Gears 5 Review



၂၀၁၄ မွာ Epic Games ထံကေန Gears of War IP ကို Microsoft က ဝယ္ယူၿပီးတဲ့ေနာက္ပိုင္း ဒီစီးရီး ဒီ franchise နဲ႔ပါတ္သတ္ၿပီး Microsoft အေနနဲ႔ ေရွ႕ဆက္ၿပီး ဝင္ေငြေတြဖန္တီးဖို႔ အၾကံအႀကီးႀကီးရွိမယ္လို႔ေတြးမိပါတယ္။

သူ (Microsoft) မဝယ္ယူခင္ကအထိ Gears of War ဟာ ဂိမ္းအေနနဲ႔ ၄ ခုအထိထြက္ရွိၿပီးထားၿပီးျဖစ္သလို linear/same universe ဇာတ္လမ္းတစ္ခုအေပၚမွာအေျခခံထားတဲ့ franchise တစ္ခုအတြက္ ေနာက္ထပ္ဇာတ္လမ္းသစ္ေတြကို႐ိုးအီမႈမရွိေစပဲဖန္တီးဖို႔ဆိုတာ ေတာ္ေတာ္ႀကီးကို risk ယူႏိုင္မွရမွာပါ။

Writer, Seo Thu Aung
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

IP လက္ထဲေရာက္လာၿပီးၿပီးျခင္းပဲ The Coalition ကို လက္လႊဲကာ PC နဲ႔ Xbox One အတြက္ Gears of War 4 ကိုထုတ္ေပးခဲ့ပါတယ္။
အဲဒီေနာက္ ၃ ႏွစ္နီးပါးအေရာက္ ယခု ၂၀၁၉ စက္တင္ဘာလ မွာေတာ့ Gears 5 ကို PC နဲ႔ Xbox One အတြက္ပဲထက္မံထုတ္ေပးခဲ့ပါတယ္။

Gears of War (2006) / PC & Xbox 360
Gears of War 2 (2008) / PC & Xbox 360
Gears of War 3 (2011) / PC & Xbox 360
Gears of War Judgment (2013) / PC & Xbox 360
Gears of War 4 (2016) / PC & Xbox One
Gears 5 (2019) / PC & Xbox One

ဆိုၿပီး ထြက္ရွိထားကာ က်ေနာ့္အေနနဲ႔ 1, 4, 5 သံုးခုကိုေဆာ့ထားၿပီးသားျဖစ္တာမို႔ ဒီစီးရီးနဲ႔ အစိမ္းသပ္သပ္ မဟုတ္ဘူးလို႔ေျပာလို႔ရပါတယ္။

Call of Duty: Modern Warfare ကိုေဆာ့ဖို႔အတြက္ Call of Duty: Black Ops ကိုသိဖို႔ရာမလိုအပ္ေပမဲ့ Gears of War, Uncharted, The Last of Us စတဲ့ဂိမ္းေတြအတြက္ကေတာ့ ေရွ႕ကထြက္ခဲ့တဲ့ဂိမ္းေတြကိုသိထားမွ ေဆာ့ဖူးမွသာ အဆင္ေျပမွာျဖစ္ပါတယ္။

Gears of War စီးရီးဟာ same universe/same timeline တစ္ခုထဲျဖစ္တဲ့အတြက္ ခုမွစေဆာ့မည့္သူေတြအေနနဲ႔က ေရွ႕မွာထြက္ရွိထားတဲ့ဂိမ္းေတြကို ေဆာ့ထားၿပီးမွသာ ဇာတ္လမ္းသေဘာသေဘာဝကို အျပည့္အဝနားလည္မွာပါ။

မဟုတ္ရင္ ဘာေတြျဖစ္ေနမွန္းေရေရရာရာနားလည္မွာမဟုတ္ပါဘူး။

ဒါေပမဲ့ Gears 5 ကိုေဆာ့ဖို႔က သူ႕ေရွ႕ကထြက္ခဲ့တဲ့ Gears 4 (Gears of War 4) တစ္ခုထဲကိုသိထားရံုနဲ႔တင္အဆင္ေျပတယ္လို႔ေျပာလို႔ရပါတယ္။

ဘာလို႔လည္းဆိုေတာ့ သူတို႔ႏွစ္ခုက တိုက္႐ိုက္အဆက္ျဖစ္ေနလို႔ပါပဲ။

* some spoiler ahead *

Story

--------

Gears of War 4 မွာ outsiders တစ္ေယာက္ျဖစ္တဲ့ Kait Diaz ဟာ hive network အတြင္းရွိေနတဲ့ သူမရဲ႕ မိခင္ Reyna ကို ဆႏၵအရ အဆံုးသတ္ၿပီး Locust ေတြရဲ႕ ထိန္းခ်ဳပ္မႈစနစ္ေတြကို ရပ္တန္႔ႏိုင္ခဲ့ျခင္းကေန ဇာတ္လမ္းကိုအဆံုးသတ္ခဲ့ပါတယ္။

