About crafter and gatherer class in Final Fantasy XIV

DOH (crafter) ႏွင့္ DOL (gatherer) class ေတြကို level ဘယ္လိုတင္ရရင္ ေကာင္းမလဲ? ဘယ္​ class ကို အရင္​တင္​ရရင္​ ​ေကာင္​းမလဲ?



 Final Fantasy XIV မွာ combat အပိုင္းမွာ class အမ်ားႀကီး႐ွိသလို အတိုက္အခိုက္မပါတဲ့ class (crafter and gatherer) အမ်ားႀကီးလည္း ႐ွိပါတယ္ ။ ဒီ crafter gatherer class ေတြက စီးပြားေရးလုပ္တဲ့သူေတြ စိတ္ဝင္စားၾကမယ့္ class ေတြပါပဲ ။ ပစၥည္းေတြ အေရာင္းအဝယ္လုပ္ရင္း ေငြဘယ္လို တိုးပြားလာေအာင္ လုပ္မလဲဆိုတာက Final Fantasy XIV ဂိမ္းထဲသာမက အျပင္ေလာကမွာပါ လူအမ်ား စိတ္ဝင္စားၾကတဲ့ အရာတစ္ခုပဲ မဟုတ္ပါလား ။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

အတိုက္အခိုက္ခ်ည္း ေဆာ့ေနလို႔ ပ်င္းလာၿပီ ။ ဒီေတာ့ crafter gatherer class ေလးေတြ စမ္းေဆာ့ၾကည့္ၾကည့္မယ္ ဒါေပမယ့္ ဘယ္ class ကို အရင္တင္ရမွာလဲ? Level ဘယ္လို တင္ရမလဲ မသိဘူးဆိုသူေတြအတြက္ ဒီပုိ႔စ္ေလးမွာ သိလိုတဲ့ အခ်က္ေတြကို က်ေနာ့္အျမင္နဲ႔ ေပါင္းၿပီး ေျဖေပးထားတာမို႔ ဖတ္ၾကည့္လိုက္ရင္ အၾကမ္းဖ်င္းေတာ့ နားလည္သြားမွာ ျဖစ္ပါတယ္ ။

DOH (crafter) class ေတြဟာ တခုနဲ႔ တခု အမွီသဟဲျပဳေနတဲ့အတြက္ level အျမန္တက္ဖို႔မလိုဘူးဆိုရင္ DoH class ၈ ခုလံုး တၿပိဳင္နက္တည္း level တင္ဖို႔ အၾကံေပးလိုပါတယ္ ။ တခုတည္​း level တင္​ခ်င္​တယ္​ဆိုရင္​လည္​း ရပါတယ္​ ။ က်ေနာ္ေဆာ့သလိုမ်ိဳး တင္ရင္ level 60 ကို ၂ ရက္တည္းနဲ႔ကို ေရာက္ခ်င္ေရာက္သြားမွာ ။ crafter level ကေတာ့ Grand Company က daily turn in ရယ္ ၊ ၿမိဳ႕ႀကီးေတြက tradecraft leve ေတြရယ္ ၊ Beast Tribe ေတြနဲ႔ level တင္တာက ပိုျမန္ပါတယ္ ။

Beast Tribe က

Level 1 to 50 ဆိုရင္ Ixali beast tribe
Level 50 to 60 ဆိုရင္ Moogle beast tribe
Level 60 to 70 ဆိုရင္ Namazu beast tribe
Level 70 to 80 ဆိုရင္ Qitari Beast Tribe လုပ္ေပးရပါတယ္။

> Crafter Class ထဲက တစ္​ခုတည္​းကိုပဲ level တင္​ခ်င္​တယ္​ ။ ဘယ္​ class တင္​ရင္​​ေကာင္​းမလဲ မသိဘူး ျဖစ္​​ေနတယ္ ဆိုရင္​ က်​ေနာ္​့အျမင္​​ေျပာျပပါမယ္​ ။


Final Fantasy XIV မွာ ကိုယ့္ character ကို ဖက္႐ွင္က်က် လွလွပပ ဆင္ၿပီး ေဆာ့သမားေတြ ႐ွိ​ေတာ့ အက်ႌေတြ ဦးထုပ္ေတြေရာင္းရတယ္ ။ ဒီေတာ့ weaver class ဒါမွမဟုတ္ leatherwork class မဟုတ္ရင္ armorer class ေတြ ေဆာ့ႏိုင္ပါတယ္ ။

weapon လွလွေလးေတြ အေရာင္တလက္လက္ထြက္ေနတဲ့ လက္နက္ေတြ ႐ွာေဖြစုေဆာင္းသမားေတြလည္း ႐ွိေန​ေတာ့ blacksmith ကိုလည္း lvl တင္လို႔ရပါတယ္ ။

အိမ္အလွဆင္ ပရိေဘာဂ ပစၥည္းေတြလည္း အဝတ္အစားနည္းတူ ေရာင္းရမ်ားေတာ့ Carpenter ကို ယူေဆာ့ႏိုင္ပါတယ္ ။

 ေစ်းႏႈန္း အလယ္အလတ္နဲ႔ ပစၥည္း အျမဲေရာင္းထြက္ေနတာမ်ိဳး လိုခ်င္ရင္ေတာ့ culinary class ကို ေရြးပါ ။

Alchemist class က potion တို႔လို ပစၥည္းေတြလည္း raid သမားေတြ ႐ွာဝယ္ၾကတာမ်ားတာမို႔ Alchemist class ကို level တင္ႏိုင္ပါေသးတယ္ ။

