A Plague Tale: Innocence Review



Asobo Studio ကေရးဆြဲၿပီး Focus Home Interactive က ျဖန္႔ခ်ိတဲ့ A Plague Tale: Innocence ကို က်ေနာ္ review လုပ္တာနည္းနည္းေနာက္က်ေနပီလုိ႔ေျပာလို႔ရပါတယ္ . .
ဂိမ္းက ထြက္တာ ေမလ ၁၄ ရက္ေန႔ကတည္းကဆိုေတာ့ ႏွစ္လနီးပါးရိွပါၿပီ။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
ေနာက္က်ရတဲ့အေၾကာင္းရင္းက Asobo Studio ေၾကာင့္ပါ။
သူ႔ကိုက်ေနာ္ခုမွၾကားဖူးတာ၊
ခုမွၾကားဖူးတဲ့ ဂိမ္းစတူဒီယိုက ထုတ္တဲ့ဂိမ္းတစ္ခုကို ေကာင္းမွေကာင္းပါ့မလားဆုိတဲ့ သံသယစိတ္ အထင္မႀကီးတဲ့စိတ္ေတြနဲ႔၊
ဂိမ္း trailer ေတြထြက္လာစဥ္ကလည္း ၾကည့္ပီး ဒါေတာ့ ငါသေဘာက်မဲ့ပံုစံေတာ့မဟုတ္ေလာက္ဘူး၊
indie ဂိမ္းသာသာနဲ႔ ၾကြက္ေတြၾကားထဲကေနလြတ္ေအာင္ေရွာင္ human-escort လုပ္ရတဲ့ ဂိမ္းတစ္ခုဆိုပီးပလပ္ထားေတာ့ မေဆာ့ျဖစ္ review မေရးျဖစ္ေတာ့ဘူး။
ေနာက္တစ္ခ်က္က kid . .
ကေလး ေတြပါတဲ့ (ဦးစားေပးထားတဲ့) ဂိမ္းမ်ိဳး ရုပ္ရွင္မ်ိဳးဆုိရင္ က်ေနာ့္အေနနဲ႔ စိတ္၀င္တစား ျဖစ္ေလ့မရိွဘူး။
ဒါေပမဲ့ ျဖစ္ခ်င္ေတာ့ လြန္ခဲ့တဲ့သံုးရက္ေလာက္ကမွ ဘာမွေဆာ့စရာမရိွေတာ့မယ့္အတူတူ စမ္းၾကည့္လုိက္ပါအံုးမယ္ေလဆုိၿပီး စ လုိက္တာ ထိုင္ရာမထ တမ္းတမ္းဆြဲျဖစ္သြားၿပီး ခုလုိ review ပါ ေရးရတဲ့အထိျဖစ္သြားပါတယ္။

Credit to original writer, Seo Thu Aung

Story


ဂိမ္းအေၾကာင္းကို အတတ္ႏိုင္ဆံုး spoiler မပါပဲေျပာရရင္ ခရစ္သကၠရာဇစ္ 1348 ခုႏွစ္မ်ားစီက ေတာ္၀င္မ်ိဳးႏြယ္မိသားစုတစ္စု ေနာက္ပါေျခြရံေတြနဲ႔ ရြာငယ္ေလးတစ္ရြာတည္ပီးအေျခခ်ေနထုိင္ၾကပါတယ္။
အဲဒီမွာ ေတာ္၀င္မိသားစုရဲ႕ သားနဲ႔သမီး အဓိကဇာတ္ေကာင္ အမီစီယာ (Amicia) လို႔အမည္ရတဲ့ မိန္းကေလးနဲ႔ သူ႔ေမာင္ေလး ဟူဂို (Hugo) ကုိ ဇာတ္လမ္းကဦးတည္ထားပါတယ္။

