Resident Evil 2 Remake Review



Resident Evil 2 Remake Spoiler Free Recap

(+ PC Performance Analysis)

ေရာက္ေရာက္ျခင္း ေဆာက္နဲ႔ထြင္း ဆိုသလိုပဲ ခုမွ ရဲဝန္ထမ္းေပါက္စပဲရွိေသးတဲ့ လီယြန္ (Leon S. Kennedy) ခမ်ာ တာဝန္က်ရာ ရက္ကြန္စီးတီး (Raccoon City) ကို ေျပာင္းေရြ႕လာခ်ိန္မွာေတာ့ တစ္ၿမိဳ႕လံုး T-virus ေၾကာင့္ zombie ေတြျဖစ္ . .

သူတာဝန္က်တဲ့ RPD ရဲရံုးခ်ဳပ္မွာလည္း လြတ္ေျမာက္က်န္ရစ္သူရယ္လို႔ မယ္မယ္ရရ မသိရတဲ့ အေနအထား . .
Writer, Seo Thu Aung
လီယြန္ ရက္ကြန္စီးတီးကိုလာေတာ့ လမ္းမွာ ကလယ္ရီ (Claire Redfield) နဲ႔ေတြ႕တယ္ . .
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
ကလယ္ရီ က သူမရဲ႕ အကို ခရစ္စ္ (Chris Redfield) ကိုရွာဖို႔ရာအတြက္ ရက္ကြန္စီးတီးကို ေရာက္ရွိလာတာပဲျဖစ္တယ္။

ရဲေပါက္စ နဲ႔ ေကာလိပ္ေက်ာင္းသူ ႏွစ္ဦးသား zombie ေတြနဲ႔ျပည့္ႏွက္ေနတဲ့ ၿမိဳ႕ထဲကို တိုင္ပင္မထားပါပဲ အတူတူေရာက္လာၾကရကေန Resident Evil 2 ရဲ႕ ဇာတ္လမ္း စတင္ျဖစ္တည္လာပါေတာ့တယ္ . .
(ဇာတ္လမ္းကိုေတာ့ ဆက္ေျပာရင္ spoil သလိုျဖစ္ေနမွာမို႔ ဒီေလာက္နဲ႔ပဲ ဘရိပ္အုပ္ထားေတာ့မယ္)

ခုထြက္တဲ့ Resident Evil 2 remake က တစ္ကယ္ေတာ့ ဇာတ္လမ္းအသစ္ေတာ့မဟုတ္ဘူး . .

1998 တုန္းက ဆိုနီ PS1 စက္မွာ ထြက္ခဲ့တဲ့ Resident Evil 2 ကို ဂရပ္ဖစ္ ႐ုပ္ထြက္ေတြ ဂိမ္းပေလးေတြကို ခုေခတ္နဲ႔ ဆီေလ်ာ္မႈရွိေအာင္ အဆင့္ႁမွင့္ေျပာင္းလဲမႈေတြလုပ္ထားတဲ့ ဂိမ္းပါ။

ဇာတ္လမ္းေက်ာ႐ိုးကေတာ့ အတူတူပါပဲ။

PS1 မွာထြက္တုန္းက အ႐ုပ္ေတြက 2D စတိုင္နဲ႔ ျပားကပ္ကပ္၊ ကင္မရာကလည္း တစ္ေနရာထဲကေနအေသ . .

ေဟာ အခု remake မွာေတာ့ ပံုမွန္ျမင္ေနက် shooter ေတြလို third person ျမင္ကြင္းနဲ႔ . . ပီးေတာ့ သဘာဝက်လွတဲ့ ဇာတ္ေကာင္ ရႈခင္းေတြနဲ႔ ။

Resident Evil 4, 5, 6 ဂိမ္းေတြကို ေဆာ့ဖူးတယ္မို႔လား . .
RE2 remake က အဲ့ဂိမ္းေတြလိုပါပဲ။

RE2 remake ရဲ႕ ဂိမ္းအင္ဂ်င္ျဖစ္တဲ့ RE Engine ဟာ ယခင္ RE7 မွာလည္းအသံုးျပဳခဲ့သလို ခုႏွစ္ထဲမွာပဲထြက္လာမဲ့ Devil May Cry 5 မွာလည္းပဲ အသံုးျပဳသြားမွာျဖစ္ပါတယ္။

