Final Fantasy 14 online ဂိမ်းမှာ weapon၊ armor တွေ ဘယ်လိုရှိလဲ?


ဇာတ်လမ်းအလိုက် ဆော့နေရင်းနဲ့ dungeon အသစ်တစ်ခု ပွင့်သွားတယ် ။ ဒါပေမယ့် ကိုယ် que ကြည့်တာ မရဘူး ။ သူပြောတော့ minimum item level 100 ရှိရမယ်တဲ့ ။ ကိုယ့်မှာက item level 95 ပဲ ရှိတယ် ။ ဘယ်လိုလုပ်ရမလဲ? item level မြင့်အောင် ဘယ်လို မြင့်ရမလဲ? item level အမြင့်တွေ ဘယ်မှာ ဝယ်ရမှာလဲ?

ဒါ Final Fantasy 14 Online ဂိမ်းစဆော့တဲ့သူတွေ တချိန်မှာ ကြုံတွေ့ရမယ့် ပြသနာပါပဲ ။ Final Fantasy 14 online ဂိမ်းမှာ weapon တွေ armor တွေရဲ့ အဆင့်အတန်း ဘယ်လိုခွဲထားလဲ ဘယ်လောက်မျိုးရှိလဲ ဆိုတာ နားလည်ထားရင် အဲ့လို အခက်တွေ့တာမျိုး ရှိတော့မှာ မဟုတ်ဘူး ။ ဒီပို့စ်လေးကတော့ Final Fantasy 14 မှာ armor တွေ weapon တွေရဲ့ အဆင့်အတန်း ဘယ်လိုခွဲခြားထားတယ်၊ ဘယ်လို အသုံးပြုရတယ်ဆိုတာ အကြမ်းဖျင်း ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် ။

Final Fantasy 14 မှာ အများအားဖြင့် weapon, armor item တွေဟာ dungeon ဝင်ရင်း ကျလာတတ်တာ ရှိသလို Marketboard ကနေလည်း ဝယ်လို့ ရပါတယ် ။ item တစ်ခုဟာ ကိုယ်ဝတ်လိုက်တာနဲ့ အဲ့ item နဲ့ ကိုယ့် character ကြား bond စဖြစ်သွားပါတယ် ။ ဒီ bond မဖြစ်ခင်အချိန်မှာတော့ အဲ့ gear item တွေဟာ ဈေးကွက်မှာ တင်ပြီး ရောင်းလို့ရပါတယ် ။ Bond စဖြစ်သွားရင်တော့ ဈေးကွက်ပေါ် တင်ရောင်းလို့မရတော့ပါဘူး ။

ဒါပေမယ့် Spirit Bond 100% ဖြစ်သွားတဲ့အခါမှာ Convert ဆိုတဲ့ option သုံးလို့ရသွားတာ တွေ့ရပါမယ် ။ Convert ကတော့ item ကို materia အဖြစ် ပြောင်းလဲပစ်လိုက်တာ ဖြစ်ပါတယ် ။ Materia ကတော့ ရိုးရိုး item ရောင်းတာထက်စာရင် ဈေးကွက်မှာ ဈေးပိုရပါတယ် ။

Materia ဆိုတာကတော့ stat အပိုထည့်ပေါင်းပေးတဲ့ အရာလေးတွေပါ ။ သူ့အဆင့်အတန်း grade နဲ့ အမျိုးအစားအလိုက် ပေါင်းပေးတဲ့ ပမာဏတွေ မတူကြပါဘူး ။ ဥပမာ Savage Materia VIII ဆို Critical +60 ပေါင်းပေးတယ် ။ Materia တွေကို armor တွေ လက်နက်တွေထဲ meld ထည့်ပြီး ကိုယ့် stats တိုးအောင် လုပ်ကြပါတယ် ။ level နိမ့်တွေမှာ Crafter Class quest တွေမှာ သုံးခိုင်းတာကလွဲလို့ ကျန်တဲ့နေရာတွေမှာ အသုံးပြုတာ နည်းပေမယ့် high end content တွေမှာတော့ နိုင်ဖို့အခွင့်အရေး ပိုများစေလို့ materia တွေ meld ကြပါတယ် ။ expansion အသစ်ထွက်လို့ ဒါမှမဟုတ် patch မှာ ပြောင်းလိုက်လို့ ထည့်သုံးလို့မရတော့တဲ့အပြင် ဈေးကွက်အပေါ် ဈေးမရှိတော့တဲ့ materia တွေကို Transmute လုပ်ပြီး သုံးလို့ရတဲ့ materia အဖြစ်ပြောင်းလို့ရပါတယ် ။

ဒါက သုံးလို့မရတော့တဲ့ materia တွေကို သုံးလို့ရတဲ့ materia အဖြစ် ပြောင်းလဲပေးတဲ့ နေရာပါပဲ ။

