PC, PS4, Xbox ဂိမ်းတွေ ဖုန်းပေါ်မှာ ဆော့လို့ရမရနှင့် Cloud Game အကြောင်း

ဖုန္းဂိမ္းတဲ့
ဂိမ္းကို ေသာင္းခ်ီေပးၿပီး ဝယ္ရတယ္
ၿပီးေတာ့
တကယ့္အပိုင္တဲ့
တရားဝင္လို႔လည္း ေျပာတယ္
ဖုန္းမွာေဆာ့ရတဲ့ ဂိမ္းလို႔ဆိုတယ္
႐ုပ္ထြက္ၾကည့္လိုက္ေတာ့ တကယ့္ဂြၽတ္စကီး အပ်ံစား အလန္းစားနဲ႔
ဖုန္းနဲ႔ေတာင္ run လို႔ မျဖစ္ႏိုင္တဲ့ ႐ုပ္ထြက္ႀကီး ။
ဂိမ္းကို google မွာ ရွာစမ္းၾကည့္တယ္
PC, PS4, Xbox One ေပၚမွာပဲရွိတဲ့ဂိမ္း ျဖစ္ေနတာ ေတြ႕တယ္ ။
ဒီေတာ့ သင္က ထင္မယ္
ဟာ.... ဒီေကာင္ လိမ္တာပဲ
ဖုန္းနဲ႔ လုံးဝမျဖစ္ႏိုင္တဲ့ဂိမ္းႀကီးကို လာေဆာ့ျပေနတယ္

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

တကယ္ေတာ့ မလိမ္ပါဘူး ။ PC, PS4, Xbox One ဂိမ္းေတြ ဖုန္းေပၚမွာ အမွန္တကယ္ကို ေဆာ့လို႔ရပါတယ္ ။ ဟုတ္လား? ဘယ္လိုႀကီး?

တကယ္ေတာ့ ႐ုပ္ထြက္အလန္းစား ဂိမ္းႀကီးေတြ ေဆာ့လို႔ရ၊ ေသာင္းခ်ီဝယ္ရ၊ တရားဝင္လည္း ျဖစ္တဲ့ ဒီ ဖုန္းဂိမ္းဆိုတာဟာ cloud game အမ်ိဳးအစားပါပဲ ။


Cloud ဂိမ္းက ဘာလဲ?


Cloud ဂိမ္းဟာ ႐ိုး႐ိုးဖုန္းဂိမ္းနဲ႔ မတူပါဘူး ။ ႐ိုး႐ိုးဖုန္းဂိမ္းလို ဖုန္းထဲ ေဒတာ အင္စေတာလ္ လုပ္စရာမလို၊ apk ေတြ လိုက္ရွာ ဂိမ္းပက္ေက့ခ်္ေတြ လိုက္ရွာၿပီး ေနရာခ်ေပးေနစရာမလိုပါဘူး ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ ေဒတာဟာ အင္တာနက္ေဒတာေဘ့စ္ ထဲမွာပဲရွိလို႔ပါပဲ ။ Cloud ဂိမ္းမင္းဆိုတာဟာ ဂိမ္းကို အင္တာနက္ေဒတာေဘ့စ္ကေန ယူၿပီး ကိုယ့္ဖုန္းေပၚ streaming လုပ္ၿပီး ေဆာ့တာပဲ ျဖစ္တယ္ ။