RE Engine ေၾကာင့္ ဂိမ္းရဲ႕ texture, lighting, tessellation စတာေတြဟာ ေျပာင္ေျပာင္လက္လက္နဲ႔ သဘာဝက်က် ၾကည့္ေကာင္းေနပါတယ္။

RE4 တုန္းက ထိတ္လန္႔ျခင္း ရသ (horror) နဲ႔ action ကို မွ်တစြာေပါင္းစပ္ခဲ့လို႔ ဝက္ဝက္ကြဲေအာင္ျမင္တဲ့ ဂိမ္းတစ္ခုျဖစ္ခဲ့ေပမဲ့ RE5 နဲ႔ RE6 မွာေတာ့ action ကိုပဲ ဦးစားေပးသလိုျဖစ္သြားတာေၾကာင့္ ဂိမ္းဒပေလာ့ပါ Capcom နဲ႔ ေဝဖန္ခံခဲ့ရပါတယ္။
(က်ေနာ္ကိုယ္တိုင္လည္း RE4, 5, 6 ဂိမ္းသံုးခုလံုး ပီးေအာင္ေဆာ့ခဲ့ၿပီး အဲ့အထဲမွာမွ RE4 ဆိုရင္ ႀကိဳက္လြန္းလို႔ PS2 နဲ႔ အစအဆံုး ျပန္ျပန္ေဆာ့တာ ငါးေခါက္ထက္မနည္းပါပဲ)

RE7 ဆက္လက္ထြက္ရွိခဲ့ေသာ္လည္း ဇာတ္လမ္းမွာ ယခင္ RE စီးရီးႏွင့္ ဆက္ႏြယ္မႈ သိပ္မရွိသလို first person mode ျဖစ္သြားတာေၾကာင့္ ယခု Resident Evil 2 remake ဟာ RE ပရိတ္သတ္ေတြေစာင့္ေမွ်ာ္ေနတဲ့ ဂိမ္းတစ္ခု ျဖစ္လာခဲ့ပါတယ္။

ထြက္ရွိလာခ်ိန္မွာလည္း စိတ္ပ်က္မသြားေစပဲ horror ရသ နဲ႔ RE အရိပ္အေငြ႕ေတြ ေပးႏိုင္ခဲ့တ့ဲဂိမ္းတစ္ခုလို႔ေျပာရမွာပါ။
ရင္တထိတ္ထိတ္နဲ႔ ေဆာ့ရ ခံစားရမွာပါ။

RE5 နဲ႔ 6 ကို စိတ္ပ်က္ခဲ့တဲ့က်ေနာ္ RE2 remake ကိုသေဘာက်သလို အားလည္းရပါတယ္။

Story mode ကို Leon (သို႔) Claire ရဲ႕ ေနရာကေန ႏွစ္သက္သလိုစတင္ႏိုင္ပါတယ္။
Leon ေနရာကဆိုရင္ မတ္မတ္ Ada နဲ႔ ဇာတ္လမ္းတေကြ႕မွာ ဆံုေတြ႕ရပါအံုးမယ္ 😌
Ada ေနရာကေနလည္း တစိတ္တပိုင္း ကစားရအံုးမွာပါ။
Claire ေနရာကေနဆိုရင္ေတာ့ ကေလးအရြယ္သာရွိေသးတဲ့ Sherry နဲ႔ ေတြ႕ရမယ္
(Sherry ဆိုတာက RE6 မွာ ပါတဲ့ Sherry Birkin ဆိုတဲ့ ခ်ာတိတ္မကိုေျပာတာပါ)
Leon နဲ႔ Claire တို႔ Raccoon City ထဲမွာ ဘယ္လိုအျဖစ္သနစ္ေတြနဲ႔ေတြ႕ပီး ဘယ္လိုလြတ္ေျမာက္လာၾကသလဲဆိုတာကေတာ့ မေဆာ့ရေသးတဲ့ဂိမ္မာေတြ အရသာပ်က္သြားမွာမို႔ ဆက္မေျပာေတာ့ပါဘူး။

တစ္ခုေတာ့ႀကိဳေျပာလိုက္ပါ့မယ္ . .

