NVIDIA Graphics Driver တြင္ Standard နဲ႔ DCH အၾကားကြာျခားခ်က္



NVIDIA ဂရပ္ဖစ္ကတ္ကိုင္ေဆာင္ထားသူတစ္ေယာက္အေနနဲ႔ driver ကို NVIDIA ဝဘ္ဆိုက္ကေနေဒါင္းလုဒ္ရယူတဲ့အခါ driver type မွာ Standard နဲ႔ DCH ဆိုၿပီး ႏွစ္မ်ိဳးရွိတာကိုေတြ႕ရပါလိမ့္မယ္။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
Original Writer, Seo Thu Aung

သူတို႔ႏွစ္ခုအၾကားဘာေတြကြာဟခ်က္ရွိလည္း ?

ဘယ္ဟာကိုသံုးသင့္သလည္း ?

Gaming Performance မွာ DCH က ပိုေကာင္းေနတာမ်ိဳးရွိလား ?


စတဲ့ေမးခြန္းေတြအတြက္ အရွင္းဆံုးပံုစံနဲ႔ေရးေပးလိုက္ပါတယ္။

DCH (Declarative Componentized Hardware supported apps) ဆိုတာက OEM ေတြကေန Microsoft Universal paradigm နဲ႔ကိုက္ညီမႈရွိေအာင္လုပ္ထားတဲ့ သီးသန္႔ driver ေတြပါဝင္တဲ့ package ျဖစ္ပါတယ္။

အလြယ္ေျပာရရင္ Windows 10 UWP အတြက္သီးသန္႔ implement လုပ္ထားတဲ့ file ေတြပါဝင္တဲ့ driver ေပါ့။

Standard နဲ႔ DCH အၾကားမွာက မူရင္းအေျခခံ core component file ေတြအတူတူပဲျဖစ္ၿပီး အေပၚမွာေျပာခဲ့တဲ့အရာေတြပဲကြဲသြားပါတယ္။

Microsoft ဟာ သူ႕ရဲ႕ Universal Driver paradigm ကို Windows 10 April 2018 Update ေရာက္မွစတင္မိတ္ဆက္ခဲ့ျခင္းျဖစ္သည့္အတြက္ NVIDIA DCH driver ကိုအသံုးျပဳမယ္ဆိုယင္ Windows 10 v1803 (အပါအဝင္) ႏွင့္ အထက္ျဖစ္ရန္လိုပါတယ္။

Standard နဲ႔ DCH ဘယ္ဟာကိုသံုးသင့္သလည္း ဆိုတဲ့ေမးခြန္းအတြက္အေျဖကိုေတာ့ က်ေနာ့္ထံုးစံအတိုင္း ဂိမ္းေတြနဲ႔ပဲစမ္းၾကည့္ရာမွာ သူတို႔ ႏွစ္ခုအၾကားမွာ FPS ရလဒ္ ကြာဟာခ်က္မရွိတာကိုေတြ႕ရပါတယ္။

436.30 Standard နဲ႔ 436.30 DCH ကို Windows 10 v1903 64-bit မွာ GTX 1660 နဲ႔ test လုပ္ထားတာပါ။ (ဂရပ္ဖစ္ကတ္ရီဗ်ဴးမဟုတ္တဲ့အတြက္ FPS ရလဒ္ေတြကိုေတာ့ထည့္မေရးေတာ့ပါဘူး)

ဒီေတာ့ စြမ္းေဆာင္ရည္ပိုင္းမွာ ထူးၿပီးျခားနားျခင္းမရွိတဲ့အတြက္ Standard/DCH မိမိ ဆႏၵရွိသလိုသံုးႏိုင္ပါတယ္။

လက္ရွိ install ထားတဲ့ NVIDIA driver ကို Standard/DCH ဘယ္လိုခြဲျခားသိႏိုင္မလည္း ?


NVIDIA Control Panel > System Information > Driver Type မွာၾကည့္ႏိုင္ပါတယ္။

GPU-Z ေဆာ့ဖ္ဝဲမွတစ္ဆင့္လည္း Driver Version တြင္ၾကည့္ကာသိႏိုင္ပါတယ္။

လက္ရွိ Standard driver တင္ထားတယ္၊

ဒါကို DCH ေျပာင္းသံုးခ်င္လို႔ DCH driver ကို install လုပ္တာ မရဘူး ဘာလို႔လည္း ?


Standard to DCH ျဖစ္ျဖစ္၊ DCH to Standard ပဲျဖစ္ျဖစ္ေျပာင္းသံုးခ်င္တယ္ဆို႐င္ မူလတင္ထားတဲ့ driver အေဟာင္းကို အရင္ uninstalled လုပ္ေပးမွရပါမယ္။

DCH ေတာ့ေျပာင္းပီးသြားပီ၊ NVIDIA Control Panel ပါမလာဘူး ဘယ္လိုလုပ္ရမလည္း ?


