အခ်ိန္ခရီးသြားျခင္း (time travel) ဆိုတဲ့သီအိုရီကို သင္ဟာနားစြန္နားျဖား ၾကားဖူးမွာပါ၊
လက္ရွိပစၥဳပၸန္ကာလကေန ကုန္ဆံုးခဲ့ၿပီးတဲ့ တနည္းအားျဖင့္မတူညီတဲ့ အခ်ိန္အပိုင္းအျခားတစ္ခုကို ျပန္သြားျခင္းဆိုတဲ့ အယူအဆေပါ့။
Writer, Seo Thu Aung
စာဖတ်မရလျှင် ဒီကို နှိပ်ပါ Unicode versionဒီ concept ကို အေနာက္ႏိုင္ငံက ႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာေတြ႕ရပါလိမ့္မယ္၊
Terminator လို႐ုပ္ရွင္ကေန လတ္တေလာ လူသိမ်ားတဲ့ Avengers: Endgame အဆံုး ေတြ႕ရမယ္။ လက္ရွိအေနအထားကိုသေဘာမက် မႏွစ္သက္လို႔ time travel လုပ္ၿပီး ျပန္ျပင္တဲ့သေဘာ။
႐ုပ္ရွင္ေတြမွာ အလုပ္ျဖစ္ေပမဲ့ ျပင္ပဘဝမွာေတာ့ အခ်ိန္ခရီးသြားျခင္း ဆိုတာရွိတယ္ ဟုတ္တယ္/မဟုတ္ဘူး ဆိုတာေတာ့ ဘယ္သူမွတိတိပပ လက္ဆုပ္လက္ကိုင္မျပႏိုင္ေသးပါဘူး။
ေနပါအံုး . . .
အဲ့ဒါနဲ႔ ကြန္ပ်ဴတာနဲ႔က ဘယ္လိုပတ္သတ္လို႔တုန္း ?
ဟုတ္ကဲ့၊ လက္ေတြ႕ဘဝမွာ time travel ကို အလီဘိုင္မျပႏိုင္ေသးေပမဲ့ ကြန္ပ်ဴတာ ေတြကေတာ့ time travel လုပ္လို႔ရပါတယ္။
လင္းစမ္းပါအံုး ဒါျဖင့္ . .
ခါတိုင္းပံုမွန္အတိုင္းအလုပ္လုပ္ ဘာျပႆနာမွမရွိတဲ့ ကြန္ပ်ဴတာတစ္လံုး က ကေန႔က်မွ ေကာက္ခါငင္ကာ အယ္ရာေတြတက္ေနတယ္ဆိုပါစို႔၊ error တက္ရတဲ့အေၾကာင္းရင္းကို သင္ကလည္းေသေသခ်ာခ်ာမသိဘူး၊
ဒါေပမဲ့ hardware ခြ်တ္ယြင္းလို႔ျဖစ္တာမဟုတ္မွန္းေတာ့ေသခ်ာတယ္ဆိုရင္ . .
သင္ဟာ ကြန္ပ်ဴတာပံုမွန္အတိုင္းအလုပ္လုပ္ေနတဲ့ကာလ အခ်ိန္ကို ျပန္သြားၿပီး ေျဖရွင္းလို႔ရပါတယ္။
အဲ့ဒီလုပ္ေဆာင္ခ်က္ကို ကြန္ပ်ဴတာမွာ system restore လုပ္တယ္လို႔သံုးပါတယ္။
အခ်ိန္ကာလေလးေတြကေတာ့ restore points ေတြေပါ့။
ဥပမာေျပာရရင္ စက္တင္ဘာ ၂၉ (မေန႔ကအထိ) ကြန္ပ်ဴတာကအေကာင္း၊
ကေန႔ (စက္တင္ဘာ ၃၀) က်မွ တစ္ခုခုျဖစ္ၿပီး error တက္၊ သံုးလို႔အဆင္မေျပျဖစ္ေနမယ္ဆိုရင္ ၿပီးခဲ့တဲ့ အခ်ိန္တစ္ခုခု (eg. Sep 29 restore point) ကိုျပန္သြားလိုက္လို႔ရပါတယ္။
ဒါဆိုရင္ ကြန္ပ်ဴတာက အဲ့ဒီ restore point မွာ ရွိေနခဲ့စဥ္ကအေနအထားအတိုင္းျဖစ္သြားမွာပါ။
Sep 29 မွာ restore point ရွိတယ္၊
Sep 30 မွာ Photoshop CS5 ထည့္လိုက္တယ္။
ဒါကိုမွ Sep 29 ကိုျပန္ၿပီး restore လုပ္မယ္ time travel လုပ္လိုက္မယ္ဆိုရင္ Photoshop CS5 ႀကီးက ျပန္ပါေတာ့မွာမဟုတ္ပါဘူး။
အျပန္အလွန္အေနနဲ႔ restore point လုပ္ထားစဥ္က ရွိေနခဲ့တဲ့ ေဆာ့ဖ္ဝဲေတြကို ဖ်က္ၿပီးမွ အဲ့ဒီ ponit ကို ျပန္သြားရင္လည္း ဖ်က္ထားတဲ့ ေဆာ့ဖ္ဝဲေတြက ျပန္ေရာက္လာမွာပါ။
> System Restore က ကိုယ္ေရးကိုယ္တာဖိုင္ေတြ (documents/Music/Video/Photo etc) အေပၚ သက္ေရာက္မႈရိႈလား ?