က်ည္ကို သိပ္မျဖဳန္းပါနဲ႔လို႔ ..
ဇြန္ဘီကိုသတ္လို႔ item ဘာညာ မရပါဘူး။
ဝယ္ဖို႔ရာ shop လည္း မပါပါဘူး။

* PC performance *


Resident Evil 2 remake က PC, PS4, Xbox One အတြက္ထြက္ရွိေပးထားပီး က်ေနာ္ကေတာ့ PC နဲ႔ျဖစ္ပါတယ္။

PC နဲ႔ဆိုေတာ့ ထံုးစံအတိုင္း ကိုယ့္စက္ရဲ႕ hardware ေကာင္းရင္ေကာင္းသလို console (PS4, Xbox) ေတြထက္ သာလြန္တဲ့ ႐ုပ္ထြက္ကိုေပးမွာပါပဲ။

ဒီေတာ့ က်ေနာ့္ PC မွာ RE2 remake ဘယ္လိုရွိလည္း ေျပာပါ့မယ္။

Core i5-6500
GTX 1060 6GB
16GB RAM

1080p all max မွာ 70~80FPS avg ရပါတယ္။
VRAM usage 5.5GB ရွိပီး System RAM 6GB အထိ အသံုးျပဳပါတယ္။
CPU usage 70℅ ရွိတာမို႔ Core i3 (desktop CPU) နဲ႔ဆိုရင္ CPU bottleneck ျဖစ္မွာပါ။
PS4, Xbox One level ခံစားခ်င္ရင္ေတာ့ Core i3 + GTX 1050 Ti အသံုးျပဳ PC လိုအပ္မည္ျဖစ္ပီး i5 + GTX 1060 နဲ႔ဆိုရင္ေတာ့ ပိုမိုေကာင္းမြန္တဲ့ အျမင္နဲ႔႐ုပ္ထြက္ေတြကို ခံစားရမွာျဖစ္ပါတယ္။
laptop နဲ႔ဆိုရင္ i5 H/HQ + GTX 1050 (4GB VRAM) ဆိုမွသာ အဆင္ေျပေျပ run ႏိုင္မွာပါ။
$59 က်သင့္တဲ့ Resident Evil 2 ဟာ ယခု 2019 Jan 25 ရက္ေန႔က ထြက္ရွိခဲ့တဲ့တဲ့ဂိမ္းျဖစ္ပီး လက္ရွိ အခ်ိန္အထိ 3 million units ေရာင္းခ်ခဲ့ပီးျဖစ္ေၾကာင္း Capcom က ထုတ္ျပန္ထားပါတယ္။

Resident Evil 2 ကိုဝယ္ယူရန္ >>

PC
PS4
Xbox One

Writer, Seo Thu Aung


Unicode





 Resident Evil 2 Remake Spoiler Free Recap


(+ PC Performance Analysis)

ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ ခုမှ ရဲဝန်ထမ်းပေါက်စပဲရှိသေးတဲ့ လီယွန် (Leon S. Kennedy) ခမျာ တာဝန်ကျရာ ရက်ကွန်စီးတီး (Raccoon City) ကို ပြောင်းရွေ့လာချိန်မှာတော့ တစ်မြို့လုံး T-virus ကြောင့် zombie တွေဖြစ် . .

သူတာဝန်ကျတဲ့ RPD ရဲရုံးချုပ်မှာလည်း လွတ်မြောက်ကျန်ရစ်သူရယ်လို့ မယ်မယ်ရရ မသိရတဲ့ အနေအထား . .
Writer, Seo Thu Aung
လီယွန် ရက်ကွန်စီးတီးကိုလာတော့ လမ်းမှာ ကလယ်ရီ (Claire Redfield) နဲ့တွေ့တယ် . .