Streaming ကို ရွင္းျပရရင္

Streaming လုပ္ရင္ အင္တာနက္ အသုံးျပဳမွကို ရမွာပါ ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ အဓိက အရင္းအျမစ္ဟာ အင္တာနက္ပဲ ျဖစ္လို႔ပါပဲ ။ ကိုယ္ဟာ streaming လုပ္ၿပီး ဒိတ္ေအာက္ကြန္ပ်ဴတာေပၚမွာ ဂိမ္းတစ္ခု ကစားေနတယ္ဆိုပါစို႔ ။ ကိုယ္ကစားတဲ့ဂိမ္းရဲ႕ ေဒတာဖိုင္တစ္ခုလုံးဟာ ကိုယ္ေနတဲ့ေနရာရဲ႕ အနီးဆုံး ဆာဗာမွာ သိမ္းထားပါတယ္ ... ဆာဗာဟာ အဲ့ဒီ ဂိမ္းတစ္ခု run ႏိုင္ဖို႔ လိုအပ္တာေတြ လုပ္ေပးပါတယ္... တစ္နည္းအားျဖင့္ ဂိမ္းကစားလို႔ရေအာင္ လုပ္ေပးတာပါ ... ဒါေၾကာင့္ ဂိမ္းေဒတာကို operate လုပ္ေနတာဟာ ဆာဗာမွာပဲ ျဖစ္တယ္ .... ဆာဗာကို အဆင့္ျမင့္ ကြန္ပ်ဴတာ အႀကီးစားလို႔ မွတ္ယူလို႔ရပါတယ္ .... ဒီဆာဗာကေန ထုတ္လိုက္တဲ့ ႐ုပ္ထြက္ ၊ ကိုယ္ႏွိပ္သြင္းလိုက္တဲ့ ေဒတာေတြ ျပန္တုံ႔ျပန္ခ်က္ေတြဟာ ကိုယ့္ရဲ႕ ေမာ္နီတာ ဒါမွမဟုတ္ ဖုန္းစခရင္မွာ လာေပၚတယ္ .... ဒါေၾကာင့္ Assassin Creed Odyssy တို႔လို႔ ကြန္ပ်ဴတာ လိုအပ္ခ်က္အမ်ားႀကီးေတာင္းတဲ့ ဖုန္းနဲ႔ဆို လုံးဝ မျဖစ္ႏိုင္တဲ့ ဂိမ္းကို browser ေလာက္ပဲ သုံးလို႔ရတဲ့ သာမန္ကြန္ပ်ဴတာ၊ သာမန္ဖုန္းေတြမွာ ကစားႏိုင္တာ ျဖစ္ပါတယ္ ။ ဒီအတိုင္း ဂိမ္းဖိုင္ကို သြင္းၿပီး ကစားရင္ အဲ့ဒီသာမန္ကြန္ပ်ဴတာ၊ ဖုန္းဟာ ဂိမ္းကို လုံးဝ run ႏိုင္မွာ မဟုတ္ပါဘူး ။ ဒါေပမယ့္ ခုလိုမ်ိဳး အင္တာနက္သုံးၿပီး streaming ႏွင့္ လုပ္လိုက္တဲ့အခါ အဲ့ဒီဂိမ္းဟာ ကြန္ပ်ဴတာ၊ ဖုန္းမွာ ကစားလို႔ရသြားပါတယ္ ။ ဒါဟာ streaming game ပါပဲ ။

ကိုယ္႐ိုက္သြင္းလိုက္တဲ့ ေဒတာဟာ ဂိမ္းဆာဗာဆီေရာက္... ဂိမ္းဆာဗာက operate လုပ္ၿပီး ကိုယ့္ဆီျပန္ပို႔... ဒီလို ေဒတာ အသြားအျပန္လုပ္ေနတဲ့အထဲ ကိုယ့္ေမာ္နီတာမွာ ဂိမ္း႐ုပ္ထြက္ေတြ လာေပၚေအာင္ လုပ္နဲ႔ ဂိမ္းတစ္ခု ဥပမာ ps4 ဂိမ္းကို ps4 မွာ ကစားေနသလိုမ်ိဳး ျဖစ္ေအာင္ streaming က လုပ္ေပးပါတယ္ .... ဒီလို ေဒတာအသြားအျပန္လုပ္တဲ့အခါ အခ်ိန္ေတြၾကာတတ္ပါတယ္ ။ lantancy မ်ားတယ္ လို႔ ေခၚၾကပါတယ္ ။ လက္ရွိမွာ Lantancy အနည္းဆုံးျဖစ္ေအာင္လုပ္ေပးတဲ့ ဆားဗစ္ေတြထဲမွာ Geforce Now က ပထမေနရာမွာ ရွိေနပါတယ္ ။