ဒါေပမယ့္ Alchemist နဲ႔ Culinary class က item ေတြဟာေတြ level အျမင့္ဆံုးေတြပဲ ေရာင္းရတာမုိ႔ level 80 မွပဲ ေရာင္းရမ်ားတာ ေတြ႔ရမွာ ျဖစ္ပါတယ္ ။ Goldsmith ကေတာ့ class item level ျမင့္လိုတဲ့အခါ DOH DOL class ေတြအတြက္ ဝယ္တာေတြပဲ ႐ွိလို႔ crafter class ထဲ ပစၥည္း ေရာင္းထြက္တာ အနည္းဆံုးလို႔ ဆိုႏိုင္ပါတယ္ ။

Crafter class ေတြမွာ Culinary တခုက ကလြဲလို႔ က်န္​ class ​ေတြက အခ်င္​းခ်င္​း အျပန္​အလွန္​မွီခိုၾကပါတယ္​ ။ မွီခိုတယ္ဆိုတာက craft ဖို႔ နည္​းက class တခုမွာမ႐ွိရင္​ တခုမွာ႐ွိ​​ေနတတ္​တာကို ဆိုလိုတာပါ ။ အဲ့လိုဆို​ေတာ့ craft ဖို႔ အ​ေျခခံ item ေတြ ဝယ္​ရတာ 30% ​ေလာက္​ သက္​သာသြားတယ္ ။

Crafter class ေတြဟာ level ျမင္​့လာ​ေလ craft နည္​း​ေတြက ခက္​လာတာ item ႐ွာရခက္​လာတာ​ေတြက ပိုၿပီး သိသာလာေလေလပဲ ။ ဘာ​ေၾကာင္​့လဲဆို​ေတာ့ level ျမင့္လာေလေလ Mat ( craft ဖို႔ လိုတဲ့ item ​စာရင္​း) ကႀကီးလာ​ေလ မုိ႔လို႔ပါ ။ အဲ့​ေနရာမွာ DOL class ​ေတြ႐ွိ​ေနရင္​ေတာ့ ​အ​ေျခခံပစၥည္​း​ေတြကို map ​ေပၚမွာ ကုိယ္​တိုင္​ ႐ွာယူ လို႔ရ​ေနတာ​ေၾကာင္​့ တခ်ိဳ႕တဝက္ကို marketboard ​​ေပၚက ႐ွာဝယ္​စရာမလို​ေတာ့လို႔ ကုန္​က်စရိတ္​က 50 % ​ေလာက္​ ထပ္​ သက္​သာသြားျပန္​တယ္​ ။

> ​ေစ်းကြက္​ထဲ ဘယ္​ crafter class ရဲ႕ ပစၥည္​း​ေတြက ​ေရာင္​းရလဲ?


​ေစ်းကြက္​ထဲ ဘယ္​ crafter class ရဲ႕ ပစၥည္​း​ေတြက ​ေရာင္​းရလဲ လို႔ ​ေမးရင္​ lvl ျမင္​့ crafter class ​ေတြ က lvl ျမင္​့ item ​ေတြက ပို​ေရာင္​းရတာခ်ည္​းပါပဲ ။ ဒါ​ေပမယ္​့ data center ​ေတြ အကုန္​ျခံဳငံုၾကည္​့လိုက္​ရင္​ culinary က food ​ေတြက အျမဲလိုလို အ​ေရာင္​း႐ွိတယ္​ ။ က်န္​ crafter class ​ေတြရဲ႕ item ​ေတြက ​အျပင္​မွာ ​ေရႊ​ေရာင္​းသလိုပဲ ​ေစ်းႀကီးႀကီးနဲ႔ တင္ေရာင္းႏိုင္ေပမယ့္ ​ေရာင္​းထြက္​ဖို႔ က နဲနဲၾကာတယ္ ။ food က​ေတာ့ အျမဲလိုလို အ​ေရာင္​းထြက္​​ေနတာမို႔ raid ​အ​ေဆာ့မ်ားတဲ့ data center ဆို food ​ေတြ အရမ္​း​ေရာင္​းရပါတယ္ ။ ဒါေပမယ့္ Culinary က Mat (craft ဖို႔ လိုတဲ့ item စာရင္းနဲ႔ craft နည္း) ဟာ က်န္ crafter class ေတြထက္ အရမ္းႀကီးတာေၾကာင့္ item ႐ွာရတာ craft ရတာ အရမ္းေခါင္းစားမယ္ ဆိုတာေတာ့ ႀကိဳတင္ေျပာပါရေစ ။

crafter class ေတြဟာ သူ႔ level တစ္ခုကို ေရာက္တာနဲ႔ unlock ျဖစ္သြားတဲ့ craft နည္းေတြက ေစ်းကြက္မွာ ေတာ္ေတာ္ေလး ေရာင္းရတဲ့ item ေတြရဲ႕ craft နည္းေတြ ျဖစ္တာေၾကာင့္ ပိုက္ဆံက အဝင္မစဲ တသဲသဲ ျဖစ္ၿပီပဲ ။

