CONTROL Review


Alan Wake, Quantum Break, Max Payne တို႔လိုဂိမ္းေတြနဲ႔ လူသိမ်ားတဲ့ Remedy ဟာ သူ႔ရဲ႕ ေနာက္ဆံုးေပၚလက္ရာျဖစ္တဲ့ Control လို႔အမည္ရတဲ့ ဂိမ္းကို ပီးခဲ့တဲ့လက PC, PS4, Xbox One ေတြေပၚကိုထုတ္ေပးလိုက္ပါတယ္။

Control က ဘယ္လိုအမ်ိဳးအစားလည္းဆုိရင္ action/third-person shooter ကိုမွ RPG ဆန္ဆန္ အပိုင္းအစေလးေတြ ခပ္ပါးပါးေရာထည့္ထားတဲ့ ဂိမ္းတစ္ခုလို႔ပဲ သတ္မွတ္ရပါလိမ့္မယ္။
Writer, Seo Thu Aung
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version


ဇာတ္လမ္း (Story)

*major spoiler free*

Control


နာမည္ေလးက ရိုးရွင္းေပမဲ့ ဂိမ္းရဲ႕ဇာတ္လမ္းသေဘာတရားကိုနားလည္ဖို႔က အစပိုင္းမွာ အနည္းငယ္အခက္ေတြ႔ႏိုင္ပါတယ္။

US အစိုးရက လွ်ိဳ႕၀ွက္စြာဖြဲ႔စည္းထားတဲ့ သဘာ၀နယ္လြန္ျဖစ္ရပ္ေတြကို ေလ့လာ သုေတသနျပဳေနတဲ့ FBC (Federal Bureau of Control) လို႔ေခၚတဲ့ အဖြဲ႔အစည္းတစ္ခုရိွတယ္၊

အဲ့ဒီ FBC ရဲ႕ လက္ရိွ ဒါရုိက္တာရာထူးကိုရယူထားတဲ့သူက Zachariah Trench ဆိုတဲ့လူ။

ဒီသဘာ၀နယ္လြန္ျဖစ္ရပ္ေတြကို ေလ့လာေနတဲ့ FBC ရဲ႕ အဓိကရံုးခ်ဳပ္အေဆာက္အဦးက နယူးေယာ့ခ္ၿမိဳ႕မွာရိွတယ္၊

The Oldest House လို႔ေခၚတယ္။

အျပင္ကၾကည့္ရင္ သာမန္ အေဆာက္အဦးႀကီးတစ္လံုး ဟိုတယ္တစ္လံုးဆုိတာထပ္မပိုဘူး

ဒါေပမဲ့ အတြင္းမွာေတာ့ third-dimension လုိ႔ေခၚတဲ့ နယ္ပယ္ေတြနဲ႔ ခ်ိတ္ဆက္ထားတယ္၊ လူသားမဟုတ္တဲ့ (ျမန္မာအေခၚဆုိ ၀ိဥာဥ္ လို႔သတ္မွတ္ရမလားပဲ) သူေတြနဲ႔ သူတို႔ရဲ႕ ျဖစ္တည္မႈေတြကို FBC က သိုသိုသိပ္သိပ္နဲ႔ သုေတသနေတြလုပ္ေနတယ္။

The Oldest House ထဲမွာေပါ့။

ဂိမ္းရဲ႕ အစက ဂ်က္စီေဖဒန္ (Jessie Faden) ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ The Oldest House ကိုေရာက္လာျခင္းနဲ႔စတင္ထားတယ္။

Jessie ရဲ႕ ေနရာကေန ဂိမ္းကိုကစားေပးရမွာ။

The Oldest House ကို Jessie ေရာက္လာရတဲ့အေၾကာင္းက သူမရဲ႕ ငယ္စဥ္ကတည္းက ကြဲကြာသြားတဲ့ ေမာင္ေလး (Dylan Fayden) ကိုရွာဖို႔။

Jessie နဲ႔ Dylan ငယ္စဥ္က သူတို႔ေနထိုင္တဲ့ၿမိဳ႕ေလးမွာ Altered World Events လို႔ေခၚတဲ့ ျဖစ္ရပ္ ျဖစ္ပြားခဲ့ရာကေန ေမာင္ႏွမႏွစ္ေယာက္လံုး သာမာန္လူသားတစ္ဦးထက္ထူးတဲ့ စြမ္းေဆာင္ရည္ေတြရရိွခဲ့တယ္။