ဆိုလိုတာက restore point ရွိစဥ္က video တစ္ခုရွိတယ္၊
အဲ့ video ကိုဖ်က္ၿပီး system restore လုပ္ရင္ video က ျပန္ေပၚလာမွာလား ?
အဆိုပါ video ျပန္မေပၚပါ။
System Restore သည္ install ျပဳလုပ္ထားသည့္ Windows Layer တြင္သာ အလုပ္လုပ္ၿပီး personal file (doc/music/vid/photo etc) တို႔အေပၚတြင္ သက္ေရာက္မႈမရွိသည့္အတြက္ေၾကာင့္ျဖစ္ပါသည္။
> ဗိုင္းရပ္စ္ေတြအေပၚမွာေကာ သက္ေရာက္မႈရွိလား ?
ကြန္ပ်ဴတာက အခု ဗိုင္းရပ္စ္ကိုက္ေနတယ္၊
အဲ့ဒါကိုမွ ဗိုင္းရပ္စ္ မကိုက္ခင္ကာလကိုျပန္သြားမယ္ဆိုရင္ ?
System Restore သည္ personal file နည္းတူ virus အေပၚတြင္လည္း သက္ေရာက္မႈမရွိပါ။
ဗိုင္းရပ္စ္သည္ windows layer တြင္သာမက ကြန္ပ်ဴတာရွိ သိုေလွာင္ထားသည့္ေနရာ (Harddisk) တစ္ခုလံုးတြင္ လည္းပ်ံ႕ႏွံ႔တတ္သည့္သေဘာသဘာဝါဝရွိသည့္အတြက္ restore လုပ္လိုက္ေသာ္လည္း ဗိုင္းရပ္စ္သည္ ပိုေနၿမဲ က်ားေနၿမဲသာရွိေနမည္ျဖစ္သည္။
> Restore Points ေတြကို ကိုယ္တိုင္ဖန္တီးရတာလား၊ Windows က အလ်ိဳအေလ်ာက္ျပဳလုပ္ေပးတာလား ?
Restore Points ေတြကို မိမိႏွစ္သက္ရာနာမည္ေပးပီးထားႏိုင္သလို Windows ကလည္း ေအာ္တို ထားေပးပါတယ္။
ကြန္ပ်ဴတာမွာ ေဆာ့ဖ္ဝဲအသစ္ (or) Windows update အသစ္ တစ္ခုခုထည့္တိုင္း စက္က အကယ္၍ error တက္ခဲ့လို႔ရွိရင္ ျပန္ restore လို႔ရေအာင္ auto restore point တစ္ခု ျပဳလုပ္ေပးေလ့ရွိပါတယ္။ တစ္ခုရွိတာက ကိုယ္တိုင္ဖန္တီးထားတဲ့ restore point ပဲျဖစ္ျဖစ္ auto ပဲျဖစ္ျဖစ္ စက္ထဲမွာအၿမဲတမ္းရွိေနမွာမဟုတ္ပါဘူး။
restore point အတြက္သတ္မွတ္ထားတဲ့ storage ပမာဏကိုေက်ာ္လြန္သြားရင္ point အေဟာင္းေတြကို ဖ်က္သြားမွာျဖစ္ပါတယ္။
> System Restore ဘယ္လိုအသံုးျပဳရလည္း၊
Manual Restore Point ဖန္တီးပံုကေကာ ?