> DoL (Gatherer) class


DoL (Gatherer) class ေတြျဖစ္တဲ့ Miner, Botanist, Fisher ေတြကေတာ့ ရွင္းပါတယ္ ။ အရင္းအျမစ္ေတြ လိုက္တူး လိုက္ရွာ၊ marketboard ေပၚ တင္ေရာင္း လုပ္လို႔ရပါတယ္ ။ သူ႔ကိုလည္း Grand Company daily turn in ေတြရယ္ ၊ ၿမိဳ႕ႀကီးျပႀကီးေတြက fieldcraft leve ေတြရယ္ ၊ Beast Tribe မွာဆို Ixali နဲ႔ Namazu ရယ္ ေနာက္ၿပီး အခုမွ အသစ္ထပ္ထည့္လိုက္တဲ့ Qitari တို႔ကို လုပ္ၿပီး level တင္လို႔ရပါတယ္ ။ အထူးသျဖင့္ fieldcraft leve ေတြက exp နင့္ေနေအာင္ ေပးထားေတာ့ level တက္တာ အရမ္းအရမ္းကို ျမန္ပါတယ္ ။ ပိုက္ဆံရတဲ့ဘက္ျခမ္းကို ၾကည့္မယ္ဆိုရင္လည္း ေဈးကြက္အေၾကာင္းသိတဲ့သူဆိုရင္ ေရာင္းေကာင္းတဲ့ အရင္းအျမစ္ေတြ လိုက္တူးၿပီး ေရာင္းစားၾကတယ္ ။ ဒါေပမယ့္ Gatherer class ေတြထဲ Fisher class ကေတာ့ ထူးျခားတယ္ ။ ေနရာ အလိုက္ ငါးစာအလိုက္ ငါးမွ်ားရတာေၾကာင့္ ဖမ္းလိုတဲ့ ငါးက မမိ၊ မလိုခ်င္တဲ့ ငါးေတြ ဖမ္းမိေန ၊ အဲ့လို ေတြ ျဖစ္တတ္မွာမို႔ level တင္တဲ့အခါ စိတ္ရွည္ဖို႔ေတာ့ လိုတာေပါ့ ။ ငါးစာကေတာ့ ေရာက္ေနတဲ့ေနရာက NPC trader ဆီမွာ ဝယ္ပါ ။ သူ႔ေနရာမွာ ဖမ္းမိတတ္တဲ့ ငါးႏွင့္ သက္ဆိုင္တဲ့ ငါးစာသာ ေရာင္းတတ္တာမို႔ အဲ့ NPC မွာ ဝယ္ၿပီးသုံးရင္ ရပါတယ္ ။ အမ်ားအားျဖင့္ fisher class အပါအဝင္ gatherer class ေတြက ေခါင္းစားသက္သာသလို ေရာင္းထြက္လြယ္ ၊ ပိုက္ဆံရျမန္တဲ့ class ေတြပါ ။ Crafter class တင္မယ္ဆို Gatherer class ပါ တြဲလ်က္ level တင္သြားဖို႔ အႀကံေပးလိုပါတယ္ ။

> DOH, DOL gear


DOH class အားလုံးဟာ gear တူၾကပါတယ္ ။ DOL class ဟာလည္း gear တူၾကပါတယ္ ။ job gear ေတြေလာက္ပဲ ကြဲျပားသြားတယ္ ။ သို႔ေပမယ့္ DOH ဆို DOH gear တစ္ခုတည္းနဲ႔ DOH class အားလုံးသုံးလို႔ရေနေတာ့ တစ္စုံပဲ ဝယ္စရာလိုပါတယ္ ။ ထို႔အတူ DOL class ေတြ လည္းပဲ DOL gear တစုံပဲ ထားစရာလိုပါတယ္ ။

DOH, DOL gear ေတြမွာ ဘယ္ဘက္ျခမ္းရွိတဲ့ armor ေခါင္း၊ ခါး၊ ေျခ၊ လက္နဲ႔ လက္နက္ေတြပဲ သူ႔ level အလိုက္ ေျပာင္းလဲ သုံးေပးဖို႔လိုပါတယ္ ။ ညာဘက္ျခမ္း accessories ေတြက သိပ္ေျပာင္းလဲေပးစရာ မလိုဘူး ။ class skill ေတြ သိပ္မသုံးပဲ item exchange နဲ႔ level တင္သြားမယ္ဆိုရင္ level 1 armor နဲ႔တင္ level 80 အထိ တက္လို႔ရတယ္ ။ class quest ေတြ လုပ္မယ္ဆိုရင္ေတာ့ ဘယ္ဘက္ျခမ္းရွိ armor အပိုင္းနဲ႔ လက္နက္အပိုင္းကိုပဲ အဓိကထား ျမင့္တင္ေပးရင္ကို လုံေလာက္ေနပါၿပီ ။ ပိုလြယ္ကူခ်င္ရင္ materia ေတြပါ ထည့္ meld ေပးႏိုင္ပါတယ္ ။ ညာဘက္ျခမ္းရွိ accessories အပိုင္းကိုေတာ့ DOH class ဆိုရင္ HQ item ေတြ craft ခ်င္တဲ့အခ်ိန္ ၊ DOL class ဆိုရင္ HQ item ႏွင့္ collectibles item ေတြရွာခ်င္တဲ့အခ်ိန္မ်ိဳးဆို ျမင့္တင္ေပးဖို႔ လိုအပ္ပါတယ္ ။ ဒီအခ်ိန္ဆို materia ေတြပါ meld ဖို႔ လိုလာပါၿပီ ။

က်ေနာ့္အေတြ႕အႀကဳံအရ ေျပာရရင္ Materia အပိုင္းမွာ HQ ရခ်င္ပါက DOH ဆိုရင္ ဦးစားစနစ္အရ 1st = Craftmenship, 2nd = Control, 3rd = CP အလိုက္ meld ၾကပါတယ္ ။ DOL ဆိုရင္ 1st = Perception, 2nd = Gathering, 3rd = GP အလိုက္ meld ၾကပါတယ္ ။ အေလအလြင့္မရွိတာမ်ိဳး ရခ်င္ရင္ meld order ေျပာင္းလဲ meld ႏိုင္ပါတယ္ ။ ကိုယ္ ဘယ္လို performance မ်ိဳး လိုခ်င္သလဲအေပၚ မူတည္ၿပီး materia ေတြ ေျပာင္းလဲ meld ယူသြားတာ ျဖစ္ပါတယ္ ။