အဲဒီမွာ သူတို႔နွစ္ေယာက္ကို FBC က ဖမ္းဆီးေခၚယူရာမွာ Jessie က ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေပမဲ့ Dylan ကေတာ့ FBC လက္ထဲကိုပါသြားရွာတယ္။

ေနာက္ ႏွစ္ေပါင္း ၁၇ ႏွစ္အၾကာမွာ Jessie က သူမရဲ႕ third-dimension က အေဖာ္ျဖစ္တဲ့ Polaris ရဲ႕ လမ္းျပမႈနဲ႔အတူ သူမရဲ႕ေမာင္ေလး The Oldest House မွာ ရိွေနတယ္ဆိုၿပီး ရွာဖို႔အတြက္ေရာက္လာေတာ့တယ္။

ဂိမ္းက အဲ့ဒီကေနစတာ။

The Oldest House ကိုေရာက္လာတယ္
တစ္ခန္း၀င္ တစ္ခန္းထြက္ရွာရင္းနဲ႔ ဒါရိုက္တာရံုးခန္းအတြင္းမွာ ေသနတ္သံၾကားလို႔၀င္ၾကည့္ေတာ့ FBC ရဲ႕ ဒါရုိက္တာျဖစ္တဲ့ Trench ကို ေသဆံုးေနတာကိုေတြ႔ရတယ္

ဒါနဲ႔ သူ႔ေဘးက ေသနတ္ ကိုေကာက္ကိုင္လိုက္တယ္

Service Weapon လုိ႔ေခၚတယ္ ေသနတ္ဆိုေပမဲ့ လုိအပ္သလို ပံုအမ်ိဳးမ်ိဳးေျပာင္းလို႔လည္းရတယ္။
အဲဒီမွာ ဒါရိုက္တာမရိွေတာ့ဘူးဆိုေတာ့ ဘုတ္အဖြဲ႔ကေန Jessie ကို ritual တစ္ခုကိုေခၚေဆာင္ၿပီး စစ္ေဆးတယ္၊

Jessie က ေအာင္ျမင္သြားေတာ့ ဒါရုိက္တာရာထူးကို ေပးလိုက္တယ္။

ေနာက္ပိုင္းမွာသူမ သိလိုက္ရတာက ဒီ The Oldest House ထဲမွာ Hiss လို႔ေခၚတဲ့ third-dimension က ၀ိညဥ္ေတြပ်ံႏွ႔ံေနတယ္၊

Hiss ေတြက လူေတြကို ပူးကပ္လိုက္ပီး အသိစိတ္ေတြပ်က္ယြင္း သာမာန္ထက္ထူးတဲ့ စြမ္းရည္ေတြ (ေလေပၚပ်ံတာ အရာ၀တၳဳေတြကို ထိန္းခ်ဳပ္ႏိုင္တာ စသျဖင့္) နဲ႔အတူ The Oldest House ထဲမွာရိွတဲ့ က်န္တဲ့ FBC အဖြဲ႔သားေတြကို ဒုကၡေပးတယ္။

Hiss ေတြရဲ႕ လက္ကေနလြတ္တဲ့သူဆိုတာကလည္း လူနည္းစုေလာက္ပဲရိွေတာ့တယ္။

ဒီလိုေတြ အတြင္းမွာျဖစ္ပ်က္ေနေပမယ္လို႔ The Oldest House ရဲ႕ အျပင္ကေတာ့ ပံုမွန္ပဲ. .

ဘာလုိ႔လည္းဆိုေတာ့ security lockdown လုပ္ထားေတာ့ Hiss ေတြက ဒီ The Oldest House ထဲကလြဲၿပီး အျပင္ကိုထြက္လို႔မရဘူး။

Jessie က သူ႔ေမာင္ေလးကိုရွာရင္း လြတ္ေျမာက္က်န္ရစ္တဲ့ FBC ကလူေတြနဲ႔ mission ေတြကိုလုပ္ရမယ္၊
Hiss ေတြကို ႏွိမ္နင္းရမယ္။
ေနာက္ဆံုး ဘာေၾကာင့္ Hiss ေတြ အခုလုိ The Oldest House ထဲ ပ်ံ႕ႏွ႔ံကုန္တာလည္းဆိုကိုလည္းသိရမယ္။

က်ေနာ့္အေနနဲ႔ Control ရဲ႕ main story နဲ႔ side mission တစ္ခ်ိဳ႕ကုိပီးဖို႔ အခ်ိန္ ဆယ္နာရီေလာက္ယူလိုက္ရပါတယ္။