ပြီးတော့ တချို့ dungeon တွေ trials တွေ raid တွေမှာ အနိမ့်ဆုံး ilevel သတ်မှတ်ထားပါတယ် ။ သတ်မှတ်ထားတဲ့အထဲ ကိုယ်က မဝင်ခဲ့လို့ရှိရင် အဲ့ဒီ dungeon၊ Trials၊ Raid တွေကိုဆော့လို့မရတာမို့ ilevel ဆိုတာကို လုံးဝဂရုမစိုက်ပဲ ပစ်ထားလို့မရပါဘူး ။ ဒါကြောင့် item တစ်ခု ဝတ်တော့မယ် သုံးတော့မယ် ဆိုရင် ဥပမာ character level 50 သို့ 60 မှာ ဝတ်လို့ရတဲ့ item ချင်းတူရင်တောင်မှ ilevel မြင့်မမြင့်ကို သတိထားကြည့်ပေးရမှာ ဖြစ်ပါတယ် ။

အတွေ့အများဆုံး gear item အမျိုးအစားတွေကတော့

  • ‌Dungeon ထဲက loot ကနေရလာတဲ့ gear item
  • ‌Side quest ၊ MSQ ကနေ ပေးတဲ့ gear item
  • ‌PvP ဆော့ရာကနေ ရလာတဲ့ currency "Wolf Mark" နဲ့ ဝယ်လို့ရတဲ့ gear item
  • ‌Hunt ကနေရလာတဲ့ seal နဲ့ ဝယ်ရတဲ့ gear item
  • ‌"Tomestone" currency နဲ့ ဝယ်ရတဲ့ gear item
  • ‌Eureka ထဲဝင်ဆော့ရာကနေ ရလာတဲ့ currency တွေ နဲ့ ဝယ်လို့ ရတဲ့ gear item
  • ‌Raid ၊ Trials တွေကနေ ကျလာတဲ့ currency နဲ့ exchange လုပ်လို့ရတဲ့ gear item

တွေဆိုပြီး အမျိုးအစား ခွဲခြားနိုင်ပါတယ် ။

> Dungeon ထဲက loot ကနေရလာတဲ့ gear item


Dungeon ထဲက ရလာတဲ့ gear item ဟာ ilevel မြင့်သလို stats တွေ ကောင်း၊ point တွေလည်း မြင့်လေ့ရှိပါတယ် ။ Dungeon ကပေးတတ်တဲ့ item တွေဟာ အစိမ်းရောင်၊ ပန်းရောင်တွေနဲ့ ဖြစ်ပါတယ် ။ ဒါတွေက သူ့ level နဲ့ သူ့ အဆင့်ထဲမှာဆို အကောင်းဆုံးပါပဲ ။

ဒါပေမယ့် သူတို့ကို Marketboard မှာ ပြန်ရောင်းလို့မရသလို တခြားသူတွေကို ပေးလို့မရ Trade လို့မရဘူး ။ သို့သော် အဲ့ဒီ item တွေကို Grand Company မှာ seal နဲ့ သွားလဲလို့ရပါတယ် ။

Dungeon ထဲက ရလာတဲ့ loot တွေကို GC (Grand company) မှာ seal နဲ့ သွားလဲလို့ရပါတယ် ။

> Side quest ၊ MSQ ကနေ ပေးတဲ့ gear item


Side quest ဒါမှမဟုတ် MSQ တွေကနေ ပေးတဲ့ gear item တွေလည်း ကောင်းပါတယ် ။ ကိုယ်ရောက်နေတဲ့ level နဲ့ ကိုက်ညီတဲ့ item တွေ ပေးပါတယ် ။ ilevel လည်း မြင့်ပါတယ် ။ အဲ့ဒီ item တွေက ဘာအရောင်မှမရှိပါဘူး ။ သူတို့ကို ပြန်ရောင်းလို့ရတယ် ။ ဒါပေမယ့် သတိထားရမှာက ဈေးကွက်မှာ တင်ရောင်းဖို့ဆိုရင် item နဲ့ ကိုယ့် character နဲ့ bond မဖြစ်သေးတဲ့ item ဖြစ်ရပါမယ် ။ တခါတလေကျတော့ MSQ က အစိမ်းရောင် အပြာရောင်ရှိတဲ့ gear item တွေ ထူးခြားတဲ့ item တွေ ပေးတတ်ပါတယ် ။

> Hunt ကနေရလာတဲ့ seal နဲ့ ဝယ်ရတဲ့ gear item


Hunt seals (Allied seals, Centurio seals, Nut) တွေနဲ့ ဝယ်ရတဲ့ gear item တွေလည်း လှကြပြီး သူတို့ကို glamour လုပ်ဖို့အတွက် ဖက်ရှင်လုပ်ဖို့အတွက် grind ကြတာများပါတယ် ။ သူတို့ကို Grand Company တွေက NPC တွေမှာ ဝယ်ယူရှိနိုင်ပါတယ် ။