> က်ေနာ့္ရဲ႕ crafter level တင္နည္း


က်ေနာ့္အေနနဲ႔ crafter class ၈ ခုလုံး တၿပိဳင္တည္းနဲ႔ level တင္တာ 60 ေရာက္ဖို႔ ၁၅ ရက္ပဲ ၾကာပါတယ္ ။ craft skill သုံးၿပီး လုပ္တာ မဟုတ္ပါဘူး ။ ဒီအတိုင္း quest ယူ ၊ လိုတဲ့ item ဝယ္ၿပီး ေပးလိုက္တာပါပဲ ။ Grand Company daily turn in ကို HQ item ေတြနဲ႔ လုပ္တယ္ ။ crafter leve ေတြကို လုပ္တယ္ ။ leve accept လုပ္ ၊ လိုတဲ့ item ေတြကို marketboard ကေန ဝယ္ ၊ ၿပီးရင္ သူသတ္မွတ္ထားတဲ့သူေတြဆီ သြားေပး ၊ complete ျဖစ္ ၊ ၿပီးၿပီ ။ leve ကို level အဆင့္အလိုက္ HQ item ေတြနဲ႔ လုပ္တယ္ ။ level 50 ကေန 60 ကိုေရာက္တာ ၁ နာရီပဲ ၾကာတယ္ ။ Ishgard ရဲ႕ large scale fieldcraft leve ကို ၂ ခု ေလာက္ လုပ္လိုက္႐ုံနဲ႔တင္ level 60 ေက်ာ္ တန္းေရာက္သြားပါတယ္ ။ က်ေနာ္က အကုန္ HQ item ေတြနဲ႔ခ်ည္း လုပ္တာမို႔ ဒီေလာက္ level အတက္ျမန္ေနတာပါ ။ Market board က ဝယ္ရေတာ့ gil ကေတာ့ အရမ္းကုန္ပါတယ္ ။ gil က ပ်မ္းမွ် စုစုေပါင္း သန္း ၃၀ ေက်ာ္ေလာက္ ကုန္သြားပါတယ္ ။ ကုန္က်တာကေတာ့ ကိုယ့္ world ရဲ႕ ေဈးကြက္အေျခအေနအေပၚ မူတည္သြားပါတယ္ ။ Level 70 ႏွင့္ အထက္ ဆိုရင္ေတာ့ level အတက္ျမန္ဖို႔အတြက္ Cystarium က delivery quest line လုပ္ရင္ကို လုံေလာက္ေနပါၿပီ ။ ပိုျမန္ခ်င္ရင္ေတာ့ leve quest ရယ္ Grand Company daily turn in ရယ္ ထပ္ေပါင္းလုပ္ေပးလိုက္ရင္ ရပါတယ္။

Class quest ေတြကိုေတာ့ level 70 ေရာက္မွပဲ level 1 ကေန level 70 အထိကို တဆက္တည္း ၿပီးေအာင္ လုပ္လိုက္တယ္ ။ class quest level 1 to 50 ေက်ာ္ ေလာက္အထိက class skill ေတြ မေပးေသးဘူး ။ ေပးတာေတြလည္း အသုံးနဲတဲ့ skill ေတြ ။ Tools နဲ႔ exp နဲ႔ gil နဲ႔ armor ေတြပဲ ေပးေသးတာ ျဖစ္ပါတယ္ ။ level 60 ေက်ာ္ ေလာက္မွ class skill ေကာင္းေတြ ေပးလာပါတယ္ ။

က်ေနာ့္အတြက္ေတာ့ class တခုရဲ႕ class quest level 1 to 70 အထိၿပီးဖို႔ကို ၃ နာရီေလာက္ အခ်ိန္ေပးလိုက္ရပါတယ္ ။ cutscene ေတြၾကည့္မယ္ စာေတြ ဖတ္မယ္ဆိုရင္ ၂ ရက္ခြဲေလာက္ အခ်ိန္ယူရပါလိမ့္မယ္ ။ class quest က level 1 ကေန 40 ေလာက္အထိက ေတာ္ေတာ္ပ်င္းဖို႔ေကာင္းတယ္ ။ ဒါေပမယ့္ level 50 ကေန 70 အထိေတာ့ story ေလးေတြနဲ႔မို႔ နဲနဲစိတ္ဝင္စားဖို႔ေကာင္းလာပါတယ္ ။ Level 70 to 80 က်ေတာ့ Class quest က Crystarium က delivery quest line ျဖစ္သြားတယ္။ class quest ေတြကလည္း leve ေတြ လုပ္သလိုပါပဲ ။ က်ေနာ္က လိုတဲ့ item ေတြကို marketboard ေပၚက ႀကိဳဝယ္ထားတယ္ ။ class quest  တကယ္လုပ္တဲ့အခ်ိန္က်ေတာ့ ဝယ္စရာမလို ၊ ဝယ္ဖို႔အခ်ိန္လည္း မေပးရေတာ့ ျမန္ျမန္နဲ႔ ၿပီးသြားေကာ ။ ဒါေပမယ့္ Level 60 ကေန 70 အထိက်ေတာ့ class quest line မွာေပးရမယ့္ item ေတြကို marketboard ကေန ဝယ္လို႔မရေတာ့ဘူး ။ class story ကေနေပးတဲ့ item (unique item) ကိုပဲ craft ၿပီးေပးရေတာ့မွာမို႔ ဒီအခ်ိန္က်ရင္ ကိုယ့္ crafter class ရဲ႕ gear set ႏွင့္ craft rotation ေတြ သိဖို႔ လိုအပ္လာပါၿပီ ။ 70 to 80 လည္း ဒီအတိုင္းပါပဲ ။
က်ေနာ္ crafter class ေတြ level တင္ရတဲ့အေၾကာင္းက crafter class ေတြ႐ွိေနရင္ ဘယ္ေနရာ ဘယ္အခ်ိန္မဆို gear ေတြကို ကုိယ့္ဘာသာကုိယ္ repair လုပ္ႏိုင္တဲ့အခ်က္ေၾကာင့္ပါပဲ ။ တခါတေလ non-stop Raid တတ္သမား က်ေနာ့္အတြက္ အရမ္းကို အဆင္ေျပတယ္ ။