မႀကိဳက္တဲ့တစ္ခ်က္က character ေတြအခ်င္းခ်င္းစကားေျပာဆိုရာမွာ RPG ပံုစံမ်ိဳးလုပ္ထားတဲ့အတြက္ cutscene ေတြကို ဇာတ္ကား တစ္ကားၾကည့္သလိုမ်ိဳး ခံစားတတ္တဲ့ က်ေနာ့္အတြက္ ဟာတာတာႀကီးျဖစ္ေနပါတယ္။

ဇာတ္လမ္းနဲ႔ အခင္းအက်င္းကို အမွတ္ေပးရရင္ 3 out of 5 ပါ။

ဂိမ္းပေလး (Gameplay)


Control ရဲ႕ Control စနစ္ကေတာ့ အေတာ္ႀကီးကိုေက်နပ္ဖို႔ေကာင္းတယ္လုိ႔ေျပာရမွာပါ။

telekinesis လုိ႔ေခၚတဲ့ အရာ၀တၳဳေတြကို အေ၀းကေန အနီးကို ဆြဲယူတာ ျပန္ပစ္တာမ်ိဳးေတြ လုပ္ႏုိင္တယ္၊

ရန္သူေတြရဲ႕ လက္နက္ေတြမထိေအာင္လည္း shield တစ္ခုအျဖစ္ ကာႏိုင္တယ္။
ေလေပၚလည္း (အခ်ိန္အတိုင္းအတာတစ္ခုအထိ) ပ်ံႏိုင္တယ္။
ရန္သူေတြကို ကိုယ္ဖက္အျဖစ္ ခနတာ ထိန္းခ်ဳပ္လို႔ရမယ္။

အဲ့တာေတြအျပင္ Service Weapon ကိုသံုးၿပီး ေသနတ္တစ္လက္လုိ ပစ္ခတ္ႏိုင္ပါေသးတယ္။
Jessie ရဲ႕ supernatural စြမ္းရည္ေတြနဲ႔ Service Weapon ကို ဂိမ္းတစ္ေလ်ာက္ upgrade လုပ္သြားလို႔ရမယ္။

ေသြးကေတာ့ အလိုအေလ်ာက္ျပန္ျပည့္မွာမဟုတ္ပဲ ရန္သူေတြရဲ႕ dead body ေတြ အပ်က္အစီးေတြကေနက်လာတဲ့ health point ေတြကို စားမွ ျပန္ျပည့္မွာျဖစ္ပါတယ္။

ဒါမွမဟုတ္ရင္ Control Point လုိ႔ေခၚတဲ့ ေနရာေရာက္ရင္ ေသြးျပန္ျဖည့္လုိ႔ရပါတယ္။

Control Point ကေနတဆင့္ The Oldest House အေဆာက္အဦးရဲ႕ unlock ျဖစ္ပီးတဲ့ေနရာေတြကို Fast Travel သြားလို႔ရမယ္၊ ေသြးျဖည့္လို႔ရမယ္၊

ability ေတြကိုလည္း Control Point ကိုေရာက္မွ upgrade ျပဳလုပ္လို႔ရမွာျဖစ္ပါတယ္။

ဂိမ္းပေလး အတြက္ 5 out of 5 ပါပဲ။

ရုပ္ထြက္ ႏွင့္ ပီစီ စြမ္းေဆာင္ရည္ (Graphics & PC Performance)


Remedy က Control ကုိ သူ႔ရဲ႕ ယခင္ Microsoft exclusive title ျဖစ္တဲ့ Quantum Break မွာသံုးခဲ့တဲ့ Northlight ဂိမ္းအင္ဂ်င္ကိုပဲ ဆက္သံုးထားပါတယ္။

NVIDIA PhysX လည္းထည့္သြင္းထားေတာ့ စကၠဴအပုိင္းအစေတြ အျခားပစၥည္းအပိုင္းအစေတြ ဖြာထြက္ လြင့္ထြက္သြားတာမ်ိဳးဆုိရင္ ေတာ္ေတာ္ႀကီးကို ၾကည့္လို႔ေကာင္းပါတယ္။