Hunt ဆိုတာကတော့ သူ သတ်မှတ်ထားတဲ့ အကောင် ဒါမှမဟုတ် အချိန်အလိုက် နေရာအလိုက် ပေါ်လာတတ်တဲ့ အကောင်ကို လိုက်ရှာ သတ်ရတာပဲ ဖြစ်ပါတယ် ။ Hunt မှာ Daily Hunt, Weekly Hunt ဆိုတာရှိပြီး Hunt ကို rank အလိုက် ခွဲထားပါတယ် ။ A, B, C နဲ့ ခွဲထားပြီး ဒီအထဲ S rank ရှိတဲ့ အကောင် ကတော့ သတ်ရခက်လို့ လူအုပ်ကြီးကြီး များများနဲ့ ဝင်သတ်မှ ရမှာ ဖြစ်ပါတယ် ။ reward အဖြစ် gil, hunt seal, exp နှင့် tomestone တွေ နောက်ပြီး materia တွေလှဲလှယ်လို့တဲ့ exchange currency တွေလည်း ရတယ် ။ လူအုပ်စုများများနဲ့ ချမှရတဲ့ hunt အကောင်ကြီးတွေဟာ aggro ဆွဲနိုင်ရင် ဆွဲနိုင်သလောက် ကိုယ့် reward များများရပါတယ် ။

Hunt seal ကတော့ expansion အလိုက် မတူတဲ့ seal တွေ ရှိကြပါတယ် ။ ဥပမာ Allied seals ဆို A Real Reborn က Hunt seal အမျိုးအစား ဖြစ်ပြီး Centurio seal ကျတော့ Heavensward နဲ့ Stromblood ရဲ့ Hunt seal ဖြစ်ပြီး ShadowBringer မှာတော့ Hunt Seal ဟာ Nut ဖြစ်သွားပါတယ် ။

Hunt seal နဲ့ ဝယ်ရတဲ့အထဲ gear item တွေအပြင် crafter item တွေ free teleport ticket တွေ Hunt seal နဲ့သာရမယ့် item တွေ mount တွေ ရှိပါတယ် ။

> PvP ဆော့ရာကနေ ရလာတဲ့ currency "Wolf Mark" နဲ့ ဝယ်လို့ရတဲ့ gear item


PvP ဆော့ရာကနေ ရလာတဲ့ Wolf Mark နဲ့ ဝယ်ရတဲ့ gear item တွေလည်း ရှိပါတယ် ။ Wolf Den ထဲက NPC vendor တွေမှာ ဝယ်လို့ရနိုင်ပါတယ် ။ အဲ့ gear တွေက အတော်လေးကို လှတယ် မိုက်လည်း မိုက်တယ် ။ ဒါပေမယ့် ilevel က နိမ့်တဲ့အပြင် stats တွေ point တွေလည်း မကောင်းတာမို့ သူတို့ကို ဖက်ရှင်အလှ လုပ်ဖို့အတွက် grind ကြတာ များတယ် ။

> "Tomestone" currency နဲ့ ဝယ်ရတဲ့ gear item


Tomestone တွေနဲ့ gear item တွေ ဝယ်လို့ရတာပဲ ဖြစ်တယ် ။ ဒီ Tomestone နဲ့ ဝယ်ရတဲ့ gear item တွေက အပြာရောင်ရှိပြီး အပေါ်ကပြောခဲ့တဲ့ gear အဆင့်အတန်းတွေထဲမှာ ilevel လည်း မြင့်၊ stats တွေ points တွေကလည်း အမြင့်ဆုံးပါပဲ ။ ပြောရရင် Endgame gear item တွေ ပါပဲ ။

Tomestone ကတော့ expansion အသစ်ထွက်တိုင်း ဒါမှမဟုတ် တချို့ patch အသစ် တွေမှာ ပြောင်းလဲလေ့ရှိပါတယ် ။ အဲ့လိုပြောင်းလဲတာကလည်း high end gear တွေကို ဝယ်ရတဲ့ Tomestone အမျိုးအစားသာ ပြောင်းတာ ဖြစ်ပါတယ် ။ ဥပမာ A Relam Reborn ဂိမ်း စထွက်တဲ့အချိန် အမြင့်ဆုံး Tomestone ဟာ Tomestone of Philosophy ဖြစ်ပြီး Patch 2.4 အရောက်မှာ ဖျက်ပစ်လိုက်ပါတယ် ။ သူ့အစား Tomestone of Mythology ဖြစ်သွားပါတယ် ။ ဒီလိုနဲ့ patch အသစ်ထွက်တိုင်း ပြောင်းနေရင်းနဲ့ နောက်ဆုံးတော့ အခုလက်ရှိသုံးနေတဲ့ currency Tomestone of Poetic ဖြစ်လာတာ ဖြစ်ပါတယ် ။ ပြောင်းလဲသွားတဲ့ tomestone အမျိုးအစားတွေကို ဖော်ပြရရင်

A Realm Reborn


Allagan Tomestone of Poetics ( လက်ရှိ သုံးစွဲနေဆဲ)
Allagan Tomestone of Soldiery (ဖျက်သိမ်းပြီး)
Allagan Tomestone of Mythology (ဖျက်သိမ်းပြီး)
Allagan Tomestone of Philosophy (ဖျက်သိမ်းပြီး)