အဆိုပါအျဖစ္အပ်က္ေတြၿပီးေနာက္ Gears 5 မွာေတာ့ Kait ဟာ JD, Del, Marcus တို႔နဲ႔အတူ COG (Coalition of Ordered Governments) အဖြဲ႔အစည္းထဲျပန္လည္ပူးေပါင္းလိုက္ပါတယ္။

COG ၿမိဳ႕ေတာ္ျဖစ္တဲ့ New Ephyra ကို Locust ေတြရန္ကေနကာကြယ္ဖို႔အတြက္ defense system ျဖစ္တဲ့ Hammer of Dawn ကို ျပန္လည္စတင္ဖို႔ရာ ၿဂိဳလ္တုေတြကို လႊတ္တင္ဖို႔အတြက္  ရွာေဖြခရီးဆက္ရင္းနဲ႔ Gears 5 ဇာတ္လမ္းကိုစတင္ထားပါတယ္။

ဒီလိုနဲ႔ခရီးစဥ္တစ္ေလ်ာက္ Kait ရဲ႕မသိစိတ္မွာ Locust ေတြနဲ႔ဆက္ႏြယ္ျခင္းဟာ ဒြန္တြဲျဖစ္ေပၚေနတာကိုသတိထားမိလာတယ္။
ဦးေလးျဖစ္သူ Oscar ရဲ႕အသက္ကို Locust ေတြရဲ႕လက္ကေနမကယ္တင္ခဲ့ႏိုင္ဘူး။
ဒီလိုနဲ႔ ေဒါက္တာ Niles ရဲ႕ ေျဖရွင္းခ်က္ေတြကေန သူမနဲ႔မိခင္ျဖစ္သူရဲ႕ မူလဇစ္ျမစ္ genetic ကို သိရွိျပီးသူမကိုယ္တိုင္ဟာလည္း Locust Queen ဆက္ခံသူဆိုတာသိရွိလာခဲ့ၿပီးတဲ့ေနာက္မွာေတာ့ . . .

ဇာတ္လမ္းက အေစာပိုင္းမွာ ပ်င္းစရာေကာင္းေနမယ္၊
ဒါေပမဲ့ ၿပီးခါနီးမထင္မွတ္ထားတဲ့ ေရြးျခယ္မႈေတြျပဳလုပ္ရမယ္၊
heart touching moment ေတြပါမယ္။

အေပၚမွာေျပာခဲ့သလိုပဲ Microsoft အေနနဲ႔ ဒီ franchise ကေန ေငြရသေလာက္သဲ့ယူမဲ့အေနအထားတစ္ခုကိုဖန္တီးေနတယ္ဆိုတာ Gears 5 က သက္ေသျပေနပါတယ္။
ဇာတ္လမ္းကို တစ္ခါထဲအဆံုးသတ္ရင္ရႏိုင္ရဲ႕သားနဲ႔ ေနာက္ထပ္အဆက္ဖန္တီးဖို႔ရာအတြက္ မလိုအပ္ပဲ တန္းလန္းႀကီးလုပ္ထားပါတယ္။
ေသခ်ာေပါက္ Gears 6 ကို မ်ိဳးဆက္သစ္ Xbox ထြက္ရွိခ်ိန္မွာ က်ေနာ္တို႔ျမင္ေတြ႕ရအံုးမွာပါ။

Gears 5 ရဲ႕ story ကိုၿပီးဖို႔ က်ေနာ့္အေနနဲ႔ ၉ နာရီေက်ာ္အခ်ိန္ယူခဲ့ရပါတယ္။
၉ နာရီဆိုတဲ့ပမာဏက story mode ဂိမ္းတစ္ခုအေနနဲ႔ မဆိုးဘူးေျပာလို႔ရေပမဲ့ Gears 4 နဲ႔ယွဥ္ရင္ ေက်နပ္အားရမႈမရွိပါဘူး။

Gameplay & Presentation

-------

Gears of War စီးရီးဟာ cover based third person shooter ျဖစ္တာနဲ႔အညီ နံရံေတြ ေထာင့္စြန္းေတြ စားပြဲေတြကိုအကာအကြယ္ယူၿပီး ပစ္ရမယ္၊

ေခတ္လြန္ကာလကိုအေျခခံထားလို႔ လက္နက္အသစ္အဆန္းေတြ AI robot ေတြ လည္းပါမယ္။

လႊစက္တပ္ဆင္ထားတဲ့ gun ႀကီးနဲ႔ စိတ္ႀကိဳက္ဝုန္းလို႔ရသလို ရန္သူေတြရဲ႕ လက္နက္ေတြကိုလည္း ေကာက္ယူကာ အသံုးျပဳႏိုင္ပါေသးတယ္။

