စာဖတ်မရလျှင် ဒီကိုနှိပ်ပါ Zawgyi version
Subscription နဲ့ Final Fantasy XIV ကို စမ်းဆော့ကြည့်ချင်တယ်။ free ဆော့လို့ရတဲ့ trial version ရှိတယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် အဲ့ဒီ free trial version က ဘယ်လိုပုံမျိုးလဲ? ဘာအထိ ဆော့နိုင်လဲ? အချိန်အကန့်အသတ် ရှိတာလား? မရှိဘူးလား? ဇဝေဇဝါ ဖြစ်နေတဲ့သူတွေအတွက် ရှင်းလင်းအောင် ရေးပြလိုက်ရပါတယ်။
> Final Fantasy XIV online Free trial version က ဘယ်လိုရှိလဲ?
Final Fantasy XIV free trial version ဟာ free ဖြစ်တဲ့အတွက် subscription (လစဉ်ကြေးထည့်ဖို့) မလိုပါဘူး ။ free trial version မှာ ရှိသမျှ content တွေကို level 60 အထိ access ပေးထားပါတယ်။ ဩဂုတ်လ update "Patch 5.3" မှာတော့ level cap ကို 60 အထိ တိုးမြင့်လိုက်ပြီး expansion ဖြစ်တဲ့ "Heavensward" ကိုပါ ပေးဆော့လိုက်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအပိုင်းမှာ Stromblood မရောက်ခင်အထိ ပေးထားတာမို့ ဂိမ်းတစ်ခုလုံး ခြုံငုံကြည့်လိုက်ရင် 50% အထိ free ပေးထားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
> သတ်မှတ် level 60 ရောက်သွားရင် ဆက်ကစားလို့ရသေးလား?
ရပါတယ်။ level 60 ရောက်ပြီးနေလည်းပဲ အချိန် အကန့်အသတ်မရှိ ကြိုက်သလောက် ဆက်ကစားနေလို့ ရပါတယ်။ ပိတ်မသွားဘူး ။ အကောင့်ပျက်မသွားဘူး ။ level 60 အတွင်းပေးထားသမျှ dungeon ၊ trial စတာ တွေ အကုန် ကစားလို့ရတယ်။ ပြီးတော့ unlock လုပ်လို့ရတဲ့ class မှန်သမျှ အကုန် level 60 အထိ တင်လို့ရတယ်။ ဒါပေမယ့် level တွေကတော့ 60 ကနေ လုံးဝမတက်တော့ပါဘူး။ exp တွေရနေလည်းပဲ level 60 ကျော်ပြီး တက်သွားဖို့ မရှိဘူးပေါ့။ ထို့အတူ game content တွေလည်း level 60 အထိပဲ access ပေးတော့တယ် ။ level 60 ကျော်မှ ဝင်လို့ရတဲ့နေရာ သွားမိရင် ဂိမ်းဝယ်ပါဆိုတဲ့ စာသားပေါ်လာပြီး တားမြစ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ် ။
> Game data size ဘယ်လောက် down ရမှာလဲ?
Trial version ဆို 38GB ပတ်လည် လောက်ရှိပါတယ်။ Full version ဝယ်လိုက်ပြီဆိုမှ ကိုယ်ဝယ်လိုက်တဲ့ အမျိုးအစား (ဥပမာ main game သို့ expansion) အလိုက် လိုအပ်တဲ့ data ထပ် download သွားမှာ ဖြစ်ပါတယ်။ Main game + expansion ၃ ခုပါဆိုရင် အခုချိန်မှာ 46GB လောက်ရှိနေပါပြီ ။
> သူများဆီက game data ယူပြီး ထည့်လို့ရလား? ကိုယ့်ဟာကိုယ် ဒေါင်းရမှာလား?