Heavensward


Allagan Tomestone of Scripture (ဖျက်သိမ်းပြီး လက်ရှိမှာ Poetic သာ ဆက်လက်အသုံးပြုလျှက်ရှိ)
Allagan Tomestone of Lore (ဖျက်သိမ်းပြီး)
Allagan Tomestone of Esoterics (ဖျက်သိမ်းပြီး)
Allagan Tomestone of Law (ဖျက်သိမ်းပြီး)

Stormblood


Allagan Tomestone of Genesis (ဖျက်သိမ်းပြီး လက်ရှိမှာ Poetic သာ ဆက်လက်အသုံးပြု လျှက်ရှိ)
Allagan Tomestone of Mendacity (ဖျက်သိမ်းပြီး)
Allagan Tomestone of Creation (ဖျက်သိမ်းပြီး)
Allagan Tomestone of Verity (ဖျက်သိမ်းပြီး)

ShadowBringer


Allagan Tomestone of Goetia (လက်ရှိ သုံးစွဲနေ)
Allagan Tomestone of Phantasmagoria (လက်ရှိ သုံးစွဲနေ)

ဘယ်လို အသစ်တွေ ထွက်ပါစေ ၊ အသစ်တွေ ထပ်ထည့်ပါစေ အသစ်ကလွဲလို့ ကျန်တဲ့ ရှေ့ expansion တွေအကုန်လုံးမှာ Allagan Tomestone ဆိုရင် Poetic ကို အမြဲသုံးပါတယ် ။

အကျဉ်းပြန်ချုံးပြီး ပြောရရင် ယခုလက်ရှိမှာ

A Realm Reborn, Heavensward နှင့် Stromblood တွေမှာ Tomestone of Poetic ကို သုံးကြပြီး နောက်ဆုံးထွက် expansion ဖြစ်တဲ့ ShadowBringer မှာတော့ Tomestone of Phantasmagoria နဲ့ Tomestone of Goetia တို့ကို အသုံးပြုနေပါတယ် ။

Note: လာမယ့် patch အသစ်မှာ Tomestone of Goetia ကို ထပ်ပြောင်းပါဦးမယ်တဲ့

Tomestone နဲ့

Level 50 ဆို Mor Dhona က Vendor
Level 60 ဆို Idyllshire က Vendor
Level 70 ဆို Rhalgr's Reach က Vendor
Level 80 ဆို Eulmore က Vendor

တွေဆီမှာ gear item တွေ ဝယ်ယူရရှိနိုင်ပါတယ် ။

Level 50 ဆို Mor Dhona က Vendor

Level 60 ဆို Idyllshire က Vendor

Level 70 ဆို Rhalgr's Reach က Vendor

Level 80 ဆို Eulmore က Vendor


> Eureka ထဲဝင်ဆော့ရာကနေ ရလာတဲ့ currency တွေ နဲ့ ဝယ်လို့ ရတဲ့ gear item


Eureka currency (Frosted protean crystals, Pagos crystal) နဲ့ ဝယ်ရတဲ့ exchange ရတဲ့ gear item တွေလည်း ရှိပါတယ် ။ Eureka က gear ကတော့ ၂ မျိုး ရှိပါတယ် ။ ၂ မျိုးလုံးက Tomestone နဲ့ ဝယ်ရတဲ့ gear နဲ့အပြိုင် ilevel မြင့်၊ stats တွေ point တွေ ကောင်းကြပါတယ် ။ သူ့မှာ တခုထူးခြားတာက အဲ့ဒီထဲက ၁ မျိုးဟာ သူ့ gear item တွေက job gear တွေဖြစ်ပြီး Meld slot တွေ အများကြီးပါ နေတာပါပဲ ။ နောက်တစ်မျိုးကတော့ အလင်းရောင်ထွက်နေတဲ့ gear item တွေပါပဲ ။ armor ကနေ ရွှေဝါရောင် အလင်းထွက်တယ် ။ weapon ကလည်း ရွှေဝါရောင် စိမ်းဝါရောင် အလင်းနဲ့ တော်တော်လေးကို လှတယ် ။

အဲ့ဒီ gear တွေက grind ရ တော်တော်ကြာသလို လက်လည်း ဝင်ပါတယ် ။ အချိန်ပေးနိုင်တဲ့သူတွေတော့ grind ကြတာ များပါတယ် ။

> Raid၊ Trials တွေကနေ ကျလာတဲ့ item တွေနဲ့ exchange လုပ် လဲလှယ်လို့ရတဲ့ gear item


24 men raids, 8 men raids, 8 men trials တွေကနေ gear item အပြင် ???? Totem ဆိုတာလေးတွေ ရလာတတ်ပါတယ် ။ အဲ့ဒီ Totem နဲ့ သက်ဆိုင်ရာ NPC vendor တွေမှာ သွားလဲရတာ ဖြစ်ပါတယ် ။ ဒီ raid တွေ Trial တွေက လက်နက်တွေ ပေးပါတယ် ။ ရလာတဲ့ Totem တွေနဲ့လည်း ကိုယ်လိုချင်တဲ့ လက်နက်ကို သွားလဲလို့ရပါတယ် ။ အများအားဖြင့် extreme mode ဆော့ရာ ကနေပဲ ကျလာတတ်ပြီး သူတို့တွေဆီက ကျလာတဲ့ လက်နက်တွေဟာ ilvl အများဆုံးမှာ ဒုတိယအဆင့် ရှိပါတယ် ။  ilvl အမြင့်ဆုံး လက်နက်ကိုတော့ အဲ့ဒီ Raid တွေရဲ့ savage mode မှာ ဝင် ရှာကြပါတယ် ။