ဒါေတြအျပင္ ယခု ေခတ္ထေနတဲ့ Ray Tracing Reflection ကုိလည္း အေထာက္အပံ့ေပးပါတယ္။

DLSS လည္းပါမယ္။

DLSS က NVIDIA RTX ဂရပ္ဖစ္ကတ္အသံုးျပဳမွပဲ ဖြင့္ထားလုိ႔ရပါမယ္။

Ray Tracing အတြက္ေတာ့ GTX 1060 6GB ကေနအထက္၊ GTX 1660 & 1660 Ti, RTX 20 Series ကတ္ေတြရိွရင္ရပါတယ္။
ဒါေပမဲ့ RTX ကတ္မဟုတ္ရင္လည္း Ray Tracing ကို ပိတ္ထားတာအေကာင္းဆံုးပါ။
ဖြင့္လိုက္ရင္ FPS ေခါက္ခ်ိဳးေလာက္ က်ပါလိမ့္မယ္။

PS4 နဲ႔ Xbox One မွာ 900p/720p dynamic resolution နဲ႔အတူ 30FPS lock နဲ႔ run တယ္လုိ႔ဆိုပါတယ္။

Digital Foundry ရဲ႕ test ျပဳလုပ္ခ်က္အရဆုိရင္ PS4 နဲ႔ Xbox One ေတြမွာ frame rate က 10 အထိ ထိုးဆင္းတယ္လုိ႔ေျပာပါတယ္။

အေျခအေနမေကာင္းဘူးေျပာရမွာပါ။

က်ေနာ့္ရဲ႕ Core i5-6500 CPU, GTX 1660 Gaming X, 16GB @2133MHz RAM ရိွတဲ့ PC မွာ average 55FPS နဲ႔ run ပါတယ္၊

1080p, Max, DX12, AA Off, Ray Tracing Off Settings မွာပါ။

DX11 မွာဆုိရင္ 60FPS ရပါတယ္ ( API အေျပာင္းအလဲက 5% performance hit ရိွတဲ့သေဘာ)

Ray Tracing High ထားလုိက္မယ္ဆိုရင္ေတာ့ frame rate က ရုပ္ပ်က္ဆင္းပ်က္က်သြားမွာပါ။
က်ေနာ့္ PC မွာ 25FPS ပဲရပါေတာ့တယ္၊

အေပၚကေျပာခဲ့သလို ေခါက္ခ်ိဳးပါပဲ၊၊

AMD ကတ္ျဖစ္တဲ့ RX 580 မွာဆုိရင္လည္း 1080p, Max, DX12, AA Off, Ray Tracing Off Settings မွာ DX12 - 50FPS နဲ႔ DX11 - 49FPS ရပါတယ္။

Settings အတူတူ hardware အတူတူ ပါပဲ၊

မတူတာဆိုလို႔ GTX 1660 နဲ႔ RX 580 ျဖစ္သြားတာပဲကြာတာပါ။

VRAM usage က 3.5GB ပတ္လည္ပဲ ရိွတဲ့အတြက္ 4GB ရိွတဲ့ ဂရပ္ဖစ္ကတ္ေတြလည္းေကာင္းေကာင္းမြန္မြန္ run ႏိုင္ပါလိမ့္မယ္။

GTX 960 2GB / 1050 2GB လုိကတ္ေတာင္ 1080p, medium settings မွာ ေအးေအးေဆးေဆးေဆာ့ႏိုင္မွာပါ။

System RAM လည္းပဲ 8GB မေက်ာ္ပါဘူး။

ေနာက္တစ္ခ်က္က Control ရဲ႕ ရုပ္ထြက္အသြင္အျပင္က medium နဲ႔ high အၾကားမွာ သိသိသာသာ ေျပာင္းလဲသြားျခင္းမရိွတာပါပဲ၊

ဒီေတာ့ FPS မ်ားမ်ားနဲ႔ gameplay input ကုိ ဦးစားေပးမယ္ဆုိရင္ တစ္ခ်ိဳ႕ setting ေတြကို medium မွာသာထားပါ။

ရုပ္ထြက္ က်သြားတာကို သင့္အေနနဲ႔ Control မွာ ခံစားမိမွာမဟုတ္ပါဘူး။

ေနာက္ထပ္တစ္ခုက Anti-aliasing

Anti-aliasing မွာ Off, 2x MSAA, 4x MSAA ဆုိပီး ေရြးႏုိင္တယ္။
သူလည္းပဲ ပိတ္ထားပါ၊
ရုပ္ထြက္ ထူးပီး က်မသြားပါဘူး။
FPS ကေတာ့ 7% ေလာက္ တက္လာပါလိမ့္မယ္။