ရန္သူ႕လက္နက္က မိမိမွာရွိၿပီးသားဆိုရင္ေတာ့ဘက်ည္ဆံအျဖစ္ရရွိမွာျဖစ္တာမို႔ Resident Evil တို႔လို ခဲယမ္းမီးေက်ာက္ေတြကို ေခြ်တာအသံုးျပဳစရာလည္းမလိုပါဘူး။

ဇာတ္လမ္းက Kait ကို ဦးစားေပးထားတာျဖစ္ေပမဲ့ JD, Del, Jack (robot) တို႔ရဲ႕ေနရာကေနလည္း split-screen / co-op mode မွာ ကစားလို႔ရပါတယ္။

solo ဆိုရင္ေတာ့ က်န္တဲ့ဇာတ္ေကာင္ေတြကို auto ထိန္းသြားမွာျဖစ္ၿပီး Jack ကိုေတာ့ အမိန္႔ေပးခိုင္းေစလို႔ရပါမယ္။

Jack မွာ team ကို healing လုပ္ေပးတာ၊ cloaking (ကိုယ္ေဖ်ာက္ေပးတာ)၊ ရန္သူ႔ဖက္က လက္နက္ robot ေတြကို ယာယီ hack ေပးႏိုင္တာ စသျဖင့္ အသံုးဝင္တဲ့ စနစ္ေတြအမ်ားႀကီးပါပါတယ္။

စက္႐ုပ္ဆိုေပမဲ့ လူတစ္ဦးတစ္ေယာက္လိုခံစားတတ္တယ္၊
သူ႕ကိုေငါက္လို႔ရွိရင္ အားငယ္သြားတာ အမွားလုပ္မိရင္ ရွက္သြားတာ စသျဖင့္ emotion ေတြလည္းပါမယ္။

Jack က က်ေနာ္သေဘာအက်ဆံုး ကာ႐ိုက္တာပါပဲ။
သူ႕ရဲ႕ စြမ္းရည္ေတြကို ဂိမ္းတစ္ေလ်ာက္ upgrade ျပဳလုပ္ႏိုင္မွာလည္းျဖစ္ပါတယ္။
Gears 5 ဟာ ဂိမ္းပေလးပိုင္းမွာေတာ့ အစဥ္အလာမပ်က္ ေတာ္ေတာ္ေပ်ာ္ဖို႔ေကာင္းတဲ့ ဂိမ္းတစ္ခုအျဖစ္ရွိေနဆဲပါ။

PC Performance

------

Gears 5 ဟာ Microsoft ရဲ႕ IP ျဖစ္တာနဲ႔အညီ PC နဲ႔ Xbox One အတြက္ပဲထြက္ရွိေပးထားပါတယ္။
Unreal Engine 4 ဂရပ္ဖစ္အင္ဂ်င္ကိုအသံုးျပဳထားၿပီး PC ဗားရွင္းမွာ DX12 နဲ႔ ေမာင္းႏွင္ပါတယ္။

Ultrawide 21:9
Uncapped fram rate (both gameplay & cinematic)
HDR

ေတြကိုအေထာက္အပံ့ေပးတာမို႔ PC ဂိမ္မာေတြအေနနဲ႔ hardware ေကာင္းရင္ေကာင္းသလို ဂိမ္းရသ အျပည့္အဝခံစားရမွာပါ။

ဒပေလာ့ပါ The Coalition အေနနဲ႔ Gears 5 အတြက္ PC ဟာ အနိမ့္ဆံုး Core i3 CPU, GTX 760 or GTX 1050, 8GB Ram ရွိရမွာျဖစ္တယ္လို႔ေျပာထားပါတယ္။

Gears 5 မွာ ၾကံဳေတြ႕ရတာေလးတစ္ခုကိုေျပာပါအံုးမယ္။

က်ေနာ့္ PC (Core i5 6500, GTX 1660, 16GB @2133) မွာ avg 68FPS ရပါတယ္။
driver ဗားရွင္း အေဟာင္း (436.02) နဲ႔ပါ။
graphics settings ေတြကို Full HD မွာအကုန္အျမင့္ဆံုးထားထားပါတယ္။

ဒါနဲ႔ Gears 5 အတြက္ဆိုၿပီး Nvidia ကထုတ္ေပးလိုက္တဲ့ driver ဗားရွင္းသစ္ (436.30) မွာေကာ ဘယ္လိုရွိမလည္းဆိုတာသိခ်င္တာနဲ႔ စမ္းၾကည့္ရာမွာ avg 56FPS ပဲရေတာ့ပါတယ္။
12FPS ေလာက္ က် သြားတာပါ။

