Nvidia ရဲ႕ latest driver သစ္ေတြက မ်ိဳးဆက္ေဟာင္းဂ်ီပီယူေတြအေပၚဘယ္လိုအက်ိဳးသက္ေရာက္မႈေတြျဖစ္ေစလည္း၊
ပိုေကာင္းလာသလား၊ ပိုဆိုးလာသလား။
စြမ္းေဆာင္ရည္ကို ေလ်ာ့ခ်ပစ္တယ္ဆိုတာဟုတ္လား။
Original Writer, Seo Thu Aung
driver အသစ္ထြက္တိုင္း update လုပ္ေပးဖို႔လိုအပ္သလား။
စာဖတ်မရလျှင် ဒီကို နှိပ်ပါ Unicode version
ခုဆိုရင္ Nvidia ရဲ႕ အသစ္လြင္ဆံုး latest အျဖစ္ဆံုး ဂ်ီပီယူက Turing ပါ၊
Turing
ႏြယ္ဝင္ေတြက RTX 20 series နဲ႔ GTX 16 series ဂရပ္ဖစ္ကတ္ေတြျဖစ္ပီး
ေစ်းကြက္ထဲစတင္ေရာက္ရွိတာ တစ္ႏွစ္နီးပါးရွိၿပီမို႔ သူ႕ရဲ႕ driver
အေထာက္အပံ့ပိုင္းက ရင့္က်က္ (mature) ပီလို႔ ေျပာလို႔ရပါတယ္။
Nvidia
က သူ႕ရဲ႕ ေနာက္ဆံုးေပၚ ဂရပ္ဖစ္ကတ္ေတြရဲ႕အစြမ္းကိုျပလိုေတာ့
အခ်ိန္တိုင္းမွာ (ပံုမွန္အားျဖင့္ တစ္လတစ္ခါ) driver update
ေတြကိုထုတ္ေပးၿပီး ဘယ္ဂိမ္းမွာ ဘယ္လို တိုးတက္ (improvement) လာတယ္
ပိုျမန္လာတယ္၊
ဘယ္လိုလုပ္ေဆာင္ခ်က္အသစ္ (feature) ေတြ ထည့္သြင္းေပးထားတယ္ စသျဖင့္ကို အၿမဲျပဳလုပ္ေလ့ရွိပါတယ္။
ဒါကိုလည္း ပီစီဂိမ္မာေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။
အဲ့ဒီမွာတစ္ခုေတြးစရာရွိလာတာက
ေနာက္ဆံုးေပၚ ဂ်ီပီယူေတြအေပၚအာရံုစိုက္ (favor) လုပ္ေဆာင္တာမို႔
ေနာက္ဆံုးေပၚဂရပ္ဖစ္ကတ္ ကိုင္ေဆာင္ထားတဲ့သူေတြအတြက္
အက်ိဳးရွိတာေတာ့ဟုတ္ပါၿပီ၊
မ်ိဳးဆက္ေဟာင္း ကတ္ေတြနဲ႔ဂိမ္မာေတြဆိုတာလည္း အမ်ားႀကီးရွိေသးတယ္၊
သူတို႔လည္း အဲ့ latest driver ေတြတင္လိုက္ရင္ ေျပာထားသလို စြမ္းေဆာင္ရည္ေတြတိုးပါ့မလားဆိုတာ ေတြးစရာပါ။
(ဘယ္သူမွလည္း တစ္ႏွစ္ တစ္ခါ ထြက္သမွ် ဂရပ္ဖစ္ကတ္သစ္ကို လိုက္မဝယ္ႏိုင္ဘူးေလ၊
high boss ဆိုရင္ေတာ့တစ္မ်ိဳး ဒါေတာင္ ဝါသနာသဲႀကီးမဲႀကီးပါအံုးမွ)
ဒီအခ်က္ကို သံုးသပ္ၾကည့္ႏိုင္ဖို႔ က်ေနာ့္အေနနဲ႔ GTX 1080 Ti ဂရပ္ဖစ္ကတ္နဲ႔အေျဖရွာၾကည့္ပါတယ္။
GTX 1080 Ti ဆိုတာက gaming အတြက္ Pascal family ထဲမွာ အျမင့္ဆံုးပါ။
brand အေပၚမူတည္ၿပီး $800 ကေန $1100 ၾကားမွာရွိတဲ့ ဂရပ္ဖစ္ကတ္ျဖစ္ပါတယ္။
Pascal က gen အေနနဲ႔လည္း ယခု Turing ေရွ႕ဆင့္ေနာက္ဆင့္ဆိုေတာ့ date ေအာက္တဲ့အထဲမပါေသးပါဘူး။