Cloud ဂိမ္းရဲ႕ အားသာခ်က္ အားနည္းခ်က္

***************

Cloud ဂိမ္းေဆာ့ရင္ streaming လုပ္ေနတာ ျဖစ္တဲ့အတြက္ သာမန္ အြန္လိုင္းဂိမ္းေဆာ့တာထက္ အင္တာနက္ေဒတာကုန္က်တာ ပိုမ်ားပါတယ္ ။ ႐ုပ္ထြက္အေကာင္းစား အျမင့္ဆုံး ကြာလတီတင္ၿပီး ေဆာ့ရင္ေတာ့ အင္တာနက္ေဒတာ အနည္းဆုံး ၁၀ မိနစ္ေလာက္ကို 1Gb ေလာက္ကုန္ပါတယ္ ။

Cloud ဂိမ္းရဲ႕ အားသာခ်က္ကေတာ့


> ဖုန္းမေ႐ြးဘူး ။ ဖုန္းကြာလတီ အနိမ့္ဆုံးကေန အျမင့္ဆုံးအထိ အကုန္ေဆာ့လို႔ရတယ္ ။ ဘယ္ဖုန္းမဆို ႏိုင္တယ္ ။ စခရင္က်ယ္က်ယ္နဲ႔ ေဆာ့ခ်င္ရင္ေတာ့ စခရင္ႀကီးႀကီးရတဲ့ ဖုန္းေ႐ြးဝယ္ပါေလ ။

> ဂိမ္းကို သူ႔လိုအပ္ခ်က္ေတြ ကိုယ့္ဖုန္းနဲ႔ ကိုက္မကိုက္ ႏိုင္မႏိုင္ လိုက္ ၾကည့္ေနစရာ မလိုဘူး ။ ဘယ္ဂိမ္းမဆို ႀကိဳက္တဲ့ ဖုန္းေပၚမွာ ေဆာ့လို႔ရတယ္ ။

> ဂိမ္းေတြက သာမန္ဖုန္းဂိမ္းထက္ တကယ့္အေကာင္းစား အလန္းစား ဂိမ္းေတြ ။ ထူးျခားတာက ဂိမ္းေတြဟာ PC, PS4, Xbox One ဂိမ္းေတြ ျဖစ္တယ္ ။ ေ႐ြးခ်ယ္စရာဂိမ္းမ်ားတယ္ ။

> အင္တာနက္အျမန္ႏႈန္းကိုပဲ အသုံးျပဳတဲ့အတြက္ ဖုန္းသိပ္မစားတာမို႔ ဘက္ထရီသိပ္မကုန္ဘူး ။

> Cloud Game ဟာ ဖုန္းမွာလည္း ရသလို PC ေပၚမွာလည္း ရပါတယ္ ။ Gloud, Nvidia Stream, Stadia စတာေတြဟာ အကုန္ cloud game ဆားဗစ္ေပးတဲ့ store ေတြပါ ။ ပီစီ၊ ဖုန္းနဲ႔ တက္ဘလက္ေတြေပၚမွာ ရရွိႏိုင္တယ္ ။ ဆိုလိုတာကေတာ့ ဖုန္းမွာလည္း ေဆာ့ရသလို ပီစီပိုင္ထားရင္ ပီစီေပၚမွာလည္း ေဆာ့လို႔ရတယ္ ။ PS4, Xbox ေပၚမွာလည္း ထိုနည္းလည္းေကာင္းပါပဲ ။ ဒီအထဲ Gloud ကေတာ့ ဖုန္းေပၚမွာ အဆင္ေျပလို႔ လူသုံးမ်ားၾကပါတယ္ ။

> သာမန္ဖုန္းဂိမ္းေတြလို တရားမဝင္ဆိုက္ေတြကေန ေဒတာ ေဒါင္းေနစရာမလို ။ မူးေအာင္ လိုက္ရွာေနစရာမလို၊ သူမ်ားကို အကူအညီ လိုက္ေတာင္းေနစရာမလို ။ Cloud ဂိမ္းအားလုံးဟာ တရားဝင္ေတြ ျဖစ္တယ္ ။ တခ်ိဳ႕ဂိမ္းေတြဆို free ရမယ္ ။ တခ်ိဳ႕ဂိမ္းေတြဆို ပိုက္ဆံ ေသာင္းခ်ီ ေပးဝယ္ရမယ္ ။ အေကာင္းဆုံးအခ်က္က ဒါေတြဟာ အကုန္ တရားဝင္ ျဖစ္တယ္ဆိုပါပဲ ။