နမူနာ ကို Windows 10 ျဖင့္ေရးေပးပါမည္။
English စာ အနည္းငယ္သိထားလွ်င္ မည္သည့္ Windows ပဲျဖစ္ျဖစ္ ခက္ခဲမႈရွိမည္မဟုတ္ပါ။
1. Taskbar ရိွ Search box တြင္ restore ဟု႐ိုက္ၿပီး က်လာသည့္အထဲကမွ "Create a restore point" ကိုႏွိပ္ပါ။
2. System Restore ကိုသြားပါ။
Next ကိုႏွိပ္ပါ။
(ထိုအခါ ကြန္ပ်ဴတာမွ စက္အတြင္းရွိ restore points မ်ားကိုျပသေပးမည္ျဖစ္သည္)
3. က်လာသည့္အထဲကမွ မိမိ restore ျပဳလုပ္လိုသည့္ point (အခ်ိန္) ကို ေရြးၿပီး Next ႏွိပ္ပါ။
ထို႔ေနာက္ Finish ကိုဆက္ႏွိပ္ပါ။
(ထိုအခါ ကြန္ပ်ဴတာမွ restart က်သြားမည္ျဖစ္သည္၊ ၾကာျမင့္ခ်ိန္ ၃ မိနစ္ မွ ၁၀ မိနစ္)
ျပန္တက္လာလွ်င္ restore ျပဳလုပ္ၿပီးေၾကာင္းမက္ေဆ့ကိုျပသမည္ျဖစ္သည္။
ကိုယ္တိုင္ manual restore point ျပဳလုပ္လိုပါက Create ကိုႏွိပ္ၿပီး မိမိႏွစ္သက္သည့္ အမည္ကိုထားေပးလိုက္ပါ။
> System Restore ေကာ Create ေကာ မွိန္ေနတယ္၊ ႏွိပ္မရဘူး။ ဘာေၾကာင့္လည္း ?
System Protuction ကို ဖြင့္ေပးရပါမယ္။
Configure တြင္ Turn on system protection ကို ထားကာ OK ေပးလိုက္ပါ။
> System Restore လုပ္တာ restart ေတာ့က်သြားပါရဲ႕ . . success မျပပဲ fail ျဖစ္ေနတယ္၊
ဘာေၾကာင့္လည္း ?
Storage (HDD/SSD) မေကာင္းေတာ့၍ျဖစ္ေစ restore ျပဳလုပ္စဥ္အေတာအတြင္း ဖိုင္မ်ား လိုအပ္ခ်က္ရွိျခင္းေၾကာင့္ျဖစ္ေစ fail ျပတတ္ပါသည္။
အျခား restore point ျဖင့္လုပ္ၾကည့္ပါ။
နိဂံုးခ်ဳပ္ရလွ်င္ system restore သည္ ၿပီးျပည့္စံုသည့္ backup စနစ္မဟုတ္ပါ။
ထို႔အျပင္ virus မ်ားရန္မွလည္း ကာကြယ္ေပးႏိုင္သည့္လုပ္ေဆာင္ခ်က္မဟုတ္ပါ။
hardware ပ်က္စီးမႈေၾကာင့္ျဖစ္ေပၚလာေသာ error မ်ားကိုလည္း ေျဖရွင္းမေပးႏိုင္ပါ
(ဒါေတာ့သိတယ္ဟုတ္ ..)