ဒီေတာ့
သူ႔အေပၚမွာ latest driver (Turing ထြက္ၿပီး) နဲ႔ old driver (Turing
မထြက္ခင္) ဆိုတဲ့ driver ႏွစ္ခုနဲ႔အတူ ဂိမ္းေတြကို benchmark
လုပ္ၾကည့္ပါတယ္။
စမ္းသပ္ပံုစမ္းသပ္နည္းကို အေသးစိတ္ေျပာရရင္ အရင္ဆံုး GTX 1080 Ti တပ္ထားတဲ့ PC ကို GeForce latest driver တင္လိုက္ပါတယ္၊
ဗားရွင္းက 430.86 WHQL ပါ။
ပီးရင္ ဂိမ္းေတြကို run ပါတယ္၊
avg FPS ကို မွတ္ပါတယ္။
အဲဒီေနာက္ latest driver ကို ျဖဳတ္ (uninstall လုပ္) ပီး old driver ကို တင္လိုပါတယ္၊
ဗားရွင္း 378.92 WHQL ပါ။
(အဲဒီ driver ထြက္ရွိစဥ္အခ်ိန္က RTX 20 / GTX 16 စီးရီးကတ္ေတြ မေပၚေသးပါ)
ပီးတဲ့အခါ အေပၚက run ခဲ့တဲ့ settings နဲ႔ ထပ္တူ ဂိမ္းေတြကို run ပီး benchmark လုပ္ပါတယ္။
avg FPS မွတ္ပါတယ္။
ရလဒ္ေတြက . .
Unigine Heaven (Max settings)
GTX 1080 Ti old driver : 141 FPS
GTX 1080 Ti latest driver: 139 FPS
Rise of the Tomb Raider (Max settings, AA off)
GTX 1080 Ti old driver: 159 FPS
GTX 1080 Ti latest driver: 151 FPS
Shadow of the Tomb Raider (Max settings, TAA, DX12)
GTX 1080 Ti old driver: 86 FPS
GTX 1080 Ti latest driver: 85 FPS
Far Cry Primal (Max settings)
GTX 1080 Ti old driver: 89 FPS
GTX 1080 Ti latest driver: 86 FPS
Devil May Cry 5 (Max settings, TAA, DX12)
GTX 1080 Ti old driver: 126 FPS
GTX 1080 Ti latest driver: 120 FPS
Battlefield V (Max settings, TAA, DX12)
GTX 1080 Ti old driver: unknown
GTX 1080 Ti latest driver: 101 FPS
(Battlefield V တြင္ old driver ျဖင့္ လံုးဝ run လို႔မရသည့္အတြက္ ခ်န္ထားခဲ့ပါသည္)
ရလဒ္ေတြကိုၾကည့္ရင္ test အားလံုးမွာ old driver က latest ထက္ ပိုျမန္ေနတာကိုေတြ႕ရပါတယ္။
သိသိသာသာမဟုတ္ေပမယ္လို႔ သက္ေရာက္မႈတစ္ခုရွိေနျခင္းကိုျပလို၍ျဖစ္ပါတယ္။
ဒါဆိုရင္
Nvidia က သူ႔ ေနာက္ဆံုးေပၚကတ္ေတြကိုေရာင္းခ်င္လို႔ gen အေဟာင္းကတ္ေတြကို
driver ကေန စြမ္းေဆာင္ရည္ ေလ်ာ့ခ်ပစ္တယ္ဆိုတဲ့စကားက မွန္ေနပီလား ?