ဒီေလာက္ဆို DOH, DOL (crafter and gatherer) class ေတြအေၾကာင္း အၾကမ္းဖ်င္းနားလည္သြားၿပီး ဘယ္ class ေဆာ့မယ္ဆိုတာ ေရြးတတ္သြားၿပီလို႔ ထင္ပါတယ္ ။ ဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ။


Unicode




DOH (crafter) နှင့် DOL (gatherer) class တွေကို level ဘယ်လိုတင်ရရင် ကောင်းမလဲ? ဘယ် class ကို အရင်တင်ရရင် ကောင်းမလဲ?


Final Fantasy XIV မှာ combat အပိုင်းမှာ class အများကြီးရှိသလို အတိုက်အခိုက်မပါတဲ့ class (crafter and gatherer) အများကြီးလည်း ရှိပါတယ် ။ ဒီ crafter gatherer class တွေက စီးပွားရေးလုပ်တဲ့သူတွေ စိတ်ဝင်စားကြမယ့် class တွေပါပဲ ။ ပစ္စည်းတွေ အရောင်းအဝယ်လုပ်ရင်း ငွေဘယ်လို တိုးပွားလာအောင် လုပ်မလဲဆိုတာက Final Fantasy XIV ဂိမ်းထဲသာမက အပြင်လောကမှာပါ လူအများ စိတ်ဝင်စားကြတဲ့ အရာတစ်ခုပဲ မဟုတ်ပါလား ။

အတိုက်အခိုက်ချည်း ဆော့နေလို့ ပျင်းလာပြီ ။ ဒီတော့ crafter gatherer class လေးတွေ စမ်းဆော့ကြည့်ကြည့်မယ် ဒါပေမယ့် ဘယ် class ကို အရင်တင်ရမှာလဲ? Level ဘယ်လို တင်ရမလဲ မသိဘူးဆိုသူတွေအတွက် ဒီပို့စ်လေးမှာ သိလိုတဲ့ အချက်တွေကို ကျနော့်အမြင်နဲ့ ပေါင်းပြီး ဖြေပေးထားတာမို့ ဖတ်ကြည့်လိုက်ရင် အကြမ်းဖျင်းတော့ နားလည်သွားမှာ ဖြစ်ပါတယ် ။

DOH (crafter) class တွေဟာ တခုနဲ့ တခု အမှီသဟဲပြုနေတဲ့အတွက် level အမြန်တက်ဖို့မလိုဘူးဆိုရင် DoH class ၈ ခုလုံး တပြိုင်နက်တည်း level တင်ဖို့ အကြံပေးလိုပါတယ် ။ တခုတည်း level တင်ချင်တယ်ဆိုရင်လည်း ရပါတယ် ။ ကျနော်ဆော့သလိုမျိုး တင်ရင် level 60 ကို ၂ ရက်တည်းနဲ့ကို ရောက်ချင်ရောက်သွားမှာ ။ crafter level ကတော့ Grand Company က daily turn in ရယ် ၊ မြို့ကြီးတွေက tradecraft leve တွေရယ် ၊ Beast Tribe တွေနဲ့ level တင်တာက ပိုမြန်ပါတယ် ။

Beast Tribe က

Level 1 to 50 ဆိုရင် Ixali beast tribe
Level 50 to 60 ဆိုရင် Moogle beast tribe
Level 60 to 70 ဆိုရင် Namazu beast tribe
Level 70 to 80 ဆိုရင် Qitari Beast Tribe လုပ်ပေးရပါတယ်။

> Crafter Class ထဲက တစ်ခုတည်းကိုပဲ level တင်ချင်တယ် ။ ဘယ် class တင်ရင်ကောင်းမလဲ မသိဘူး ဖြစ်နေတယ် ဆိုရင် ကျနော့်အမြင်ပြောပြပါမယ် ။


Final Fantasy XIV မှာ ကိုယ့် character ကို ဖက်ရှင်ကျကျ လှလှပပ ဆင်ပြီး ဆော့သမားတွေ ရှိတော့ အင်္ကျီတွေ ဦးထုပ်တွေရောင်းရတယ် ။ ဒီတော့ weaver class ဒါမှမဟုတ် leatherwork class မဟုတ်ရင် armorer class တွေ ဆော့နိုင်ပါတယ် ။

weapon လှလှလေးတွေ အရောင်တလက်လက်ထွက်နေတဲ့ လက်နက်တွေ ရှာဖွေစုဆောင်းသမားတွေလည်း ရှိနေတော့ blacksmith ကိုလည်း lvl တင်လို့ရပါတယ် ။