သို႔ေသာ္ software/driver/windows update စသည္တို႔ေၾကာင့္ စက္ stable မျဖစ္သည့္ ကိစၥေတြကိုမူ လြယ္ကူရွင္းလင္းစြာ ေျဖရွင္းေပးႏိုင္သည္။
ထို႔ေၾကာင့္ ေဆာ့ဖ္ဝဲအသစ္ ထည့္သြင္းျခင္း မျပဳလုပ္မီ၊ driver အသစ္ windows update အသစ္ install မျပဳလုပ္မီ၊ windows settings/registry အတြင္း တစ္ခုခုအေျပာင္းအလဲမလုပ္မီ ကိုယ္တိုင္ manual restore point ဖန္တီးထားျခင္းျဖင့္ ေခါင္းကိုက္ေစသည့္ကိစၥရပ္မ်ားကိုေရွာင္ရွားႏိုင္မည္ျဖစ္ပါတယ္။
ကြန္ပ်ဴတာႏွင့္ေပ်ာ္ရႊင္စြာ အခ်ိန္ခရီးသြားႏိုင္ၾကပါေစ။
Writer, Seo Thu Aung
Unicode
အချိန်ခရီးသွားခြင်း (time travel) ဆိုတဲ့သီအိုရီကို သင်ဟာနားစွန်နားဖြား ကြားဖူးမှာပါ၊
လက်ရှိပစ္စုပ္ပန်ကာလကနေ ကုန်ဆုံးခဲ့ပြီးတဲ့ တနည်းအားဖြင့်မတူညီတဲ့ အချိန်အပိုင်းအခြားတစ်ခုကို ပြန်သွားခြင်းဆိုတဲ့ အယူအဆပေါ့။
ဒီ concept ကို အနောက်နိုင်ငံက ရုပ်ရှင်တော်တော်များများမှာတွေ့ရပါလိမ့်မယ်၊
Terminator လိုရုပ်ရှင်ကနေ လတ်တလော လူသိများတဲ့ Avengers: Endgame အဆုံး တွေ့ရမယ်။ လက်ရှိအနေအထားကိုသဘောမကျ မနှစ်သက်လို့ time travel လုပ်ပြီး ပြန်ပြင်တဲ့သဘော။
Writer, Seo Thu Aung
ရုပ်ရှင်တွေမှာ အလုပ်ဖြစ်ပေမဲ့ ပြင်ပဘဝမှာတော့ အချိန်ခရီးသွားခြင်း ဆိုတာရှိတယ် ဟုတ်တယ်/မဟုတ်ဘူး ဆိုတာတော့ ဘယ်သူမှတိတိပပ လက်ဆုပ်လက်ကိုင်မပြနိုင်သေးပါဘူး။နေပါအုံး . . .
အဲ့ဒါနဲ့ ကွန်ပျူတာနဲ့က ဘယ်လိုပတ်သတ်လို့တုန်း ?
ဟုတ်ကဲ့၊ လက်တွေ့ဘဝမှာ time travel ကို အလီဘိုင်မပြနိုင်သေးပေမဲ့ ကွန်ပျူတာ တွေကတော့ time travel လုပ်လို့ရပါတယ်။
လင်းစမ်းပါအုံး ဒါဖြင့် . .
ခါတိုင်းပုံမှန်အတိုင်းအလုပ်လုပ် ဘာပြဿနာမှမရှိတဲ့ ကွန်ပျူတာတစ်လုံး က ကနေ့ကျမှ ကောက်ခါငင်ကာ အယ်ရာတွေတက်နေတယ်ဆိုပါစို့၊ error တက်ရတဲ့အကြောင်းရင်းကို သင်ကလည်းသေသေချာချာမသိဘူး၊
ဒါပေမဲ့ hardware ချွတ်ယွင်းလို့ဖြစ်တာမဟုတ်မှန်းတော့သေချာတယ်ဆိုရင် . .
