API Performance Test (Ft. Sapphire Nitro+ RX 580 / MSI GTX 1660 Gaming X)



စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

အရင္ဆုံးစကားပုလႅင္ခံရရင္ AMD ရဲ့ RX 580 နဲ႔ NVIDIA ရဲ့ GTX 1660 မွာ GTX 1660 က ပိုျမန္တယ္ ပို powerful ျဖစ္တယ္ဆိုတာက်ေနာ္သိပါတယ္၊
GTX 1660 level တူဆိုရင္ RX 590 နဲ႔ ယွဥ္ရမွာပါ။

All credit to original writer Seo Thu Aung, Copy from SJH facebook group

ဒါေပမဲ့ ယခု test က သူတို႔ႏွစ္ခု ဘယ္သူကပိုျမန္တယ္ဆိုတာ ႏွိုင္းယွဥ္ဖို႔ထက္ API ေတြအေပၚ ဘယ္လို စြမ္းေဆာင္ရည္မ်ိဳးနဲ႔ handle လုပ္တယ္ဆိုတာကို သိေစဖို႔အတြက္ျဖစ္ပါတယ္။
မတူညီတဲ့ API အသုံးျပဳ ဂိမ္းေတြအေပၚ AMD နဲ႔ NVIDIA ဘယ္သူက ဘယ္လို effective ပိုျဖစ္သလည္းဆိုတာကို ႏွိုင္းယွဥ္ျပသြားမွာပါ။

(API ဆိုတာက နားလည္လြယ္ေအာင္ေျပာရရင္ ဂိမ္းအင္ဂ်င္ နဲ႔ hardware အၾကားကို အေကာင္းမြန္ဆုံးအလုပ္လုပ္နိုင္ေအာင္ စီစဥ္ေပးတဲ့သူလို႔မွတ္လိုက္ပါ။
မန္ေနဂ်ာသေဘာမ်ိဳး မင္းက ဘာအလုပ္လုပ္၊ ဟိုေကာင္က ဘယ္ကိုသြား စတဲ့ ညႊန္ၾကားေပးတဲ့သူ..
အေသးစိတ္သိခ်င္ရင္ေတာ့ developer ေတြကိုေမးပါေလ )

DirectX 11, DirectX 12, Vulkan API သုံးထားတဲ့ ဂိမ္းေတြေတာ္ေတာ္မ်ားမ်ားကိုစမ္းထားပါတယ္။
Windows 10 နဲ႔အတူ promote လုပ္လာတဲ့ DirectX 12 ဆိုရင္ Microsoft က CPU/GPU overhead ကို DX10/11 ေတြထက္ မ်ားစြာေလ်ာ့ခ်ေပးနိုင္တယ္ဆိုပီး ေလ ပစ္ထားတယ္၊
ဒါေပမဲ့ သိၾကတဲ့အတိုင္း DX12 က AMD ဂရပ္ဖစ္ကတ္ေတြအေပၚမွာသာ စြမ္းေဆာင္ရည္ေကာင္းေပမဲ့ NVIDIA ကတ္ေတြဆိုရင္ Pascal (GTX 10 Series) အထိ တိုင္ပတ္လို႔ေကာင္းတုန္းပဲ၊

အခုေနာက္ဆုံးေပၚ Turing (RTX 20/GTX 16 Series) မွာေရာ NVIDIA ကျပင္နိုင္ပီလား၊
အေျခအေနဘယ္လိုရွိလည္းသိရေအာင္လို႔ Turing ကတ္ျဖစ္တဲ့ GTX 1660 နဲ႔ စမ္းထားပါတယ္။

တစ္ဖက္က AMD ရဲ့ RX 580 ကေတာ့ latest gen မဟုတ္တဲ့ Polaris ျဖစ္ပါတယ္။

* Test Setup *

Test Setup ကေတာ့ထုံးစံအတိုင္း

i5-6500 CPU
2x 8GB @2133MHz RAM

Windows 10 v1903 64-bit

Driver
GTX 1660 – GeForce 430.86WHQL
RX 580 – Adrenalin 19.8.1WHQL

ရလဒ္ေလးေတြကိုတစ္ခ်က္ၾကည့္လိုက္ရေအာင္

Battlefield V
(1080p, Max, TAA)

RX 580 - 96FPS DX11 | 89FPS DX12
8℅ Decrease

GTX 1660 - 94FPS DX11 | 93FPS DX12
1% Decrease

Control
(1080p, Max, No AA)

RX 580 - 49FPS DX11 | 50FPS DX12
1% Increase

GTX 1660 - 60FPS DX11 | 54FPS DX12
11% Decrease

Resident Evil 2 Remake
(1080p, Max, TAA)

RX 580 - 96FPS DX11 | 77FPS DX12
25℅ Decrease

GTX 1660 - 96FPS DX11 | 80FPS DX12
20℅ Decrease

Rise of the Tomb Raider
(1080p, Max, No AA)

