စာဖတ်မရလျှင် ဒီကို နှိပ်ပါ Unicode version
Level 60 Stone Sky Sea |
ဒါကတော့ level 70 အတွက်
Level 70 Stone Sky Sea |
ဒါကတော့ level 80 အတွက်
Level 80 Stone Sky Sea |
Thank you for reading.
Unicode
Final Fantasy 14 မှာ class ပေါင်း ၁၈ ခုရှိတယ် ။ class ၁ ခု ချင်းစီမှာ skill ပေါင်း ၃၀ ကျော် ရှိပါတယ် ။ သူ့ skill တွေက ဒီအတိုင်း လျှောက်နှိပ်လို့မရဘူး ။ သူ့ skill set (rotation) အတိုင်း နှိပ်မှသာ combo ထွက်ပြီး damage အမြင့်ဆုံးထွက်မှာ ဖြစ်တယ် ။ level နိမ့် dungeon တွေ raid တွေ ဝင်ရင်တော့ သိပ်ကိစ္စမရှိလှပေမယ့် high end raid တွေ ဝင်တဲ့အခါကျရင်တော့ ကိုယ့် rotation မမှန်ရင် အောင်နိုင်ဖို့ အခွင့်အလမ်း နည်းသွားပါပြီ ။ အခန့်မသင့်ရင် raid အဖွဲ့ထဲကတောင် အကစ် ခံရနိုင်ပါတယ် ။ high end raid တွေမှာက အချိန်ရှိပါတယ် ။ သူ့အချိန်ပြည့်တာနဲ့ enrage part ဆိုတာရောက်သွားတာနဲ့ ဘာပဲ ဖြစ်နေပါစေ ဘယ်လိုမှ လုပ်မရတော့ပဲ အကုန်သေကြရပြီး ရှုံးနိမ့်သွားမှာပါ ။ ဒါကြောင့် သူပေးထားတဲ့အချိန်အတွင်း အမှီချနိုင်ဖို့ ကိုယ့် dps damage အထွက်က များရပါမယ် ။ ဒီလိုများဖို့အတွက် rotation မှန်ရပါတယ် ။
Rotation မှန်မှန် combo အထွက်မှန်စေဖို့ လေ့ကျင့်လို့ရတဲ့ dummies (စာခြောက်ရုပ်၊ တိုင်) တွေ ရှိပါတယ် ။ Free Company (FC) house တွေမှာလည်း ထားထားလေ့ရှိကြပါတယ် ။ ပြီးတော့ တစ်ချို့နေရာတွေမှာလည်း ရှိကြပါတယ် ။ ကြိုက်သလို လေ့ကျင့်လို့ရပါတယ် ။ ဥပမာ ဘယ် skill က ဘယ်လို သုံးရင် damage ဘယ်လောက်ထွက်တယ် ဆိုတာ သိရတယ် ။ ဒီ skill တွေပြီးရင် ဘယ်လိုမျိုးတွေ လာတတ်တယ်ဆိုတာ ကြည့်လို့ရတယ် စသဖြင့်ပါ ။
Dummies တွေထဲမှာ ထူးခြားတဲ့ dummies ရှိပါတယ် ။ အဲ့ဒါက Stone, Sky, Sea ဆိုတဲ့ dummies ပါပဲ ။ သူများတွေတော့ မသိဘူး ။ ကျနော်တော့ ကြိုက်တယ် ။ ဒီ dummies က duty အငယ်စားလိုပါပဲ ။ high end raid က boss ကို dummy အဖြစ် လုပ်ထားပြီး အချိန် ၃ မိနစ်အတွင်း ပျက်စီးအောင် ချရတာပါ ။ ချရ နဲနဲတော့ ခက်ပေမယ့် ကိုယ့် rotation သာ မှန်ရင် အသာလေးပါပဲ ။ ဒါပေမယ့် ပေးထားတဲ့အချိန်အတွင်း ပျက်စီးအောင် မချနိုင်လည်း ကိစ္စမရှိပါဘူး ။ သူ့ရည်ရွယ်ချက်က အဲ့ဒါမဟုတ်ပါဘူး ။
Stone, Sky, Sea ရဲ့ ရည်ရွယ်ချက်က dummy မှာ ကျန်တဲ့ HP ဒါမှမဟုတ် ကျန်နေတဲ့ စက္ကန့်ကို ယူပြီး ကိုယ့်ရဲ့ ပျမ်းမျှ damage ထွက်နှုန်း dps ဘယ်လောက်ရှိလဲဆိုတာကို တွက်ပေးတာပါ ။ အပေါ်မှာ ကျနော်ပြောခဲ့သလိုပါပဲ damage အထွက်များဖို့ rotation မှန်ရမယ်ဆိုတာကို ဒီ Stone, Sky, Sea က စမ်းသပ်ပေးတာပဲ ဖြစ်ပါတယ် ။