အမီစီယာ က မိန္းကေလးဆိုေပမဲ့ အဲ့သည္ေခတ္ အဲ့သည္တုန္းကထံုးစံေျပာရမလားပဲ Sling လုိ႔ေခၚတဲ့ လက္နက္ကိုေတာ့ ကြ်မ္းကြ်မ္းက်င္က်င္သံုးတတ္ပါတယ္၊
Sling ဆိုတာကျမင္သာေအာင္ေျပာရရင္ က်ေနာ္တို႔စီက ေလာက္စာထည့္ပစ္ရတဲ့ ေလာက္ေလးခြ နဲ႔ အသြင္တူပါတယ္။
အဲ့ Sling နဲ႔ပဲ ဂိမ္းတစ္ေလ်ာက္ ဇာတ္လမ္းတစ္ေလ်ာက္ အတားအစီးေတြကို ဖ်က္ေက်ာ္ရမွာပါ။
သူ႔ရဲ႕ ေမာင္ငယ္ ဟူဂို က ေမြးရာပါ အနာေရာဂါရိွေလေတာ့ မိခင္ကပဲ သူတတ္ကြ်မ္းတဲ့ ေဆးပညာနဲ႔ ေရာဂါဆက္မတိုးေအာင္ ကေလးကို အျပင္မထြက္ေစပဲ ကုသေပးေနပါတယ္။
အဲ့သည္ေခတ္က ၾကြက္ေတြကေနကူးတဲ့ ကပ္ ေရာဂါတစ္မ်ိဳးလည္းရိွေနပီး ၾကြက္ကိုက္ခံထိတဲ့ လူတစ္ေယာက္ဟာၾကာၾကာအသက္မရွင္သလို သူနဲ႔အေနနီးတဲ့လူေတြပါကူးစက္တတ္တာမို႔ လူတိုင္းလုိလုိဟာ သူ႔အစု ကိုယ့္အစုနဲ႔ ေဘးလူအေရာမခံပဲေနၾကတာမ်ားပါတယ္။

တေန႔သူတို႔ေနထုိင္ရာအသိုက္အၿမံဳေလးပ်က္စီးစရာအေၾကာင္းအရာတစ္ခုဖန္လာပါတယ္။
"The Inquisition" အဖြဲ႔မွ စစ္ေခါင္းေဆာင္ နီကိုလာ (Lord Nicholas) ဦးေဆာင္တဲ့တပ္က အမီစီယာ (Amicia) ရဲ႕ ဖခင္ကိုဖမ္းကာ သူ႔သား ဟူဂို (Hugo) ကုိ ထုတ္ေပးဖုိ႔ဖိအားေပးပါတယ္။
မရတဲ့အဆံုး အမီစီယာရဲ႕ ဖခင္ကို သတ္ပစ္လုိက္ပီး အိမ္နဲ႔ ရြာထဲ ဟူဂို ကိုေျမလွန္ရွာဖို႔စိုင္းျပင္းပါေတာ့တယ္။
ဒီမွာတင္ မိခင္လုပ္တဲ့သူက အမီစီယာ (Amicia) နဲ႔အတူ သားငယ္ ဟူဂို (Hugo) ကိုေခၚကာ "The Inquisition" အဖြဲ႔ရဲ႕ေဘးကေနလြတ္ေအာင္ေျပးၾကပါတယ္။
ဒါေပမဲ့ အဆံုးသတ္မွာေတာ့ အမီစီယာတို႔ ေမာင္ႏွမ ႏွစ္ေယာက္ပဲ လြတ္ေျမာက္သြားပါတယ္။

ဂိမ္းတစ္ေလ်ာက္ကစားသြားရမွာက အမီစီယာ ရဲ႕ေနရာကေနပါ။
ဖခင္ျဖစ္တဲ့သူ ကိုယ့္မ်က္စိေရွ႕မွာ အသက္ခံရတာကိုျမင္လိုက္ရတဲ့ မိန္းကေလးတစ္ေယာက္၊
ေမာင္ငယ္လုပ္တဲ့သူကို ဘာေၾကာင့္ "The Inquisition" အဖြဲ႕က အသည္းသန္လုိခ်င္ရတာကုိလည္း မသိ၊
ၾကားထဲ ဘယ္ကေပၚလာမွန္းမသိတဲ့ သက္ရိွမွန္သမွ် စကၠန္႔ပိုင္းအတြင္း အရိုးပဲက်န္တဲ့အထိကိုက္၀ါးႏုိင္တဲ့ အေကာင္ေရေထာင္ေသာင္းမကေသာ ၾကြက္ေတြရဲ႕ ရန္ကတစ္မ်ိဳး၊
ဒီလို မသိျခင္းေတြနဲ႔အတူ ကိုယ္နဲ႔ ကိုယ့္ေမာင္ငယ္ အႏၱရာယ္ေတြၾကားကေနလြတ္ေျမာက္ဖုိ႔ အတြက္ နဂိုက စာကေလးတစ္ေကာင္ကိုေတာင္မွ မသတ္ခဲ့တဲ့ မိန္းမငယ္တစ္ဦးက လူတစ္ေယာက္ကိုပထမဆံုးအႀကိမ္အျဖစ္ သတ္လုိက္ရတဲ့အခါမွာ စိတ္တုန္လႈပ္သြားတဲ့ခံစားခ်က္မ်ိဳး . .