ဒီလိုလည္းမဟုတ္ေသး။
ျဖစ္ႏိုင္ေခ်ရွိတာက gen အသစ္ေကာင္းဖို႔ကိုပဲအာရံုစိုက္ေနေတာ့ gen ေဟာင္းေတြအေပၚ အာရံုစူးစိုက္မႈနည္းသြားတာျဖစ္လိမ့္မယ္၊
တမင္သပ္သပ္ႀကီးေတာ့ performance ေလ်ာ့ေအာင္လုပ္ပီး နာမည္ပ်က္ခံမွာမဟုတ္။
ဒါဆို gen အေဟာင္းကတ္ေတြကိုင္ထားမယ္ဆိုရင္ driver ကို update မလုပ္ေတာ့ဘူးဆိုရင္ေကာ ?
ခုေမးခြန္းအတြက္အေျဖက သင္ေဆာ့မည့္ဂိမ္းအေပၚမွာမူတည္ပါတယ္၊
အေပၚမွာ က်ေနာ္ test လုပ္တဲ့အထဲက Battlefield V က နမူနာပါ။
old driver နဲ႔ run မရပါ။
driver နဲ႔ ခ်ဳပ္ထားတဲ့သေဘာ . .
ေဆာ့ခ်င္ရင္ သတ္မွတ္ထားတဲ့ version နဲ႔အထက္ျဖစ္ရမယ္ ဘာညာေပါ့၊
အဲ့လိုဂိမ္းေတြ က Battlefield V တစ္ခုထဲမဟုတ္ပဲ အမ်ားႀကီးရွိပါေသးတယ္။
ဂိမ္းအသစ္ေတြအတြက္ စိတ္မေကာင္းစြာပဲ driver ကို အတိုင္းအတာတစ္ခုအထိ သင့္အေနနဲ႔ update လုပ္ဖို႔ ဖိအားေပးခံရမွာပါ။
ယခုလက္ရွိ
RTX 20 နဲ႔ GTX 16 စီးရီးရဲ႕ေနာက္မ်ိဳးဆက္သစ္ေတြထြက္မလာမခ်င္း Nvidia ရဲ႕
driver က သူတို႔ေတြအေပၚမွာအေကာင္းဆံုးျဖစ္ေအာင္လုပ္ေနအံုးမွာပါပဲ။
(အရင္ gen ေဟာင္းေတြကို ပစ္ထိုးပစ္လွန္လုပ္ထားတယ္လို႔ မဆိုလို၊
ပထမဦးစားေပး မဟုတ္ေတာ့ဘူးလို႔ပဲေျပာခ်င္တာပါ)
က်ေနာ့္အေနနဲ႔
suggest ေပးရရင္ gen ေဟာင္းကတ္ေတြက performance က်တယ္ဆိုေပမဲ့
ဆိုးဆိုးဝါးဝါးမဟုတ္တဲ့ လက္ခံလို႔ရတဲ့အေျခအေနဆိုေတာ့ driver ကို update
လုပ္ဖို႔ပဲတိုက္တြန္းပါတယ္။
bug fix ေတြ new feature ေတြ ပါလို႔ပါ။
ဒါေပမဲ့
update မလုပ္ခင္ သတိဆိုတာပိုတယ္မရွိ ကိုယ့္အရင္ install လုပ္သူေတြရဲ႕
feedback ကို နားေထာင္ပီး stable ျဖစ္တယ္ဆိုမွ update
လုပ္တာအေကာင္းဆံုးပါပဲ။
စာႂကြင္း။ ။
ယခုေဆာင္းပါးမွာ Nvidia ကိုပဲဦးတည္ေရးထားတာျဖစ္ပီး AMD ကို ေနာင္အလ်င္းသင့္တဲ့အခါေရးေပးသြားပါ့မယ္။
benchmarking လုပ္ရာမွာအသံုးျပဳတဲ့ PC ရဲ႕ specs က
i5-6500 CPU
16GB @2133MHz RAM
ျဖစ္တာမို႔
စီပီယူ bottleneck ျဖစ္ေနပီး frame ရသင့္သေလာက္မရေပမဲ့ အဓိကအခ်က္ျဖစ္တဲ့
driver ႏွစ္ခုအၾကား ကြာဟခ်က္ကိုပဲျပလိုခ်င္းျဖစ္ပါတယ္။
ဂိမ္းေတြကို full HD 1080p နဲ႔ run ထားပါတယ္။