ဒီအထဲ ထူးခြားတာကတော့ အကြမ်းတကာ့ အကြမ်းဆုံး အခက်တကာ့ အခက်ခဲဆုံး 8 men raid ကတော့ ilevel အမြင့်ဆုံး လက်နက်ပေးတာပဲ ဖြစ်ပါတယ် ။ ဒါကတော့ လုံးဝကို high end weapon ပါပဲ ။ ဒီလို raid မျိုး နိုင်တဲ့သူကို ရေတွက်ပြရရင် တကမ္ဘာလုံးမှာ လက်တစ်ဆုပ်စာ ပမာဏပဲ ရှိပါတယ် ။ raid ကို နိုင်ဖို့ဆိုရင် ကိုယ့် job ကို ကိုယ် ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ဆော့နိုင်တတ်ရမယ် ။ ပြီးတော့ လူညီရမယ် ။ စိတ်ရှည်ရမယ် ။ mechanic ကို သေချာမှတ်မိပြီး မှန်မှန်ကန်ကန်နဲ့ အချိန်ကိုက် လုပ်နိုင်ရပါတယ် ။ အမှားတစ်ချက်မှကို မခံနိုင်တဲ့ raid ပါ ။ ဒီလို raid မျိုးကို နိုင်သွားတဲ့သူတွေဆို မြို့လည်ကောင်မှာ ရပ်ပြီး လက်နက်လေး တစ်ပြပြနဲ့  လိုက်ကြွားနေကြတာ မြင်ကြရပါလိမ့်မယ် ။ ကြွားရတာ အရသာရှိတာကိုး ။

ဒီတော့
အကုန် ခြုံငုံပြန်ပြောရရင်

အဓိကမှတ်တိုင်တွေက Level 50, Level 60, Level 70, Level 80 ။ ဒီ Level တွေမှာ Tomestone နဲ့ ဝယ်ရတဲ့ gear item တွေ သုံးကြတယ် ။

Level 50 ဆို Mor Dhona က Vendor
Level 60 ဆို Idyllshire က Vendor
Level 70 ဆို Rhalgr's Reach က Vendor
Level 80 ဆို Eulmore က Vendor

တွေဆီမှာ ဝယ်ယူရရှိနိုင်ပါတယ် ။

Level
1 to 49,
51 to 59,
61 to 69,
71 to 79 တွေမှာတော့ dungeon တွေကနေ ကျလာတဲ့ gear item ၊ quest တွေကနေ ပေးတဲ့ gear item တွေ ၊ လက်နက်အတွက်တော့ Dungeon, quest ကနေရလာတာ သုံးကြတဲ့အပြင် NPC vendor ဒါမှမဟုတ် Marketboard ကနေ ဝယ်သုံးကြတာ များပါတယ် ။ ဒါပေမယ့် ဆော့နေတဲ့တလျှောက် ဂိမ်းကပေးထားတာတွေက Marketboard ကနေ ဝယ်သုံးစရာမလိုလောက်အောင် လုံလုံလောက်လောက် ပေးထားပါတယ် ။ အကယ်၍ သင်သာ job တခုတည်းကိုပဲ စွဲစွဲမြဲမြဲ ဆော့သွားမယ် ဆိုရင်ပေါ့ ။

သက်ဆိုင်ရာ level တွေမှာ Tomestone နဲ့ ဝယ်ရတဲ့ item တွေကိုမှ ဓာတ်ကူပစ္စည်းလိုအရာဝယ်ပြီး ilvl အမြင့်ဆုံးကို ပြန်တင်ကြပါတယ် ။ ဥပမာ level 60 မှာ အမြင့်ဆုံး ilevel ဟာ 260 ဖြစ်ပြီး သူ့ကို ဓာတ်ကူပစ္စည်းအရာလိုနဲ့ ထပ်မြင့်တင်လိုက်လို့ Augmented အမျိုးအစား အဖြစ်ပြောင်းလိုက်တဲ့အခါမှာတော့ ilevel ဟာ 270 ဖြစ်သွားပါတယ် ။ ထို့အတူ level 70 မှာ အမြင့်ဆုံးဟာ ilevel 390 ဖြစ်ပြီး Augmented ဖြစ်သွားတဲ့အခါ ilevel 400 ဖြစ်သွားပါတယ် ။ နောက်ဆုံး expansion ဖြစ်တဲ့ ShadowBringer မှာ ilevel အမြင့်ဆုံး Augmented အမျိုးအစားရဲ့ ilevel ဟာ 470 ပဲ ဖြစ်ပါတယ် ။