Cloud ဂိမ္း အားနည္းခ်က္ကေတာ့


> အင္တာနက္ရွိမွရမယ္။ အဲ့ဒါက အေရးႀကီးဆုံးနဲ႔ မရွိမျဖစ္ပါ ။

> အင္တာနက္အျမန္ႏႈန္းဟာ အနည္းဆုံး 10Mbps ရွိရမယ္ ။ 35Mbps နဲ႔ ေဆာ့ဖို႔ အႀကံျပဳထားပါတယ္ ။ ဒီထက္နည္းရင္ ဂိမ္းေဆာ့ရင္ lag မယ္ ထစ္မယ္ ရပ္ေနမယ္ ။ ေယဘုယ်အားျဖင့္ 4G, 5G, LTE အျမန္ႏႈန္းနဲ႔မွ အဆင္ေျပမယ္လို႔ ဆိုထားပါတယ္ ။ သို႔ေပမယ့္ cloud ဆားဗစ္ေပးတဲ့ store သတ္မွတ္ထားသေလာက္ေပါ့ ။

တခ်ိဳ႕ Cloud game store ေတြက 4Mbps to 16Mbps ၾကားရွိရင္ရၿပီလို႔္ ဆိုပါတယ္ ။ Stadia မွာဆို ကြန္ပ်ဴတာမွာ 4K ႐ုပ္ထြက္နဲ႔ မထစ္မေငါ့ ေဆာ့မယ္ဆိုရင္ တစ္နာရီကို အင္တာနက္ေဒတာ 16GB ေလာက္က်မယ္သတဲ့ ။

ဒီေတာ့
Cloud Game ေဆာ့မယ္ဆို Wifi internet နဲ႔ေဆာ့ဖို႔ အႀကံျပဳပါတယ္ ။

> အင္တာနက္ေဒတာ အစားမ်ားမယ္ ။ ဂိမ္းႀကီးေလ ဂိမ္းလွေလ အင္တာနက္ေဒတာ ပိုကုန္က်ေလ ။

> Google PlayStore, Apple store တို႔လို Cloud ဂိမ္းဆားဗစ္ေပးတဲ့ Store ရဲ႕ အေကာင့္ ပိုင္ထားရမယ္ ။ Cloud ဆားဗစ္ေပးတဲ့ store ေတြက free ေဆာ့လို႔ရတဲ့ ဂိမ္းေတြေပးသလို ဝယ္လို႔ရတဲ့ ဂိမ္းေတြလည္း ရွိပါတယ္ ။

> Cloud Game Store ေတြက လစဥ္ေၾကးနဲ႔ ဆားဗစ္ေပးတာ ျဖစ္တဲ့အတြက္ ေဆာ့ဖို႔အတြက္ လစဥ္ေၾကး (Subscription) သြင္းဖို႔ လိုပါတယ္ ။ အကယ္၍ ကိုယ္လိုခ်င္တဲ့ဂိမ္းက ဝယ္မွရမယ္ဆိုရင္ ဝယ္ရေတာ့ လစဥ္ေၾကးပါ ေပါင္းလိုက္ရင္ ပိုက္ဆံပိုကုန္မယ္ေပါ့ ။ ဒါေပမယ့္ လစဥ္ေၾကးက သိပ္မမ်ားလို႔ သူေပးတဲ့ဂိမ္းနဲ႔ ေဆာ့ရတဲ့အခ်ိန္ကာလနဲ႔ တြက္လိုက္ရင္ အေတာ္ေလး သက္သာတယ္လို႔ ဆိုရမယ္ ။

အခုေလာေလာဆယ္မွာ ရွိေနတဲ့
ဖုန္း နဲ႔ ပီစီေပၚမွာ ေပးတဲ့ cloud ဆားဗစ္ေတြကို လက္လွမ္းမီသေလာက္ စာရင္းျပဳရရင္

