Red Dead Redemption 2 Review


GTA ဟာ Rockstar အတြက္ ေမာ္ဒန္ေခတ္သစ္ကို ကိုယ္စားျပဳတဲ့ open world ဂိမ္းတစ္ခုအျဖစ္သတ္မွတ္ရမယ္ဆုိရင္ RDR ကိုေတာ့ ေခတ္ေဟာင္း စက္မႈထြန္းကားဖို႔အရိွန္ယူစ ကာလ open world ဂိမ္းအျဖစ္ေခၚရပါလိမ့္မယ္။

မႏွစ္ ၂၀၁၈ ႏို၀င္ဘာ မွာ RDR2 ဟာ PS4 နဲ႔ Xbox One ေပၚကိုေရာက္ရိွလာခဲ့ၿပီး တစ္ပတ္အတြင္း ကန္ေဒၚလာ ၇၂၅ သန္း ($725 million) ဆုိတဲ့စံခ်ိန္နဲ႔အတူ ဂိမ္မာေတြ ဂိမ္း critic ေတြအၾကားမွာလည္း နာမည္ေကာင္းရခဲ့တယ္။

သူ႔ရဲ႕ ေအာင္ျမင္မႈက အံ့မခန္းျဖစ္ခဲ့ၿပီး ၂၀၁၀ မွာတုန္းက ထြက္ရိွခဲ့တဲ့ RDR1 ရဲ႕ lifetime sales ကို ႏွစ္ပတ္အတြင္းမွာပဲ ျဖတ္ေက်ာ္ျပခဲ့တယ္။

ဒီလုိေအာင္ျမင္မႈေတြရခဲ့တဲ့ ဂိမ္းကို ယခုအခါမွာ Rockstar က PC ေပၚကိုပို႔ေဆာင္ေပးလိုက္ျပန္ပါတယ္။

Credit to original writer, Seo Thu Aung

ဆုိေတာ့ RDR2 စတင္ထြက္ရိွခဲ့တာ အခ်ိန္တစ္ႏွစ္ရိွခဲ့ၿပီမို႔ ယခု အခ်ိန္မွ review ေရးရျခင္းက ေနာက္က်ေကာင္းေနာက္က်ေနပါလိမ့္မယ္။

သို႔ေသာ္ က်ေနာ့္အေနနဲ႔ ထံုးစံအတုိင္းပဲ ဂိမ္းအေပၚ အျမင္ ခံစားခ်က္အျပင္ PC performance ရလဒ္ကိုပါ ထည့္သြင္းေရးသားထားတာမို႔ အတိုင္းအတာတစ္ခုအထိ အေထာက္အကူျပဳမယ္လို႔ေမွ်ာ္လင့္ပါတယ္။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

ယခု review အတြက္ Red Dead Redemption 2 (Epic Games Store) ကို support လုပ္ေပးတဲ့ ကိုေအာင္ေက်ာ္ဇင္ကုိလည္း ေက်းဇူးတင္ပါတယ္။

Story

(No Spoiler)

Red Dead Redemption 2 (တနည္းအားျဖင့္ RDR2) ရဲ႕ ဇာတ္လမ္းဟာ 1899 ခုႏွစ္မွာ စတင္ပါတယ္၊
ပထမ ကမာၻစစ္ႀကီး မျဖစ္မီ ၁၅ ႏွစ္ မတိုင္ခင္ ..

အေမရိကရဲ႕ အေနာက္၊ အေနာက္အလယ္ပိုင္း ေဒသေတြကိုမွ အေျခခံၿပီး ေကာင္းဘြိဳင္လို႔ေခၚတဲ့ ရုပ္ရွင္ေတြထဲမွာ ခပ္မုိက္မိုက္စတိုင္နဲ႔ က်ေနာ္တို႔သိတဲ့ bounty hunter ေတြ ဂန္းစတားေတြ ႀကီးစိုးတဲ့ကာလ၊

အဲ့ဒီမွာ Dutch ဦးေဆာင္တဲ့ Van der Linde gang ဟာ သူ႔ရဲ႕ အဖြဲ႔သားေတြနဲ႔အတူ ေသြးကြဲမတက္ေအးခဲတဲ့ ေဆာင္ရာသီကိုအံတုၿပီး ခရီးျပင္းႏွင္လာၾကတယ္၊၊
ဒီအဖြဲ႔ထဲမွာ ေယာက္်ားရင့္မာႀကီးေတြတင္ပါတာမဟုတ္ပဲ အမ်ိဳးသမီးေတြအျပင္ ကေလးငယ္တစ္ေယာက္လည္းပါ၀င္တယ္၊
ဂန္းစတားဆုိေပမဲ့ သူတို႔အခ်င္းခ်င္းစည္းလံုးမႈရိွၾကသလုိ ေခါင္းေဆာင္ျဖစ္တဲ့ Dutch ကုိလည္း ေလးစား အားထားျပဳၾကတယ္၊
Dutch ကလည္း ငယ္သားေတြအေပၚ မိသားစု၀င္သဖြယ္ရႈျမင္ၿပီးေစာင့္ေရွာက္တယ္။

က်ေနာ္တို႔ကစားရမဲ့ Arthur Morgan ကေတာ့ Dutch ရဲ႕ ညာလက္ရံုးသဖြယ္ အားကိုးအားထားျပဳတဲ့သူတစ္ေယာက္ . .
စိတ္ရင္းေကာင္းမြန္သလို လက္ေအာက္ငယ္သားေတြကလည္း Dutch ပီးရင္ Arthur ကို ဒုတိယ အားကိုးအားထားျပဳၾကတယ္။

ျပဳလုပ္ခဲ့တဲ့ ဒုစရုိက္ေတြကိုခ၀ါခ်ၿပီး အနာဂတ္ကာလမွာ တည္တည္ညိမ္ညိမ္နဲ႔ ဘ၀ကိုျဖတ္သန္းမယ္ဆုိၿပီး ခံယူခ်က္နဲ႔အတူ Dutch န႔ဲ သူ႔အဖြဲ႔ဟာ လက္ရိွအခ်ိန္အတြင္းမွာ ေငြရသေလာက္ရွာေဖြစုေဆာင္းမယ္ဆိုၿပီး စိုင္းျပင္းပါေတာ့တယ္။
လက္တေလာရွင္သန္ေနထုိင္ဖို႔ဆိုတာကလည္း ေငြမရိွလုိ႔မျဖစ္ျပန္ဘူး၊
ဒီေတာ့ကာ သူတို႔လို ဂန္းစတားေတြအဖို႔ ေငြရွာဖို႔အတြက္က အၾကမ္းဖက္ လုယက္ ဓားျပတုိက္ရံုကလြဲလို႔ ဘာရိွအံုးမွာလည္း . .