အိမ်အလှဆင် ပရိဘောဂ ပစ္စည်းတွေလည်း အဝတ်အစားနည်းတူ ရောင်းရများတော့ Carpenter ကို ယူဆော့နိုင်ပါတယ် ။

 ဈေးနှုန်း အလယ်အလတ်နဲ့ ပစ္စည်း အမြဲရောင်းထွက်နေတာမျိုး လိုချင်ရင်တော့ culinary class ကို ရွေးပါ ။

Alchemist class က potion တို့လို ပစ္စည်းတွေလည်း raid သမားတွေ ရှာဝယ်ကြတာများတာမို့ Alchemist class ကို level တင်နိုင်ပါသေးတယ် ။

ဒါပေမယ့် Alchemist နဲ့ Culinary class က item တွေဟာတွေ level အမြင့်ဆုံးတွေပဲ ရောင်းရတာမို့ level 80 မှပဲ ရောင်းရများတာ တွေ့ရမှာ ဖြစ်ပါတယ် ။ Goldsmith ကတော့ class item level မြင့်လိုတဲ့အခါ DOH DOL class တွေအတွက် ဝယ်တာတွေပဲ ရှိလို့ crafter class ထဲ ပစ္စည်း ရောင်းထွက်တာ အနည်းဆုံးလို့ ဆိုနိုင်ပါတယ် ။

Crafter class တွေမှာ Culinary တခုက ကလွဲလို့ ကျန် class တွေက အချင်းချင်း အပြန်အလှန်မှီခိုကြပါတယ် ။ မှီခိုတယ်ဆိုတာက craft ဖို့ နည်းက class တခုမှာမရှိရင် တခုမှာရှိနေတတ်တာကို ဆိုလိုတာပါ ။ အဲ့လိုဆိုတော့ craft ဖို့ အခြေခံ item တွေ ဝယ်ရတာ 30% လောက် သက်သာသွားတယ် ။

Crafter class တွေဟာ level မြင့်လာလေ craft နည်းတွေက ခက်လာတာ item ရှာရခက်လာတာတွေက ပိုပြီး သိသာလာလေလေပဲ ။ ဘာကြောင့်လဲဆိုတော့ level မြင့်လာလေလေ Mat ( craft ဖို့ လိုတဲ့ item စာရင်း) ကကြီးလာလေ မို့လို့ပါ ။ အဲ့နေရာမှာ DOL class တွေရှိနေရင်တော့ အခြေခံပစ္စည်းတွေကို map ပေါ်မှာ ကိုယ်တိုင် ရှာယူ လို့ရနေတာကြောင့် တချို့တဝက်ကို marketboard ပေါ်က ရှာဝယ်စရာမလိုတော့လို့ ကုန်ကျစရိတ်က 50 % လောက် ထပ် သက်သာသွားပြန်တယ် ။

> ဈေးကွက်ထဲ ဘယ် crafter class ရဲ့ ပစ္စည်းတွေက ရောင်းရလဲ?


ဈေးကွက်ထဲ ဘယ် crafter class ရဲ့ ပစ္စည်းတွေက ရောင်းရလဲ လို့ မေးရင် lvl မြင့် crafter class တွေ က lvl မြင့် item တွေက ပိုရောင်းရတာချည်းပါပဲ ။ ဒါပေမယ့် data center တွေ အကုန်ခြုံငုံကြည့်လိုက်ရင် culinary က food တွေက အမြဲလိုလို အရောင်းရှိတယ် ။ ကျန် crafter class တွေရဲ့ item တွေက အပြင်မှာ ရွှေရောင်းသလိုပဲ ဈေးကြီးကြီးနဲ့ တင်ရောင်းနိုင်ပေမယ့် ရောင်းထွက်ဖို့ က နဲနဲကြာတယ် ။ food ကတော့ အမြဲလိုလို အရောင်းထွက်နေတာမို့ raid အဆော့များတဲ့ data center ဆို food တွေ အရမ်းရောင်းရပါတယ် ။ ဒါပေမယ့် Culinary က Mat (craft ဖို့ လိုတဲ့ item စာရင်းနဲ့ craft နည်း) ဟာ ကျန် crafter class တွေထက် အရမ်းကြီးတာကြောင့် item ရှာရတာ craft ရတာ အရမ်းခေါင်းစားမယ် ဆိုတာတော့ ကြိုတင်ပြောပါရစေ ။

crafter class တွေဟာ သူ့ level တစ်ခုကို ရောက်တာနဲ့ unlock ဖြစ်သွားတဲ့ craft နည်းတွေက ဈေးကွက်မှာ တော်တော်လေး ရောင်းရတဲ့ item တွေရဲ့ craft နည်းတွေ ဖြစ်တာကြောင့် ပိုက်ဆံက အဝင်မစဲ တသဲသဲ ဖြစ်ပြီပဲ ။