Core i3 (2c/4t)
GTX 1050 2GB
8GB RAM

ရိွရင္ကို 1080p, Medium မွာ 30-40FPS ၀န္းက်င္နဲ႔ PS4/Xbox One ထက္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ရပါလိမ့္မယ္။

ဒီလိုေျပာလို႔လည္း console ေတြအတြက္စိတ္ပ်က္သြားဖို႔ရာမလိုပါ . .
Remedy က performance update fix ကုိ ယခုလထဲမွာ ထုတ္ေပးသြားဖို႔ရိွပါတယ္။
အလုပ္ျဖစ္ မျဖစ္ကေတာ့ ထြက္လာတဲ့အခါမွသိရမွာပါ။

Graphics & PC Performance - 4 out of 5

Writer, Seo Thu Aung


Unicode


CONTROL Review


Alan Wake, Quantum Break, Max Payne တို့လိုဂိမ်းတွေနဲ့ လူသိများတဲ့ Remedy ဟာ သူ့ရဲ့ နောက်ဆုံးပေါ်လက်ရာဖြစ်တဲ့ Control လို့အမည်ရတဲ့ ဂိမ်းကို ပီးခဲ့တဲ့လက PC, PS4, Xbox One တွေပေါ်ကိုထုတ်ပေးလိုက်ပါတယ်။

Control က ဘယ်လိုအမျိုးအစားလည်းဆိုရင် action/third-person shooter ကိုမှ RPG ဆန်ဆန် အပိုင်းအစလေးတွေ ခပ်ပါးပါးရောထည့်ထားတဲ့ ဂိမ်းတစ်ခုလို့ပဲ သတ်မှတ်ရပါလိမ့်မယ်။
Writer, Seo Thu Aung


ဇာတ်လမ်း (Story)

*major spoiler free*

Control


နာမည်လေးက ရိုးရှင်းပေမဲ့ ဂိမ်းရဲ့ဇာတ်လမ်းသဘောတရားကိုနားလည်ဖို့က အစပိုင်းမှာ အနည်းငယ်အခက်တွေ့နိုင်ပါတယ်။

US အစိုးရက လျှို့ဝှက်စွာဖွဲ့စည်းထားတဲ့ သဘာဝနယ်လွန်ဖြစ်ရပ်တွေကို လေ့လာ သုတေသနပြုနေတဲ့ FBC (Federal Bureau of Control) လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်၊

အဲ့ဒီ FBC ရဲ့ လက်ရှိ ဒါရိုက်တာရာထူးကိုရယူထားတဲ့သူက Zachariah Trench ဆိုတဲ့လူ။
ဒီသဘာဝနယ်လွန်ဖြစ်ရပ်တွေကို လေ့လာနေတဲ့ FBC ရဲ့ အဓိကရုံးချုပ်အဆောက်အဦးက နယူးယော့ခ်မြို့မှာရှိတယ်၊

The Oldest House လို့ခေါ်တယ်။

အပြင်ကကြည့်ရင် သာမန် အဆောက်အဦးကြီးတစ်လုံး ဟိုတယ်တစ်လုံးဆိုတာထပ်မပိုဘူး
ဒါပေမဲ့ အတွင်းမှာတော့ third-dimension လို့ခေါ်တဲ့ နယ်ပယ်တွေနဲ့ ချိတ်ဆက်ထားတယ်၊ လူသားမဟုတ်တဲ့ (မြန်မာအခေါ်ဆို ဝိဉာဉ် လို့သတ်မှတ်ရမလားပဲ) သူတွေနဲ့ သူတို့ရဲ့ ဖြစ်တည်မှုတွေကို FBC က သိုသိုသိပ်သိပ်နဲ့ သုတေသနတွေလုပ်နေတယ်။

The Oldest House ထဲမှာပေါ့။

ဂိမ်းရဲ့ အစက ဂျက်စီဖေဒန် (Jessie Faden) ဆိုတဲ့ အမျိုးသမီးတစ်ယောက် The Oldest House ကိုရောက်လာခြင်းနဲ့စတင်ထားတယ်။

Jessie ရဲ့ နေရာကနေ ဂိမ်းကိုကစားပေးရမှာ။

The Oldest House ကို Jessie ရောက်လာရတဲ့အကြောင်းက သူမရဲ့ ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့ မောင်လေး (Dylan Fayden) ကိုရှာဖို့။