ရပါတယ်။ သူများဆီက game data ကော်ပီယူပြီး ကိုယ့် ကွန်ပျူတာမှာ ထည့်ပြီး ဆော့လို့ရတယ်။ Steam ကနေပဲ account ဖွင့်ဆော့နေတာပဲ ဖြစ်ဖြစ်၊ သူ့ official page ကနေပဲဖြစ်ဖြစ် ဆော့နေသူ PC သမားတွေအနေနဲ့ လက်ရှိဆော့နေတဲ့သူတွေဆီက (ထိုသူသည် free trial version ဆော့နေသူ ဒါမှမဟုတ် ဂိမ်းဝယ်ထားပြီး expansion အကုန်ပိုင်ထားသည့်သူ၊ ဤသို့သောသူတွေဆီက) data ယူပြီး ထည့်ဆော့နိုင်ပါတယ်။ ဒါပေမယ့် PS4 သမားတွေတော့ အဲ့လို ကော်ပီယူလို့မရတာကြောင့် ကိုယ့်ဘာသာကိုယ် ဒေါင်းယူမှပဲ ရမှာ ဖြစ်ပါတယ်။
download မှာ resume ပေးတယ်ဆိုပေမယ့် တချို့တနေရာတွေမှာ resume မရတာမျိုး ဖြစ်တတ်တာကြောင့် data အလေအလွင့် ရှိကောင်းရှိနိုင်ပါတယ် ။ တဆက်တည်း download ဆွဲဖို့ အကြံပေးလိုပါတယ်။
> Class တစ်ခုတည်းပဲ သွားရမှာလဲ? တခြား Class တွေ ယူလို့ရလား? ဘယ်အချိန် unlock မှာလဲ?
ပထမဦးဆုံးအကြိမ် စကစားရင်တော့ class တစ်ခုတည်းနဲ့ပေါ့။ သို့သော်လည်း ဇာတ်လမ်းအပိုင်းမှာ level 10 လောက်ရောက်ရင် တခြား class တွေ unlock ဖြစ်ပါပြီ။ ဒီအချိန်ဆို သက်ဆိုင်ရာနေရာမှာ လိုက်ယူပြီး ကစားယုံပါပဲ။
> ဂိမ်းဝယ်လိုက်ရင် ဆော့နေဆဲတွေ အကုန် carry over ဖြစ်လား? ဒါမှမဟုတ် အစကနေ ပြန် ဆော့ရမှာလား?
အစကနေ ပြန်ဆော့စရာမလိုပါဘူး ။ ဂိမ်းဝယ်လိုက်ရင်လည်း free တုန်းက ဆော့ခဲ့တဲ့နေရာ လက်ရှိဆော့နေတဲ့နေရာကနေ ပြန်ရပါတယ် ။ ကစားထားပြီးသမျှ အကုန် carry over ဖြစ်ပါတယ် ။ ဒါပေမယ့် ကိုယ်ဆော့နေတဲ့ အကောင့်မှာ ဂိမ်းကို ဝယ်ပြီး register လုပ်ထားမိဖို့ လိုပါတယ် ။
> Free Trial version မှာ class ဘယ်နှစ်ခုလောက် ပေးထားလဲ?
Tank class ၃ ခု
Healer class ၃ ခု
DPS class ၇ ခု
Non-combat class ၁၃ ခု ပေးထားပါတယ်။
> Mount ပေးလား?
ပေးပါတယ်။ ဇာတ်လမ်းအပိုင်းမှာ level 20 ရောက်ရင် Chocobo mount ရပါတယ်။ ကိုယ်နဲ့ အတူတူ ကူဖိုက်ပေးမယ့် companion Chocobo လေးကိုတော့ level 30 ကျမှ ရမှာ ဖြစ်ပါတယ်။
> Trial version မှာ ကန့်သတ်ထားတာတွေကတော့
#Free Company (guild) ဝင်လို့မရပါ။
#မိမိကစ Party ဖွဲ့လို့မရပါ။ တပါးသူက လာဖွဲ့လို့ ရပါတယ်။
#Friend invite လက်ခံလို့ ရပါတယ်။
#Retainer ခေါ်လို့မရပါ။
#Marketboard သုံးလို့မရပါ။
> မြန်မာတွေ အများဆုံးရှိတဲ့ server တွေက
"Elemental" server, "Tonberry" World
နှင့်
"Mana" server, "Hades" World ပဲ ဖြစ်ပါတယ်။