ဒါနဲ႔ FPS ပိုထြက္တဲ့ driver အေဟာင္းနဲ႔ပဲေဆာ့ေတာ့တာေပါ့။
အဲ့ဒီမွာဘာသြားျဖစ္သလည္းဆိုရင္ ဂိမ္းက ၁၀ စကၠန္႔တစ္ခါေလာက္ ရပ္ရပ္သြားပါတယ္၊
ရပ္တဲ့အခ်ိန္က တစ္စကၠန္႔ရဲ႕ သံုးပံုတစ္ပံုစာေလာက္ပဲဆိုေပမဲ့ ၁၀ စကၠန္႔ျခား တစ္ခါ ျဖစ္ျဖစ္ေနေတာ့ ၾကာေတာ့ေဆာ့ရတာ feel ငုတ္လာတာပါပဲ။
ၿပီးေတာ့ တစ္ခါတစ္ေလမွ BSOD တက္ရင္ၾကားရတဲ့ အသံ ႀကီးကလည္း သံုးမိနစ္ခန္႔ တစ္ႀကိမ္ ထြက္ထြက္လာေလ့ရွိပါတယ္။

ေတာ္ေတာ္နားဝင္ဆိုးတဲ့အသံေပါ့။
(BSOD ေတာ့မျဖစ္ပါ)

ဒါနဲ႔ စဥ္းစားမိလိုက္တာက ultra texture pack ေၾကာင့္ VRAM မေလာက္လို႔မ်ားလားေပါ့။
(ultra texture pack ကို uninstall ျပန္လုပ္ခြင့္ေပးထားပါတယ္)

ဒါေပမဲ့ uninstall လုပ္ရမွာႏွေျမာေနတာနဲ႔ အေစာက FPS က်တယ္ဆိုတဲ့ driver သစ္ကို ျပန္ run ၿပီးေဆာ့ၾကည့္တဲ့အခါမွာေတာ့ . ..

လား.. လား . .
ဆယ္စကၠန္႔ တစ္ခါ ရပ္ရပ္သြားတာေကာ BSOD အသံဆိုးေကာ ေပ်ာက္ျခင္းမလွေပ်ာက္သြားပါေတာ့တယ္။
ေဆာ့ရတာ smooth ျဖစ္သြားပါတယ္။
အဲ fps ကေတာ့ driver အေဟာင္းတုန္းကေလာက္ေတာ့မရေတာ့ဘူး။
ဒါေပမဲ့ ~55 avg ဆိုေတာ့ ဘယ္လိုပဲေနေန CMR ထက္ေတာ့ ႏွာတဖ်ားအသာနဲ႔ရွိတုန္းပဲဆိုပီး သေဘာထားရေတာ့တာပါပဲ။
Nvidia user ေတြအေနနဲ႔ driver ကို 430.30 ရဲ႕ေအာက္ျဖစ္ေနရင္ Gears 5 မွာ error တက္ႏိုင္တဲ့အတြက္ driver update လုပ္ၾကပါလို႔အသိေပးလိုက္ရပါတယ္။

(update လုပ္တိုင္း ေကာင္းသလား/မေကာင္းဘူးလားဆိုတာနဲ႔ပါတ္သတ္ၿပီး ေဆာင္းပါးေရးေပးထားတာမို႔ စိတ္ဝင္စားသူမ်ား ေအာက္ပါ link မွာ ဖတ္ရႈႏိုင္ပါတယ္ => https://m.facebook.com/story.php?story_fbid=2722794014452411&id=1778563648875457)

PC Performance ကိုအခ်ဳပ္ဆိုရရင္ Gears 5 က Gears 4 ထက္ demand ပိုမ်ားပါတယ္။
CPU usage မွာ i5 6500 ကို 100℅ အထိသံုးပါတယ္။
6 core CPU ေတြနဲ႔ဆိုရင္ performance ပိုေကာင္းမဲ့သေဘာပါ။
RAM ကေတာ့ 8GB ဆိုရင္လံုေလာက္ပါတယ္။

Dual Core CPU
GTX 760/1050/RX 560
8GB RAM မွာ 1080p medium @30FPS

Quad Core CPU
GTX 1060/1660/RX 580/590
8GB RAM မွာ 1080p High/Ultra @60FPS

i7 CPU
GTX 1070/1660 Ti/RX Vega 56
8GB RAM မွာ 1440p High/Ultra @60FPS

i7 CPU
GTX 1080 Ti/RTX 2080
16GB RAM မွာ 4K High/Ultra

စသျဖင့္အသံုးျပဳႏိုင္မည္ျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္

-------------

Gears 5 ဟာ story ပိုင္း presentation ပိုင္းမွာ အနည္းငယ္လိုအပ္ခ်က္ေတြရွိေပမဲ့ gameplay ကေတာ့ Gears Fan ေတြအတြက္ မူလအရသာအတိုင္းပဲေပးမဲ့ဂိမ္းတစ္ခုျဖစ္ပါတယ္။

co-op ကစားမည့္သူေတြအတြက္ကေတာ့ အတိုင္းထက္အလြန္ပါပဲ။

႐ုပ္ထြက္အျမင္အားျဖင့္ လွပသပ္ရပ္မႈရွိၿပီး driver error တစ္ခ်ိဳ႕ကလြဲလို႔ (ဒါကလည္း Nvidia/AMD တို႔နဲ႔အဓိကသက္ဆိုင္ပါလိမ့္မယ္) က်န္တာအျပစ္ဆိုစရာမ်ားမ်ားစားစားေတာ့မရွိပါဘူး။