တစ္ရက္မွာေတာ့ Arthur Morgan အပါအ၀င္ Dutch နဲ႔အဖြဲ႔ဟာ ရထားတစ္စီးကို ျပန္ေပးဆြဲၾကတယ္။
သူတို႔ေအာင္ျမင္ခဲ့တယ္၊
ေငြသားအခ်ိဳ႕ ရခဲ့တယ္ေပါ့။

ဒါေပမဲ့ ျပန္ေပးဆြဲတိုက္ခိုက္ခဲ့တဲ့ ရထားရဲ႕ ပိုင္ရွင္ျဖစ္တဲ့ ေရနံသူေဌး Cornwall က အဆုိပါျဖစ္ရပ္အတြက္မေက်မခ်မ္းျဖစ္ပီး Pinkerton Detective Agency လုိ႔အမည္ရတဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔ကိုငွားၿပီး Dutch နဲ႔ သူ႔အေပါင္းပါေတြကို ဖမ္းဆီးဖုိ႔ရာတုန္႔ျပန္ပါေတာ့တယ္။

ဂိမ္းတစ္ေလ်ာက္မွာ Pinkerton Detective Agency အဖြဲ႔ေတြနဲ႔ ႀကိမ္ဖန္မ်ားစြာ တုိက္ပြဲေတြႀကံဳရမယ္၊
ဂန္းအဖြဲ႔ျဖစ္တာန႔ဲအညီ လိုသူ မလိုသူ အညိႈးထားသူေတြဆိုတာ ရိွစၿမဲ . .
Dutch ရဲ႕ အစဥ္အဆက္ ရန္သူေတာ္ Colm O'Driscoll ဦးေဆာင္တဲ့အဖြဲ႔နဲ႔လည္း ထိပ္တိုက္ေတြ႔ရမယ္။
တျခား ရန္သူေတြ အေၾကာင္းအရာေတြလည္း ရိွေသးေပမဲ့ spoil သလုိျဖစ္ေနမွာေၾကာင့္ ထည့္မေရးေတာ့ဘူး။

ဇာတ္လမ္းက အခ်ိတ္အဆက္ေတြလုပ္ထားတာ အေတာ္ႀကီးကိုေကာင္းပါတယ္။
ဂိမ္းရဲ႕ အေစာပိုင္း ၅ နာရီေလာက္အထိ ဇာတ္လမ္းကို သင့္အေနနဲ႔ အီလည္လည္ႀကီးထင္ေကာင္းထင္မိပါလိမ့္မယ္၊
ဒါေပမဲ့ အခ်ိန္ၾကာလာေလေလ ေရွ႕ေရာက္လာေလေလ ဇာတ္လမ္းက သင့္ကို တျဖည္းျဖည္း ဆြဲေခၚသြားပါလိမ့္မယ္။

ဇာတ္ေကာင္ေတြရဲ႕ မတူညီတဲ့ စိတ္ခံစားခ်က္ေတြ ဘ၀ေတြ ခံယူခ်က္ေတြနဲ႔အတူ ဂိမ္းကစားသူကို shock ရေစတဲ့အထိခံစားရမယ္လို႔ဆိုခ်င္ပါတယ္။

၂၀၁၉ အတြင္း ထိေတြ႔ခဲ့ရသမွ်ဂိမ္းေတြထဲမွာမွ RDR2 ရဲ႕ ဇာတ္လမ္း ဇာတ္အိမ္ဟာ က်ေနာ့္အတြက္ အေကာင္းဆံုး သေဘာအက်အဆံုး ျဖစ္သြားခဲ့ပါတယ္။

Story Rating: 5/5

(ျဖည့္စြက္ခ်က္)

RDR2 ဇာတ္လမ္းဟာ RDR1 အျဖစ္အပ်က္ မတိုင္ခင္ကာလ prequel ျဖစ္ပါတယ္၊
ဒီေတာ့ PS3 နဲ႔ Xbox 360 မွာ ထြက္ခဲ့တဲ့ RDR1 ကို မကစားခဲ့ရလည္း ျပသနာမရိွပါဘူး။
ယခု RDR2 ၿပီးမွ RDR1 ကို ကိုင္မယ္ဆိုရင္ ပိုေတာင္ အဆင္ေျပပါေသးတယ္။

Gameplay


အစမွာေျပာခဲ့သလိုမ်ိဳးပဲ Red Dead Redemption က ဘာနဲ႔သြားတူသလည္းဆုိေတာ့ ၁၉ ရာစု Grand Theft Auto ျဖစ္ပါတယ္။
Open world မုိ႔ ေျမပံု ေနရာအႏွံ႔ ေျခလ်င္တစ္မ်ိဳး ျမင္းနဲ႔တစ္ဖံု ေျခဆန္႔လို႔ရမယ္၊
main quest/side quest ေတြက GTA နည္းတူ ေရွ႕ကဟာေတြၿပီးမွာ ေနာက္ဟာေတြကိုဆက္ပြင့္ေပးမယ္။
တစ္ခ်ိဳ႕ side quest ေတြက လမ္းမွာ ခရီးဆက္ရင္း အမွတ္မထင္ေတြ႔ရမယ္။

က်ေနာ္က GTAV ကုိလည္းပဲ ဇာတ္လမ္းဆံုးေအာင္ကစားခဲ့ဖူးေတာ့ ေသခ်ာေပါက္ေျပာႏိုင္တာက RDR2 ရဲ႕ map ဟာ GTAV ထက္ ပိုႀကီးမား က်ယ္ျပန္႔တယ္ဆုိတာပါပဲ။

အဲ့ဒီမွာ ျပသနာတစ္ခုကဘာလည္းဆုိေတာ့ GTA မွာ တစ္ေနရာကေန တစ္ေနရာသြားဖို႔ နည္းလမ္းအမ်ိဳးမ်ိဳး ယာဥ္အမ်ိဳးအမ်ိဳးကို အသံုးျပဳလုိ႔ရတယ္၊
RDR မွာက အျမန္ဆံုးခရီးသြားႏိုင္တာက ျမင္း ပဲဆုိေတာ့ mission တစ္ခုလုပ္မယ္ဆုိရင္ ခရီးသြားရတာ အေတာ္ၾကာပါတယ္၊
တစ္ခါတစ္ေလ map ရဲ႕ အေရွ႕ထိပ္က mission လုပ္ပီးမွာ ဟိုးအေနာက္ဖ်ားမွာရိွတဲ့ ေနာက္ မစ္ရွင္တစ္ခုကိုသြားခိုင္းတာမ်ိဳး . .

ရိွတဲ့ျမင္းက လမ္းခုလတ္မွာ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ ေသသြား ေပ်ာက္ဆံုးသြားခဲ့ရင္ ပိုတိုင္ပတ္ႏိုင္တာမို႔ ျပန္လည္ revive လုပ္ႏိုင္တဲ့ item ေတြကို ေဆာင္ထားဖို႔လုိပါတယ္။
ျမင္းမွာက stamina ပါတဲ့အတြက္ ခရီးရွည္ႏွင္ရတဲ့အခါမ်ိဳးမွာ stamina ျဖည့္တင္းဖို႔အတြက္ item ေတြထပ္မံေဆာင္ထားရပါအံုးမယ္။
fast travel အတြက္ မီးရထားကိုအသံုးျပဳႏိုင္ေပမဲ့ သူက ဘူတာရံုရိွတဲ့ အထင္ကရေနရာေတြမွာပဲရိွတဲ့အတြက္ GTA ေလာက္ ထိေရာက္မႈမရိွဘူးေျပာရပါလိမ့္မယ္။

ဒါေပေမဲ့ ဒီလုိျမင္းနဲ႔ ခရီးႏွင္ရတဲ့ဒုကၡကို Rockstar က ဘာနဲ႔ ကာေပးထားလည္းဆုိေတာ့ ဂိမ္းရဲ႕ လွပတဲ့ ဂရပ္ဖစ္ပါပဲ။
ခရီးရွည္ကို ျမင္းနဲ႔သြားရတာ စိတ္ညစ္ေကာင္းညစ္မယ္လုိ႔ထင္ရေပမဲ့ အႏုစိတ္လြန္းလွတဲ့ ပတ္၀န္းက်င္ ျမင္ကြင္းက သင့္ကို ပ်င္းရိမႈမရိွေအာင္ ကူညီေပးပါလိမ့္မယ္။
အကယ္၍ ခလုတ္ကိုေတာက္ေလ်ာက္ဖိထားရျခင္းက မႏွစ္ၿမိဳ႕စရာျဖစ္လာခဲ့မယ္ဆုိရင္ Cinematic Mode ကိုေျပာင္းထားႏုိင္ပါတယ္။သြားလုိတဲ့ ေနရာကို point ေထာက္ပီး cinematic mode ေျပာင္းထားျခင္းက ကစားသူအေနနဲ႔ ေရွ႕မွာ အတားအစီးတစ္စံုတစ္ခု မေတြ႕မျခင္း မည္သည့္ခလုတ္ကိုမွ် ႏိွပ္စရာမလိုေတာ့ပါဘူး။