Tomestone Gear Type


Level 50 ကအစ tomestone နဲ့ ဝယ်ရတဲ့ gear set တွေရှိနေပြီဖြစ်ပေမယ့်

Level 60
Level 70
Level 80 တွေမှာ tomestone နဲ့ ဝယ်ရတဲ့ gear set အမျိူးအစား ၂ မျိုးစီ ရှိသွားပါတယ် ။

Level 60 မှာ item level 230 ရှိတဲ့ "Hellfire ......" ဆိုတဲ့ gear set ရယ် item level 270 ရှိတဲ့ "Shire ......" ဆိုတဲ့ gear set ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ် ။ အဲ့ဒီ နှစ်မျိုးလုံးဟာ item level နောက်တဆင့်မြင့်လို့ရတာ ပါတယ် ။ "Hellfire........ " ဆိုရင် "Augmented Hellfire........ "အဖြစ် "Shire ......" ဆိုရင် "Augmented Shire ......" တစ်ဆင့် မြှင့် တင်ယူလို့ရနိုင်ပါတယ် ။

ထို့အတူ

Level 70 မှာလည်း item level အနိမ့်ဆုံးဖြစ်တဲ့ "Lost Allagan ..... " ဆိုတဲ့ gear set ရယ်၊ item level 360 ရှိတဲ့ "Ryumyaku ......" ဆိုတဲ့ gear set ရယ် နဲ့ item level 390 ရှိတဲ့ "Scaeven ......" ဆိုတဲ့ gear set ဆိုပြီး သုံးမျိုး ရှိပါတယ် ။ အဲ့ဒီအထဲ Ryumyaku နဲ့ Scaeven ကတော့ Augmented အဖြစ် မြှင့်တင်ယူလို့ရပါတယ် ။

ဒီလိုပုံစံမျိုးပါပဲ

Level 80 မှာလည်းပဲ နှစ်မျိုးရှိပါတယ် ။ item level 440 ရှိတဲ့ "Ronkan ....." နှင့် item level 460 ရှိတဲ့ "Deepshadow.... " ဆိုတဲ့ gear set တေပါ ။ ဒါပေမယ့် Augmented အဖြစ် မြှင့်လို့ရတာကတော့ Deepshadow ဆိုတဲ့ gear set တစ်ခုပဲ ရှိပါတယ် ။ နောင်ကျရင် နောက် gear set အသစ် တစ်ခု ထပ်ထည့်ကြဦးမှာပါ ။

လောလောဆယ်မှာတော့ လက်ရှိမှာပေါ့နော် level 60 ဆိုရင် Shire gear set ၊ level 70 ဆိုရင် Scaeven gear set နဲ့ level 80 မှာဆိုရင် Deepshadow gearset ကို အသုံးပြုကြပါတယ် ။

> Marketboard ပေါ်မှာ ရှာဝယ်လို့ ရနိုင်တဲ့ ilevel မြင့် end game gear set အမျိုးအစား


နောက် gear type တစ်မျိုးရှိပါသေးတယ် ။ အဲ့ဒါက high end raid တွေ ဝင်ချင်ပေမယ့် gear item level မမှီလို့၊ Tomestone ရှာဖို့ အချိန်မရှိတဲ့သူတွေအတွက် အဆင်ပြေအောင် ဖန်တီးပေးထားတဲ့ gear set တွေပါ ။ အဲ့ဒီ gear set တွေက craft လို့ရတဲ့ gear set အမျိုးအစားဖြစ်တာမို့ crafter တွေက craft ကြပြီး Marketboard ပေါ်မှာ တင်ရောင်းကြလို့ gils နဲ့ လွယ်လွယ်ကူကူ ဝယ်ယူလို့ ရနိုင်ပါတယ် ။ သူတို့ဟာ item level မြင့်ပြီး Augmented အဖြစ် တစ်ဆင့်မြှင့်တင်နိုင်တဲ့ feature ပါပေမယ့် အဲ့ဒီ Crafted gear Augmented ရဲ့ item level က တခြား end game gear တွေထက်တော့ တစ်ဆင့်နိမ့်ထားပါတယ် ။

Crafted gear တွေကို Expansion ဖြစ်တဲ့ "Stromblood" မှာမှ စတင် ထည့်ပေးခဲ့တာ ဖြစ်ပါတယ် ။