Gears 5 ဟာ PC နဲ႔ Xbox One အတြက္ စက္တင္ဘာ ၁၀ ရက္ေန႔ကထြက္ရွိေပးထားၿပီး PC ဗားရွင္းကို Steam နဲ႔ Microsoft မွတဆင့္ဝယ္ယူႏိုင္ပါတယ္။

Writer, Seo Thu Aung



Unicode



Gears 5 Review


၂၀၁၄ မှာ Epic Games ထံကနေ Gears of War IP ကို Microsoft က ဝယ်ယူပြီးတဲ့နောက်ပိုင်း ဒီစီးရီး ဒီ franchise နဲ့ပါတ်သတ်ပြီး Microsoft အနေနဲ့ ရှေ့ဆက်ပြီး ဝင်ငွေတွေဖန်တီးဖို့ အကြံအကြီးကြီးရှိမယ်လို့တွေးမိပါတယ်။

သူ (Microsoft) မဝယ်ယူခင်ကအထိ Gears of War ဟာ ဂိမ်းအနေနဲ့ ၄ ခုအထိထွက်ရှိပြီးထားပြီးဖြစ်သလို linear/same universe ဇာတ်လမ်းတစ်ခုအပေါ်မှာအခြေခံထားတဲ့ franchise တစ်ခုအတွက် နောက်ထပ်ဇာတ်လမ်းသစ်တွေကိုရိုးအီမှုမရှိစေပဲဖန်တီးဖို့ဆိုတာ တော်တော်ကြီးကို risk ယူနိုင်မှရမှာပါ။
Writer, Seo Thu Aung
IP လက်ထဲရောက်လာပြီးပြီးခြင်းပဲ The Coalition ကို လက်လွှဲကာ PC နဲ့ Xbox One အတွက် Gears of War 4 ကိုထုတ်ပေးခဲ့ပါတယ်။
အဲဒီနောက် ၃ နှစ်နီးပါးအရောက် ယခု ၂၀၁၉ စက်တင်ဘာလ မှာတော့ Gears 5 ကို PC နဲ့ Xbox One အတွက်ပဲထက်မံထုတ်ပေးခဲ့ပါတယ်။

Gears of War (2006) / PC & Xbox 360
Gears of War 2 (2008) / PC & Xbox 360
Gears of War 3 (2011) / PC & Xbox 360
Gears of War Judgment (2013) / PC & Xbox 360
Gears of War 4 (2016) / PC & Xbox One
Gears 5 (2019) / PC & Xbox One

ဆိုပြီး ထွက်ရှိထားကာ ကျနော့်အနေနဲ့ 1, 4, 5 သုံးခုကိုဆော့ထားပြီးသားဖြစ်တာမို့ ဒီစီးရီးနဲ့ အစိမ်းသပ်သပ် မဟုတ်ဘူးလို့ပြောလို့ရပါတယ်။

Call of Duty: Modern Warfare ကိုဆော့ဖို့အတွက် Call of Duty: Black Ops ကိုသိဖို့ရာမလိုအပ်ပေမဲ့ Gears of War, Uncharted, The Last of Us စတဲ့ဂိမ်းတွေအတွက်ကတော့ ရှေ့ကထွက်ခဲ့တဲ့ဂိမ်းတွေကိုသိထားမှ ဆော့ဖူးမှသာ အဆင်ပြေမှာဖြစ်ပါတယ်။

Gears of War စီးရီးဟာ same universe/same timeline တစ်ခုထဲဖြစ်တဲ့အတွက် ခုမှစဆော့မည့်သူတွေအနေနဲ့က ရှေ့မှာထွက်ရှိထားတဲ့ဂိမ်းတွေကို ဆော့ထားပြီးမှသာ ဇာတ်လမ်းသဘောသဘောဝကို အပြည့်အဝနားလည်မှာပါ။

မဟုတ်ရင် ဘာတွေဖြစ်နေမှန်းရေရေရာရာနားလည်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ Gears 5 ကိုဆော့ဖို့က သူ့ရှေ့ကထွက်ခဲ့တဲ့ Gears 4 (Gears of War 4) တစ်ခုထဲကိုသိထားရုံနဲ့တင်အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။