သင်ဟာ ကွန်ပျူတာပုံမှန်အတိုင်းအလုပ်လုပ်နေတဲ့ကာလ အချိန်ကို ပြန်သွားပြီး ဖြေရှင်းလို့ရပါတယ်။
အဲ့ဒီလုပ်ဆောင်ချက်ကို ကွန်ပျူတာမှာ system restore လုပ်တယ်လို့သုံးပါတယ်။
အချိန်ကာလလေးတွေကတော့ restore points တွေပေါ့။
ဥပမာပြောရရင် စက်တင်ဘာ ၂၉ (မနေ့ကအထိ) ကွန်ပျူတာကအကောင်း၊
ကနေ့ (စက်တင်ဘာ ၃၀) ကျမှ တစ်ခုခုဖြစ်ပြီး error တက်၊ သုံးလို့အဆင်မပြေဖြစ်နေမယ်ဆိုရင် ပြီးခဲ့တဲ့ အချိန်တစ်ခုခု (eg. Sep 29 restore point) ကိုပြန်သွားလိုက်လို့ရပါတယ်။
ဒါဆိုရင် ကွန်ပျူတာက အဲ့ဒီ restore point မှာ ရှိနေခဲ့စဉ်ကအနေအထားအတိုင်းဖြစ်သွားမှာပါ။
Sep 29 မှာ restore point ရှိတယ်၊
Sep 30 မှာ Photoshop CS5 ထည့်လိုက်တယ်။
ဒါကိုမှ Sep 29 ကိုပြန်ပြီး restore လုပ်မယ် time travel လုပ်လိုက်မယ်ဆိုရင် Photoshop CS5 ကြီးက ပြန်ပါတော့မှာမဟုတ်ပါဘူး။
အပြန်အလှန်အနေနဲ့ restore point လုပ်ထားစဉ်က ရှိနေခဲ့တဲ့ ဆော့ဖ်ဝဲတွေကို ဖျက်ပြီးမှ အဲ့ဒီ ponit ကို ပြန်သွားရင်လည်း ဖျက်ထားတဲ့ ဆော့ဖ်ဝဲတွေက ပြန်ရောက်လာမှာပါ။
> System Restore က ကိုယ်ရေးကိုယ်တာဖိုင်တွေ (documents/Music/Video/Photo etc) အပေါ် သက်ရောက်မှုရှိုလား ?
ဆိုလိုတာက restore point ရှိစဉ်က video တစ်ခုရှိတယ်၊
အဲ့ video ကိုဖျက်ပြီး system restore လုပ်ရင် video က ပြန်ပေါ်လာမှာလား ?
အဆိုပါ video ပြန်မပေါ်ပါ။
System Restore သည် install ပြုလုပ်ထားသည့် Windows Layer တွင်သာ အလုပ်လုပ်ပြီး personal file (doc/music/vid/photo etc) တို့အပေါ်တွင် သက်ရောက်မှုမရှိသည့်အတွက်ကြောင့်ဖြစ်ပါသည်။
> ဗိုင်းရပ်စ်တွေအပေါ်မှာကော သက်ရောက်မှုရှိလား ?
ကွန်ပျူတာက အခု ဗိုင်းရပ်စ်ကိုက်နေတယ်၊
အဲ့ဒါကိုမှ ဗိုင်းရပ်စ် မကိုက်ခင်ကာလကိုပြန်သွားမယ်ဆိုရင် ?
System Restore သည် personal file နည်းတူ virus အပေါ်တွင်လည်း သက်ရောက်မှုမရှိပါ။
ဗိုင်းရပ်စ်သည် windows layer တွင်သာမက ကွန်ပျူတာရှိ သိုလှောင်ထားသည့်နေရာ (Harddisk) တစ်ခုလုံးတွင် လည်းပျံ့နှံ့တတ်သည့်သဘောသဘာဝါဝရှိသည့်အတွက် restore လုပ်လိုက်သော်လည်း ဗိုင်းရပ်စ်သည် ပိုနေမြဲ ကျားနေမြဲသာရှိနေမည်ဖြစ်သည်။
> Restore Points တွေကို ကိုယ်တိုင်ဖန်တီးရတာလား၊ Windows က အလျိုအလျောက်ပြုလုပ်ပေးတာလား ?
Restore Points တွေကို မိမိနှစ်သက်ရာနာမည်ပေးပီးထားနိုင်သလို Windows ကလည်း အော်တို ထားပေးပါတယ်။
ကွန်ပျူတာမှာ ဆော့ဖ်ဝဲအသစ် (or) Windows update အသစ် တစ်ခုခုထည့်တိုင်း စက်က အကယ်၍ error တက်ခဲ့လို့ရှိရင် ပြန် restore လို့ရအောင် auto restore point တစ်ခု ပြုလုပ်ပေးလေ့ရှိပါတယ်။ တစ်ခုရှိတာက ကိုယ်တိုင်ဖန်တီးထားတဲ့ restore point ပဲဖြစ်ဖြစ် auto ပဲဖြစ်ဖြစ် စက်ထဲမှာအမြဲတမ်းရှိနေမှာမဟုတ်ပါဘူး။
restore point အတွက်သတ်မှတ်ထားတဲ့ storage ပမာဏကိုကျော်လွန်သွားရင် point အဟောင်းတွေကို ဖျက်သွားမှာဖြစ်ပါတယ်။
> System Restore ဘယ်လိုအသုံးပြုရလည်း၊
Manual Restore Point ဖန်တီးပုံကကော ?