GeForce NOW
PlayStation Now
Gloud
Vortex
Shadow
Google Stadia
PlayGiga
Parsec
Netboom တို႔ ရွိပါတယ္ ။

ဒီအထဲ

ဖုန္းအတြက္ အဆင္ေျပဆုံး cloud ဆားဗစ္က Gloud ႏွင့္ Vortex ျဖစ္ၿပီး ကြန္ပ်ဴတာအတြက္ေတာ့ Geforce Now က အေကာင္းဆုံးလို႔ သတင္းထြက္ေနပါတယ္ ။

ဒီေလာက္ဆို cloud ဂိမ္းအေၾကာင္း သိသြားၾကၿပီ ထင္ပါတယ္ ။
ဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ။



Unicode
><><><


PC, PS4, Xbox ဂိမ်းတွေ ဖုန်းပေါ်မှာ ဆော့လို့ရမရနှင့် Cloud Game အကြောင်း

==============

ဖုန်းဂိမ်းတဲ့
ဂိမ်းကို သောင်းချီပေးပြီး ဝယ်ရတယ်
ပြီးတော့
တကယ့်အပိုင်တဲ့
တရားဝင်လို့လည်း ပြောတယ်
ဖုန်းမှာဆော့ရတဲ့ ဂိမ်းလို့ဆိုတယ်
ရုပ်ထွက်ကြည့်လိုက်တော့ တကယ့်ဂျွတ်စကီး အပျံစား အလန်းစားနဲ့
ဖုန်းနဲ့တောင် run လို့ မဖြစ်နိုင်တဲ့ ရုပ်ထွက်ကြီး ။
ဂိမ်းကို google မှာ ရှာစမ်းကြည့်တယ်
PC, PS4, Xbox One ပေါ်မှာပဲရှိတဲ့ဂိမ်း ဖြစ်နေတာ တွေ့တယ် ။

ဒီတော့ သင်က ထင်မယ်
ဟာ.... ဒီကောင် လိမ်တာပဲ
ဖုန်းနဲ့ လုံးဝမဖြစ်နိုင်တဲ့ဂိမ်းကြီးကို လာဆော့ပြနေတယ်

တကယ်တော့ မလိမ်ပါဘူး ။ PC, PS4, Xbox One ဂိမ်းတွေ ဖုန်းပေါ်မှာ အမှန်တကယ်ကို ဆော့လို့ရပါတယ် ။ ဟုတ်လား? ဘယ်လိုကြီး?

တကယ်တော့ ရုပ်ထွက်အလန်းစား ဂိမ်းကြီးတွေ ဆော့လို့ရ၊ သောင်းချီဝယ်ရ၊ တရားဝင်လည်း ဖြစ်တဲ့ ဒီ ဖုန်းဂိမ်းဆိုတာဟာ cloud game အမျိုးအစားပါပဲ ။

Cloud ဂိမ်းက ဘာလဲ?


Cloud ဂိမ်းဟာ ရိုးရိုးဖုန်းဂိမ်းနဲ့ မတူပါဘူး ။ ရိုးရိုးဖုန်းဂိမ်းလို ဖုန်းထဲ ဒေတာ အင်စတောလ် လုပ်စရာမလို၊ apk တွေ လိုက်ရှာ ဂိမ်းပက်ကေ့ချ်တွေ လိုက်ရှာပြီး နေရာချပေးနေစရာမလိုပါဘူး ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဒေတာဟာ အင်တာနက်ဒေတာဘေ့စ် ထဲမှာပဲရှိလို့ပါပဲ ။ Cloud ဂိမ်းမင်းဆိုတာဟာ ဂိမ်းကို အင်တာနက်ဒေတာဘေ့စ်ကနေ ယူပြီး ကိုယ့်ဖုန်းပေါ် streaming လုပ်ပြီး ဆော့တာပဲ ဖြစ်တယ် ။