Stone Sky Sea ထဲက trial တွေ raid တွေကတော့ ကိုယ် unlock လုပ်ထားတဲ့ဟာတွေပါပဲ ။ ဒါကြောင့် list ထဲ အစုံ ရှိစေချင်ရင်တော့ trial တွေ raid တွေကို ကိုယ်ကအရင် လိုက် unlock လုပ်ပေးရမှာ ဖြစ်ပါတယ် ။
Dummy ကို တကယ့် boss ကို ချရတာထက် ပိုခက်အောင် လုပ်ထားပါတယ် ။ တကယ့် boss တွေကို ချရတဲ့အခါမှာ dps ပေးရတဲ့အပြင် mechanic တွေကိုလည်း မှန်အောင် ကစားပေးရတာကြောင့် ဒီဟာတွေအတွက်ပါ ထည့်တွက်ပြီး လုပ်ထားတာ ဖြစ်ပါတယ် ။ ယေဘုယျအားဖြင့် ကိုယ်ချလိုတဲ့ boss ရဲ့ dummy HP 10% ဝန်းကျင်ရောက်အောင် ချနိုင်ပြီဆိုရင်ကို တကယ့် savage raid တွေ ဝင်ချဖို့ လုံလောက်နေပါပြီ ။
ကျနော်တော့ အတော်လေး သဘောကျတယ် ။ ကျနော်က တစ်ခါဆော့ပြီးရင် အချိန်အတော်ကြာအောင် နားနေတတ်တဲ့သူဆိုတော့ နားပြီး တခေါက်တခေါက် ပြန်ဆော့ဖြစ်ရင် rotation တွေ မေ့ကုန်ပြီး dps တွေ ကျကုန်တယ် ။ rotation တွေ ပြန်မှတ်မိလာစေဖို့ အတွက် ကျနော် ဒီ Stone, Sky, Sea မှာ သွားလေ့ကျင့်တယ် ။ ၂ ခေါက် ၃ ခေါက်လောက်ဆို ပြန်မှတ်မိလာပြီး နဂို dps အတိုင်း ပြန်ရသွားတယ် ။ ဘာ skill တွေ ဘယ်လို ပြောင်းထားတာလဲ ဆိုတာလည်း သိသွားပါတယ် ။ high end raid တွေ ဝင်ဖို့ဆို ကိုယ့် dps လုံလောက်လား မလုံလောက်ဘူးလား ဆိုတာလည်း သိသွားတာမို့ ဘာလိုအပ်တယ်၊ ဘာတွေ ထည့်ဖို့လိုလဲ high end raid ဆော့ဖို့ အရည်အချင်းရှိလား ဆိုတာလည်း သုံးသပ် ပြင်ဆင်လို့ ရသွားပါတယ် ။
Stone, Sky, Sea က level 60 မှာမှ စ ထည့်ပေးတာ ဖြစ်ပါတယ် ။ Level 60 မှာရှိတယ် ။ Level 70 မှာလည်း ရှိတယ် ။ Level 80 မှာလည်း ရှိပါတယ် ။ အများဆုံးဖြစ်တဲ့ Level 80 Stone Sky Sea မှာတော့ လူတွေ အများကြီး လာလေ့ကျင့်နေကြတာ တွေ့ရမှာပါ ။ သူတို့လည်း သူတို့ ကိုင်ဆော့တဲ့ job ရဲ့ rotation တွေ မှန်အောင်၊ ဟာကွက် မရှိအောင် လာလေ့ကျင့်နေကြတာပါ ။ ဒါမှသာ high end raid မှာ အထစ်အငေါ့မရှိ max dps ထုတ်နိုင်မှာ ဖြစ်ပါတယ် ။
Stone, Sky, Sea က side quest အနေနဲ့ ရှိတာမို့ ကိုယ်က လိုက်ဖွင့်ပေးရပါတယ် ။ အဆင့်က သိပ်မများပါဘူး ။ NPC တစ်ယောက် နှစ်ယောက်ကို စကားလိုက်ပြောပေးလိုက်ရုံပါပဲ ။
Stone, Sky, Sea ဝင်ချင်ရင် NPC ကို စကားပြောပေးရပါတယ် ။ အဲ့ဒီမှာ list တစ်ခု ကျလာပြီး ဒီ list ထဲက ကိုယ် စမ်းချင်တဲ့ trial extreme ဖြစ်ဖြစ် ၊ raid savage ဖြစ်ဖြစ် တစ်ခုခုကို ရွေးလိုက်ရင် တစ်နေရာကို ရောက်သွားပြီး dummy ရှေ့ရောက်နေတာ တွေ့ရပါလိမ့်မယ် ။ ဒီ dummy ကို စထိလိုက်တာနဲ့ ၂ မိနစ်က အချိန်စမှတ်ပါပြီ ။