နမူနာ ကို Windows 10 ဖြင့်ရေးပေးပါမည်။
English စာ အနည်းငယ်သိထားလျှင် မည်သည့် Windows ပဲဖြစ်ဖြစ် ခက်ခဲမှုရှိမည်မဟုတ်ပါ။
1. Taskbar ရှိ Search box တွင် restore ဟုရိုက်ပြီး ကျလာသည့်အထဲကမှ "Create a restore point" ကိုနှိပ်ပါ။
2. System Restore ကိုသွားပါ။
Next ကိုနှိပ်ပါ။
(ထိုအခါ ကွန်ပျူတာမှ စက်အတွင်းရှိ restore points များကိုပြသပေးမည်ဖြစ်သည်)
3. ကျလာသည့်အထဲကမှ မိမိ restore ပြုလုပ်လိုသည့် point (အချိန်) ကို ရွေးပြီး Next နှိပ်ပါ။
ထို့နောက် Finish ကိုဆက်နှိပ်ပါ။
(ထိုအခါ ကွန်ပျူတာမှ restart ကျသွားမည်ဖြစ်သည်၊ ကြာမြင့်ချိန် ၃ မိနစ် မှ ၁၀ မိနစ်)
ပြန်တက်လာလျှင် restore ပြုလုပ်ပြီးကြောင်းမက်ဆေ့ကိုပြသမည်ဖြစ်သည်။
ကိုယ်တိုင် manual restore point ပြုလုပ်လိုပါက Create ကိုနှိပ်ပြီး မိမိနှစ်သက်သည့် အမည်ကိုထားပေးလိုက်ပါ။
> System Restore ကော Create ကော မှိန်နေတယ်၊ နှိပ်မရဘူး။ ဘာကြောင့်လည်း ?
System Protuction ကို ဖွင့်ပေးရပါမယ်။
Configure တွင် Turn on system protection ကို ထားကာ OK ပေးလိုက်ပါ။
> System Restore လုပ်တာ restart တော့ကျသွားပါရဲ့ . . success မပြပဲ fail ဖြစ်နေတယ်၊
ဘာကြောင့်လည်း ?
Storage (HDD/SSD) မကောင်းတော့၍ဖြစ်စေ restore ပြုလုပ်စဉ်အတောအတွင်း ဖိုင်များ လိုအပ်ချက်ရှိခြင်းကြောင့်ဖြစ်စေ fail ပြတတ်ပါသည်။
အခြား restore point ဖြင့်လုပ်ကြည့်ပါ။
နိဂုံးချုပ်ရလျှင် system restore သည် ပြီးပြည့်စုံသည့် backup စနစ်မဟုတ်ပါ။
ထို့အပြင် virus များရန်မှလည်း ကာကွယ်ပေးနိုင်သည့်လုပ်ဆောင်ချက်မဟုတ်ပါ။
hardware ပျက်စီးမှုကြောင့်ဖြစ်ပေါ်လာသော error များကိုလည်း ဖြေရှင်းမပေးနိုင်ပါ
(ဒါတော့သိတယ်ဟုတ် ..)
သို့သော် software/driver/windows update စသည်တို့ကြောင့် စက် stable မဖြစ်သည့် ကိစ္စတွေကိုမူ လွယ်ကူရှင်းလင်းစွာ ဖြေရှင်းပေးနိုင်သည်။
ထို့ကြောင့် ဆော့ဖ်ဝဲအသစ် ထည့်သွင်းခြင်း မပြုလုပ်မီ၊ driver အသစ် windows update အသစ် install မပြုလုပ်မီ၊ windows settings/registry အတွင်း တစ်ခုခုအပြောင်းအလဲမလုပ်မီ ကိုယ်တိုင် manual restore point ဖန်တီးထားခြင်းဖြင့် ခေါင်းကိုက်စေသည့်ကိစ္စရပ်များကိုရှောင်ရှားနိုင်မည်ဖြစ်ပါတယ်။
ကွန်ပျူတာနှင့်ပျော်ရွှင်စွာ အချိန်ခရီးသွားနိုင်ကြပါစေ။
Writer, Seo Thu Aung
0 Comments