Marketboard ပေါ်မှာ အလွယ်တကူ ရှာဝယ်လို့ ရနိုင်တဲ့ crafted gear set

Raid ချင်တဲ့သူတွေက gear item level အမြန်တက်ချင်တဲ့အခါမှာ ဒီ marketboard က ဝယ်လို့ရတဲ့ crafted gear တွေ ကို ဝယ် ၊ Augmented အဖြစ်ပြောင်းပြီး သုံးကြလေ့ရှိပါတယ် ။ ဒီ gear တွေနဲ့ high end raid တွေဝင်ပြီး သူတို့ လိုချင်တာကို farm လေ့ရှိ ကြပါတယ် ။ တချို့ဆို crafted gear set တွေချည်းနဲ့ ကို high end raid အကုန် နိုင်အောင် ဆော့သွားကြပါသေးတယ် ။ Crafted gear set အပြည့်နဲ့တင် သူ့ ilevel က high end raid ရဲ့ minimum ilevel သတ်မှတ်ချက်ထဲ ဝင်ပြီးတဲ့အပြင် ကျော်တောင် ကျော်နေပါပြီ ။ နောက်ပြီး စပရှယ်လစ်ယူထားတဲ့ job gear တွေမှာ BIS (Best in Slot) gear သတ်မှတ်ထားတဲ့အထဲ Crafted gear တစ်ချို့လည်း ပါတာတွေ့ရမှာ ဖြစ်ပါတယ် ။ ဥပမာ Expansion "ShadowBringer" ရဲ့ high end raid မှာ အများစုသတ်မှတ်ထားကြတဲ့ Scholar ရဲ့ BiS gear မှာဆို Body piece တစ်ခုတည်းကို Crafted gear အမျိုးအစားဖြစ်တဲ့ Augmented Facet Coat of Healing သုံးထားတာ တွေ့ရမှာ ဖြစ်ပါတယ် ။

Level 80 ရဲ့ Crafted gear တွေ exchange လုပ်တဲ့နေရာပါ

Augmented အမျိုးအစား မြှင့်တင်ချင်ရင် ၂ မျိုးလိုပါတယ် ။ exchange currency တစ်မျိုးနဲ့ tomestone နဲ့ ဝယ်ရတဲ့ item ပါ ။ Marketboard က ဝယ်လာတဲ့ item ကို NPC မှာ currency တစ်မျိုးနဲ့ exchange လုပ်ပေးရပြီး ရလာတဲ့ currency ကိုမှ tomestone နဲ့ဝယ်ရတဲ့ item နဲ့ ထပ်ပေါင်းပြီး exchange ထပ်လုပ်ပေးလိုက်ရင် Augmented အမျိုးအစား ရလာမှာ ဖြစ်ပါတယ် ။

Level 80 ရဲ့ crafted gear ရဲ့ exchange currency ကတော့ Eulmore Certificate of Import ဖြစ်ပါတယ် ။

Level 80 ရဲ့ crafted gear ကို exchange လုပ်ပြပါမယ် ။

ပထမဆုံး

Marketboard ကနေ item ဝယ်ပါမယ် ။

Marketboard ကနေ item ဝယ်ပါမယ် ။

ပြီးရင်

Exchange လုပ်တဲ့ vendor မှာ Earn Eulmoran Certificates of Import (HQ) မှာ ဝယ်လာတဲ့ item ကို Eulmoran Certificate of Import ဆိုတာနဲ့ သွားလဲပါမယ် ။ HQ မို့လို့ Eulmoran Certificates of Import (HQ) မှာ exchange လုပ်လို့ရတာ ဖြစ်ပါတယ် ။

Eulmoran Certificate of Import ဆိုတာနဲ့ သွားလဲပါမယ်

ဒါဆို Eulmoran Certificate of Import 33 ခုရလာပါပြီ ။ HQ မို့ 33 ခုရတာ ဖြစ်ပါတယ် ။

Kholusian Rain Exchange ကTomestone of Goetia နဲ့ ဝယ်လို့ရတဲ့ Kholusia Rain ကိုဝယ်ပါ

Kholusia Rain ကိုဝယ်ပါ

Purchase Augmented Facet Gear မှာ ရလာတဲ့ item တွေကို exchange ပေးလိုက်ရင် item level 460 ရှိတဲ့ Augmented အမျိုးအစား gear ရပါပြီ

Purchase Augmented Facet Gear မှာ ရလာတဲ့ item တွေကို exchange ပေးလိုက်ရင် item level 460 ရှိတဲ့ Augmented အမျိုးအစား gear ရပါပြီ

ဘယ်လိုပဲ crafted gear တွေ အသစ် ထွက်ပါစေ Crafted gear ကို Augmented အဖြစ် exchange လုပ်ပေးရတဲ့နည်းက ဒီအတိုင်းပါပဲ ။ item နာမည်တွေ exchange currency တွေသာ ပြောင်းသွားချင် ပြောင်းသွားမယ် ။ exchange လုပ်ပေးရတာကတော့ ဒီအတိုင်းပါပဲ ။
 
ဒါကတော့ Level 70 ရဲ့ Crafted gear တွေ exchange လုပ်တဲ့နေရာပါ ။ Expansion ဖြစ်တဲ့ Stromblood ထွက်တုန်းကတော့ တော်တော်အသုံးဝင်ခဲ့ပေမယ့် အခုတော့ လုံးဝကို မသုံးကြတော့ပါဘူး ။


Level 70 ရဲ့ Crafted gear တွေ exchange လုပ်တဲ့နေရာပါ ။


> Tomestone နဲ့ဝယ်ရတဲ့ gear တွေကို Augmented အမျိုးအစားအဖြစ် ဘယ်လိုပြောင်းရလဲ?