စတဲ့ စတဲ့ emotion ေတြကို ကစားသူ ပေလယာ က်ေနာ္ကိုယ္တိုင္ ခံစားေနရသည့္အလား A Plague Tale: Innocence က စိတ္ခံစားခ်က္ကို ေကာင္းေကာင္းၾကီး လံႈ႔ေဆာ္ေပးခဲ့ပါတယ္။

စတူဒီယုိ မၾကားဖူးလို႔ မေဆာ့ပဲပစ္ထားခဲ့တဲ့က်ေနာ့္ကို ဂိမ္းက ပညာေပးလိုက္တာမ်ားလားပါပဲ . .
ငါတို႔ကို အထင္ေသးတယ္ေပါ့ဆိုပီး . .
ဇာတ္လမ္းဇာတ္အိမ္ပိုင္းမွာ အျပစ္ဆိုစရာသိပ္မရိွပဲ အဆံုးထိဆြဲေခၚသြားႏိုင္စြမ္းရိွတဲ့ ဂိမ္းတစ္ခုပါ။

Gameplay


ဂိမ္းပေလးပိုင္းက ဇာတ္လမ္းရဲ႕ 95% ေလာက္ကို အမီစီယာရဲ႕ေနရာကေန third-persion view နဲ႔ ကစားရမွာပါ၊
သူမရဲ႕ လက္နက္ျဖစ္တဲ့ Sling ကုိ အဓိကထားပီးသံုးရမယ္၊
ေက်ာက္ခဲထည့္ပီးေခါင္းကိုပစ္ရင္ တစ္ခ်က္ထဲနဲ႔ ရန္သူေတြ ကိစၥေခ်ာတယ္၊
တကယ္လို႔ ရန္သူက သံခ်ပ္ေခါင္းစြပ္ထားရင္ေတာ့ အဲ့သံခ်ပ္ေခါင္းစြပ္ကို အရင္ကြ်တ္ေအာင္လုပ္ရပါမယ္။
Sling ထဲကုိ Devorantis လုိ႔ေခၚတဲ့ ဓာတုဓာတ္ျပဳပစၥည္းနဲ႔ ထည့္ပီး ပစ္လိုက္ရင္ ရန္သူက မခံစားႏိုင္ျဖစ္ပီး သံခ်ပ္ေခါင္းစြပ္ခြ်တ္ပါလိမ့္မယ္၊
အဲ့ေတာ့မွ ေက်ာက္ခဲနဲ႔ထပ္ပစ္။
ဒီလုိမွမဟုတ္ဘူး ၾကြက္ေတြရိွတဲ့ေနရာကုိမွ်ားေခၚပီး သတ္တာမ်ိဳး (ဒါမွမဟုတ္) ၾကြက္ေတြကို ရန္သူ႔အနားကိုေရာက္ေအာင္လုပ္ပီး သတ္တာမ်ိဳး အစရိွသျဖင့္ ကိုယ့္မွာရိွတဲ့ item ေတြနဲ႔ ပတ္၀န္းက်င္အေပၚမူတည္ပီး အခြင့္အေရးအမ်ိဳးမ်ိဳး ဖန္တီးလုိ႔လည္းရပါတယ္။
(ၾကြက္ေတြက မီးအလင္းေရာင္ကုိ ေၾကာက္ပါတယ္)

hide and run အမ်ိဳးအစားမို႔ ရန္သူက ကိုယ့္ကိုျမင္သြားရင္ေတာ့ ကိုယ္ေသဖို႔က 90% ေလာက္ေသခ်ာပါတယ္။
ဒီလုိဆုိရင္ ဂိမ္းက ခက္ပီး ပ်င္းစရာေကာင္းေနမယ္လို႔ေတြးမိမွာပါ၊
ဒပေလာ့ပါ Asobo Studio က ဒီအခ်က္ေတြေတြးမိလို႔ puzzle တစ္ခ်ိဳ႕လည္းထည့္ထားပါတယ္။
puzzle ဆုိေပမဲ့ သိပ္ေတာ့ ဦးေႏွာက္စား ခက္ခဲမဲ့ အရာမ်ိဳးေတြမဟုတ္ပဲ ေပါ့ေပါ့ပါးပါးနဲ႕ စိတ္၀င္စားစရာေကာင္းေအာင္ဖန္တီးေပးထားတာပါ။
puzzle ေတြကိုေျဖရွင္းဖို႔ ပါတနာေတြရဲ႕ အကူအညီတစ္ခ်ိဳ႕ကိုယူရမယ္၊
သူတို႔ကို ဘာလုပ္ ဘယ္သြားဆုိပီး အတိုင္းအတာတစ္ခုအထိ ျပဳလုပ္ခြင့္ေပးထားတယ္။
ဂိမ္းပေလးပိုင္းက အေကာင္းဆံုးထဲမွာမပါေပမဲ့ ကစားသူလက္ခံႏိုင္မဲ့ ဆန္းသစ္တဲ့ အေနအထားတစ္ခုေတာ့ A Plague Tale: Innocence က ေပးစြမ္းပါတယ္။
ဇာတ္လမ္းအဆံုးထိပီးဖို႔ က်ေနာ့္အေနနဲ႔ 8 နာရီခန္႔ အခ်ိန္ေပးရပါတယ္။