DCH driver ကို install ျပဳလုပ္စဥ္မွာ NVIDIA Control Panel ပါလာျခင္းမရွိပါ၊

အဲဒီအတြက္ DCH သီးသန္႔ NVIDIA Control Panel ကို Microsoft Store မွတဆင့္ေဒါင္းလုဒ္ျပဳလုပ္ေပးရပါမယ္။

(NVIDIA Control Panel မွာ မရွိမျဖစ္လိုအပ္သည့္အရာေတာ့မဟုတ္ပါ၊ သူ မပါလည္း ဂရပ္ဖစ္ကတ္မွာ အလုပ္လုပ္ပါသည္)

ဒီေလာက္ဆိုရင္ Standard နဲ႔ DCH ကို အမ်ားႀကီးမဟုတ္ေတာင္ ခပ္ေရးေရးနားလည္လိမ့္မည္ဟုယူဆပါသည္။

Source Photo: Titan Xp by @ramzal

Original Writer, Seo Thu Aung

Unicode



NVIDIA ဂရပ်ဖစ်ကတ်ကိုင်ဆောင်ထားသူတစ်ယောက်အနေနဲ့ driver ကို NVIDIA ဝဘ်ဆိုက်ကနေဒေါင်းလုဒ်ရယူတဲ့အခါ driver type မှာ Standard နဲ့ DCH ဆိုပြီး နှစ်မျိုးရှိတာကိုတွေ့ရပါလိမ့်မယ်။

Original Writer, Seo Thu Aung

သူတို့နှစ်ခုအကြားဘာတွေကွာဟချက်ရှိလည်း ?

ဘယ်ဟာကိုသုံးသင့်သလည်း ?

Gaming Performance မှာ DCH က ပိုကောင်းနေတာမျိုးရှိလား ?


စတဲ့မေးခွန်းတွေအတွက် အရှင်းဆုံးပုံစံနဲ့ရေးပေးလိုက်ပါတယ်။

DCH (Declarative Componentized Hardware supported apps) ဆိုတာက OEM တွေကနေ Microsoft Universal paradigm နဲ့ကိုက်ညီမှုရှိအောင်လုပ်ထားတဲ့ သီးသန့် driver တွေပါဝင်တဲ့ package ဖြစ်ပါတယ်။

အလွယ်ပြောရရင် Windows 10 UWP အတွက်သီးသန့် implement လုပ်ထားတဲ့ file တွေပါဝင်တဲ့ driver ပေါ့။

Standard နဲ့ DCH အကြားမှာက မူရင်းအခြေခံ core component file တွေအတူတူပဲဖြစ်ပြီး အပေါ်မှာပြောခဲ့တဲ့အရာတွေပဲကွဲသွားပါတယ်။

Microsoft ဟာ သူ့ရဲ့ Universal Driver paradigm ကို Windows 10 April 2018 Update ရောက်မှစတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည့်အတွက် NVIDIA DCH driver ကိုအသုံးပြုမယ်ဆိုယင် Windows 10 v1803 (အပါအဝင်) နှင့် အထက်ဖြစ်ရန်လိုပါတယ်။

Standard နဲ့ DCH ဘယ်ဟာကိုသုံးသင့်သလည်းဆိုတဲ့မေးခွန်းအတွက်အဖြေကိုတော့ ကျနော့်ထုံးစံအတိုင်း ဂိမ်းတွေနဲ့ပဲစမ်းကြည့်ရာမှာ သူတို့ နှစ်ခုအကြားမှာ FPS ရလဒ် ကွာဟာချက်မရှိတာကိုတွေ့ရပါတယ်။

436.30 Standard နဲ့ 436.30 DCH ကို Windows 10 v1903 64-bit မှာ GTX 1660 နဲ့ test လုပ်ထားတာပါ။ (ဂရပ်ဖစ်ကတ်ရီဗျူးမဟုတ်တဲ့အတွက် FPS ရလဒ်တွေကိုတော့ထည့်မရေးတော့ပါဘူး)

ဒီတော့ စွမ်းဆောင်ရည်ပိုင်းမှာ ထူးပြီးခြားနားခြင်းမရှိတဲ့အတွက် Standard/DCH မိမိ ဆန္ဒရှိသလိုသုံးနိုင်ပါတယ်။

လက်ရှိ install ထားတဲ့ NVIDIA driver ကို Standard/DCH ဘယ်လိုခွဲခြားသိနိုင်မလည်း ?


NVIDIA Control Panel > System Information > Driver Type မှာကြည့်နိုင်ပါတယ်။

GPU-Z ဆော့ဖ်ဝဲမှတစ်ဆင့်လည်း Driver Version တွင်ကြည့်ကာသိနိုင်ပါတယ်။

လက်ရှိ Standard driver တင်ထားတယ်၊

ဒါကို DCH ပြောင်းသုံးချင်လို့ DCH driver ကို install လုပ်တာ မရဘူး ဘာလို့လည်း ?


Standard to DCH ဖြစ်ဖြစ်၊ DCH to Standard ပဲဖြစ်ဖြစ်ပြောင်းသုံးချင်တယ်ဆိုရင် မူလတင်ထားတဲ့ driver အဟောင်းကို အရင် uninstalled လုပ်ပေးမှရပါမယ်။

DCH တော့ပြောင်းပီးသွားပီ၊ NVIDIA Control Panel ပါမလာဘူး ဘယ်လိုလုပ်ရမလည်း ?


DCH driver ကို install ပြုလုပ်စဉ်မှာ NVIDIA Control Panel ပါလာခြင်းမရှိပါ၊

အဲဒီအတွက် DCH သီးသန့် NVIDIA Control Panel ကို Microsoft Store မှတဆင့်ဒေါင်းလုဒ်ပြုလုပ်ပေးရပါမယ်။

(NVIDIA Control Panel မှာ မရှိမဖြစ်လိုအပ်သည့်အရာတော့မဟုတ်ပါ၊ သူ မပါလည်း ဂရပ်ဖစ်ကတ်မှာ အလုပ်လုပ်ပါသည်)

ဒီလောက်ဆိုရင် Standard နဲ့ DCH ကို အများကြီးမဟုတ်တောင် ခပ်ရေးရေးနားလည်လိမ့်မည်ဟုယူဆပါသည်။

Source Photo: Titan Xp by @ramzal
Original Writer, Seo Thu Aung

Post a Comment

0 Comments