ဇာတ္ေကာင္ Arthur က ေကာင္းဘြိဳင္ Gunslinger ျဖစ္တာနဲ႕အညီ gun ေတြ ရိုင္ဖယ္ေတြ အသံုးျပဳလို႔ရမယ္၊ ေလးျမွားအျပင္ အသံတိတ္ခ်ည္းကပ္ဖို႔ရာအတြက္ ဓားေျမာင္ကိုလည္းသံုးႏိုင္တယ္။
Dead Eye လို႔ေခၚတဲ့ feature ပါ၀င္ၿပီး သူက အခ်ိန္ကို အတိုင္းအတာတစ္ခုအထိ slow ျပဳလုပ္ေပးပီး အဲ့ဒီအတြင္းမွာ မိမိရန္သူကို သုတ္သင္ႏိုင္မယ္။
ပစ္ခတ္တိုက္ခိုက္ရတဲ့အပိုင္းမွာ ဂိမ္းက အျပစ္ဆိုစရာမရိွပါဘူး။

လူထဲကလူတစ္ေယာက္ျဖစ္တဲ့အတြက္ Arthur ရဲ႕ ခႏၶာကိုယ္ အေလးခ်ိန္ တိုးလာသလား ေလ်ာ့လာသလား ဆိုတာက ကစားသူအေပၚ မူတည္ေနပါတယ္။
နားေနအိပ္စက္ျခင္းမျပဳပဲ ဆက္တိုက္ မစ္ရွင္ေတြေဆာင္ရြက္ေနခဲ့ရင္ စားေသာက္မႈမရိွပဲ ေနရာအႏွံ႔ သြားလာေနခဲ့ရင္ ၀ိတ္က်လာမယ္၊
အက်ိးဆက္က damage ခုခံႏိုင္မႈမွာ အားနည္းမယ္၊
ွStamina/Dead Eye ကိုျပန္လည္ျဖည့္တင္ေပးဖို႔ရာ အနားယူအိပ္စက္ဖို႔ စားေသာက္ဖို႔လိုအပ္မွာျဖစ္ပါတယ္။

မိမိဟာ ဒုစရုိက္သမားျဖစ္တာနဲ႔အညီ သြားတဲ့ေနရာတိုင္းမွာ ကိုယ့္ကို ဖမ္းဆီးပီး bounty ဆုေငြထုတ္မည့္သူေတြ ရန္သူေတြက အခ်ိန္မေရြးေတြ႔ႏိုင္တဲ့အတြက္ လိုအပ္တဲ့ လက္နက္ကရိယာေတြကို ေဆာင္ယူထားဖို႔လိုပါတယ္။
သာမန္ျပည္သူတစ္ေယာက္ကို လူျမင္ကြင္းမွာ တမင္ပဲျဖစ္ျဖစ္ မေတာ္တဆပဲျဖစ္ျဖစ္ ထိခုိက္ေအာင္ျပဳလုပ္ခဲ့မယ္ဆုိရင္ အဆိုပါနယ္ေျမမွာ သင့္ကို bounty ထုတ္ခံရမွာပါ။

ဂိမ္းကို first person mode နဲ႔လည္း ကစားႏိုင္ေပမဲ့ ဒါက သင့္ကို ေခါင္းမူးေစရံုကလြဲလို႔ သိပ္အသံုး၀င္မွာမဟုတ္ပါဘူး။

ဂိမ္းဇာတ္လမ္းကို ပီးဆံုးေအာင္ေဆာ့ဖို႔ရာအတြက္ အနည္းဆံုး သင့္အေနနဲ႔ နာရီ ၃၀ နဲ႔အထက္လုိအပ္မွာျဖစ္ပါတယ္။
side mission တစ္ခ်ိဳ႕နဲ႔ ဇာတ္လမ္းကိုပဲ အဓိကထားေဆာ့တဲ့ က်ေနာ့္အဖို႔ ၃၅ နာရီ၀န္းက်င္အခ်ိန္ေပးခဲ့ရပါတယ္။

Gameplay Rating: 4.5/5

Graphics & Performance


RDR2 ဟာ Rockstar အတြက္ ပထမဆံုးေသာ 8th Gen Console era သီးသန္႔ဂိမ္းတစ္ခုပါ။
ေရွ႕မွာထြက္ခဲ့တဲ့ GTAV ကေတာ့ 8th Gen Console ေတြအျပင္ ယခင္ 7th Gen က PS3, Xbox 360 ေတြအတြက္ပါထုတ္ခဲ့တာျဖစ္ပါတယ္။

RDR2 ကို ယခုလုိ 8th Gen PS4/Xbox One ေခတ္မွာသာရည္ရြယ္ျပဳလုပ္ခဲ့တဲ့အတြက္ ဂိမ္းဂရပ္ဖစ္အင္ဂ်င္ကို အဆင့္ျမွင့္တင္မႈေတြမ်ားစြာျပဳလုပ္ထားတဲ့ RAGE ဂိမ္းအင္ဂ်င္ (Rockstar Advanced Game Engine) အသံုးျပဳခဲ့ပါတယ္။

PS4 နဲ႔ Xbox One မွာကတည္းက RDR2 ဟာ ဂရပ္ဖစ္အျမင္ပိုင္းမွာ ထိပ္ဆံုးအဆင့္မွာရိွတယ္ဆိုၿပီး ခ်ီးက်ဴးခံထားရေတာ့ PC မွာ ေနာက္ထပ္ ဘယ္လုိ feature အသစ္အဆန္းေတြပါမလည္း၊ စြမ္းေဆာင္ရည္ဘယ္လုိရိွမလည္းဆိုတာက စိတ္၀င္စားစရာပါပဲ။

(Digital Foundry ရဲ႕ အဆိုအရ PS4 မွာ 1080 30FPS / PS4 Pro မွာ 4K (upscaled) 30FPS / Xbox One X မွာ 4K (Native) 30FPS လုိ႔ ဆုိပါတယ္၊
framerate က scene အေပၚမူတည္ပီး အနိမ့္ဆံုး 20FPS အထိ ဆင္းတယ္လုိ႔သိရပါတယ္)

PC ဗားရွင္းမွာ uncapped framerate ျဖစ္သြားတဲ့အတြက္ မိမိ hardware ေကာင္းရင္ေကာင္းသလို လႈပ္ရွားမႈေတြက ပိုေခ်ာေမြ႕မွာျဖစ္ပါတယ္။
ဒါေပမဲ့ RDR လုိ ဂိမ္းမ်ိဳးက fast-paced action အမ်ိဳးအစားမဟုတ္ပဲ ရုပ္ရွင္ဆန္ဆန္ cinematic အသားေပးျဖစ္လို႔ 30FPS ေလာက္နဲ႔ run လည္း သိပ္ျပသနာမရိွပါဘူး၊
အဓိကက stable ျဖစ္ဖို႔ပါပဲ။
camera view ကို first-person shooter အျမင္နဲ႔ကစားလုိမွသာ 30FPS ထက္ ပိုမိုမ်ားျပားတဲ့ framerate လုိအပ္မွာျဖစ္ပါတယ္။ေနာက္ထပ္ PC သီးသန္႔ feature ေတြအျဖစ္ 4K HDR, ultrawide monitor support, high reso-shadows/reflection/tree စတဲ့အခ်က္ေတြလည္းပါပါေသးတယ္။