ဘာလို့လည်းဆိုတော့ သူတို့နှစ်ခုက တိုက်ရိုက်အဆက်ဖြစ်နေလို့ပါပဲ။

* some spoiler ahead *

Story

--------

Gears of War 4 မှာ outsiders တစ်ယောက်ဖြစ်တဲ့ Kait Diaz ဟာ hive network အတွင်းရှိနေတဲ့ သူမရဲ့ မိခင် Reyna ကို ဆန္ဒအရ အဆုံးသတ်ပြီး Locust တွေရဲ့ ထိန်းချုပ်မှုစနစ်တွေကို ရပ်တန့်နိုင်ခဲ့ခြင်းကနေ ဇာတ်လမ်းကိုအဆုံးသတ်ခဲ့ပါတယ်။

အဆိုပါအဖြစ်အပျက်တွေပြီးနောက် Gears 5 မှာတော့ Kait ဟာ JD, Del, Marcus တို့နဲ့အတူ COG (Coalition of Ordered Governments) အဖွဲ့အစည်းထဲပြန်လည်ပူးပေါင်းလိုက်ပါတယ်။

COG မြို့တော်ဖြစ်တဲ့ New Ephyra ကို Locust တွေရန်ကနေကာကွယ်ဖို့အတွက် defense system ဖြစ်တဲ့ Hammer of Dawn ကို ပြန်လည်စတင်ဖို့ရာ ဂြိုလ်တုတွေကို လွှတ်တင်ဖို့အတွက်  ရှာဖွေခရီးဆက်ရင်းနဲ့ Gears 5 ဇာတ်လမ်းကိုစတင်ထားပါတယ်။

ဒီလိုနဲ့ခရီးစဉ်တစ်လျောက် Kait ရဲ့မသိစိတ်မှာ Locust တွေနဲ့ဆက်နွယ်ခြင်းဟာ ဒွန်တွဲဖြစ်ပေါ်နေတာကိုသတိထားမိလာတယ်။
ဦးလေးဖြစ်သူ Oscar ရဲ့အသက်ကို Locust တွေရဲ့လက်ကနေမကယ်တင်ခဲ့နိုင်ဘူး။
ဒီလိုနဲ့ ဒေါက်တာ Niles ရဲ့ ဖြေရှင်းချက်တွေကနေ သူမနဲ့မိခင်ဖြစ်သူရဲ့ မူလဇစ်မြစ် genetic ကို သိရှိပြီးသူမကိုယ်တိုင်ဟာလည်း Locust Queen ဆက်ခံသူဆိုတာသိရှိလာခဲ့ပြီးတဲ့နောက်မှာတော့ . . .

ဇာတ်လမ်းက အစောပိုင်းမှာ ပျင်းစရာကောင်းနေမယ်၊
ဒါပေမဲ့ ပြီးခါနီးမထင်မှတ်ထားတဲ့ ရွေးခြယ်မှုတွေပြုလုပ်ရမယ်၊
heart touching moment တွေပါမယ်။

အပေါ်မှာပြောခဲ့သလိုပဲ Microsoft အနေနဲ့ ဒီ franchise ကနေ ငွေရသလောက်သဲ့ယူမဲ့အနေအထားတစ်ခုကိုဖန်တီးနေတယ်ဆိုတာ Gears 5 က သက်သေပြနေပါတယ်။
ဇာတ်လမ်းကို တစ်ခါထဲအဆုံးသတ်ရင်ရနိုင်ရဲ့သားနဲ့ နောက်ထပ်အဆက်ဖန်တီးဖို့ရာအတွက် မလိုအပ်ပဲ တန်းလန်းကြီးလုပ်ထားပါတယ်။
သေချာပေါက် Gears 6 ကို မျိုးဆက်သစ် Xbox ထွက်ရှိချိန်မှာ ကျနော်တို့မြင်တွေ့ရအုံးမှာပါ။

Gears 5 ရဲ့ story ကိုပြီးဖို့ ကျနော့်အနေနဲ့ ၉ နာရီကျော်အချိန်ယူခဲ့ရပါတယ်။
၉ နာရီဆိုတဲ့ပမာဏက story mode ဂိမ်းတစ်ခုအနေနဲ့ မဆိုးဘူးပြောလို့ရပေမဲ့ Gears 4 နဲ့ယှဉ်ရင် ကျေနပ်အားရမှုမရှိပါဘူး။

Gameplay & Presentation

-------

Gears of War စီးရီးဟာ cover based third person shooter ဖြစ်တာနဲ့အညီ နံရံတွေ ထောင့်စွန်းတွေ စားပွဲတွေကိုအကာအကွယ်ယူပြီး ပစ်ရမယ်၊

ခေတ်လွန်ကာလကိုအခြေခံထားလို့ လက်နက်အသစ်အဆန်းတွေ AI robot တွေ လည်းပါမယ်။

လွှစက်တပ်ဆင်ထားတဲ့ gun ကြီးနဲ့ စိတ်ကြိုက်ဝုန်းလို့ရသလို ရန်သူတွေရဲ့ လက်နက်တွေကိုလည်း ကောက်ယူကာ အသုံးပြုနိုင်ပါသေးတယ်။