> DoL (Gatherer) class


DoL (Gatherer) class တွေဖြစ်တဲ့ Miner, Botanist, Fisher တွေကတော့ ရှင်းပါတယ် ။ အရင်းအမြစ်တွေ လိုက်တူး လိုက်ရှာ၊ marketboard ပေါ် တင်ရောင်း လုပ်လို့ရပါတယ် ။ သူ့ကိုလည်း Grand Company daily turn in တွေရယ် ၊ မြို့ကြီးပြကြီးတွေက fieldcraft leve တွေရယ် ၊ Beast Tribe မှာဆို Ixali နဲ့ Namazu ရယ် နောက်ပြီး အခုမှ အသစ်ထပ်ထည့်လိုက်တဲ့ Qitari တို့ကို လုပ်ပြီး level တင်လို့ရပါတယ် ။ အထူးသဖြင့် fieldcraft leve တွေက exp နင့်နေအောင် ပေးထားတော့ level တက်တာ အရမ်းအရမ်းကို မြန်ပါတယ် ။ ပိုက်ဆံရတဲ့ဘက်ခြမ်းကို ကြည့်မယ်ဆိုရင်လည်း ဈေးကွက်အကြောင်းသိတဲ့သူဆိုရင် ရောင်းကောင်းတဲ့ အရင်းအမြစ်တွေ လိုက်တူးပြီး ရောင်းစားကြတယ် ။ ဒါပေမယ့် Gatherer class တွေထဲ Fisher class ကတော့ ထူးခြားတယ် ။ နေရာ အလိုက် ငါးစာအလိုက် ငါးမျှားရတာကြောင့် ဖမ်းလိုတဲ့ ငါးက မမိ၊ မလိုချင်တဲ့ ငါးတွေ ဖမ်းမိနေ ၊ အဲ့လို တွေ ဖြစ်တတ်မှာမို့ level တင်တဲ့အခါ စိတ်ရှည်ဖို့တော့ လိုတာပေါ့ ။ ငါးစာကတော့ ရောက်နေတဲ့နေရာက NPC trader ဆီမှာ ဝယ်ပါ ။ သူ့နေရာမှာ ဖမ်းမိတတ်တဲ့ ငါးနှင့် သက်ဆိုင်တဲ့ ငါးစာသာ ရောင်းတတ်တာမို့ အဲ့ NPC မှာ ဝယ်ပြီးသုံးရင် ရပါတယ် ။ အများအားဖြင့် fisher class အပါအဝင် gatherer class တွေက ခေါင်းစားသက်သာသလို ရောင်းထွက်လွယ် ၊ ပိုက်ဆံရမြန်တဲ့ class တွေပါ ။ Crafter class တင်မယ်ဆို Gatherer class ပါ တွဲလျက် level တင်သွားဖို့ အကြံပေးလိုပါတယ် ။

> DOH, DOL gear


DOH class အားလုံးဟာ gear တူကြပါတယ် ။ DOL class ဟာလည်း gear တူကြပါတယ် ။ job gear တွေလောက်ပဲ ကွဲပြားသွားတယ် ။ သို့ပေမယ့် DOH ဆို DOH gear တစ်ခုတည်းနဲ့ DOH class အားလုံးသုံးလို့ရနေတော့ တစ်စုံပဲ ဝယ်စရာလိုပါတယ် ။ ထို့အတူ DOL class တွေ လည်းပဲ DOL gear တစုံပဲ ထားစရာလိုပါတယ် ။

DOH, DOL gear တွေမှာ ဘယ်ဘက်ခြမ်းရှိတဲ့ armor ခေါင်း၊ ခါး၊ ခြေ၊ လက်နဲ့ လက်နက်တွေပဲ သူ့ level အလိုက် ပြောင်းလဲ သုံးပေးဖို့လိုပါတယ် ။ ညာဘက်ခြမ်း accessories တွေက သိပ်ပြောင်းလဲပေးစရာ မလိုဘူး ။ class skill တွေ သိပ်မသုံးပဲ item exchange နဲ့ level တင်သွားမယ်ဆိုရင် level 1 armor နဲ့တင် level 80 အထိ တက်လို့ရတယ် ။ class quest တွေ လုပ်မယ်ဆိုရင်တော့ ဘယ်ဘက်ခြမ်းရှိ armor အပိုင်းနဲ့ လက်နက်အပိုင်းကိုပဲ အဓိကထား မြင့်တင်ပေးရင်ကို လုံလောက်နေပါပြီ ။ ပိုလွယ်ကူချင်ရင် materia တွေပါ ထည့် meld ပေးနိုင်ပါတယ် ။ ညာဘက်ခြမ်းရှိ accessories အပိုင်းကိုတော့ DOH class ဆိုရင် HQ item တွေ craft ချင်တဲ့အချိန် ၊ DOL class ဆိုရင် HQ item နှင့် collectibles item တွေရှာချင်တဲ့အချိန်မျိုးဆို မြင့်တင်ပေးဖို့ လိုအပ်ပါတယ် ။ ဒီအချိန်ဆို materia တွေပါ meld ဖို့ လိုလာပါပြီ ။

ကျနော့်အတွေ့အကြုံအရ ပြောရရင် Materia အပိုင်းမှာ HQ ရချင်ပါက DOH ဆိုရင် ဦးစားစနစ်အရ 1st = Craftmenship, 2nd = Control, 3rd = CP အလိုက် meld ကြပါတယ် ။ DOL ဆိုရင် 1st = Perception, 2nd = Gathering, 3rd = GP အလိုက် meld ကြပါတယ် ။ အလေအလွင့်မရှိတာမျိုး ရချင်ရင် meld order ပြောင်းလဲ meld နိုင်ပါတယ် ။ ကိုယ် ဘယ်လို performance မျိုး လိုချင်သလဲအပေါ် မူတည်ပြီး materia တွေ ပြောင်းလဲ meld ယူသွားတာ ဖြစ်ပါတယ် ။