အျမင္ပိုင္းကိုေျပာရရင္ RDR2 က အေတာ္ႀကီးကို လွ ပါတယ္၊
အထူးသျဖင့္ ပတ္၀န္းက်င္ အေနအထားေတြက ရာသီဥတုအလုိက္ေျပာင္းလဲေနခ်ိန္ တစ္ခုခ်င္းစီမွာ လံုး၀ အႏုစိတ္ဖန္တီးထားတဲ့အတြက္ ဂိမ္းကမာၻထဲကို မိမိကိုယ္တုိင္ ေရာက္သြားသည့္အလား ခံစားရမွာပါ။
real-time day/night cycle ျဖစ္လုိ႔ ညအခ်ိန္ မိုးရြာေနရင္တစ္မ်ိဳး ေဆာင္းတြင္းတစ္မ်ိဳး ေႏြမွာတဖံု ပတ္၀န္းက်င္ျမင္ကြင္းက စြဲမက္ဖြယ္ရာရိွၿပီး ႀကီးမားက်ယ္ျပန္႔တဲ့ map ထဲမွာ ျမင္းတစ္ေကာင္နဲ႔ ခရီးသြားေနရျခင္းက ပ်င္းရိစရာေကာင္းေနခဲ့မယ္ဆုိရင္ ယခုလုိ လွပ အႏုစိတ္တဲ့ ပတ္၀န္းက်င္ဂရပ္ဖစ္က သင့္ကိုတန္ျပန္ ေခ်ဖ်က္ေပးပါလိမ့္မယ္။

ဂိမ္းရဲ႕ PC graphics option မွာ ခ်ိန္ညိွစရာ ေရြးစရာေတြက အမ်ိဳးအစားေပါင္း ၄၀ နီးပါးရိွတာမို႔ မိမိ hardware အနိမ့္အျမင့္ကိုလိုက္ပီး လိုအပ္သလို ျပဳလုပ္ႏုိင္မွာပါ။

စာေရးသူရဲ႕ PC specs က

i5-6500
MSI GTX 1660 Gaming X
2x 8GB HyperX Fury RGB
Windows 10 x64 v1909
GeForce 436.30 WHQL Driver

Spces detail >> https://valid.x86.fr/l5hucr

* ဂိမ္းကို HDD မွာပဲ install ျပဳလုပ္ထားပါတယ္၊
OS ကေတာ့ XPG SX8200 Pro NVMe မွာပါ။

* Ram ရဲ႕ ျမန္ႏႈန္း (frequency) က 2666 MHz ျဖစ္ေပမဲ့ မားသားဘုတ္အကန္႔အသက္ေၾကာင့္ 2133 MHz နဲ႔ပဲ run ထားပါတယ္။

က်ေနာ့္အေနနဲ႔ ပထဆံုး ဂိမ္းကို 1080p Max (except MSAA, FXAA, MSAA reflection) မွာ ထားၿပီး run ၾကည့္ရာမွာ ေဆာ့လုိ႔အဆင္မေျပတာကိုေတြ႔ရပါတယ္။
framerate အေနျဖင့္ 22 နဲ႔ 35 အၾကား (avg ~25) မွာသာရိွတာမို႔ ဘယ္လုိမွေဆာ့လုိ႔အဆင္မေျပပဲ ၾကာတဲ့အခါမွာ မူးေနာက္လာရံုကလြဲလုိ႔ အက်ိဳးမထူးပါဘူး။
အထူသျဖင့္ စမ္းေခ်ာင္းလုိ ျမစ္လို ေနရာမ်ိဳးကိုေရာက္တဲ့အခါမွာ fps က သိသိသာသာထုိးက်ပါတယ္။

ဒါနဲ႔ 1080p Max ေအာက္ တစ္ဆင့္ေလ်ာ့တဲ့ 1080p High (except MSAA, FXAA, MSAA reflection) ကိုထားလုိက္တဲ့အခါ ေတာ္ေတာ္ smooth ျဖစ္လာပါတယ္။
avg 50FPS ပတ္လည္မွာပါ။
အဲ့ဒီမွာ texture quality ကို high ကေန ultra ျပန္တင္လုိက္ပီး water physics quality slider ကို အဆံုးထိတင္ထားရာကေန တစ္ဆင့္ျပန္ေလ်ာ့လုိက္တဲ့အခါ visual/performance မွ်တတဲ့အေနအထားတစ္ခုကိုရလာပါတယ္။

ဆုိရရင္ ေဆာ့ကစားခဲ့တဲ့ နာရီ ၄၀ နီးပါးလံုး

API - DX12

Texture quality - Ultra
The rest - High

Slider option
Water Physics Quality - High
The rest - Ultra (Max)

MSAA - Off
FAXX - Off
MSAA reflection - Off
Vsync - Off
Motion Blur - Off

ျဖင့္သြားခဲ့ၿပီး တစ္စံုတစ္ရာ crash ျဖစ္ျခင္း လံုး၀မရိွခဲ့ပဲ avg 36FPS ျဖင့္ ရရိွခဲ့ပါတယ္။

quad core i5 CPU မွာ 80% load ျဖင့္ run ကာ GPU ကေတာ့ ထံုးစံအတိုင္းပဲ full load ျဖစ္ပါတယ္။
VRAM ကို 4.2GB ခန္႔အသံုးျပဳၿပီး System RAM က 8.5GB ကေန max 10GB အထိ ေနရာယူပါတယ္။
မိမိ PC က System RAM 8GB သာ ရိွခဲ့မယ္ဆုိရင္ upgrade ျပဳလုပ္ဖို႔အႀကံျပဳပါတယ္၊
2019 မွာ ထြက္ခဲ့တဲ့ ဂိမ္းေတာ္ေတာ္မ်ားမ်ားက 8GB နဲ႔ အထက္ လိုအပ္ေနပါပီ။
ေနာက္တစ္ခ်က္က ခုေလာေလာဆယ္ RAM price ေတြက အရင္နဲ႔မတူ လံုး၀ သက္သာေနတဲ့ အေနအထားတစ္ခုကိုေရာက္လာေနတဲ့အတြက္ upgrade လုပ္ဖို႔ရာအခ်ိန္ေကာင္းလည္းျဖစ္ပါတယ္။

သင့္အေနနဲ႔ RDR2 ကို 1080p Max 60FPS နဲ႔ ခံစားလုိတယ္ဆုိရင္ RTX 2060 Super / RX 5700 XT တို႔ကို အနိမ့္ဆံုး မျဖစ္မေနလုိအပ္မွာပါ။

1080p Medium ~30FPS အတြက္ကေတာ့ GTX 1050 Ti / RX 470 ေလာက္ရိွရင္ အဆင္ေျပပါတယ္။

GTX 1050 / RX 560 နဲ႔ဆုိရင္ full HD မွာ အနည္းငယ္အခက္ေတြ႔ႏိုင္ပါတယ္။

Graphics Rating: 5/5
Performance Rating: 4.5/5

Conclusion


အခ်ဳပ္ဆုိရရင္ Red Dead Redemption 2 ပီစီဗားရွင္းဟာ ကနဦးထြက္ထြက္ျခင္းမွာ bug ျပသနာေတြရိွခဲ့ေပမဲ့ ယခုလက္ရိွမွာေတာ့ (က်ေနာ့္အေတြ႔အႀကံဳအရ) ေကာင္းမြန္တဲ့အေနအထားကိုပိုင္ဆုိင္ေနပါၿပီ၊