ကလယ်ရီ က သူမရဲ့ အကို ခရစ်စ် (Chris Redfield) ကိုရှာဖို့ရာအတွက် ရက်ကွန်စီးတီးကို ရောက်ရှိလာတာပဲဖြစ်တယ်။

ရဲပေါက်စ နဲ့ ကောလိပ်ကျောင်းသူ နှစ်ဦးသား zombie တွေနဲ့ပြည့်နှက်နေတဲ့ မြို့ထဲကို တိုင်ပင်မထားပါပဲ အတူတူရောက်လာကြရကနေ Resident Evil 2 ရဲ့ ဇာတ်လမ်း စတင်ဖြစ်တည်လာပါတော့တယ် . .
(ဇာတ်လမ်းကိုတော့ ဆက်ပြောရင် spoil သလိုဖြစ်နေမှာမို့ ဒီလောက်နဲ့ပဲ ဘရိပ်အုပ်ထားတော့မယ်)

ခုထွက်တဲ့ Resident Evil 2 remake က တစ်ကယ်တော့ ဇာတ်လမ်းအသစ်တော့မဟုတ်ဘူး . .

1998 တုန်းက ဆိုနီ PS1 စက်မှာ ထွက်ခဲ့တဲ့ Resident Evil 2 ကို ဂရပ်ဖစ် ရုပ်ထွက်တွေ ဂိမ်းပလေးတွေကို ခုခေတ်နဲ့ ဆီလျော်မှုရှိအောင် အဆင့်မြှင့်ပြောင်းလဲမှုတွေလုပ်ထားတဲ့ ဂိမ်းပါ။

ဇာတ်လမ်းကျောရိုးကတော့ အတူတူပါပဲ။

PS1 မှာထွက်တုန်းက အရုပ်တွေက 2D စတိုင်နဲ့ ပြားကပ်ကပ်၊ ကင်မရာကလည်း တစ်နေရာထဲကနေအသေ . .

ဟော အခု remake မှာတော့ ပုံမှန်မြင်နေကျ shooter တွေလို third person မြင်ကွင်းနဲ့ . . ပီးတော့ သဘာဝကျလှတဲ့ ဇာတ်ကောင် ရှုခင်းတွေနဲ့ ။

Resident Evil 4, 5, 6 ဂိမ်းတွေကို ဆော့ဖူးတယ်မို့လား . .
RE2 remake က အဲ့ဂိမ်းတွေလိုပါပဲ။

RE2 remake ရဲ့ ဂိမ်းအင်ဂျင်ဖြစ်တဲ့ RE Engine ဟာ ယခင် RE7 မှာလည်းအသုံးပြုခဲ့သလို ခုနှစ်ထဲမှာပဲထွက်လာမဲ့ Devil May Cry 5 မှာလည်းပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။

RE Engine ကြောင့် ဂိမ်းရဲ့ texture, lighting, tessellation စတာတွေဟာ ပြောင်ပြောင်လက်လက်နဲ့ သဘာဝကျကျ ကြည့်ကောင်းနေပါတယ်။

RE4 တုန်းက ထိတ်လန့်ခြင်း ရသ (horror) နဲ့ action ကို မျှတစွာပေါင်းစပ်ခဲ့လို့ ဝက်ဝက်ကွဲအောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်ခဲ့ပေမဲ့ RE5 နဲ့ RE6 မှာတော့ action ကိုပဲ ဦးစားပေးသလိုဖြစ်သွားတာကြောင့် ဂိမ်းဒပလော့ပါ Capcom နဲ့ ဝေဖန်ခံခဲ့ရပါတယ်။
(ကျနော်ကိုယ်တိုင်လည်း RE4, 5, 6 ဂိမ်းသုံးခုလုံး ပီးအောင်ဆော့ခဲ့ပြီး အဲ့အထဲမှာမှ RE4 ဆိုရင် ကြိုက်လွန်းလို့ PS2 နဲ့ အစအဆုံး ပြန်ပြန်ဆော့တာ ငါးခေါက်ထက်မနည်းပါပဲ)

RE7 ဆက်လက်ထွက်ရှိခဲ့သော်လည်း ဇာတ်လမ်းမှာ ယခင် RE စီးရီးနှင့် ဆက်နွယ်မှု သိပ်မရှိသလို first person mode ဖြစ်သွားတာကြောင့် ယခု Resident Evil 2 remake ဟာ RE ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ ဂိမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ထွက်ရှိလာချိန်မှာလည်း စိတ်ပျက်မသွားစေပဲ horror ရသ နဲ့ RE အရိပ်အငွေ့တွေ ပေးနိုင်ခဲ့တဲ့ဂိမ်းတစ်ခုလို့ပြောရမှာပါ။
ရင်တထိတ်ထိတ်နဲ့ ဆော့ရ ခံစားရမှာပါ။