Graphics & Sound


ဇာတ္လမ္းနဲ႔ ဂိမ္းပေလးက ေကာင္းသလုိပဲ ဂိမ္းကိုဖန္တီးပံုေဖာ္ထားတဲ့ ဇာတ္ေကာင္နဲ႔ ပါတ္၀န္းက်င္ေတြက အေတာ္ႀကီးကိုႏွစ္လုိဖြယ္ရာရိွပါတယ္။
Asobo လုိ စတူဒီယိုငယ္တစ္ခုကေန Triple-A quality game မ်ိဳး ဂရပ္ဖစ္အရည္အေသြးကိုဖန္တီးေပးႏိုင္တာက အံ့ၾသသင့္ဖြယ္ပါပဲ၊
က်ေနာ့္အေနနဲ႔ယခုလုိမ်ိဳး မေမွ်ာ္လင့္ထားပါဘူး။
volumetric lighting နဲ႔ texture ပိုင္းမွာ အေကာင္းဆံုးအေနအထားမွာရိွၿပီး ဂိမ္းထဲက ဇာတ္ေကာင္ေတြရဲ႕ မ်က္ႏွာသြင္ျပင္ေတြကလည္း တစ္ေယာက္ျခင္းရိွရဲ႕ခံစားခ်က္အတိုင္း တစ္ထပ္တည္းနီးပါးျဖစ္ေအာင္ျပဳလုပ္ထားႏိုင္တာကိုေတြ႕ရပါတယ္။
အထူးသျဖင့္ ဟူဂို (Hugo) ရဲ႕ အျပစ္ကင္းတဲ့ ကေလးငယ္တစ္ေယာက္ရဲ႕ မ်က္ႏွာသြင္ျပင္က ဇာတ္လမ္းရဲ႕ အေနအထား tempo အေပၚမူတည္ပီး အလိုက္သင့္ရိွေနတာက ေတာ္ေတာ္ၾကီးကို သဘာ၀က်ပီး ႏွစ္လုိဖြယ္ရာပါ။
lip-sync ပိုင္းမွာေတာ့ အနည္းငယ္လုိအပ္ခ်က္ေလးေတြရိွေပမဲ့ အျပစ္ဆုိဖြယ္ရာအေနအထားေတာ့မဟုတ္ပါဘူး။
အသံပိုင္းမွာလည္း ၾကြက္ေတြအုပ္လုိက္ၾကီး ေနရာပတ္လည္ကေနေအာ္ေနတဲ့အသံကို ေခ်ာက္ခ်ားဖြယ္ရာ စိတ္မသတ္မသာျဖစ္ဖြယ္ရာအတိျဖစ္ေအာင္ ကစားသူကို တြန္းပို႔ေပးႏိုင္ပါတယ္။

PC Performance


A Plague Tale: Innocence က PC, PS4, Xbox One တို႔အတြက္ May 14, 2019 ကမွ အတူတူထြက္ထားတာပါ။
က်ေနာ္က PC မွာဆိုေတာ့ PC Performance Analysis ကို ထည့္မေျပာရင္ မျပည့္စံုဘူးလို႔ခံယူထားတဲ့အတြက္ ခပ္ပါးပါးေလးေျပာပါ့မယ္။
Core i5-6500
GTX 1660 Gaming X
16GB @2133MHz
Full HD (1920x1080) monitor
သံုးထားတဲ့စက္မွာ ultra (everything max) ကုိ ဂိမ္းတစ္ေလ်ာက္ 80FPS avg နဲ႔ run ပါတယ္။

quad core အမ်ိဳးအစား i5-6500 က avg load 75% အထိပဲယူတာမို႔ dual core (i3) နဲ႔ pentium G စီးရီး စီပီယူပုိင္ရွင္ေတြအေနနဲ႔ သိပ္စိတ္ပူစရာမလိုပဲေဆာ့လုိ႔ရပါေသးတယ္။