Original Writer, Seo Thu Aung
Unicode
Nvidia ရဲ့ latest driver သစ်တွေက မျိုးဆက်ဟောင်းဂျီပီယူတွေအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်စေလည်း ပိုကောင်းလာသလား၊ ပိုဆိုးလာသလား။
Original Writer, Seo Thu Aung
စွမ်းဆောင်ရည်ကို လျော့ချပစ်တယ်ဆိုတာဟုတ်လား။
driver အသစ်ထွက်တိုင်း update လုပ်ပေးဖို့လိုအပ်သလား။
ခုဆိုရင် Nvidia ရဲ့ အသစ်လွင်ဆုံး latest အဖြစ်ဆုံး ဂျီပီယူက Turing ပါ၊
Turing နွယ်ဝင်တွေက RTX 20 series နဲ့ GTX 16 series ဂရပ်ဖစ်ကတ်တွေဖြစ်ပီး ဈေးကွက်ထဲစတင်ရောက်ရှိတာ တစ်နှစ်နီးပါးရှိပြီမို့ သူ့ရဲ့ driver အထောက်အပံ့ပိုင်းက ရင့်ကျက် (mature) ပီလို့ ပြောလို့ရပါတယ်။
Nvidia က သူ့ရဲ့ နောက်ဆုံးပေါ် ဂရပ်ဖစ်ကတ်တွေရဲ့အစွမ်းကိုပြလိုတော့ အချိန်တိုင်းမှာ (ပုံမှန်အားဖြင့် တစ်လတစ်ခါ) driver update တွေကိုထုတ်ပေးပြီး ဘယ်ဂိမ်းမှာ ဘယ်လို တိုးတက် (improvement) လာတယ် ပိုမြန်လာတယ်၊
ဘယ်လိုလုပ်ဆောင်ချက်အသစ် (feature) တွေ ထည့်သွင်းပေးထားတယ် စသဖြင့်ကို အမြဲပြုလုပ်လေ့ရှိပါတယ်။
ဒါကိုလည်း ပီစီဂိမ်မာတော်တော်များများ သိကြမှာပါ။
အဲ့ဒီမှာတစ်ခုတွေးစရာရှိလာတာက နောက်ဆုံးပေါ် ဂျီပီယူတွေအပေါ်အာရုံစိုက် (favor) လုပ်ဆောင်တာမို့ နောက်ဆုံးပေါ်ဂရပ်ဖစ်ကတ် ကိုင်ဆောင်ထားတဲ့သူတွေအတွက် အကျိုးရှိတာတော့ဟုတ်ပါပြီ၊
မျိုးဆက်ဟောင်း ကတ်တွေနဲ့ဂိမ်မာတွေဆိုတာလည်း အများကြီးရှိသေးတယ်၊
သူတို့လည်း အဲ့ latest driver တွေတင်လိုက်ရင် ပြောထားသလို စွမ်းဆောင်ရည်တွေတိုးပါ့မလားဆိုတာ တွေးစရာပါ။
(ဘယ်သူမှလည်း တစ်နှစ် တစ်ခါ ထွက်သမျှ ဂရပ်ဖစ်ကတ်သစ်ကို လိုက်မဝယ်နိုင်ဘူးလေ၊ high boss ဆိုရင်တော့တစ်မျိုး ဒါတောင် ဝါသနာသဲကြီးမဲကြီးပါအုံးမှ)
ဒီအချက်ကို သုံးသပ်ကြည့်နိုင်ဖို့ ကျနော့်အနေနဲ့ GTX 1080 Ti ဂရပ်ဖစ်ကတ်နဲ့အဖြေရှာကြည့်ပါတယ်။
GTX 1080 Ti ဆိုတာက gaming အတွက် Pascal family ထဲမှာ အမြင့်ဆုံးပါ။
brand အပေါ်မူတည်ပြီး $800 ကနေ $1100 ကြားမှာရှိတဲ့ ဂရပ်ဖစ်ကတ်ဖြစ်ပါတယ်။
Pascal က gen အနေနဲ့လည်း ယခု Turing ရှေ့ဆင့်နောက်ဆင့်ဆိုတော့ date အောက်တဲ့အထဲမပါသေးပါဘူး။