> ကျနော့်ရဲ့ crafter level တင်နည်း


ကျနော့်အနေနဲ့ crafter class ၈ ခုလုံး တပြိုင်တည်းနဲ့ level တင်တာ 60 ရောက်ဖို့ ၁၅ ရက်ပဲ ကြာပါတယ် ။ craft skill သုံးပြီး လုပ်တာ မဟုတ်ပါဘူး ။ ဒီအတိုင်း quest ယူ ၊ လိုတဲ့ item ဝယ်ပြီး ပေးလိုက်တာပါပဲ ။ Grand Company daily turn in ကို HQ item တွေနဲ့ လုပ်တယ် ။ crafter leve တွေကို လုပ်တယ် ။ leve accept လုပ် ၊ လိုတဲ့ item တွေကို marketboard ကနေ ဝယ် ၊ ပြီးရင် သူသတ်မှတ်ထားတဲ့သူတွေဆီ သွားပေး ၊ complete ဖြစ် ၊ ပြီးပြီ ။ leve ကို level အဆင့်အလိုက် HQ item တွေနဲ့ လုပ်တယ် ။ level 50 ကနေ 60 ကိုရောက်တာ ၁ နာရီပဲ ကြာတယ် ။ Ishgard ရဲ့ large scale fieldcraft leve ကို ၂ ခု လောက် လုပ်လိုက်ရုံနဲ့တင် level 60 ကျော် တန်းရောက်သွားပါတယ် ။ ကျနော်က အကုန် HQ item တွေနဲ့ချည်း လုပ်တာမို့ ဒီလောက် level အတက်မြန်နေတာပါ ။ Market board က ဝယ်ရတော့ gil ကတော့ အရမ်းကုန်ပါတယ် ။ gil က ပျမ်းမျှ စုစုပေါင်း သန်း ၃၀ ကျော်လောက် ကုန်သွားပါတယ် ။ ကုန်ကျတာကတော့ ကိုယ့် world ရဲ့ ဈေးကွက်အခြေအနေအပေါ် မူတည်သွားပါတယ် ။ Level 70 နှင့် အထက် ဆိုရင်တော့ level အတက်မြန်ဖို့အတွက် Cystarium က delivery quest line လုပ်ရင်ကို လုံလောက်နေပါပြီ ။ ပိုမြန်ချင်ရင်တော့ leve quest ရယ် Grand Company daily turn in ရယ် ထပ်ပေါင်းလုပ်ပေးလိုက်ရင် ရပါတယ်။

Class quest တွေကိုတော့ level 70 ရောက်မှပဲ level 1 ကနေ level 70 အထိကို တဆက်တည်း ပြီးအောင် လုပ်လိုက်တယ် ။ class quest level 1 to 50 ကျော် လောက်အထိက class skill တွေ မပေးသေးဘူး ။ ပေးတာတွေလည်း အသုံးနဲတဲ့ skill တွေ ။ Tools နဲ့ exp နဲ့ gil နဲ့ armor တွေပဲ ပေးသေးတာ ဖြစ်ပါတယ် ။ level 60 ကျော် လောက်မှ class skill ကောင်းတွေ ပေးလာပါတယ် ။

ကျနော့်အတွက်တော့ class တခုရဲ့ class quest level 1 to 70 အထိပြီးဖို့ကို ၃ နာရီလောက် အချိန်ပေးလိုက်ရပါတယ် ။ cutscene တွေကြည့်မယ် စာတွေ ဖတ်မယ်ဆိုရင် ၂ ရက်ခွဲလောက် အချိန်ယူရပါလိမ့်မယ် ။ class quest က level 1 ကနေ 40 လောက်အထိက တော်တော်ပျင်းဖို့ကောင်းတယ် ။ ဒါပေမယ့် level 50 ကနေ 70 အထိတော့ story လေးတွေနဲ့မို့ နဲနဲစိတ်ဝင်စားဖို့ကောင်းလာပါတယ် ။ Level 70 to 80 ကျတော့ Class quest က Crystarium က delivery quest line ဖြစ်သွားတယ်။ class quest တွေကလည်း leve တွေ လုပ်သလိုပါပဲ ။ ကျနော်က လိုတဲ့ item တွေကို marketboard ပေါ်က ကြိုဝယ်ထားတယ် ။ class quest  တကယ်လုပ်တဲ့အချိန်ကျတော့ ဝယ်စရာမလို ၊ ဝယ်ဖို့အချိန်လည်း မပေးရတော့ မြန်မြန်နဲ့ ပြီးသွားကော ။ ဒါပေမယ့် Level 60 ကနေ 70 အထိကျတော့ class quest line မှာပေးရမယ့် item တွေကို marketboard ကနေ ဝယ်လို့မရတော့ဘူး ။ class story ကနေပေးတဲ့ item (unique item) ကိုပဲ craft ပြီးပေးရတော့မှာမို့ ဒီအချိန်ကျရင် ကိုယ့် crafter class ရဲ့ gear set နှင့် craft rotation တွေ သိဖို့ လိုအပ်လာပါပြီ ။ 70 to 80 လည်း ဒီအတိုင်းပါပဲ ။
ကျနော် crafter class တွေ level တင်ရတဲ့အကြောင်းက crafter class တွေရှိနေရင် ဘယ်နေရာ ဘယ်အချိန်မဆို gear တွေကို ကိုယ့်ဘာသာကိုယ် repair လုပ်နိုင်တဲ့အချက်ကြောင့်ပါပဲ ။ တခါတလေ non-stop Raid တတ်သမား ကျနော့်အတွက် အရမ်းကို အဆင်ပြေတယ် ။

ဒီလောက်ဆို DOH, DOL (crafter and gatherer) class တွေအကြောင်း အကြမ်းဖျင်းနားလည်သွားပြီး ဘယ် class ဆော့မယ်ဆိုတာ ရွေးတတ်သွားပြီလို့ ထင်ပါတယ် ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

Post a Comment

0 Comments