 500W စုပ်ယူမယ်၊ ပြီးရင် ကွန်ပြူတာအစိတ်အပိုင်းတွေကို သူ့ဟာနဲ့သူ ဖြန့်ထုတ်ပေးမယ် ဆိုပြီး ကျနော်တို့ထင်ကြလိမ့်မယ်။

တကယ်က အဲ့လောက်မရိုးရှင်းဘူး။ ကြားထဲမှာ အလေအလွင့်ဖြစ်သွားတာတွေရှိတယ်။

500W ရှိတဲ့ PSU တစ်လုံးဟာ 50℅ efficiency ရှိတယ်လို့ပြောထားရင် သူဟာ full load မှာ နံရံမိန်းပလပ်ကနေ အမြင့်ဆုံး 1000W အထိဆွဲယူစားသုံးပါလိမ့်မယ်။

(မီတာခ ပိုကုန်လာမယ်)

ဒီကြားထဲ ပိုစုပ်ယူမိထားတဲ့ 500W က ကိုယ့်အတွက် ဘာအကျိူးမှမရှိတဲ့ waste သပ်သပ် (အလေအလွင့်) ဖြစ်သွားတယ်။ အဲဒီအလေအလွင့်တွေက heat (အပူစွမ်းအင်) အဖြစ်ရောက်ရှိသွားတယ်။

ရိုးရိုးလေးပြောရရင် ပါဝါဆပ်ပလိုင်းကြီး ပူလာသည်ပေါ့။

efficiency % နည်းလေလေ waste များလေလေ ပိုပူလေလေ မီတာခပိုတက်လေလေပါပဲ။

80 Plus ဆိုတာ 80℅ efficiency ရှိတယ်လို့ပြောတာပါ။

အဲ့ဒီမှာ သူ့ကိုလည်း level တွေထပ်ခွဲထားပါတယ်။

80 Plus = 80℅

80 Plus Bronze = 82℅

80 Plus Silver = 85℅

80 Plus Gold = 87℅

80 Plus Platinum = 89℅

80 Plus Titanium = 94℅

500W PSU တစ်လုံးအပေါ်အခြေခံပြီး ပြောရမယ်ဆိုရင်


500W Normal = 500/0.5 = 1000W

500W 80 Plus = 500/0.8 = 625W

500W 80 Plus Bronze = 500/0.82 = 610W

500W 80 Plus Silver = 500/0.85 = 588W

500W 80 Plus Gold = 500/0.87 = 575W

500W 80 Plus Platinum = 500/0.89 = 562W

500W 80 Plus Titanium = 500/0.94 = 532W

ဘာ 80 Plus တံဆိပ်မှတပ်မထားတဲ့ normal PSU တစ်လုံးရဲ့ efficiency က 50℅~60℅ ပတ်လည်မှာရှိပါတယ်။ 80 Plus တံဆိပ် မပါတာခြင်းအတူတူ နှစ်သောင်းခွဲတန်တွေက brandard ထက် efficiency ဖြစ်မှု နိမ့်ပါးပါတယ်။

(ဖော်ပြပါ efficiency % မှာ full load တွင် အခြေခံပြီး ဖော်ပြထားခြင်းဖြစ်ပါတယ်၊ သက်ဆိုင်ရာ load အလိုက် efficient ဖြစ်မှု ကွာပါသေးတယ်)

အဆိုပါ 80 Plus certified PSU တွေဟာ ဈေးနှုန်းအားဖြင့်လည်း ကြီးမြင့်လေ့ရှိပြီး Watt အတူတူ brand အတူတူဖြစ်ရင်တောင် Rating (silver လား gold လား စသဖြင့်) အပေါ်မူတည်ပြီး ဈေးနှုန်းကွာဟချက်က သိသိသာသာစကားပြောပါတယ်။

ငွေကြေးတတ်နိုင်ရင် 80 Plus Certified PSU တွေကိုသုံးသင့်ပါတယ်။

waste ထွက်နည်းတဲ့အတွက် အပူလည်းနည်းသလို နောက်ဆက်တွဲအနေနဲ့ PSU အတွင်း ပန်ကာတဝူးဝူးဖြစ်နေပြီး နားဒုက္ခပေးခြင်းလည်းသက်သာသွားပါလိမ့်မယ်။

— PSU တွေမှာ Modular ဆိုတာဘာလည်း ?


Modular ဆိုတာ ကြိုးတွေကို socket နဲ့ အဖြုတ်အတပ်လုပ်လို့ရခြင်းကိုပြောတာပါ။

Modular မှာ Semi နဲ့ Full ဆိုပြီး နှစ်မျိုးရှိပါတယ်။

Full ကတော့ရှင်းပါတယ်၊ ကြိုးအားလုံး အဖြုတ်တပ်ရပါတယ်။
Cable Mod ကိုစိတ်ကြိုက်ပြုလုပ်ချင်သူတွေအတွက် အကောင်းဆုံးပါပဲ။

Semi မှာ များသောအားဖြင့်

24-pin power connector
PCIe connector
CPU connector
အတွက်ကလွဲရင် ကျန်တာက အသေဖြစ်ပါတယ်။

ထုံးစံအတိုင်း Semi က ဈေးပိုသက်သာသွားမှာပါ။

ဒီလောက်ဆိုရင် PSU နဲ့ပါတ်သတ်ပြီး အတန်အသင့်နားလည်သဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ်။

Credit to Original Writer, Seo Thu Aung

Post a Comment

0 Comments