RE5 နဲ့ 6 ကို စိတ်ပျက်ခဲ့တဲ့ကျနော် RE2 remake ကိုသဘောကျသလို အားလည်းရပါတယ်။

Story mode ကို Leon (သို့) Claire ရဲ့ နေရာကနေ နှစ်သက်သလိုစတင်နိုင်ပါတယ်။
Leon နေရာကဆိုရင် မတ်မတ် Ada နဲ့ ဇာတ်လမ်းတကွေ့မှာ ဆုံတွေ့ရပါအုံးမယ် 😌
Ada နေရာကနေလည်း တစိတ်တပိုင်း ကစားရအုံးမှာပါ။
Claire နေရာကနေဆိုရင်တော့ ကလေးအရွယ်သာရှိသေးတဲ့ Sherry နဲ့ တွေ့ရမယ်
(Sherry ဆိုတာက RE6 မှာ ပါတဲ့ Sherry Birkin ဆိုတဲ့ ချာတိတ်မကိုပြောတာပါ)
Leon နဲ့ Claire တို့ Raccoon City ထဲမှာ ဘယ်လိုအဖြစ်သနစ်တွေနဲ့တွေ့ပီး ဘယ်လိုလွတ်မြောက်လာကြသလဲဆိုတာကတော့ မဆော့ရသေးတဲ့ဂိမ်မာတွေ အရသာပျက်သွားမှာမို့ ဆက်မပြောတော့ပါဘူး။

တစ်ခုတော့ကြိုပြောလိုက်ပါ့မယ် . .

ကျည်ကို သိပ်မဖြုန်းပါနဲ့လို့ ..
ဇွန်ဘီကိုသတ်လို့ item ဘာညာ မရပါဘူး။
ဝယ်ဖို့ရာ shop လည်း မပါပါဘူး။


* PC performance *



Resident Evil 2 remake က PC, PS4, Xbox One အတွက်ထွက်ရှိပေးထားပီး ကျနော်ကတော့ PC နဲ့ဖြစ်ပါတယ်။

PC နဲ့ဆိုတော့ ထုံးစံအတိုင်း ကိုယ့်စက်ရဲ့ hardware ကောင်းရင်ကောင်းသလို console (PS4, Xbox) တွေထက် သာလွန်တဲ့ ရုပ်ထွက်ကိုပေးမှာပါပဲ။

ဒီတော့ ကျနော့် PC မှာ RE2 remake ဘယ်လိုရှိလည်း ပြောပါ့မယ်။

Core i5-6500
GTX 1060 6GB
16GB RAM

1080p all max မှာ 70~80FPS avg ရပါတယ်။
VRAM usage 5.5GB ရှိပီး System RAM 6GB အထိ အသုံးပြုပါတယ်။
CPU usage 70℅ ရှိတာမို့ Core i3 (desktop CPU) နဲ့ဆိုရင် CPU bottleneck ဖြစ်မှာပါ။
PS4, Xbox One level ခံစားချင်ရင်တော့ Core i3 + GTX 1050 Ti အသုံးပြု PC လိုအပ်မည်ဖြစ်ပီး i5 + GTX 1060 နဲ့ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ အမြင်နဲ့ရုပ်ထွက်တွေကို ခံစားရမှာဖြစ်ပါတယ်။
laptop နဲ့ဆိုရင် i5 H/HQ + GTX 1050 (4GB VRAM) ဆိုမှသာ အဆင်ပြေပြေ run နိုင်မှာပါ။
$59 ကျသင့်တဲ့ Resident Evil 2 ဟာ ယခု 2019 Jan 25 ရက်နေ့က ထွက်ရှိခဲ့တဲ့တဲ့ဂိမ်းဖြစ်ပီး လက်ရှိ အချိန်အထိ 3 million units ရောင်းချခဲ့ပီးဖြစ်ကြောင်း Capcom က ထုတ်ပြန်ထားပါတယ်။

Resident Evil 2 ကိုဝယ်ယူရန် >>

PC
PS4
Xbox One

Writer, Seo Thu Aung

Post a Comment

0 Comments