ဒီတော့ သူ့အပေါ်မှာ latest driver (Turing ထွက်ပြီး) နဲ့ old driver (Turing မထွက်ခင်) ဆိုတဲ့ driver နှစ်ခုနဲ့အတူ ဂိမ်းတွေကို benchmark လုပ်ကြည့်ပါတယ်။
စမ်းသပ်ပုံစမ်းသပ်နည်းကို အသေးစိတ်ပြောရရင် အရင်ဆုံး GTX 1080 Ti တပ်ထားတဲ့ PC ကို GeForce latest driver တင်လိုက်ပါတယ်၊
ဗားရှင်းက 430.86 WHQL ပါ။
ပီးရင် ဂိမ်းတွေကို run ပါတယ်၊
avg FPS ကို မှတ်ပါတယ်။
အဲဒီနောက် latest driver ကို ဖြုတ် (uninstall လုပ်) ပီး old driver ကို တင်လိုပါတယ်၊
ဗားရှင်း 378.92 WHQL ပါ။
(အဲဒီ driver ထွက်ရှိစဉ်အချိန်က RTX 20 / GTX 16 စီးရီးကတ်တွေ မပေါ်သေးပါ)
ပီးတဲ့အခါ အပေါ်က run ခဲ့တဲ့ settings နဲ့ ထပ်တူ ဂိမ်းတွေကို run ပီး benchmark လုပ်ပါတယ်။ avg FPS မှတ်ပါတယ်။
ရလဒ်တွေက . .
Unigine Heaven (Max settings)
GTX 1080 Ti old driver : 141 FPS
GTX 1080 Ti latest driver: 139 FPS
Rise of the Tomb Raider (Max settings, AA off)
GTX 1080 Ti old driver: 159 FPS
GTX 1080 Ti latest driver: 151 FPS
Shadow of the Tomb Raider (Max settings, TAA, DX12)
GTX 1080 Ti old driver: 86 FPS
GTX 1080 Ti latest driver: 85 FPS
Far Cry Primal (Max settings)
GTX 1080 Ti old driver: 89 FPS
GTX 1080 Ti latest driver: 86 FPS
Devil May Cry 5 (Max settings, TAA, DX12)
GTX 1080 Ti old driver: 126 FPS
GTX 1080 Ti latest driver: 120 FPS
Battlefield V (Max settings, TAA, DX12)
GTX 1080 Ti old driver: unknown
GTX 1080 Ti latest driver: 101 FPS
(Battlefield V တွင် old driver ဖြင့် လုံးဝ run လို့မရသည့်အတွက် ချန်ထားခဲ့ပါသည်)
ရလဒ်တွေကိုကြည့်ရင် test အားလုံးမှာ old driver က latest ထက် ပိုမြန်နေတာကိုတွေ့ရပါတယ်။
သိသိသာသာမဟုတ်ပေမယ်လို့ သက်ရောက်မှုတစ်ခုရှိနေခြင်းကိုပြလို၍ဖြစ်ပါတယ်။
ဒါဆိုရင် Nvidia က သူ့ နောက်ဆုံးပေါ်ကတ်တွေကိုရောင်းချင်လို့ gen အဟောင်းကတ်တွေကို driver ကနေ စွမ်းဆောင်ရည် လျော့ချပစ်တယ်ဆိုတဲ့စကားက မှန်နေပီလား ?