ဒီအထဲ "Mana" server, "Hades" World မှာရှိတဲ့ Bro Nyanthuthu ရဲ့ FC (guild) လေးကတော့ active အဖြစ်အများဆုံး group လေးဖြစ်ပြီး အများကြီး ကူညီပေးကြတာမို့ in game မှာ အခက်တွေ့နေရင် ဆက်သွယ် အကူအညီ တောင်းနိုင်ပါတယ်။
Tonberry World [Elemental server] က guild (FC) လေးပါ => https://na.finalfantasyxiv.com/lodestone/freecompany/9233505136016360432/
Hades World [Mana server] က guild (FC) လေးပါ => https://eu.finalfantasyxiv.com/lodestone/freecompany/9229986698807564236/
> Final Fantasy XIV Free Trial version
Final Fantasy XIV free trial version ကို > Final Fantasy XIV Free Trial version
ဒီကနေ ဝင်ပြီး လိုအပ်တာတွေ ဖြည့်ပါ။ region မှာ ရွေးရရင်တော့ နောက်ပိုင်း ကိုယ်ဝယ်ဆော့ဖြစ်မယ်ဆိုရင် North America ကို ရွေးထားပေးပါ။ ဖြည့်ပြီးတာနဲ့ ကိုယ့် PC ပေါ် launcher ဒေါင်းလုဒ် ချပါ။ ထို launcher ကနေတဆင့် data file ဒေါင်းလုဒ်ဆွဲပြီးနောက် ဝင်ဆော့လို့ရပါပြီ။
Steam ကတဆင့် ဆော့မယ်ဆိုရင်တော့ Steam က Final Fantasy XIV online page က Demo ကို download ဆွဲပါ ။ ဒီကနေတဆင့် mog station account ဖွင့်၊ ဖွင့်ပြီးရင် ထို account နဲ့ ဝင်၊ data download ချပြီးရင် ဆော့လို့ရပါပြီ ။
download မှာ resume ပေးတယ်ဆိုပေမယ့် တချို့တနေရာတွေမှာ resume မရတာမျိုး ဖြစ်တတ်တာကြောင့် data အလေအလွင့် ရှိကောင်းရှိနိုင်ပါတယ် ။ တဆက်တည်း download ဆွဲဖို့ အကြံပေးလိုပါတယ်။
Final Fantasy XIV launcher |
Steam ကနေပဲ account ဖွင့်ဆော့နေတာပဲ ဖြစ်ဖြစ်၊ သူ့ official page ကနေပဲဖြစ်ဖြစ် ဆော့နေသူ PC သမားတွေအနေနဲ့ လက်ရှိဆော့နေတဲ့သူတွေဆီက (ထိုသူသည် free trial version ဆော့နေသူ ဒါမှမဟုတ် ဂိမ်းဝယ်ထားပြီး expansion အကုန်ပိုင်ထားသည့်သူ၊ ဤသို့သောသူတွေဆီက) data ယူပြီး ထည့်ဆော့နိုင်ပါတယ်။ PS4 သမားတွေအတွက်တော့ ကိုယ်တိုင် download ဆွဲဖို့ တနည်းသာရှိပါတယ်။
သတိထားရမယ့်အချက်က account ဖွင့်ပြီးရင် Square Enix ID နှင့် Square Enix Password က အဓိကပါပဲ ။ ဒီ ၂ ခုပဲ သုံးစရာလိုပါတယ် ။ One-Time Password ဆိုတာကို ထည့်စဉ်းစားစရာမလိုပါဘူး ။ တော်တော်များများက အကောင့်ဖွင့်ပြီး ဝင်လို့မရဘူးလို့ ပြောကြတာဟာ ဒီ One-Time Password ဆိုတာနဲ့ တိုင်ပတ်နေကြလို့ပါပဲ ။ One-Time Password ဆိုတဲ့နေရာမှာ ဘာမှ ထည့်စရာမလိုပါဘူး ။ နေရာအလပ်အတိုင်း ထားထားပြီး Square Enix ID နှင့် Password (Mog Station မှာလည်း ထည့်သုံးပါတယ်) ရိုက်ထည့်ရုံပါပဲ ။
> တကယ်ဝယ်ဆော့တော့မယ်ဆိုရင် ဘယ်လို ဝယ်ရမှာလဲ?