ဂရပ္ဖစ္ကတ္အေနနဲ႔ full hd (medium settings) အတြက္ run မယ္ဆိုရင္ GTX 750 Ti (or) GTX 950 (or) AMD ထဲကဆုိရင္ RX 460 ျဖစ္ဖို႔လိုအပ္ပါလိမ့္မယ္။
(NVIDIA အသံုးျပဳသူေတြအေနနဲ႔ သီးသန္႔ photo mode တစ္ခုျဖစ္တဲ့ Ansel ကိုလည္းအေထာက္အပံ့ေပးပါတယ္)

Core i5 (legacy) or Core i3 (8th gen) နဲ႔ အတူ GTX 1060, RAM 8GB သာရိွမယ္ဆုိရင္ detail ကုိ 1080p မွာ အျမင့္ဆံုးထိထားပီး 60FPS နဲ႔  PS4/Xbox One ထက္သာလြန္တဲ့ ရုပ္ထြက္နဲ႔ ေခ်ာေမြ႔မႈကို အသာေလး ထုတ္ေပးႏိုင္မွာျဖစ္ပါတယ္။

Official Website >> http://aplaguetale.com/en

Credit to original writer, Seo Thu Aung


Unicode



Asobo Studio ကရေးဆွဲပြီး Focus Home Interactive က ဖြန့်ချိတဲ့ A Plague Tale: Innocence ကို ကျနော် review လုပ်တာနည်းနည်းနောက်ကျနေပီလို့ပြောလို့ရပါတယ် . .
ဂိမ်းက ထွက်တာ မေလ ၁၄ ရက်နေ့ကတည်းကဆိုတော့ နှစ်လနီးပါးရှိပါပြီ။

နောက်ကျရတဲ့အကြောင်းရင်းက Asobo Studio ကြောင့်ပါ။
သူ့ကိုကျနော်ခုမှကြားဖူးတာ၊
ခုမှကြားဖူးတဲ့ ဂိမ်းစတူဒီယိုက ထုတ်တဲ့ဂိမ်းတစ်ခုကို ကောင်းမှကောင်းပါ့မလားဆိုတဲ့ သံသယစိတ် အထင်မကြီးတဲ့စိတ်တွေနဲ့၊
ဂိမ်း trailer တွေထွက်လာစဉ်ကလည်း ကြည့်ပီး ဒါတော့ ငါသဘောကျမဲ့ပုံစံတော့မဟုတ်လောက်ဘူး၊
indie ဂိမ်းသာသာနဲ့ ကြွက်တွေကြားထဲကနေလွတ်အောင်ရှောင် human-escort လုပ်ရတဲ့ ဂိမ်းတစ်ခုဆိုပီးပလပ်ထားတော့ မဆော့ဖြစ် review မရေးဖြစ်တော့ဘူး။
နောက်တစ်ချက်က kid . .
ကလေး တွေပါတဲ့ (ဦးစားပေးထားတဲ့) ဂိမ်းမျိုး ရုပ်ရှင်မျိုးဆိုရင် ကျနော့်အနေနဲ့ စိတ်ဝင်တစား ဖြစ်လေ့မရှိဘူး။

ဒါပေမဲ့ ဖြစ်ချင်တော့ လွန်ခဲ့တဲ့သုံးရက်လောက်ကမှ ဘာမှဆော့စရာမရှိတော့မယ့်အတူတူ စမ်းကြည့်လိုက်ပါအုံးမယ်လေဆိုပြီး စ လိုက်တာ ထိုင်ရာမထ တမ်းတမ်းဆွဲဖြစ်သွားပြီး ခုလို review ပါ ရေးရတဲ့အထိဖြစ်သွားပါတယ်။

Credit to original writer, Seo Thu Aung

Story


ဂိမ်းအကြောင်းကို အတတ်နိုင်ဆုံး spoiler မပါပဲပြောရရင် ခရစ်သက္ကရာဇစ် 1348 ခုနှစ်များစီက တော်ဝင်မျိုးနွယ်မိသားစုတစ်စု နောက်ပါခြွေရံတွေနဲ့ ရွာငယ်လေးတစ်ရွာတည်ပီးအခြေချနေထိုင်ကြပါတယ်။