Level 70 Tank class gear နဲ့အရင်ပြပါမယ်

Level 70 မှာဆို Scaeven Armor of Fending ဟာ အမြင့်ဆုံးပါပဲ ။ သူ့ item level က 390 ရှိပါတယ် ။ Augmented အဖြစ်ပြောင်းဖို့ဆို Scaeven Twine ဆိုတဲ့အရာလေး လိုပါတယ် ။ အဲ့ဒါကို tomestone နဲ့ပဲ ဝယ်ရတာ ဖြစ်ပါတယ် ။

Scaeven Twine ကို ဒီမှာ ဝယ်ရပါတယ် ။


 
Augmented gear အဖြစ် ဒီလို exchange လုပ်ပြီး မြှင့်တင်ယူရပါတယ် ။


Augmented gear အဖြစ် ဒီလို exchange လုပ်ပြီး မြှင့်တင်ယူရပါတယ် ။
ဒါဆို Augmented Scaeven Armor of Fending ကို ရပါပြီ ။

> တချို့ gear တွေဟာ job တွေမှာ share သုံးကြပါတယ် ။


Tank gear တွေဆို job သီးသန့် gear တွေကလွဲလို့ Warriors, Paladin, Dark Knight, Gunbreaker တွေမှာ share သုံးကြပါတယ် ။ Healer gear ဆိုလည်း အဲ့လိုပဲ Schalor, White Mage, Astrologist ၃ ခုလုံးမှာ သုံးလို့ရပါတယ် ။ end game content ကရတဲ့ gear တွေဟာလည်း share gear တွေ ဖြစ်ကြပါတယ် ။ share gear တွေရှိတာကို သိထားတော့ ကိုယ့် armory inventory ထဲ နေရာအပိုတွေ ထွက်လာတာပေါ့ ။ ပြီးတော့ ကိုယ့်မှာ Summoner level 80 ရှိနေပြီး နောက် job အသစ်တစ်ခု level တင်ချင်တယ် gear တွေနဲ့ စိတ်ရှုပ်မခံချင်တော့ဘူး ဒီလိုအချိန်မှာ Blackmage ကို level တင်လိုက်မယ်ဆိုရင် gear အပိုတွေ ထပ်ဝယ်စရာ သိပ်မလိုတော့ဘူး ။ ဘာကြောင့်လဲဆိုတော့ Blackmage နဲ့ Summoner တို့ဟာ gear တူကြလို့ Summoner gear ကိုပဲ ပြန်သုံးလို့ရနေလို့ပါပဲ ။

ဒါပေမယ့် share gear သုံးလို့မရတဲ့ job ၂ ခု ရှိပါတယ် ။ အဲ့ဒါကတော့ Ninja နဲ့ Dragoon တို့ပါပဲ ။

ဆိုတော့ share gear တွေကို အမျိုးအစား ခွဲ ပြရရင်

Tank = Warriors, Paladin, Darknight, Gunbreaker
Healer = Whitemage, Scholar, Astrologist
Physical melee dps = Monk and Samurai
Physical range dps = Bard, Mechanic, Dancer
Magical range dps = Blackmage, Summoner, Redmage, Bluemage

Crafter class တွေနဲ့ Gatherer class တွေလည်း share gear တွေနဲ့ပါပဲ ။

> Gearset ဆိုတဲ့ feature ကို သုံးပါ ။


စာမဖတ်ပဲ ကျော်သွားတတ်သမားဆို gearset ဆိုတာကို သုံးမတတ်တော့တာ တွေ့ရပါတယ် ။ class အသစ်တစ်ခု unlock တိုင်း gear set အသစ်တစ်ခု လုပ်ပြီး save ပါ ။ ဒါမှ ကိုယ်လိုချင်တဲ့ job (class) ကို ကြိုက်တဲ့အချိန်ပြောင်းနိုင်ပြီး skill set တွေ armor set တွေက သူ့ class နဲ့ သူ ရှိနေမှာမို့ ကိုယ်လိုက်ပြောင်းနေစရာ မလိုပဲ လွယ်လွယ်ကူကူနဲ့ အဆင်သင့် ဆော့နိုင်မှာ ဖြစ်ပါတယ် ။



Gear Set အသုံးပြုနည်းကို ဒီမှာ ဖတ်လို့ရပါတယ် ။

> Tomestone ကို ဘယ်လိုရှာရမှာလဲ?


Duty Roullete တွေ နေ့တိုင်းလုပ်ရင် ရတယ် ပြီးတော့ နောက်ဆုံး expansion က Hunt (အခုဆို ShadowBringer က Hunt) လုပ်ရင် ရတယ် ။ Daily Duty Roullete ကိုသာ နေ့တိုင်းလုပ်ရင် Tomestone တွေ အသာလေးနဲ့ရပါတယ် ။ Hunt နဲ့ Beast Tribe တွေ နဲ့ပေါင်းလိုက်ရင်တော့ ရတာ ပိုများသွားမယ်ပေါ့ ။ Duty Roullete ထဲ Duty Roullete: Main Scenrio ကတော့ အပေးအကြမ်းဆုံးပါပဲ ။

ဒါတွေကတော့ Final Fantasy 14 မှာ gear item စနစ်အကြောင်း နားလည်လွယ်အောင် ရှင်းပြထားတာပဲ ဖြစ်ပါတယ် ။ အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ် ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။


Post a Comment

0 Comments