ဒီလိုလည်းမဟုတ်သေး။
ဖြစ်နိုင်ချေရှိတာက gen အသစ်ကောင်းဖို့ကိုပဲအာရုံစိုက်နေတော့ gen ဟောင်းတွေအပေါ် အာရုံစူးစိုက်မှုနည်းသွားတာဖြစ်လိမ့်မယ်၊
တမင်သပ်သပ်ကြီးတော့ performance လျော့အောင်လုပ်ပီး နာမည်ပျက်ခံမှာမဟုတ်။
ဒါဆို gen အဟောင်းကတ်တွေကိုင်ထားမယ်ဆိုရင် driver ကို update မလုပ်တော့ဘူးဆိုရင်ကော ?
ခုမေးခွန်းအတွက်အဖြေက သင်ဆော့မည့်ဂိမ်းအပေါ်မှာမူတည်ပါတယ်၊
အပေါ်မှာ ကျနော် test လုပ်တဲ့အထဲက Battlefield V က နမူနာပါ။
old driver နဲ့ run မရပါ။
driver နဲ့ ချုပ်ထားတဲ့သဘော . .
ဆော့ချင်ရင် သတ်မှတ်ထားတဲ့ version နဲ့အထက်ဖြစ်ရမယ် ဘာညာပေါ့၊
အဲ့လိုဂိမ်းတွေ က Battlefield V တစ်ခုထဲမဟုတ်ပဲ အများကြီးရှိပါသေးတယ်။
ဂိမ်းအသစ်တွေအတွက် စိတ်မကောင်းစွာပဲ driver ကို အတိုင်းအတာတစ်ခုအထိ သင့်အနေနဲ့ update လုပ်ဖို့ ဖိအားပေးခံရမှာပါ။
ယခုလက်ရှိ RTX 20 နဲ့ GTX 16 စီးရီးရဲ့နောက်မျိုးဆက်သစ်တွေထွက်မလာမချင်း Nvidia ရဲ့ driver က သူတို့တွေအပေါ်မှာအကောင်းဆုံးဖြစ်အောင်လုပ်နေအုံးမှာပါပဲ။
(အရင် gen ဟောင်းတွေကို ပစ်ထိုးပစ်လှန်လုပ်ထားတယ်လို့ မဆိုလို၊ ပထမဦးစားပေး မဟုတ်တော့ဘူးလို့ပဲပြောချင်တာပါ)
ကျနော့်အနေနဲ့ suggest ပေးရရင် gen ဟောင်းကတ်တွေက performance ကျတယ်ဆိုပေမဲ့ ဆိုးဆိုးဝါးဝါးမဟုတ်တဲ့ လက်ခံလို့ရတဲ့အခြေအနေဆိုတော့ driver ကို update လုပ်ဖို့ပဲတိုက်တွန်းပါတယ်။
bug fix တွေ new feature တွေ ပါလို့ပါ။
ဒါပေမဲ့ update မလုပ်ခင် သတိဆိုတာပိုတယ်မရှိ ကိုယ့်အရင် install လုပ်သူတွေရဲ့ feedback ကို နားထောင်ပီး stable ဖြစ်တယ်ဆိုမှ update လုပ်တာအကောင်းဆုံးပါပဲ။
စာကြွင်း။ ။
ယခုဆောင်းပါးမှာ Nvidia ကိုပဲဦးတည်ရေးထားတာဖြစ်ပီး AMD ကို နောင်အလျင်းသင့်တဲ့အခါရေးပေးသွားပါ့မယ်။
benchmarking လုပ်ရာမှာအသုံးပြုတဲ့ PC ရဲ့ specs က
i5-6500 CPU
16GB @2133MHz RAM
ဖြစ်တာမို့ စီပီယူ bottleneck ဖြစ်နေပီး frame ရသင့်သလောက်မရပေမဲ့ အဓိကအချက်ဖြစ်တဲ့ driver နှစ်ခုအကြား ကွာဟချက်ကိုပဲပြလိုချင်းဖြစ်ပါတယ်။
ဂိမ်းတွေကို full HD 1080p နဲ့ run ထားပါတယ်။
Original Writer, Seo Thu Aung
0 Comments