Anima light farm SMN anima

Anima light farm (2nd)

OK

SCH anima ပြီးသွားတော့ SMN anima လုပ်တယ် ။ ဒီတစ်ခေါက်တော့ item တွေစုရတာ လွယ်သွားတယ် ။ ပထမတစ်ခုတုန်းက လုပ်လက်စတွေ ရှိနေပြီကိုး ။ ဒါပေမယ့်လည်း unidentified တွေရှာရတဲ့ တစ်ဆင့်မှာ နည်းနည်းကြာသွားခဲ့တယ် ။ ၇ ရက်လောက် အချိန်ပေးလိုက်ရတယ် ။

Aether oil
Singing Cluster
Umbrite

Archaic Enchanted Ink တွေအရင် ဝယ်လို့ပြီးသွားတယ် ။ GC seals နဲ့ ဝယ်ရတဲ့ item တွေလည်း ပြီးသွားတယ် ။ Unidentified တွေက မပြည့်သေးဘူး ။

Unidentified တွေကို Poetic လုံးဝမသုံးပဲ ARR Beast currency နဲ့ပဲ ဝယ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာကိုး..... အဲ့ဒါကြောင့် အဲ့ဒါကလွဲလို့ ကျန် item တွေပဲ ဝယ်လို့ ပြီးသွားခဲ့တာ ။ ကိုယ်ကလည်း အမြန်အရမ်းကြီးမလိုတော့လေ ။

ဒီလိုနဲ့ Light farm step ရောက်လာခဲ့တယ် ။

Light farm ဖို့ PF မှာကြည့်လိုက်တော့ party တစ်ခုမှ မတွေ့ရဘူး ။ အစကတည်း ဒီနေ့ ကြာသပတေးနေ့မှာ light အပြီး farm ပြီး trial 12 ခု ဝင်တဲ့အဆင့် ရောက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားတော့ မဆိုင်းမတွ PF မှာ တင်ပြီး find လိုက်တယ် ။

"Undersize party" "Anima weapon" 19 laps "Please assist" "Thank You"


အယ်လဲ့

၁၉ ခေါက်ကြီး run မယ်လို့ ရိုက်ထည့်လိုက်တယ် ။ ၈ ခေါက်ပဲ ရေးရင်ကောင်းမလား ၉ ခေါက်ဆို လူတွေ ဝင် join ကြဦးမှာလား စသဖြင့် တွေးခဲ့ပေမယ့် ကြာတယ်ကွာ ၁၉ ခေါက် ခေါ်လိုက်မယ် ..... Data centre မှာ world အများကြီးနဲ့ လူ အများကြီးရှိနေတာကို ငါ့လိုမျိုး ၁၉ ခေါက် တဆက်တည်း run ချင်မယ့်သူ ရှိနေမနိုင်ဘူးလား လို့တွေးပြီး ရေးလိုက်တယ် ။

၂ မိနစ်ကြာတော့
ပါတီလာ ဂျွိုင်းတဲ့ အသံလေးကြားလိုက်ရပြီ

လူတွေ တကယ်ကို လာ join ကြတာပဲ ..... hahaha .... ပျော်သွားပြီ

ဒါပေမယ့်

၃ ယောက်လောက် ဆက်တိုက် လာ join ကြပြီးတော့ တယောက်မှ ထပ်ဝင်လာတာ မတွေ့ရတော့ဘူး .... ငါတော့ သွားပြီ ... လူတွေက ကြာရင် ဝင် join ပြီးပေမယ့် ထွက်သွားတတ်ကြတာ.... ဒါပေမယ့်လည်း ထပ်စောင့်ကြည့်လိုက်ပါဦးမယ်လေ

မိနစ် ၃၀ ကြာသွားတယ်
တယောက်မှ ပြန်ထွက်မသွားကြဘူး
ကျေးဇူးတင်ပါရဲ့
နောက်တော့
အသံလေးကြားလိုက်ရပြီ
Party join တဲ့အသံ

မိနစ် အနည်းငယ်အကြာ ၁ ယောက်စီနဲ့ join လာကြတော့ PF time ၁၈ မိနစ် မိနစ်အကျန်မှာ လူအကုန်ပြည့်သွားတော့တယ် ။