Streaming ကို ရှင်းပြရရင်

Streaming လုပ်ရင် အင်တာနက် အသုံးပြုမှကို ရမှာပါ ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အဓိက အရင်းအမြစ်ဟာ အင်တာနက်ပဲ ဖြစ်လို့ပါပဲ ။ ကိုယ်ဟာ streaming လုပ်ပြီး ဒိတ်အောက်ကွန်ပျူတာပေါ်မှာ ဂိမ်းတစ်ခု ကစားနေတယ်ဆိုပါစို့ ။ ကိုယ်ကစားတဲ့ဂိမ်းရဲ့ ဒေတာဖိုင်တစ်ခုလုံးဟာ ကိုယ်နေတဲ့နေရာရဲ့ အနီးဆုံး ဆာဗာမှာ သိမ်းထားပါတယ် ... ဆာဗာဟာ အဲ့ဒီ ဂိမ်းတစ်ခု run နိုင်ဖို့ လိုအပ်တာတွေ လုပ်ပေးပါတယ်... တစ်နည်းအားဖြင့် ဂိမ်းကစားလို့ရအောင် လုပ်ပေးတာပါ ... ဒါကြောင့် ဂိမ်းဒေတာကို operate လုပ်နေတာဟာ ဆာဗာမှာပဲ ဖြစ်တယ် .... ဆာဗာကို အဆင့်မြင့် ကွန်ပျူတာ အကြီးစားလို့ မှတ်ယူလို့ရပါတယ် .... ဒီဆာဗာကနေ ထုတ်လိုက်တဲ့ ရုပ်ထွက် ၊ ကိုယ်နှိပ်သွင်းလိုက်တဲ့ ဒေတာတွေ ပြန်တုံ့ပြန်ချက်တွေဟာ ကိုယ့်ရဲ့ မော်နီတာ ဒါမှမဟုတ် ဖုန်းစခရင်မှာ လာပေါ်တယ် .... ဒါကြောင့် Assassin Creed Odyssy တို့လို့ ကွန်ပျူတာ လိုအပ်ချက်အများကြီးတောင်းတဲ့ ဖုန်းနဲ့ဆို လုံးဝ မဖြစ်နိုင်တဲ့ ဂိမ်းကို browser လောက်ပဲ သုံးလို့ရတဲ့ သာမန်ကွန်ပျူတာ၊ သာမန်ဖုန်းတွေမှာ ကစားနိုင်တာ ဖြစ်ပါတယ် ။ ဒီအတိုင်း ဂိမ်းဖိုင်ကို သွင်းပြီး ကစားရင် အဲ့ဒီသာမန်ကွန်ပျူတာ၊ ဖုန်းဟာ ဂိမ်းကို လုံးဝ run နိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ခုလိုမျိုး အင်တာနက်သုံးပြီး streaming နှင့် လုပ်လိုက်တဲ့အခါ အဲ့ဒီဂိမ်းဟာ ကွန်ပျူတာ၊ ဖုန်းမှာ ကစားလို့ရသွားပါတယ် ။ ဒါဟာ streaming game ပါပဲ ။

ကိုယ်ရိုက်သွင်းလိုက်တဲ့ ဒေတာဟာ ဂိမ်းဆာဗာဆီရောက်... ဂိမ်းဆာဗာက operate လုပ်ပြီး ကိုယ့်ဆီပြန်ပို့... ဒီလို ဒေတာ အသွားအပြန်လုပ်နေတဲ့အထဲ ကိုယ့်မော်နီတာမှာ ဂိမ်းရုပ်ထွက်တွေ လာပေါ်အောင် လုပ်နဲ့ ဂိမ်းတစ်ခု ဥပမာ ps4 ဂိမ်းကို ps4 မှာ ကစားနေသလိုမျိုး ဖြစ်အောင် streaming က လုပ်ပေးပါတယ် .... ဒီလို ဒေတာအသွားအပြန်လုပ်တဲ့အခါ အချိန်တွေကြာတတ်ပါတယ် ။ lantancy များတယ် လို့ ခေါ်ကြပါတယ် ။ လက်ရှိမှာ Lantancy အနည်းဆုံးဖြစ်အောင်လုပ်ပေးတဲ့ ဆားဗစ်တွေထဲမှာ Geforce Now က ပထမနေရာမှာ ရှိနေပါတယ် ။