အဲဒီမှာ တော်ဝင်မိသားစုရဲ့ သားနဲ့သမီး အဓိကဇာတ်ကောင် အမီစီယာ (Amicia) လို့အမည်ရတဲ့ မိန်းကလေးနဲ့ သူ့မောင်လေး ဟူဂို (Hugo) ကို ဇာတ်လမ်းကဦးတည်ထားပါတယ်။
အမီစီယာ က မိန်းကလေးဆိုပေမဲ့ အဲ့သည်ခေတ် အဲ့သည်တုန်းကထုံးစံပြောရမလားပဲ Sling လို့ခေါ်တဲ့ လက်နက်ကိုတော့ ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ပါတယ်၊
Sling ဆိုတာကမြင်သာအောင်ပြောရရင် ကျနော်တို့စီက လောက်စာထည့်ပစ်ရတဲ့ လောက်လေးခွ နဲ့ အသွင်တူပါတယ်။
အဲ့ Sling နဲ့ပဲ ဂိမ်းတစ်လျောက် ဇာတ်လမ်းတစ်လျောက် အတားအစီးတွေကို ဖျက်ကျော်ရမှာပါ။
သူ့ရဲ့ မောင်ငယ် ဟူဂို က မွေးရာပါ အနာရောဂါရှိလေတော့ မိခင်ကပဲ သူတတ်ကျွမ်းတဲ့ ဆေးပညာနဲ့ ရောဂါဆက်မတိုးအောင် ကလေးကို အပြင်မထွက်စေပဲ ကုသပေးနေပါတယ်။
အဲ့သည်ခေတ်က ကြွက်တွေကနေကူးတဲ့ ကပ် ရောဂါတစ်မျိုးလည်းရှိနေပီး ကြွက်ကိုက်ခံထိတဲ့ လူတစ်ယောက်ဟာကြာကြာအသက်မရှင်သလို သူနဲ့အနေနီးတဲ့လူတွေပါကူးစက်တတ်တာမို့ လူတိုင်းလိုလိုဟာ သူ့အစု ကိုယ့်အစုနဲ့ ဘေးလူအရောမခံပဲနေကြတာများပါတယ်။

တနေ့သူတို့နေထိုင်ရာအသိုက်အမြုံလေးပျက်စီးစရာအကြောင်းအရာတစ်ခုဖန်လာပါတယ်။

"The Inquisition" အဖွဲ့မှ စစ်ခေါင်းဆောင် နီကိုလာ (Lord Nicholas) ဦးဆောင်တဲ့တပ်က အမီစီယာ (Amicia) ရဲ့ ဖခင်ကိုဖမ်းကာ သူ့သား ဟူဂို (Hugo) ကို ထုတ်ပေးဖို့ဖိအားပေးပါတယ်။
မရတဲ့အဆုံး အမီစီယာရဲ့ ဖခင်ကို သတ်ပစ်လိုက်ပီး အိမ်နဲ့ ရွာထဲ ဟူဂို ကိုမြေလှန်ရှာဖို့စိုင်းပြင်းပါတော့တယ်။ ဒီမှာတင် မိခင်လုပ်တဲ့သူက အမီစီယာ (Amicia) နဲ့အတူ သားငယ် ဟူဂို (Hugo) ကိုခေါ်ကာ "The Inquisition" အဖွဲ့ရဲ့ဘေးကနေလွတ်အောင်ပြေးကြပါတယ်။

ဒါပေမဲ့ အဆုံးသတ်မှာတော့ အမီစီယာတို့ မောင်နှမ နှစ်ယောက်ပဲ လွတ်မြောက်သွားပါတယ်။

ဂိမ်းတစ်လျောက်ကစားသွားရမှာက အမီစီယာ ရဲ့နေရာကနေပါ။

ဖခင်ဖြစ်တဲ့သူ ကိုယ့်မျက်စိရှေ့မှာ အသက်ခံရတာကိုမြင်လိုက်ရတဲ့ မိန်းကလေးတစ်ယောက်၊
မောင်ငယ်လုပ်တဲ့သူကို ဘာကြောင့် "The Inquisition" အဖွဲ့က အသည်းသန်လိုချင်ရတာကိုလည်း မသိ၊ ကြားထဲ ဘယ်ကပေါ်လာမှန်းမသိတဲ့ သက်ရှိမှန်သမျှ စက္ကန့်ပိုင်းအတွင်း အရိုးပဲကျန်တဲ့အထိကိုက်ဝါးနိုင်တဲ့ အကောင်ရေထောင်သောင်းမကသော ကြွက်တွေရဲ့ ရန်ကတစ်မျိုး၊
ဒီလို မသိခြင်းတွေနဲ့အတူ ကိုယ်နဲ့ ကိုယ့်မောင်ငယ် အန္တရာယ်တွေကြားကနေလွတ်မြောက်ဖို့ အတွက် နဂိုက စာကလေးတစ်ကောင်ကိုတောင်မှ မသတ်ခဲ့တဲ့ မိန်းမငယ်တစ်ဦးက လူတစ်ယောက်ကိုပထမဆုံးအကြိမ်အဖြစ် သတ်လိုက်ရတဲ့အခါမှာ စိတ်တုန်လှုပ်သွားတဲ့ခံစားချက်မျိုး . .
စတဲ့ စတဲ့ emotion တွေကို ကစားသူ ပလေယာ ကျနော်ကိုယ်တိုင် ခံစားနေရသည့်အလား A Plague Tale: Innocence က စိတ်ခံစားချက်ကို ကောင်းကောင်းကြီး လှုံ့ဆော်ပေးခဲ့ပါတယ်။

စတူဒီယို မကြားဖူးလို့ မဆော့ပဲပစ်ထားခဲ့တဲ့ကျနော့်ကို ဂိမ်းက ပညာပေးလိုက်တာများလားပါပဲ . .