လွပ အႏုစိတ္ က်ယ္ျပန္႔တဲ့ map
ျဖည္းျဖည္းျခင္းဇာတ္ရိွန္တက္ ဆြဲေခၚလာမဲ့ ဇာတ္လမ္း
အဆုိပါေခတ္စနစ္နဲ႔အညီ အံ့ၾသသင့္ဖြယ္ရာ လုိက္ဖက္ေကာင္းမြန္တဲ့ ေနာက္ခံ ေတးသီခ်င္းနဲ႔ အသံ ဖန္တီးမႈေသသပ္တဲ့ ဂိမ္းပေလး

စတဲ့အခ်က္ေတြက ဂိမ္းရဲ႕ ေအာင္ျမင္မႈဟာ ၾကက္ကန္းဆန္အိုးတိုးေၾကာင့္ ျဖစ္လာတာမဟုတ္ဘူးဆိုတဲ့ သက္ေသေတြပါပဲ။

လာမည့္ ဇန္န၀ါရီ ၁ ရက္ေန႔မတိုင္မီအတြင္း RDR2 ကို Epic Games Store မွတဆင့္၀ယ္မယ္ဆုိရင္ $25 သာက်သင့္မွာျဖစ္တဲ့အတြက္ အဆုိပါအခြင့္အေရးကို လက္မလႊတ္ၾကဖို႔တိုက္တြန္းလုိက္ပါတယ္။

Credit to original writer, Seo Thu Aung

Unicode


Red Dead Redemption 2 Review

–––––

GTA ဟာ Rockstar အတွက် မော်ဒန်ခေတ်သစ်ကို ကိုယ်စားပြုတဲ့ open world ဂိမ်းတစ်ခုအဖြစ်သတ်မှတ်ရမယ်ဆိုရင် RDR ကိုတော့ ခေတ်ဟောင်း စက်မှုထွန်းကားဖို့အရှိန်ယူစ ကာလ open world ဂိမ်းအဖြစ်ခေါ်ရပါလိမ့်မယ်။

မနှစ် ၂၀၁၈ နိုဝင်ဘာ မှာ RDR2 ဟာ PS4 နဲ့ Xbox One ပေါ်ကိုရောက်ရှိလာခဲ့ပြီး တစ်ပတ်အတွင်း ကန်ဒေါ်လာ ၇၂၅ သန်း ($725 million) ဆိုတဲ့စံချိန်နဲ့အတူ ဂိမ်မာတွေ ဂိမ်း critic တွေအကြားမှာလည်း နာမည်ကောင်းရခဲ့တယ်။
သူ့ရဲ့ အောင်မြင်မှုက အံ့မခန်းဖြစ်ခဲ့ပြီး ၂၀၁၀ မှာတုန်းက ထွက်ရှိခဲ့တဲ့ RDR1 ရဲ့ lifetime sales ကို နှစ်ပတ်အတွင်းမှာပဲ ဖြတ်ကျော်ပြခဲ့တယ်။
ဒီလိုအောင်မြင်မှုတွေရခဲ့တဲ့ ဂိမ်းကို ယခုအခါမှာ Rockstar က PC ပေါ်ကိုပို့ဆောင်ပေးလိုက်ပြန်ပါတယ်။

ဆိုတော့ RDR2 စတင်ထွက်ရှိခဲ့တာ အချိန်တစ်နှစ်ရှိခဲ့ပြီမို့ ယခု အချိန်မှ review ရေးရခြင်းက နောက်ကျကောင်းနောက်ကျနေပါလိမ့်မယ်။
သို့သော် ကျနော့်အနေနဲ့ ထုံးစံအတိုင်းပဲ ဂိမ်းအပေါ် အမြင် ခံစားချက်အပြင် PC performance ရလဒ်ကိုပါ ထည့်သွင်းရေးသားထားတာမို့ အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်။

ယခု review အတွက် Red Dead Redemption 2 (Epic Games Store) ကို support လုပ်ပေးတဲ့ ကိုအောင်ကျော်ဇင်ကိုလည်း ကျေးဇူးတင်ပါတယ်။
Credit to original writer, Seo Thu Aung

Story 


(No Spoiler)

Red Dead Redemption 2 (တနည်းအားဖြင့် RDR2) ရဲ့ ဇာတ်လမ်းဟာ 1899 ခုနှစ်မှာ စတင်ပါတယ်၊
ပထမ ကမ္ဘာစစ်ကြီး မဖြစ်မီ ၁၅ နှစ် မတိုင်ခင် ..

အမေရိကရဲ့ အနောက်၊ အနောက်အလယ်ပိုင်း ဒေသတွေကိုမှ အခြေခံပြီး ကောင်းဘွိုင်လို့ခေါ်တဲ့ ရုပ်ရှင်တွေထဲမှာ ခပ်မိုက်မိုက်စတိုင်နဲ့ ကျနော်တို့သိတဲ့ bounty hunter တွေ ဂန်းစတားတွေ ကြီးစိုးတဲ့ကာလ၊

အဲ့ဒီမှာ Dutch ဦးဆောင်တဲ့ Van der Linde gang ဟာ သူ့ရဲ့ အဖွဲ့သားတွေနဲ့အတူ သွေးကွဲမတက်အေးခဲတဲ့ ဆောင်ရာသီကိုအံတုပြီး ခရီးပြင်းနှင်လာကြတယ်၊၊
ဒီအဖွဲ့ထဲမှာ ယောက်ျားရင့်မာကြီးတွေတင်ပါတာမဟုတ်ပဲ အမျိုးသမီးတွေအပြင် ကလေးငယ်တစ်ယောက်လည်းပါဝင်တယ်၊
ဂန်းစတားဆိုပေမဲ့ သူတို့အချင်းချင်းစည်းလုံးမှုရှိကြသလို ခေါင်းဆောင်ဖြစ်တဲ့ Dutch ကိုလည်း လေးစား အားထားပြုကြတယ်၊
Dutch ကလည်း ငယ်သားတွေအပေါ် မိသားစုဝင်သဖွယ်ရှုမြင်ပြီးစောင့်ရှောက်တယ်။

ကျနော်တို့ကစားရမဲ့ Arthur Morgan ကတော့ Dutch ရဲ့ ညာလက်ရုံးသဖွယ် အားကိုးအားထားပြုတဲ့သူတစ်ယောက် . .
စိတ်ရင်းကောင်းမွန်သလို လက်အောက်ငယ်သားတွေကလည်း Dutch ပီးရင် Arthur ကို ဒုတိယ အားကိုးအားထားပြုကြတယ်။

ပြုလုပ်ခဲ့တဲ့ ဒုစရိုက်တွေကိုခဝါချပြီး အနာဂတ်ကာလမှာ တည်တည်ညိမ်ညိမ်နဲ့ ဘဝကိုဖြတ်သန်းမယ်ဆိုပြီး ခံယူချက်နဲ့အတူ Dutch နဲ့ သူ့အဖွဲ့ဟာ လက်ရှိအချိန်အတွင်းမှာ ငွေရသလောက်ရှာဖွေစုဆောင်းမယ်ဆိုပြီး စိုင်းပြင်းပါတော့တယ်။
လက်တလောရှင်သန်နေထိုင်ဖို့ဆိုတာကလည်း ငွေမရှိလို့မဖြစ်ပြန်ဘူး၊
ဒီတော့ကာ သူတို့လို ဂန်းစတားတွေအဖို့ ငွေရှာဖို့အတွက်က အကြမ်းဖက် လုယက် ဓားပြတိုက်ရုံကလွဲလို့ ဘာရှိအုံးမှာလည်း . .