ရန်သူ့လက်နက်က မိမိမှာရှိပြီးသားဆိုရင်တော့ဘကျည်ဆံအဖြစ်ရရှိမှာဖြစ်တာမို့ Resident Evil တို့လို ခဲယမ်းမီးကျောက်တွေကို ချွေတာအသုံးပြုစရာလည်းမလိုပါဘူး။

ဇာတ်လမ်းက Kait ကို ဦးစားပေးထားတာဖြစ်ပေမဲ့ JD, Del, Jack (robot) တို့ရဲ့နေရာကနေလည်း split-screen / co-op mode မှာ ကစားလို့ရပါတယ်။

solo ဆိုရင်တော့ ကျန်တဲ့ဇာတ်ကောင်တွေကို auto ထိန်းသွားမှာဖြစ်ပြီး Jack ကိုတော့ အမိန့်ပေးခိုင်းစေလို့ရပါမယ်။

Jack မှာ team ကို healing လုပ်ပေးတာ၊ cloaking (ကိုယ်ဖျောက်ပေးတာ)၊ ရန်သူ့ဖက်က လက်နက် robot တွေကို ယာယီ hack ပေးနိုင်တာ စသဖြင့် အသုံးဝင်တဲ့ စနစ်တွေအများကြီးပါပါတယ်။

စက်ရုပ်ဆိုပေမဲ့ လူတစ်ဦးတစ်ယောက်လိုခံစားတတ်တယ်၊
သူ့ကိုငေါက်လို့ရှိရင် အားငယ်သွားတာ အမှားလုပ်မိရင် ရှက်သွားတာ စသဖြင့် emotion တွေလည်းပါမယ်။

Jack က ကျနော်သဘောအကျဆုံး ကာရိုက်တာပါပဲ။
သူ့ရဲ့ စွမ်းရည်တွေကို ဂိမ်းတစ်လျောက် upgrade ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။
Gears 5 ဟာ ဂိမ်းပလေးပိုင်းမှာတော့ အစဉ်အလာမပျက် တော်တော်ပျော်ဖို့ကောင်းတဲ့ ဂိမ်းတစ်ခုအဖြစ်ရှိနေဆဲပါ။

PC Performance

------

Gears 5 ဟာ Microsoft ရဲ့ IP ဖြစ်တာနဲ့အညီ PC နဲ့ Xbox One အတွက်ပဲထွက်ရှိပေးထားပါတယ်။
Unreal Engine 4 ဂရပ်ဖစ်အင်ဂျင်ကိုအသုံးပြုထားပြီး PC ဗားရှင်းမှာ DX12 နဲ့ မောင်းနှင်ပါတယ်။

Ultrawide 21:9
Uncapped fram rate (both gameplay & cinematic)
HDR

တွေကိုအထောက်အပံ့ပေးတာမို့ PC ဂိမ်မာတွေအနေနဲ့ hardware ကောင်းရင်ကောင်းသလို ဂိမ်းရသ အပြည့်အဝခံစားရမှာပါ။

ဒပလော့ပါ The Coalition အနေနဲ့ Gears 5 အတွက် PC ဟာ အနိမ့်ဆုံး Core i3 CPU, GTX 760 or GTX 1050, 8GB Ram ရှိရမှာဖြစ်တယ်လို့ပြောထားပါတယ်။

Gears 5 မှာ ကြုံတွေ့ရတာလေးတစ်ခုကိုပြောပါအုံးမယ်။

ကျနော့် PC (Core i5 6500, GTX 1660, 16GB @2133) မှာ avg 68FPS ရပါတယ်။
driver ဗားရှင်း အဟောင်း (436.02) နဲ့ပါ။
graphics settings တွေကို Full HD မှာအကုန်အမြင့်ဆုံးထားထားပါတယ်။

ဒါနဲ့ Gears 5 အတွက်ဆိုပြီး Nvidia ကထုတ်ပေးလိုက်တဲ့ driver ဗားရှင်းသစ် (436.30) မှာကော ဘယ်လိုရှိမလည်းဆိုတာသိချင်တာနဲ့ စမ်းကြည့်ရာမှာ avg 56FPS ပဲရတော့ပါတယ်။
12FPS လောက် ကျ သွားတာပါ။
ဒါနဲ့ FPS ပိုထွက်တဲ့ driver အဟောင်းနဲ့ပဲဆော့တော့တာပေါ့။
အဲ့ဒီမှာဘာသွားဖြစ်သလည်းဆိုရင် ဂိမ်းက ၁၀ စက္ကန့်တစ်ခါလောက် ရပ်ရပ်သွားပါတယ်၊
ရပ်တဲ့အချိန်က တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံစာလောက်ပဲဆိုပေမဲ့ ၁၀ စက္ကန့်ခြား တစ်ခါ ဖြစ်ဖြစ်နေတော့ ကြာတော့ဆော့ရတာ feel ငုတ်လာတာပါပဲ။
ပြီးတော့ တစ်ခါတစ်လေမှ BSOD တက်ရင်ကြားရတဲ့ အသံ ကြီးကလည်း သုံးမိနစ်ခန့် တစ်ကြိမ် ထွက်ထွက်လာလေ့ရှိပါတယ်။