ငါတို့ကို အထင်သေးတယ်ပေါ့ဆိုပီး . .

ဇာတ်လမ်းဇာတ်အိမ်ပိုင်းမှာ အပြစ်ဆိုစရာသိပ်မရှိပဲ အဆုံးထိဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့ ဂိမ်းတစ်ခုပါ။

Gameplay


ဂိမ်းပလေးပိုင်းက ဇာတ်လမ်းရဲ့ 95% လောက်ကို အမီစီယာရဲ့နေရာကနေ third-persion view နဲ့ ကစားရမှာပါ၊

သူမရဲ့ လက်နက်ဖြစ်တဲ့ Sling ကို အဓိကထားပီးသုံးရမယ်၊
ကျောက်ခဲထည့်ပီးခေါင်းကိုပစ်ရင် တစ်ချက်ထဲနဲ့ ရန်သူတွေ ကိစ္စချောတယ်၊
တကယ်လို့ ရန်သူက သံချပ်ခေါင်းစွပ်ထားရင်တော့ အဲ့သံချပ်ခေါင်းစွပ်ကို အရင်ကျွတ်အောင်လုပ်ရပါမယ်။

Sling ထဲကို Devorantis လို့ခေါ်တဲ့ ဓာတုဓာတ်ပြုပစ္စည်းနဲ့ ထည့်ပီး ပစ်လိုက်ရင် ရန်သူက မခံစားနိုင်ဖြစ်ပီး သံချပ်ခေါင်းစွပ်ချွတ်ပါလိမ့်မယ်၊
အဲ့တော့မှ ကျောက်ခဲနဲ့ထပ်ပစ်။
ဒီလိုမှမဟုတ်ဘူး ကြွက်တွေရှိတဲ့နေရာကိုမျှားခေါ်ပီး သတ်တာမျိုး (ဒါမှမဟုတ်) ကြွက်တွေကို ရန်သူ့အနားကိုရောက်အောင်လုပ်ပီး သတ်တာမျိုး အစရှိသဖြင့် ကိုယ့်မှာရှိတဲ့ item တွေနဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပီး အခွင့်အရေးအမျိုးမျိုး ဖန်တီးလို့လည်းရပါတယ်။

(ကြွက်တွေက မီးအလင်းရောင်ကို ကြောက်ပါတယ်)

hide and run အမျိုးအစားမို့ ရန်သူက ကိုယ့်ကိုမြင်သွားရင်တော့ ကိုယ်သေဖို့က 90% လောက်သေချာပါတယ်။

ဒီလိုဆိုရင် ဂိမ်းက ခက်ပီး ပျင်းစရာကောင်းနေမယ်လို့တွေးမိမှာပါ၊

ဒပလော့ပါ Asobo Studio က ဒီအချက်တွေတွေးမိလို့ puzzle တစ်ချို့လည်းထည့်ထားပါတယ်။

puzzle ဆိုပေမဲ့ သိပ်တော့ ဦးနှောက်စား ခက်ခဲမဲ့ အရာမျိုးတွေမဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာကောင်းအောင်ဖန်တီးပေးထားတာပါ။

puzzle တွေကိုဖြေရှင်းဖို့ ပါတနာတွေရဲ့ အကူအညီတစ်ချို့ကိုယူရမယ်၊
သူတို့ကို ဘာလုပ် ဘယ်သွားဆိုပီး အတိုင်းအတာတစ်ခုအထိ ပြုလုပ်ခွင့်ပေးထားတယ်။
ဂိမ်းပလေးပိုင်းက အကောင်းဆုံးထဲမှာမပါပေမဲ့ ကစားသူလက်ခံနိုင်မဲ့ ဆန်းသစ်တဲ့ အနေအထားတစ်ခုတော့ A Plague Tale: Innocence က ပေးစွမ်းပါတယ်။
ဇာတ်လမ်းအဆုံးထိပီးဖို့ ကျနော့်အနေနဲ့ 8 နာရီခန့် အချိန်ပေးရပါတယ်။