တစ်ရက်မှာတော့ Arthur Morgan အပါအဝင် Dutch နဲ့အဖွဲ့ဟာ ရထားတစ်စီးကို ပြန်ပေးဆွဲကြတယ်။
သူတို့အောင်မြင်ခဲ့တယ်၊
ငွေသားအချို့ ရခဲ့တယ်ပေါ့။

ဒါပေမဲ့ ပြန်ပေးဆွဲတိုက်ခိုက်ခဲ့တဲ့ ရထားရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရေနံသူဌေး Cornwall က အဆိုပါဖြစ်ရပ်အတွက်မကျေမချမ်းဖြစ်ပီး Pinkerton Detective Agency လို့အမည်ရတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုငှားပြီး Dutch နဲ့ သူ့အပေါင်းပါတွေကို ဖမ်းဆီးဖို့ရာတုန့်ပြန်ပါတော့တယ်။

ဂိမ်းတစ်လျောက်မှာ Pinkerton Detective Agency အဖွဲ့တွေနဲ့ ကြိမ်ဖန်များစွာ တိုက်ပွဲတွေကြုံရမယ်၊
ဂန်းအဖွဲ့ဖြစ်တာနဲ့အညီ လိုသူ မလိုသူ အညှိုးထားသူတွေဆိုတာ ရှိစမြဲ . .
Dutch ရဲ့ အစဉ်အဆက် ရန်သူတော် Colm O'Driscoll ဦးဆောင်တဲ့အဖွဲ့နဲ့လည်း ထိပ်တိုက်တွေ့ရမယ်။
တခြား ရန်သူတွေ အကြောင်းအရာတွေလည်း ရှိသေးပေမဲ့ spoil သလိုဖြစ်နေမှာကြောင့် ထည့်မရေးတော့ဘူး။

ဇာတ်လမ်းက အချိတ်အဆက်တွေလုပ်ထားတာ အတော်ကြီးကိုကောင်းပါတယ်။
ဂိမ်းရဲ့ အစောပိုင်း ၅ နာရီလောက်အထိ ဇာတ်လမ်းကို သင့်အနေနဲ့ အီလည်လည်ကြီးထင်ကောင်းထင်မိပါလိမ့်မယ်၊
ဒါပေမဲ့ အချိန်ကြာလာလေလေ ရှေ့ရောက်လာလေလေ ဇာတ်လမ်းက သင့်ကို တဖြည်းဖြည်း ဆွဲခေါ်သွားပါလိမ့်မယ်။

ဇာတ်ကောင်တွေရဲ့ မတူညီတဲ့ စိတ်ခံစားချက်တွေ ဘဝတွေ ခံယူချက်တွေနဲ့အတူ ဂိမ်းကစားသူကို shock ရစေတဲ့အထိခံစားရမယ်လို့ဆိုချင်ပါတယ်။

၂၀၁၉ အတွင်း ထိတွေ့ခဲ့ရသမျှဂိမ်းတွေထဲမှာမှ RDR2 ရဲ့ ဇာတ်လမ်း ဇာတ်အိမ်ဟာ ကျနော့်အတွက် အကောင်းဆုံး သဘောအကျအဆုံး ဖြစ်သွားခဲ့ပါတယ်။

Story Rating: 5/5

(ဖြည့်စွက်ချက်)

RDR2 ဇာတ်လမ်းဟာ RDR1 အဖြစ်အပျက် မတိုင်ခင်ကာလ prequel ဖြစ်ပါတယ်၊
ဒီတော့ PS3 နဲ့ Xbox 360 မှာ ထွက်ခဲ့တဲ့ RDR1 ကို မကစားခဲ့ရလည်း ပြသနာမရှိပါဘူး။
ယခု RDR2 ပြီးမှ RDR1 ကို ကိုင်မယ်ဆိုရင် ပိုတောင် အဆင်ပြေပါသေးတယ်။

Gameplay


အစမှာပြောခဲ့သလိုမျိုးပဲ Red Dead Redemption က ဘာနဲ့သွားတူသလည်းဆိုတော့ ၁၉ ရာစု Grand Theft Auto ဖြစ်ပါတယ်။
Open world မို့ မြေပုံ နေရာအနှံ့ ခြေလျင်တစ်မျိုး မြင်းနဲ့တစ်ဖုံ ခြေဆန့်လို့ရမယ်၊
main quest/side quest တွေက GTA နည်းတူ ရှေ့ကဟာတွေပြီးမှာ နောက်ဟာတွေကိုဆက်ပွင့်ပေးမယ်။
တစ်ချို့ side quest တွေက လမ်းမှာ ခရီးဆက်ရင်း အမှတ်မထင်တွေ့ရမယ်။

ကျနော်က GTAV ကိုလည်းပဲ ဇာတ်လမ်းဆုံးအောင်ကစားခဲ့ဖူးတော့ သေချာပေါက်ပြောနိုင်တာက RDR2 ရဲ့ map ဟာ GTAV ထက် ပိုကြီးမား ကျယ်ပြန့်တယ်ဆိုတာပါပဲ။

အဲ့ဒီမှာ ပြသနာတစ်ခုကဘာလည်းဆိုတော့ GTA မှာ တစ်နေရာကနေ တစ်နေရာသွားဖို့ နည်းလမ်းအမျိုးမျိုး ယာဉ်အမျိုးအမျိုးကို အသုံးပြုလို့ရတယ်၊
RDR မှာက အမြန်ဆုံးခရီးသွားနိုင်တာက မြင်း ပဲဆိုတော့ mission တစ်ခုလုပ်မယ်ဆိုရင် ခရီးသွားရတာ အတော်ကြာပါတယ်၊
တစ်ခါတစ်လေ map ရဲ့ အရှေ့ထိပ်က mission လုပ်ပီးမှာ ဟိုးအနောက်ဖျားမှာရှိတဲ့ နောက် မစ်ရှင်တစ်ခုကိုသွားခိုင်းတာမျိုး . .
ရှိတဲ့မြင်းက လမ်းခုလတ်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် သေသွား ပျောက်ဆုံးသွားခဲ့ရင် ပိုတိုင်ပတ်နိုင်တာမို့ ပြန်လည် revive လုပ်နိုင်တဲ့ item တွေကို ဆောင်ထားဖို့လိုပါတယ်။
မြင်းမှာက stamina ပါတဲ့အတွက် ခရီးရှည်နှင်ရတဲ့အခါမျိုးမှာ stamina ဖြည့်တင်းဖို့အတွက် item တွေထပ်မံဆောင်ထားရပါအုံးမယ်။
fast travel အတွက် မီးရထားကိုအသုံးပြုနိုင်ပေမဲ့ သူက ဘူတာရုံရှိတဲ့ အထင်ကရနေရာတွေမှာပဲရှိတဲ့အတွက် GTA လောက် ထိရောက်မှုမရှိဘူးပြောရပါလိမ့်မယ်။

ဒါပေမေဲ့ ဒီလိုမြင်းနဲ့ ခရီးနှင်ရတဲ့ဒုက္ခကို Rockstar က ဘာနဲ့ ကာပေးထားလည်းဆိုတော့ ဂိမ်းရဲ့ လှပတဲ့ ဂရပ်ဖစ်ပါပဲ။
ခရီးရှည်ကို မြင်းနဲ့သွားရတာ စိတ်ညစ်ကောင်းညစ်မယ်လို့ထင်ရပေမဲ့ အနုစိတ်လွန်းလှတဲ့ ပတ်ဝန်းကျင် မြင်ကွင်းက သင့်ကို ပျင်းရိမှုမရှိအောင် ကူညီပေးပါလိမ့်မယ်။
အကယ်၍ ခလုတ်ကိုတောက်လျောက်ဖိထားရခြင်းက မနှစ်မြို့စရာဖြစ်လာခဲ့မယ်ဆိုရင် Cinematic Mode ကိုပြောင်းထားနိုင်ပါတယ်။
သွားလိုတဲ့ နေရာကို point ထောက်ပီး cinematic mode ပြောင်းထားခြင်းက ကစားသူအနေနဲ့ ရှေ့မှာ အတားအစီးတစ်စုံတစ်ခု မတွေ့မခြင်း မည်သည့်ခလုတ်ကိုမျှ နှိပ်စရာမလိုတော့ပါဘူး။