တော်တော်နားဝင်ဆိုးတဲ့အသံပေါ့။
(BSOD တော့မဖြစ်ပါ)

ဒါနဲ့ စဉ်းစားမိလိုက်တာက ultra texture pack ကြောင့် VRAM မလောက်လို့များလားပေါ့။
(ultra texture pack ကို uninstall ပြန်လုပ်ခွင့်ပေးထားပါတယ်)

ဒါပေမဲ့ uninstall လုပ်ရမှာနှမြောနေတာနဲ့ အစောက FPS ကျတယ်ဆိုတဲ့ driver သစ်ကို ပြန် run ပြီးဆော့ကြည့်တဲ့အခါမှာတော့ . ..

လား.. လား . .
ဆယ်စက္ကန့် တစ်ခါ ရပ်ရပ်သွားတာကော BSOD အသံဆိုးကော ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။
ဆော့ရတာ smooth ဖြစ်သွားပါတယ်။

အဲ fps ကတော့ driver အဟောင်းတုန်းကလောက်တော့မရတော့ဘူး။
ဒါပေမဲ့ ~55 avg ဆိုတော့ ဘယ်လိုပဲနေနေ CMR ထက်တော့ နှာတဖျားအသာနဲ့ရှိတုန်းပဲဆိုပီး သဘောထားရတော့တာပါပဲ။
Nvidia user တွေအနေနဲ့ driver ကို 430.30 ရဲ့အောက်ဖြစ်နေရင် Gears 5 မှာ error တက်နိုင်တဲ့အတွက် driver update လုပ်ကြပါလို့အသိပေးလိုက်ရပါတယ်။

(update လုပ်တိုင်း ကောင်းသလား/မကောင်းဘူးလားဆိုတာနဲ့ပါတ်သတ်ပြီး ဆောင်းပါးရေးပေးထားတာမို့ စိတ်ဝင်စားသူများ အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ် => https://m.facebook.com/story.php?story_fbid=2722794014452411&id=1778563648875457)

PC Performance ကိုအချုပ်ဆိုရရင် Gears 5 က Gears 4 ထက် demand ပိုများပါတယ်။
CPU usage မှာ i5 6500 ကို 100℅ အထိသုံးပါတယ်။
6 core CPU တွေနဲ့ဆိုရင် performance ပိုကောင်းမဲ့သဘောပါ။
RAM ကတော့ 8GB ဆိုရင်လုံလောက်ပါတယ်။

Dual Core CPU
GTX 760/1050/RX 560
8GB RAM မှာ 1080p medium @30FPS

Quad Core CPU
GTX 1060/1660/RX 580/590
8GB RAM မှာ 1080p High/Ultra @60FPS

i7 CPU
GTX 1070/1660 Ti/RX Vega 56
8GB RAM မှာ 1440p High/Ultra @60FPS

i7 CPU
GTX 1080 Ti/RTX 2080
16GB RAM မှာ 4K High/Ultra

စသဖြင့်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။

အနှစ်ချုပ်

-------------

Gears 5 ဟာ story ပိုင်း presentation ပိုင်းမှာ အနည်းငယ်လိုအပ်ချက်တွေရှိပေမဲ့ gameplay ကတော့ Gears Fan တွေအတွက် မူလအရသာအတိုင်းပဲပေးမဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

co-op ကစားမည့်သူတွေအတွက်ကတော့ အတိုင်းထက်အလွန်ပါပဲ။

ရုပ်ထွက်အမြင်အားဖြင့် လှပသပ်ရပ်မှုရှိပြီး driver error တစ်ချို့ကလွဲလို့ (ဒါကလည်း Nvidia/AMD တို့နဲ့အဓိကသက်ဆိုင်ပါလိမ့်မယ်) ကျန်တာအပြစ်ဆိုစရာများများစားစားတော့မရှိပါဘူး။

Gears 5 ဟာ PC နဲ့ Xbox One အတွက် စက်တင်ဘာ ၁၀ ရက်နေ့ကထွက်ရှိပေးထားပြီး PC ဗားရှင်းကို Steam နဲ့ Microsoft မှတဆင့်ဝယ်ယူနိုင်ပါတယ်။

Writer, Seo Thu Aung

Post a Comment

0 Comments