Dummy မှာ ကျန်တဲ့ HP နဲ့ ဒါမှမဟုတ် dummy ကို အဆုံးထိကုန်အောင် ချနိုင်ခဲ့ရင် ကျန်တဲ့ စက္ကန့်ကို မှတ်ပြီး အခု ပေးထားတဲ့ ဝက်ဘ်ဆိုက်လင့်ခ်ထဲ အချက်အလက်တွေ သွားထည့်ပြီး ကိုယ့် DPS ဘယ်လောက်ရှိလဲဆိုတာ ပျမ်းမျှ တွက်ချက်ခိုင်းလို့ရပါတယ် ။
http://ffxiv.2digitalgames.de/
ကိုယ် ဝင်ဆော့လိုတဲ့ Raid savage ရဲ့ dummy ကို ကုန်အောင် ချနိုင်ခဲ့ရင် အဲ့ဒီ raid savage မှာ တကယ် ဝင်ဆော့ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ပျမ်းမျှ ခန့်မှန်းလို့ ရပါတယ် ။
ဒါကတော့ level 60 အတွက်ပါ
Level 60 ရောက်ပြီး Story အပိုင်းမှာ Heavensward ဆိုတဲ့ quest ပြီးတာနဲ့ Idyllshire (x7,y6) မှာရှိတဲ့ Bruiser ဆိုတဲ့ NPC ကို စကားသွားပြောပြီး A Striking Opportunity ဆိုတဲ့ quest ယူလုပ်ပြီးရင် ရပါပြီ
ဒါကတော့ Stone Sky Sea ရဲ့ ဝင်ပေါက်ပါပဲ ။
Level 60 Stone Sky Sea |
သက်ဆိုင်ရာ NPC ကို စကားသွားပြောရင် ဒီလိုတွေ့ရမှာပါ ။ List ထဲ တစ်ခုခုရွေးပြီး စ လေ့ကျင့်လို့ရပါပြီ ။
level 70 stone sky sea ရဲ့ NPC ကို စကားသွားပြောလျှင် မြင်ရသည့် dummy list |
ဒါကတော့ level 70 အတွက်
Expansion "Stromblood" ရဲ့ Level 70 Stone Sky Sea ကို unlock လုပ်ချင်ရင် Another Striking Opportunity ဆိုတဲ့ quest ကို လုပ်ပေးရပါမှာ ဖြစ်ပါတယ် ။
The Circles of Answering
Quest: Another Striking Opportunity
Quest Starting Location: Rhalgr's Reach (x12.3,y13.1)
Quest Starting NPC: Starry-eyed Ala Mhigan
Pre-requisite Quests: main scenario quest "???", Sidequest A Striking Opportunity
Level 70 Stone Sky Sea |
ဒါကတော့ level 80 အတွက်
Expansion "Shadowbringers" ရဲ့ Level 80 Stone Sky Sea ကို unlock လုပ်ချင်ရင် Yet Another Striking Opportunity ဆိုတဲ့ quest ကို လုပ်ပေးရမှာ ဖြစ်ပါတယ် ။
Yet Another Striking Opportunity
Level 80 Disciple of War or Magic
Starting Location: Eulmore (X:9.2 Y:9.9)
Starting NPC: Weary Dockworker
Prerequisite: Players must first complete the final quest of the main scenario quest and the quest A Striking Opportunity
Level 80 Stone Sky Sea |
Thank you for reading.
0 Comments