Graphics & Sound


ဇာတ်လမ်းနဲ့ ဂိမ်းပလေးက ကောင်းသလိုပဲ ဂိမ်းကိုဖန်တီးပုံဖော်ထားတဲ့ ဇာတ်ကောင်နဲ့ ပါတ်ဝန်းကျင်တွေက အတော်ကြီးကိုနှစ်လိုဖွယ်ရာရှိပါတယ်။
Asobo လို စတူဒီယိုငယ်တစ်ခုကနေ Triple-A quality game မျိုး ဂရပ်ဖစ်အရည်အသွေးကိုဖန်တီးပေးနိုင်တာက အံ့သြသင့်ဖွယ်ပါပဲ၊
ကျနော့်အနေနဲ့ယခုလိုမျိုး မမျှော်လင့်ထားပါဘူး။
volumetric lighting နဲ့ texture ပိုင်းမှာ အကောင်းဆုံးအနေအထားမှာရှိပြီး ဂိမ်းထဲက ဇာတ်ကောင်တွေရဲ့ မျက်နှာသွင်ပြင်တွေကလည်း တစ်ယောက်ခြင်းရှိရဲ့ခံစားချက်အတိုင်း တစ်ထပ်တည်းနီးပါးဖြစ်အောင်ပြုလုပ်ထားနိုင်တာကိုတွေ့ရပါတယ်။

အထူးသဖြင့် ဟူဂို (Hugo) ရဲ့ အပြစ်ကင်းတဲ့ ကလေးငယ်တစ်ယောက်ရဲ့ မျက်နှာသွင်ပြင်က ဇာတ်လမ်းရဲ့ အနေအထား tempo အပေါ်မူတည်ပီး အလိုက်သင့်ရှိနေတာက တော်တော်ကြီးကို သဘာဝကျပီး နှစ်လိုဖွယ်ရာပါ။
lip-sync ပိုင်းမှာတော့ အနည်းငယ်လိုအပ်ချက်လေးတွေရှိပေမဲ့ အပြစ်ဆိုဖွယ်ရာအနေအထားတော့မဟုတ်ပါဘူး။
အသံပိုင်းမှာလည်း ကြွက်တွေအုပ်လိုက်ကြီး နေရာပတ်လည်ကနေအော်နေတဲ့အသံကို ချောက်ချားဖွယ်ရာ စိတ်မသတ်မသာဖြစ်ဖွယ်ရာအတိဖြစ်အောင် ကစားသူကို တွန်းပို့ပေးနိုင်ပါတယ်။

PC Performance


A Plague Tale: Innocence က PC, PS4, Xbox One တို့အတွက် May 14, 2019 ကမှ အတူတူထွက်ထားတာပါ။

ကျနော်က PC မှာဆိုတော့ PC Performance Analysis ကို ထည့်မပြောရင် မပြည့်စုံဘူးလို့ခံယူထားတဲ့အတွက် ခပ်ပါးပါးလေးပြောပါ့မယ်။

Core i5-6500
GTX 1660 Gaming X
16GB @2133MHz
Full HD (1920x1080) monitor

သုံးထားတဲ့စက်မှာ ultra (everything max) ကို ဂိမ်းတစ်လျောက် 80FPS avg နဲ့ run ပါတယ်။

quad core အမျိုးအစား i5-6500 က avg load 75% အထိပဲယူတာမို့ dual core (i3) နဲ့ pentium G စီးရီး စီပီယူပိုင်ရှင်တွေအနေနဲ့ သိပ်စိတ်ပူစရာမလိုပဲဆော့လို့ရပါသေးတယ်။

ဂရပ်ဖစ်ကတ်အနေနဲ့ full hd (medium settings) အတွက် run မယ်ဆိုရင် GTX 750 Ti (or) GTX 950 (or) AMD ထဲကဆိုရင် RX 460 ဖြစ်ဖို့လိုအပ်ပါလိမ့်မယ်။

(NVIDIA အသုံးပြုသူတွေအနေနဲ့ သီးသန့် photo mode တစ်ခုဖြစ်တဲ့ Ansel ကိုလည်းအထောက်အပံ့ပေးပါတယ်)

Core i5 (legacy) or Core i3 (8th gen) နဲ့ အတူ GTX 1060, RAM 8GB သာရှိမယ်ဆိုရင် detail ကို 1080p မှာ အမြင့်ဆုံးထိထားပီး 60FPS နဲ့  PS4/Xbox One ထက်သာလွန်တဲ့ ရုပ်ထွက်နဲ့ ချောမွေ့မှုကို အသာလေး ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

Official Website >> http://aplaguetale.com/en

Credit to original writer, Seo Thu Aung

Post a Comment

0 Comments