Jessie နဲ့ Dylan ငယ်စဉ်က သူတို့နေထိုင်တဲ့မြို့လေးမှာ Altered World Events လို့ခေါ်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ရာကနေ မောင်နှမနှစ်ယောက်လုံး သာမာန်လူသားတစ်ဦးထက်ထူးတဲ့ စွမ်းဆောင်ရည်တွေရရှိခဲ့တယ်။

အဲဒီမှာ သူတို့နှစ်ယောက်ကို FBC က ဖမ်းဆီးခေါ်ယူရာမှာ Jessie က ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့ Dylan ကတော့ FBC လက်ထဲကိုပါသွားရှာတယ်။

နောက် နှစ်ပေါင်း ၁၇ နှစ်အကြာမှာ Jessie က သူမရဲ့ third-dimension က အဖော်ဖြစ်တဲ့ Polaris ရဲ့ လမ်းပြမှုနဲ့အတူ သူမရဲ့မောင်လေး The Oldest House မှာ ရှိနေတယ်ဆိုပြီး ရှာဖို့အတွက်ရောက်လာတော့တယ်။

ဂိမ်းက အဲ့ဒီကနေစတာ။

The Oldest House ကိုရောက်လာတယ်

တစ်ခန်းဝင် တစ်ခန်းထွက်ရှာရင်းနဲ့ ဒါရိုက်တာရုံးခန်းအတွင်းမှာ သေနတ်သံကြားလို့ဝင်ကြည့်တော့ FBC ရဲ့ ဒါရိုက်တာဖြစ်တဲ့ Trench ကို သေဆုံးနေတာကိုတွေ့ရတယ်

ဒါနဲ့ သူ့ဘေးက သေနတ် ကိုကောက်ကိုင်လိုက်တယ်
Service Weapon လို့ခေါ်တယ် သေနတ်ဆိုပေမဲ့ လိုအပ်သလို ပုံအမျိုးမျိုးပြောင်းလို့လည်းရတယ်။
အဲဒီမှာ ဒါရိုက်တာမရှိတော့ဘူးဆိုတော့ ဘုတ်အဖွဲ့ကနေ Jessie ကို ritual တစ်ခုကိုခေါ်ဆောင်ပြီး စစ်ဆေးတယ်၊

Jessie က အောင်မြင်သွားတော့ ဒါရိုက်တာရာထူးကို ပေးလိုက်တယ်။

နောက်ပိုင်းမှာသူမ သိလိုက်ရတာက ဒီ The Oldest House ထဲမှာ Hiss လို့ခေါ်တဲ့ third-dimension က ဝိညဉ်တွေပျံနှံ့နေတယ်၊

Hiss တွေက လူတွေကို ပူးကပ်လိုက်ပီး အသိစိတ်တွေပျက်ယွင်း သာမာန်ထက်ထူးတဲ့ စွမ်းရည်တွေ (လေပေါ်ပျံတာ အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်တာ စသဖြင့်) နဲ့အတူ The Oldest House ထဲမှာရှိတဲ့ ကျန်တဲ့ FBC အဖွဲ့သားတွေကို ဒုက္ခပေးတယ်။

Hiss တွေရဲ့ လက်ကနေလွတ်တဲ့သူဆိုတာကလည်း လူနည်းစုလောက်ပဲရှိတော့တယ်။

ဒီလိုတွေ အတွင်းမှာဖြစ်ပျက်နေပေမယ်လို့ The Oldest House ရဲ့ အပြင်ကတော့ ပုံမှန်ပဲ. .

ဘာလို့လည်းဆိုတော့ security lockdown လုပ်ထားတော့ Hiss တွေက ဒီ The Oldest House ထဲကလွဲပြီး အပြင်ကိုထွက်လို့မရဘူး။

Jessie က သူ့မောင်လေးကိုရှာရင်း လွတ်မြောက်ကျန်ရစ်တဲ့ FBC ကလူတွေနဲ့ mission တွေကိုလုပ်ရမယ်၊
Hiss တွေကို နှိမ်နင်းရမယ်။
နောက်ဆုံး ဘာကြောင့် Hiss တွေ အခုလို The Oldest House ထဲ ပျံ့နှံ့ကုန်တာလည်းဆိုကိုလည်းသိရမယ်။

ကျနော့်အနေနဲ့ Control ရဲ့ main story နဲ့ side mission တစ်ချို့ကိုပီးဖို့ အချိန် ဆယ်နာရီလောက်ယူလိုက်ရပါတယ်။