ဒီနေရာမှာ သိထားဖို့တခုက Final Fantasy XIV online ဂိမ်းဟာ PC မှာ ၂ မျိုးရှိတယ်ဆိုတာပါပဲ ။ Steam version နှင့် ရိုးရိုး PC version ဆိုပြီးတော့ပါ ။ PlayStation user တွေမှာတော့ လွယ်ပါတယ် ။ PlayStation Store က သူ့ page မှာဝင်ပြီး ဝယ်လိုက်ယုံနဲ့ ပြီးပါပြီ ။
PC user တွေအတွက်ကတော့ နည်းနည်းရှုပ်လို့ ဝယ်တဲ့အခါ သေချာကြည့်ဝယ်ရပါမယ် ။ ကိုယ့်အကောင့်က steam ကနေ ဖွင့်ပြီး ဆော့ထားတဲ့အကောင့်ဖြစ်နေရင် ရိုးရိုး PC version ကို သွားဝယ်ထည့် လို့မရပါဘူး ။ version မကိုက်လို့ ဆော့မရ ဖြစ်လိမ့်မယ် ။ steam ကဖွင့်ပြီး ဆော့ထားတဲ့အကောင့်ဆိုရင် steam မှာရောင်းနေတဲ့ Final Fantasy XIV online ဆိုတာကို ဝယ်ရမှာပါ ။ Square Enix Official website ကနေတဆင့် အကောင့်ဖွင့်ပြီး ဆော့သမားတွေဟာ ရိုးရိုး PC version သမားတွေဖြစ်ပြီး သူတို့ကတော့ Square Enix Store မှာ ရောင်းနေတဲ့ Final Fantasy XIV online ဝယ်ထည့်မှသာ ရမှာ ဖြစ်ပါတယ် ။
Square Enix Store မှာတော့ PC version, PC (Steam) version, PS4 version အကုန်ရောင်းပါတယ် ။ ဝယ်တဲ့အခါမှာပဲ ကိုယ့်မှာရှိတဲ့ version နဲ့ ကိုက်ညီအောင် သေချာစစ်ဆေးပြီးမှ ဝယ်ယူဖို့ပဲ လိုပါတယ် ။
နောက်ပြီး account region လည်း ကြည့်ပေးရပါမယ် ။ PS user တွေကော PC user တွေကော ကိုယ်ဝယ်မယ့်ဂိမ်းရဲ့ region ဟာ ကိုယ်လက်ရှိဆော့နေတဲ့ account ရဲ့ region နှင့် ကိုက်ညီဖို့လိုပါတယ် ။
Final Fantasy XIV ဂိမ်းဝယ်နည်းကို ဒီမှာ အသေးစိတ်ပြထားပါတယ် ။
Final Fantasy XIV ဂိမ်းကဘာလဲ? ဘယ်လိုဝယ်ရလဲ?
Final Fantasy XIV short Review
> Final Fantasy XIV ဇာတ်လမ်းက ဘယ်လိုမျိုးလဲ?
ဇာတ်လမ်း Story ကတော့ FF XIV ရဲ့ တကယ့် အနှစ် ပဲ။ TV series တစ်ခုလို update တစ်ခုထွက်တိုင်း story နဲ့ content တွေက ပိုတိုးသွားတယ်။ စစပိုင်းကတော့ သာမာန် "Evil Empire vs Good guys" and save-the-world RPG plot ကနေပြီး တဖြည်းဖြည်းနဲ့ နိုင်ငံရေး အာဏာပြိုင်တာတွေ၊ ဘာသာရေးအဖွဲ့တွေရဲ့ corruption တွေ၊ လူမျိုးရေးပြသနာတွေ၊ နန်းတွင်းအရှုပ်တော်ပုံတွေ နဲ့ဇာတ်အိမ်က ကြီးလာတယ်။ Developer တွေပြောတဲ့ပုံအရ Story တစ်ခုလုံးက နောက်လေးနှစ်လောက်နေမှပြီးမှာဆိုပဲ။ Story ကို rush လုပ်ပြီးဆော့သွားရင်တော့ ဘာအရသာမှရှိမှာမဟုတ်ဘူးဆိုတာတော့ သတိထားရမယ်။
> Gameplay က ဘယ်လိုနေလဲ?
PvP တွေ PvE တွေပါပေမယ့် PvP ကတော့ အမှန်ပြောရရင် အဲ့လောက်ထိ focus သိပ်မလုပ်ထားဘူး။ Final Fantasy XIV ရဲ့ design philosophy ကိုက narrative/story နဲ့ team-play ကိုအဓိကထားတော့ PvE က main-focus ပဲ။ Game ရဲ့ အကောင်းဆုံး item set တွေကို အခက်ဆုံး PvE raid တွေကပဲရတယ်။ ဆိုတော့ End-Game focus က PvE ပဲ။
> Final Fantasy XIV ရဲ့ Battle-System ကဘယ်လိုလဲ?