အချိန်ကြည့်လိုက်တော့ 7:42 pm
Light စ farm ပြီ
A9s



၂ ခေါက်လောက် run ပြီးတော့ လူတွေက duty accept လုပ်ဖို့ တွန့်ဆိုင်းနေကြကုန်တယ် ။ ကိုယ်က ဘာတွေ ပြောချင်လည်းလို့ ခန စောင့်ပေးလိုက်တာ ။ တယောက်က

normal ဖြစ်နေတယ်

အား
ဟုတ်သား
လခွမ်း
A9s မ que ပဲ A9 ကြီး que နေခဲ့တာဟ
၂ ခေါက်လောက်တော့ A9 ကြီး run မိသွားဘီ

Me : I'm sorry
Please forgive me.

You are welcome. လို့ ပြန်ဖြေကြတယ်

ပါတီက မထွက်သွားကြတာပဲ ကျေးဇူးတင်မိတယ် .... ကံကောင်းတာက အဲ့ ၂ ခေါက်မှာ anima weapon မကိုင်ပဲ တခြား weapon နဲ့ သွား run နေမိတာပဲ...အချိန်မီ ပြင်နိုင်ခဲ့လို့ တော်ပါသေးရဲ့

A9s ကို တခေါက်ပြီးတခေါက်နဲ့ အဆက်မပြတ်ကို မနားတမ်း ၁၄ ခေါက်လောက် run ပြီးတော့ တယောက်က thank you ပြောပြီးထွက်သွားကော ။

အာ... ငါတော့ သွားပြန်ဘီ

တခြား party member တွေကို မေးကြည့်တယ်

Can we run with these 7 people?
Do you want to disband?

တယောက်မှ ပြန်မဖြေ
ဒါနဲ့ ready check လုပ်ကြည့်တယ်
အကုန်လုံး အမှန်ခြစ်လေးနဲ့

OK ဘီ
A9s ထပ် que တယ်
accept လုပ်ကြတယ်
Run တယ်

Dps တွေက နိုင်သားပဲ
One Fight ကို၂ မိနစ်ခွဲ ၊ ၂ မိနစ် ၄၀ စက္ကန့်လောက်တော့ ဖြစ်သွားတယ်
ကိစ္စမရှိ
Dps နိုင်ရင် ရပြီလေ

၅ ခေါက် run လိုက်တယ်
ပြီးသွားတယ်

Thank you very much for party :D

Thank you ကို ဂျပန်စာလေးတွေနဲ့ chat box မှာ တက်လာတယ်

Disband လိုက်ပြီ
Light farm party ပြီးသွားပြီကွ

အချိန်ကြည့်လိုက်တော့ 8:23 pm
ဗိုက်က ဂလွီ ဂလွီနဲ့ ဆန္ဒပြနေပြီ
ထမင်းသွားစားလိုက်တယ်

ကွန်ပျူတာရှေ့ ပြန်ရောက်လာပြီ

အဟေး ... trial ပဲ ကျန်တော့တယ် ... ဒီနေ့တော့ anima weapon complete ဖြစ်ပြီကွ

ပျော်လို့မှမဆုံးသေး... light step ကောက် ကြည့်လိုက်တော့ 1 rune က မှိတ်တုတ်မှိတ်တုတ်လေးနဲ့

အားးးး
ပြီးပြီ အောက်မေ့နေတာ မပြီးသေးဘူးဟ!
သေစမ်း!

PF လည်း ထပ် find ချင်တော့ဘူး ။ Baryflox Hard မှာပဲ light ဝင် farm လိုက်တယ် ။ Brayflox hard ကို ၂ ခေါက်လောက်နဲ့ light farm complete ဖြစ်မယ်ထင်တာ .... ၄ ခေါက်တောင် run လိုက်ရတယ် ။

စုစုပေါင်း ၁ နာရီခွဲလောက် ကြာသွားတယ် ။

နောက်ဆုံးတော့လည်း light step complete ဖြစ်သွားတာပါပဲ ။



Post a Comment

0 Comments