မကြိုက်တဲ့တစ်ချက်က character တွေအချင်းချင်းစကားပြောဆိုရာမှာ RPG ပုံစံမျိုးလုပ်ထားတဲ့အတွက် cutscene တွေကို ဇာတ်ကား တစ်ကားကြည့်သလိုမျိုး ခံစားတတ်တဲ့ ကျနော့်အတွက် ဟာတာတာကြီးဖြစ်နေပါတယ်။

ဇာတ်လမ်းနဲ့ အခင်းအကျင်းကို အမှတ်ပေးရရင် 3 out of 5 ပါ။

ဂိမ်းပလေး (Gameplay)


Control ရဲ့ Control စနစ်ကတော့ အတော်ကြီးကိုကျေနပ်ဖို့ကောင်းတယ်လို့ပြောရမှာပါ။

telekinesis လို့ခေါ်တဲ့ အရာဝတ္ထုတွေကို အဝေးကနေ အနီးကို ဆွဲယူတာ ပြန်ပစ်တာမျိုးတွေ လုပ်နိုင်တယ်၊
ရန်သူတွေရဲ့ လက်နက်တွေမထိအောင်လည်း shield တစ်ခုအဖြစ် ကာနိုင်တယ်။
လေပေါ်လည်း (အချိန်အတိုင်းအတာတစ်ခုအထိ) ပျံနိုင်တယ်။
ရန်သူတွေကို ကိုယ်ဖက်အဖြစ် ခနတာ ထိန်းချုပ်လို့ရမယ်။

အဲ့တာတွေအပြင် Service Weapon ကိုသုံးပြီး သေနတ်တစ်လက်လို ပစ်ခတ်နိုင်ပါသေးတယ်။

Jessie ရဲ့ supernatural စွမ်းရည်တွေနဲ့ Service Weapon ကို ဂိမ်းတစ်လျောက် upgrade လုပ်သွားလို့ရမယ်။

သွေးကတော့ အလိုအလျောက်ပြန်ပြည့်မှာမဟုတ်ပဲ ရန်သူတွေရဲ့ dead body တွေ အပျက်အစီးတွေကနေကျလာတဲ့ health point တွေကို စားမှ ပြန်ပြည့်မှာဖြစ်ပါတယ်။

ဒါမှမဟုတ်ရင် Control Point လို့ခေါ်တဲ့ နေရာရောက်ရင် သွေးပြန်ဖြည့်လို့ရပါတယ်။

Control Point ကနေတဆင့် The Oldest House အဆောက်အဦးရဲ့ unlock ဖြစ်ပီးတဲ့နေရာတွေကို Fast Travel သွားလို့ရမယ်၊ သွေးဖြည့်လို့ရမယ်၊

ability တွေကိုလည်း Control Point ကိုရောက်မှ upgrade ပြုလုပ်လို့ရမှာဖြစ်ပါတယ်။

ဂိမ်းပလေး အတွက် 5 out of 5 ပါပဲ။

ရုပ်ထွက် နှင့် ပီစီ စွမ်းဆောင်ရည် (Graphics & PC Performance)


Remedy က Control ကို သူ့ရဲ့ ယခင် Microsoft exclusive title ဖြစ်တဲ့ Quantum Break မှာသုံးခဲ့တဲ့ Northlight ဂိမ်းအင်ဂျင်ကိုပဲ ဆက်သုံးထားပါတယ်။

NVIDIA PhysX လည်းထည့်သွင်းထားတော့ စက္ကူအပိုင်းအစတွေ အခြားပစ္စည်းအပိုင်းအစတွေ ဖွာထွက် လွင့်ထွက်သွားတာမျိုးဆိုရင် တော်တော်ကြီးကို ကြည့်လို့ကောင်းပါတယ်။

ဒါတွေအပြင် ယခု ခေတ်ထနေတဲ့ Ray Tracing Reflection ကိုလည်း အထောက်အပံ့ပေးပါတယ်။

DLSS လည်းပါမယ်။

DLSS က NVIDIA RTX ဂရပ်ဖစ်ကတ်အသုံးပြုမှပဲ ဖွင့်ထားလို့ရပါမယ်။

Ray Tracing အတွက်တော့ GTX 1060 6GB ကနေအထက်၊ GTX 1660 & 1660 Ti, RTX 20 Series ကတ်တွေရှိရင်ရပါတယ်။
ဒါပေမဲ့ RTX ကတ်မဟုတ်ရင်လည်း Ray Tracing ကို ပိတ်ထားတာအကောင်းဆုံးပါ။
ဖွင့်လိုက်ရင် FPS ခေါက်ချိုးလောက် ကျပါလိမ့်မယ်။