Final Fantasy XII ရဲ့ battle system နဲ့ဆင်ပါတယ်။ Final Fantasy XII ကို speed up/Steamline လုပ်ထားတဲ့ပုံမျိုးပါ။ ချတာတွေအရမ်းမြန်နေတော့ action-RPG ပုံစံထင်ရပေမယ့် တကယ်က pure RPG ပါ။ ကိုယ် ခလုပ်ကို ဘယ်လောက်မြန်မြန်နှိပ်နိုင်သလဲ ဘယ်လိုရှောင်ပြီး ဘယ်လိုချရမယ်ဆိုတာထက် ဘယ် skill ကို ဘယ်အချိန်မှာသုံးရမယ် ဘာ skill နဲ့ တွဲသုံးရမယ် စတာမျိုးကပို အဓိကဖြစ်တဲ့ Skill-Rotation based combat ပါ။ Dungeon တွေဝင်ရင်တော့ role synergy လို့ခေါ်တဲ့ ကိုယ်ယူထားတဲ့ class ရဲ့ role အပေါ်မူတည်ပြီးတော့ teamwork ညီညီကစားတာက ပိုအဓိကကျတယ်။ (အဲ့လိုမဆော့ဘူးဆိုလည်းအကုန်ကြွပြီသာမှတ်)
> Class ဘယ်နှစ်ခုရှိလဲ?
Combat class 12 ခု နဲ့ Job (Advance Class) က 18 ခုရှိတယ်။ FF XIV ရဲ့အဓိကအားသာချက်က ကိုယ်ရဲ့ class တွေ job တွေကို ဘာ penalty မှမရှိ ဘယ် class မဆို ကြိုက်တဲ့အချိန် ကောက်ပြောင်းလို့ရတယ် ဆိုတော့ ကိုယ်က Tank လုပ်ရတာပျင်းလာလို့ DPS လုပ်ချင်ရင် character အသစ်ထပ်လုပ်စရာမလိုပါဘူး။ ကိုယ့်စိတ်ကြိုက် အခြေအနေအပေါ် မူတည်ပြီးဆော့လို့ရတယ်။
> Open World လား? Playerbase များလား?
World of Warcraft လို open world ကြီး မဟုတ်ပါဘူး။ Graphically detailed ဆောက်ထားတဲ့ Area တွေကို တစ်နေရာနဲ့ တစ်နေရာ ဆက်ထားတာပါ။ ဒါပေမယ့် သွားလို့ရတဲ့ area တွေ အကုန်ဆက်လိုက်ရင်တော့ Final Fantasy XIV ရဲ့ ကမ္ဘာက တော်တော်ကြီးတယ်လို့ ပြောလို့ရတယ်။ Mount တွေဘာတွေမရသေးခင် တစ်နေရာနဲ့တစ်နေရာကိုလမ်းလျှောက်သွားရတုန်းကဆို အချိန်တော်တော်ကုန်ပါတယ်။
လူများတာကတော့ server ပေါ်မူတည်မယ်။ မြန်မာတွေ အဆော့များတဲ့ Japan-based Data server ဆိုရင် register လုပ်ဖို့တောင် မနက် ၅ နာရီထိ စောင့်ရတယ် ။ PC, PS4 , PS3 server တစ်ခုထဲမှာ cross-play လို့ရတော့ လူကြိုက်များတဲ့ server ကတော့ လူများတယ်။
ဒီလောက်ဆို Final Fantasy XIV online ဂိမ်းအကြောင်းရော၊ သူ့ရဲ့ free trial version ကိုပါ နားလည်သွားပြီလို့ ထင်ပါတယ် ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
Zawgyi
စာဖတ်မရလျှင် ဒီကို နှိပ်ပါ Unicode Version
Tank class ၃ ခု
Healer class ၃ ခု
DPS class ၃ ခု
> Mount ပေးလား?
နှင့်
> Gameplay က ဘယ်လိုနေလဲ?
> Class ဘယ်နှစ်ခုရှိလဲ?
0 Comments