Cloud ဂိမ်းရဲ့ အားသာချက် အားနည်းချက်

***************

Cloud ဂိမ်းဆော့ရင် streaming လုပ်နေတာ ဖြစ်တဲ့အတွက် သာမန် အွန်လိုင်းဂိမ်းဆော့တာထက် အင်တာနက်ဒေတာကုန်ကျတာ ပိုများပါတယ် ။ ရုပ်ထွက်အကောင်းစား အမြင့်ဆုံး ကွာလတီတင်ပြီး ဆော့ရင်တော့ အင်တာနက်ဒေတာ အနည်းဆုံး ၁၀ မိနစ်လောက်ကို 1Gb လောက်ကုန်ပါတယ် ။

Cloud ဂိမ်းရဲ့ အားသာချက်ကတော့


> ဖုန်းမရွေးဘူး ။ ဖုန်းကွာလတီ အနိမ့်ဆုံးကနေ အမြင့်ဆုံးအထိ အကုန်ဆော့လို့ရတယ် ။ ဘယ်ဖုန်းမဆို နိုင်တယ် ။ စခရင်ကျယ်ကျယ်နဲ့ ဆော့ချင်ရင်တော့ စခရင်ကြီးကြီးရတဲ့ ဖုန်းရွေးဝယ်ပါလေ ။

> ဂိမ်းကို သူ့လိုအပ်ချက်တွေ ကိုယ့်ဖုန်းနဲ့ ကိုက်မကိုက် နိုင်မနိုင် လိုက် ကြည့်နေစရာ မလိုဘူး ။ ဘယ်ဂိမ်းမဆို ကြိုက်တဲ့ ဖုန်းပေါ်မှာ ဆော့လို့ရတယ် ။

> ဂိမ်းတွေက သာမန်ဖုန်းဂိမ်းထက် တကယ့်အကောင်းစား အလန်းစား ဂိမ်းတွေ ။ ထူးခြားတာက ဂိမ်းတွေဟာ PC, PS4, Xbox One ဂိမ်းတွေ ဖြစ်တယ် ။ ရွေးချယ်စရာဂိမ်းများတယ် ။

> အင်တာနက်အမြန်နှုန်းကိုပဲ အသုံးပြုတဲ့အတွက် ဖုန်းသိပ်မစားတာမို့ ဘက်ထရီသိပ်မကုန်ဘူး ။

> Cloud Game ဟာ ဖုန်းမှာလည်း ရသလို PC ပေါ်မှာလည်း ရပါတယ် ။ Gloud, Nvidia Stream, Stadia စတာတွေဟာ အကုန် cloud game ဆားဗစ်ပေးတဲ့ store တွေပါ ။ ပီစီ၊ ဖုန်းနဲ့ တက်ဘလက်တွေပေါ်မှာ ရရှိနိုင်တယ် ။ ဆိုလိုတာကတော့ ဖုန်းမှာလည်း ဆော့ရသလို ပီစီပိုင်ထားရင် ပီစီပေါ်မှာလည်း ဆော့လို့ရတယ် ။ PS4, Xbox ပေါ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ ။ ဒီအထဲ Gloud ကတော့ ဖုန်းပေါ်မှာ အဆင်ပြေလို့ လူသုံးများကြပါတယ် ။

> သာမန်ဖုန်းဂိမ်းတွေလို တရားမဝင်ဆိုက်တွေကနေ ဒေတာ ဒေါင်းနေစရာမလို ။ မူးအောင် လိုက်ရှာနေစရာမလို၊ သူများကို အကူအညီ လိုက်တောင်းနေစရာမလို ။ Cloud ဂိမ်းအားလုံးဟာ တရားဝင်တွေ ဖြစ်တယ် ။ တချို့ဂိမ်းတွေဆို free ရမယ် ။ တချို့ဂိမ်းတွေဆို ပိုက်ဆံ သောင်းချီ ပေးဝယ်ရမယ် ။ အကောင်းဆုံးအချက်က ဒါတွေဟာ အကုန် တရားဝင် ဖြစ်တယ်ဆိုပါပဲ ။