PS4 နဲ့ Xbox One မှာ 900p/720p dynamic resolution နဲ့အတူ 30FPS lock နဲ့ run တယ်လို့ဆိုပါတယ်။

Digital Foundry ရဲ့ test ပြုလုပ်ချက်အရဆိုရင် PS4 နဲ့ Xbox One တွေမှာ frame rate က 10 အထိ ထိုးဆင်းတယ်လို့ပြောပါတယ်။

အခြေအနေမကောင်းဘူးပြောရမှာပါ။

ကျနော့်ရဲ့ Core i5-6500 CPU, GTX 1660 Gaming X, 16GB @2133MHz RAM ရှိတဲ့ PC မှာ average 55FPS နဲ့ run ပါတယ်၊

1080p, Max, DX12, AA Off, Ray Tracing Off Settings မှာပါ။

DX11 မှာဆိုရင် 60FPS ရပါတယ် ( API အပြောင်းအလဲက 5% performance hit ရှိတဲ့သဘော)

Ray Tracing High ထားလိုက်မယ်ဆိုရင်တော့ frame rate က ရုပ်ပျက်ဆင်းပျက်ကျသွားမှာပါ။
ကျနော့် PC မှာ 25FPS ပဲရပါတော့တယ်၊

အပေါ်ကပြောခဲ့သလို ခေါက်ချိုးပါပဲ၊၊

AMD ကတ်ဖြစ်တဲ့ RX 580 မှာဆိုရင်လည်း 1080p, Max, DX12, AA Off, Ray Tracing Off Settings မှာ DX12 - 50FPS နဲ့ DX11 - 49FPS ရပါတယ်။

Settings အတူတူ hardware အတူတူ ပါပဲ၊

မတူတာဆိုလို့ GTX 1660 နဲ့ RX 580 ဖြစ်သွားတာပဲကွာတာပါ။
VRAM usage က 3.5GB ပတ်လည်ပဲ ရှိတဲ့အတွက် 4GB ရှိတဲ့ ဂရပ်ဖစ်ကတ်တွေလည်းကောင်းကောင်းမွန်မွန် run နိုင်ပါလိမ့်မယ်။

GTX 960 2GB / 1050 2GB လိုကတ်တောင် 1080p, medium settings မှာ အေးအေးဆေးဆေးဆော့နိုင်မှာပါ။

System RAM လည်းပဲ 8GB မကျော်ပါဘူး။

နောက်တစ်ချက်က Control ရဲ့ ရုပ်ထွက်အသွင်အပြင်က medium နဲ့ high အကြားမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိတာပါပဲ၊

ဒီတော့ FPS များများနဲ့ gameplay input ကို ဦးစားပေးမယ်ဆိုရင် တစ်ချို့ setting တွေကို medium မှာသာထားပါ။

ရုပ်ထွက် ကျသွားတာကို သင့်အနေနဲ့ Control မှာ ခံစားမိမှာမဟုတ်ပါဘူး။

နောက်ထပ်တစ်ခုက Anti-aliasing

Anti-aliasing မှာ Off, 2x MSAA, 4x MSAA ဆိုပီး ရွေးနိုင်တယ်။
သူလည်းပဲ ပိတ်ထားပါ၊
ရုပ်ထွက် ထူးပီး ကျမသွားပါဘူး။
FPS ကတော့ 7% လောက် တက်လာပါလိမ့်မယ်။

Core i3 (2c/4t)
GTX 1050 2GB
8GB RAM

ရှိရင်ကို 1080p, Medium မှာ 30-40FPS ဝန်းကျင်နဲ့ PS4/Xbox One ထက်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရပါလိမ့်မယ်။

ဒီလိုပြောလို့လည်း console တွေအတွက်စိတ်ပျက်သွားဖို့ရာမလိုပါ . .
Remedy က performance update fix ကို ယခုလထဲမှာ ထုတ်ပေးသွားဖို့ရှိပါတယ်။
အလုပ်ဖြစ် မဖြစ်ကတော့ ထွက်လာတဲ့အခါမှသိရမှာပါ။

Graphics & PC Performance - 4 out of 5

Writer, Seo Thu Aung

Post a Comment

0 Comments