ဇာတ်ကောင် Arthur က ကောင်းဘွိုင် Gunslinger ဖြစ်တာနဲ့အညီ gun တွေ ရိုင်ဖယ်တွေ အသုံးပြုလို့ရမယ်၊
လေးမြှားအပြင် အသံတိတ်ချည်းကပ်ဖို့ရာအတွက် ဓားမြောင်ကိုလည်းသုံးနိုင်တယ်။
Dead Eye လို့ခေါ်တဲ့ feature ပါဝင်ပြီး သူက အချိန်ကို အတိုင်းအတာတစ်ခုအထိ slow ပြုလုပ်ပေးပီး အဲ့ဒီအတွင်းမှာ မိမိရန်သူကို သုတ်သင်နိုင်မယ်။
ပစ်ခတ်တိုက်ခိုက်ရတဲ့အပိုင်းမှာ ဂိမ်းက အပြစ်ဆိုစရာမရှိပါဘူး။

လူထဲကလူတစ်ယောက်ဖြစ်တဲ့အတွက် Arthur ရဲ့ ခန္ဓာကိုယ် အလေးချိန် တိုးလာသလား လျော့လာသလား ဆိုတာက ကစားသူအပေါ် မူတည်နေပါတယ်။
နားနေအိပ်စက်ခြင်းမပြုပဲ ဆက်တိုက် မစ်ရှင်တွေဆောင်ရွက်နေခဲ့ရင် စားသောက်မှုမရှိပဲ နေရာအနှံ့ သွားလာနေခဲ့ရင် ဝိတ်ကျလာမယ်၊
အကျိးဆက်က damage ခုခံနိုင်မှုမှာ အားနည်းမယ်၊
ှStamina/Dead Eye ကိုပြန်လည်ဖြည့်တင်ပေးဖို့ရာ အနားယူအိပ်စက်ဖို့ စားသောက်ဖို့လိုအပ်မှာဖြစ်ပါတယ်။

မိမိဟာ ဒုစရိုက်သမားဖြစ်တာနဲ့အညီ သွားတဲ့နေရာတိုင်းမှာ ကိုယ့်ကို ဖမ်းဆီးပီး bounty ဆုငွေထုတ်မည့်သူတွေ ရန်သူတွေက အချိန်မရွေးတွေ့နိုင်တဲ့အတွက် လိုအပ်တဲ့ လက်နက်ကရိယာတွေကို ဆောင်ယူထားဖို့လိုပါတယ်။
သာမန်ပြည်သူတစ်ယောက်ကို လူမြင်ကွင်းမှာ တမင်ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် ထိခိုက်အောင်ပြုလုပ်ခဲ့မယ်ဆိုရင် အဆိုပါနယ်မြေမှာ သင့်ကို bounty ထုတ်ခံရမှာပါ။

ဂိမ်းကို first person mode နဲ့လည်း ကစားနိုင်ပေမဲ့ ဒါက သင့်ကို ခေါင်းမူးစေရုံကလွဲလို့ သိပ်အသုံးဝင်မှာမဟုတ်ပါဘူး။

ဂိမ်းဇာတ်လမ်းကို ပီးဆုံးအောင်ဆော့ဖို့ရာအတွက် အနည်းဆုံး သင့်အနေနဲ့ နာရီ ၃၀ နဲ့အထက်လိုအပ်မှာဖြစ်ပါတယ်။
side mission တစ်ချို့နဲ့ ဇာတ်လမ်းကိုပဲ အဓိကထားဆော့တဲ့ ကျနော့်အဖို့ ၃၅ နာရီဝန်းကျင်အချိန်ပေးခဲ့ရပါတယ်။

Gameplay Rating: 4.5/5

Graphics & Performance


RDR2 ဟာ Rockstar အတွက် ပထမဆုံးသော 8th Gen Console era သီးသန့်ဂိမ်းတစ်ခုပါ။
ရှေ့မှာထွက်ခဲ့တဲ့ GTAV ကတော့ 8th Gen Console တွေအပြင် ယခင် 7th Gen က PS3, Xbox 360 တွေအတွက်ပါထုတ်ခဲ့တာဖြစ်ပါတယ်။
RDR2 ကို ယခုလို 8th Gen PS4/Xbox One ခေတ်မှာသာရည်ရွယ်ပြုလုပ်ခဲ့တဲ့အတွက် ဂိမ်းဂရပ်ဖစ်အင်ဂျင်ကို အဆင့်မြှင့်တင်မှုတွေများစွာပြုလုပ်ထားတဲ့ RAGE ဂိမ်းအင်ဂျင် (Rockstar Advanced Game Engine) အသုံးပြုခဲ့ပါတယ်။

PS4 နဲ့ Xbox One မှာကတည်းက RDR2 ဟာ ဂရပ်ဖစ်အမြင်ပိုင်းမှာ ထိပ်ဆုံးအဆင့်မှာရှိတယ်ဆိုပြီး ချီးကျူးခံထားရတော့ PC မှာ နောက်ထပ် ဘယ်လို feature အသစ်အဆန်းတွေပါမလည်း၊ စွမ်းဆောင်ရည်ဘယ်လိုရှိမလည်းဆိုတာက စိတ်ဝင်စားစရာပါပဲ။

(Digital Foundry ရဲ့ အဆိုအရ PS4 မှာ 1080 30FPS / PS4 Pro မှာ 4K (upscaled) 30FPS / Xbox One X မှာ 4K (Native) 30FPS လို့ ဆိုပါတယ်၊
framerate က scene အပေါ်မူတည်ပီး အနိမ့်ဆုံး 20FPS အထိ ဆင်းတယ်လို့သိရပါတယ်)

PC ဗားရှင်းမှာ uncapped framerate ဖြစ်သွားတဲ့အတွက် မိမိ hardware ကောင်းရင်ကောင်းသလို လှုပ်ရှားမှုတွေက ပိုချောမွေ့မှာဖြစ်ပါတယ်။
ဒါပေမဲ့ RDR လို ဂိမ်းမျိုးက fast-paced action အမျိုးအစားမဟုတ်ပဲ ရုပ်ရှင်ဆန်ဆန် cinematic အသားပေးဖြစ်လို့ 30FPS လောက်နဲ့ run လည်း သိပ်ပြသနာမရှိပါဘူး၊
အဓိကက stable ဖြစ်ဖို့ပါပဲ။
camera view ကို first-person shooter အမြင်နဲ့ကစားလိုမှသာ 30FPS ထက် ပိုမိုများပြားတဲ့ framerate လိုအပ်မှာဖြစ်ပါတယ်။
နောက်ထပ် PC သီးသန့် feature တွေအဖြစ် 4K HDR, ultrawide monitor support, high reso-shadows/reflection/tree စတဲ့အချက်တွေလည်းပါပါသေးတယ်။