Cloud ဂိမ်း အားနည်းချက်ကတော့


> အင်တာနက်ရှိမှရမယ်။ အဲ့ဒါက အရေးကြီးဆုံးနဲ့ မရှိမဖြစ်ပါ ။

> အင်တာနက်အမြန်နှုန်းဟာ အနည်းဆုံး 10Mbps ရှိရမယ် ။ 35Mbps နဲ့ ဆော့ဖို့ အကြံပြုထားပါတယ် ။ ဒီထက်နည်းရင် ဂိမ်းဆော့ရင် lag မယ် ထစ်မယ် ရပ်နေမယ် ။ ယေဘုယျအားဖြင့် 4G, 5G, LTE အမြန်နှုန်းနဲ့မှ အဆင်ပြေမယ်လို့ ဆိုထားပါတယ် ။ သို့ပေမယ့် cloud ဆားဗစ်ပေးတဲ့ store သတ်မှတ်ထားသလောက်ပေါ့ ။

တချို့ Cloud game store တွေက 4Mbps to 16Mbps ကြားရှိရင်ရပြီလို့် ဆိုပါတယ် ။ Stadia မှာဆို ကွန်ပျူတာမှာ 4K ရုပ်ထွက်နဲ့ မထစ်မငေါ့ ဆော့မယ်ဆိုရင် တစ်နာရီကို အင်တာနက်ဒေတာ 16GB လောက်ကျမယ်သတဲ့ ။

ဒီတော့

Cloud Game ဆော့မယ်ဆို Wifi internet နဲ့ဆော့ဖို့ အကြံပြုပါတယ် ။

> အင်တာနက်ဒေတာ အစားများမယ် ။ ဂိမ်းကြီးလေ ဂိမ်းလှလေ အင်တာနက်ဒေတာ ပိုကုန်ကျလေ ။

> Google PlayStore, Apple store တို့လို Cloud ဂိမ်းဆားဗစ်ပေးတဲ့ Store ရဲ့ အကောင့် ပိုင်ထားရမယ် ။ Cloud ဆားဗစ်ပေးတဲ့ store တွေက free ဆော့လို့ရတဲ့ ဂိမ်းတွေပေးသလို ဝယ်လို့ရတဲ့ ဂိမ်းတွေလည်း ရှိပါတယ် ။

> Cloud Game Store တွေက လစဉ်ကြေးနဲ့ ဆားဗစ်ပေးတာ ဖြစ်တဲ့အတွက် ဆော့ဖို့အတွက် လစဉ်ကြေး (Subscription) သွင်းဖို့ လိုပါတယ် ။ အကယ်၍ ကိုယ်လိုချင်တဲ့ဂိမ်းက ဝယ်မှရမယ်ဆိုရင် ဝယ်ရတော့ လစဉ်ကြေးပါ ပေါင်းလိုက်ရင် ပိုက်ဆံပိုကုန်မယ်ပေါ့ ။ ဒါပေမယ့် လစဉ်ကြေးက သိပ်မများလို့ သူပေးတဲ့ဂိမ်းနဲ့ ဆော့ရတဲ့အချိန်ကာလနဲ့ တွက်လိုက်ရင် အတော်လေး သက်သာတယ်လို့ ဆိုရမယ် ။

အခုလောလောဆယ်မှာ ရှိနေတဲ့

ဖုန်း နဲ့ ပီစီပေါ်မှာ ပေးတဲ့ cloud ဆားဗစ်တွေကို လက်လှမ်းမီသလောက် စာရင်းပြုရရင်

GeForce NOW
PlayStation Now
Gloud
Vortex
Shadow
Google Stadia
PlayGiga
Parsec
Netboom တို့ ရှိပါတယ် ။

ဒီအထဲ
ဖုန်းအတွက် အဆင်ပြေဆုံး cloud ဆားဗစ်က Gloud နှင့် Vortex ဖြစ်ပြီး ကွန်ပျူတာအတွက်တော့ Geforce Now က အကောင်းဆုံးလို့ သတင်းထွက်နေပါတယ် ။

ဒီလောက်ဆို cloud ဂိမ်းအကြောင်း သိသွားကြပြီ ထင်ပါတယ် ။
ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။



Post a Comment

0 Comments