အမြင်ပိုင်းကိုပြောရရင် RDR2 က အတော်ကြီးကို လှ ပါတယ်၊
အထူးသဖြင့် ပတ်ဝန်းကျင် အနေအထားတွေက ရာသီဥတုအလိုက်ပြောင်းလဲနေချိန် တစ်ခုချင်းစီမှာ လုံး၀ အနုစိတ်ဖန်တီးထားတဲ့အတွက် ဂိမ်းကမ္ဘာထဲကို မိမိကိုယ်တိုင် ရောက်သွားသည့်အလား ခံစားရမှာပါ။
real-time day/night cycle ဖြစ်လို့ ညအချိန် မိုးရွာနေရင်တစ်မျိုး ဆောင်းတွင်းတစ်မျိုး နွေမှာတဖုံ ပတ်ဝန်းကျင်မြင်ကွင်းက စွဲမက်ဖွယ်ရာရှိပြီး ကြီးမားကျယ်ပြန့်တဲ့ map ထဲမှာ မြင်းတစ်ကောင်နဲ့ ခရီးသွားနေရခြင်းက ပျင်းရိစရာကောင်းနေခဲ့မယ်ဆိုရင် ယခုလို လှပ အနုစိတ်တဲ့ ပတ်ဝန်းကျင်ဂရပ်ဖစ်က သင့်ကို
တန်ပြန် ချေဖျက်ပေးပါလိမ့်မယ်။

ဂိမ်းရဲ့ PC graphics option မှာ ချိန်ညှိစရာ ရွေးစရာတွေက အမျိုးအစားပေါင်း ၄၀ နီးပါးရှိတာမို့ မိမိ hardware အနိမ့်အမြင့်ကိုလိုက်ပီး လိုအပ်သလို ပြုလုပ်နိုင်မှာပါ။

စာရေးသူရဲ့ PC specs က

i5-6500
MSI GTX 1660 Gaming X
2x 8GB HyperX Fury RGB
Windows 10 x64 v1909
GeForce 436.30 WHQL Driver

Spces detail >> https://valid.x86.fr/l5hucr

* ဂိမ်းကို HDD မှာပဲ install ပြုလုပ်ထားပါတယ်၊
OS ကတော့ XPG SX8200 Pro NVMe မှာပါ။

* Ram ရဲ့ မြန်နှုန်း (frequency) က 2666 MHz ဖြစ်ပေမဲ့ မားသားဘုတ်အကန့်အသက်ကြောင့် 2133 MHz နဲ့ပဲ run ထားပါတယ်။

ကျနော့်အနေနဲ့ ပထဆုံး ဂိမ်းကို 1080p Max (except MSAA, FXAA, MSAA reflection) မှာ ထားပြီး run ကြည့်ရာမှာ ဆော့လို့အဆင်မပြေတာကိုတွေ့ရပါတယ်။
framerate အနေဖြင့် 22 နဲ့ 35 အကြား (avg ~25) မှာသာရှိတာမို့ ဘယ်လိုမှဆော့လို့အဆင်မပြေပဲ ကြာတဲ့အခါမှာ မူးနောက်လာရုံကလွဲလို့ အကျိုးမထူးပါဘူး။
အထူသဖြင့် စမ်းချောင်းလို မြစ်လို နေရာမျိုးကိုရောက်တဲ့အခါမှာ fps က သိသိသာသာထိုးကျပါတယ်။

ဒါနဲ့ 1080p Max အောက် တစ်ဆင့်လျော့တဲ့ 1080p High (except MSAA, FXAA, MSAA reflection) ကိုထားလိုက်တဲ့အခါ တော်တော် smooth ဖြစ်လာပါတယ်။
avg 50FPS ပတ်လည်မှာပါ။
အဲ့ဒီမှာ texture quality ကို high ကနေ ultra ပြန်တင်လိုက်ပီး water physics quality slider ကို အဆုံးထိတင်ထားရာကနေ တစ်ဆင့်ပြန်လျော့လိုက်တဲ့အခါ visual/performance မျှတတဲ့အနေအထားတစ်ခုကိုရလာပါတယ်။

ဆိုရရင် ဆော့ကစားခဲ့တဲ့ နာရီ ၄၀ နီးပါးလုံး

API - DX12

Texture quality - Ultra
The rest - High

Slider option
Water Physics Quality - High
The rest - Ultra (Max)

MSAA - Off
FAXX - Off
MSAA reflection - Off
Vsync - Off
Motion Blur - Off

ဖြင့်သွားခဲ့ပြီး တစ်စုံတစ်ရာ crash ဖြစ်ခြင်း လုံးဝမရှိခဲ့ပဲ avg 36FPS ဖြင့် ရရှိခဲ့ပါတယ်။

quad core i5 CPU မှာ 80% load ဖြင့် run ကာ GPU ကတော့ ထုံးစံအတိုင်းပဲ full load ဖြစ်ပါတယ်။
VRAM ကို 4.2GB ခန့်အသုံးပြုပြီး System RAM က 8.5GB ကနေ max 10GB အထိ နေရာယူပါတယ်။
မိမိ PC က System RAM 8GB သာ ရှိခဲ့မယ်ဆိုရင် upgrade ပြုလုပ်ဖို့အကြံပြုပါတယ်၊
2019 မှာ ထွက်ခဲ့တဲ့ ဂိမ်းတော်တော်များများက 8GB နဲ့ အထက် လိုအပ်နေပါပီ။
နောက်တစ်ချက်က ခုလောလောဆယ် RAM price တွေက အရင်နဲ့မတူ လုံး၀ သက်သာနေတဲ့ အနေအထားတစ်ခုကိုရောက်လာနေတဲ့အတွက် upgrade လုပ်ဖို့ရာအချိန်ကောင်းလည်းဖြစ်ပါတယ်။

သင့်အနေနဲ့ RDR2 ကို 1080p Max 60FPS နဲ့ ခံစားလိုတယ်ဆိုရင် RTX 2060 Super / RX 5700 XT တို့ကို အနိမ့်ဆုံး မဖြစ်မနေလိုအပ်မှာပါ။

1080p Medium ~30FPS အတွက်ကတော့ GTX 1050 Ti / RX 470 လောက်ရှိရင် အဆင်ပြေပါတယ်။

GTX 1050 / RX 560 နဲ့ဆိုရင် full HD မှာ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။

Graphics Rating: 5/5
Performance Rating: 4.5/5

Conclusion


အချုပ်ဆိုရရင် Red Dead Redemption 2 ပီစီဗားရှင်းဟာ ကနဦးထွက်ထွက်ခြင်းမှာ bug ပြသနာတွေရှိခဲ့ပေမဲ့ ယခုလက်ရှိမှာတော့ (ကျနော့်အတွေ့အကြုံအရ) ကောင်းမွန်တဲ့အနေအထားကိုပိုင်ဆိုင်နေပါပြီ၊

လှပ အနုစိတ် ကျယ်ပြန့်တဲ့ map
ဖြည်းဖြည်းခြင်းဇာတ်ရှိန်တက် ဆွဲခေါ်လာမဲ့ ဇာတ်လမ်း
အဆိုပါခေတ်စနစ်နဲ့အညီ အံ့သြသင့်ဖွယ်ရာ လိုက်ဖက်ကောင်းမွန်တဲ့ နောက်ခံ တေးသီချင်းနဲ့ အသံ ဖန်တီးမှု
သေသပ်တဲ့ ဂိမ်းပလေး

စတဲ့အချက်တွေက ဂိမ်းရဲ့ အောင်မြင်မှုဟာ ကြက်ကန်းဆန်အိုးတိုးကြောင့် ဖြစ်လာတာမဟုတ်ဘူးဆိုတဲ့ သက်သေတွေပါပဲ။

လာမည့် ဇန်နဝါရီ ၁ ရက်နေ့မတိုင်မီအတွင်း RDR2 ကို Epic Games Store မှတဆင့်ဝယ်မယ်ဆိုရင် $25 သာကျသင့်မှာဖြစ်တဲ့အတွက် အဆိုပါအခွင့်အရေးကို လက်မလွှတ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

Credit to original writer, Seo Thu Aung

Post a Comment

0 Comments