RX 580 - 66FPS DX11 | 77FPS DX12
14% Increase

GTX 1660 - 91FPS DX11 | 86FPS DX12
6% Decrease

Shadow of the Tomb Raider
(1080p, Max, TAA)

RX 580 - 51FPS DX11 | 65FPS DX12
22% Increase

GTX 1660 - 59FPS DX11 | 65FPS DX12
9% Increase

DirectX12 က Microsoft ေလထြားခဲ့သေလာက္ မဟုတ္ေသးေပမယ္လို႔ AMD ရဲ့ မ်ိဳးဆက္ေဟာင္း Polaris ဟာ NVIDIA ရဲ့ ေနာက္ဆုံးေပၚ Turing ထက္ပင္ ပိုပီး ေကာင္းမြန္တာကိုေတြ႕ရမွာပါ။

သင္ဟာ NVIDIA ဂရပ္ဖစ္ကတ္သုံးတဲ့သူဆိုရင္ DX11 ကပဲ အသင့္ေတာ္ဆုံးျဖစ္ေနဆဲပါပဲ။
တစ္ခုရွိတာက real-time raytracing ကိုသေဘာက်တဲ့သူဆိုရင္ေတာ့ DX12 ကိုမျဖစ္မေန ထားေပးရပါလိမ့္မယ္။
(Remedy's Control မွာ DX11 နဲ႔ run ခဲ့မယ္ဆိုရင္ raytracing ဖြင့္လို႔မရပါဘူး)

* * * * * *
ယခုေအာက္မွာ RX 580 နဲ႔ GTX 1660 တို႔အၾကား စြမ္းေဆာင္ရည္ ဘယ္လိုရွိတယ္ဆိုတာကို စိတ္ဝင္စားသူေတြအတြက္ single API အသုံးျပဳဂိမ္းေတြနဲ႔ ထပ္စမ္းျပထားပါတယ္။

Sapphire Nitro+ RX 580 8GB vs. MSI GTX 1660 Gaming X 6GB

RAGE 2
(1080p, Max)

RX 580 - 69FPS Vulkan
GTX 1660 - 74FPS Vulkan

Assassin's Creed Odyssey
(1080p, Max, AA Ultra)

RX 580 - 37FPS DX11
GTX 1660 - 48FPS DX11

Assassin's Creed Unity
(1080p, Max, 4x MSAA)

RX 580 - 45FPS DX11
GTX 1660 - 55FPS DX11

Tomb Raider
(1080p, Max, 4x SSAA)

RX 580 - 46FPS DX11
GTX 1660 - 60FPS DX11

Middle Earth Shadow of Mordor
(1080p, Max)

RX 580 - 92FPS DX11
GTX 1660 - 102FPS DX11

Far Cry Primal
(1080p, Max, SMAA)

RX 580 - 65FPS DX11
GTX 1660 - 76FPS DX11

Bioshock Infinite
(1080p, Max, DDOF)

RX 580 - 113FPS DX11
GTX 1660 - 115FPS DX11

Batman Arkham Knight
(1080p, Max, GameWorks Disabled)

RX 580 - 88FPS DX11
GTX 1660 - 92FPS DX11

Civilization VI
(1080p, Max, No AA)

RX 580 - 54FPS DX11
GTX 1660 - 55FPS DX11

Devil May Cry 5
(1080p, Max, TAA)

RX 580 - 101FPS DX12
GTX 1660 - 101FPS DX12

Forza Horizon 4
(1080p, Max, 8x MSAA + FXAA)

RX 580 - 57FPS DX12
GTX 1660 - 78FPS DX12

GTX 1660 ဟာ RX 580 8GB ထက္ ပၽွမ္းမၽွအားျဖင့္ 10% ပိုျမန္ပါတယ္။

ဆိုရရင္ GTX 1660 နဲ႔ level တစ္တန္းမွာရွိတာက RX 590 ပါ။

RX 480 to RX 580 to RX 590 ဆိုတာက ၾကားထဲမွာ hardware ပိုင္းကို သိသိသာသာ ေျပာင္းထားတာမ်ိဳးမဟုတ္ပဲ gpu clock speed ကိုပဲ နည္းနည္းထပ္တင္ထားတဲ့ ကတ္ေတြျဖစ္ပါတယ္။
ဒီေတာ့ performance ကလည္း မတိမ္းမယိမ္းပါပဲ။
(RX 580 8GB ဟာ RX 480 8GB ထက္ Rise of the Tomb Raider DX11 test မွာ avg 2FPS ပဲပိုျမန္ပါတယ္)

နိဂုံးခ်ဳပ္ရရင္ DX12 gaming မွာ AMD ဟာ NVIDIA ထက္ အလားအလာပိုေကာင္းပါတယ္။

ပီးေတာ့ AMD ရဲ့ သီးသန႔္ Enhanced Sync ကလည္းပဲ ေတာ္ေတာ္အသုံးဝင္ပါတယ္။

တကယ္လို႔သင္က high end မဟုတ္တဲ့ mid range territory မွာ ဂရပ္ဖစ္ကတ္ေရြးခ်ယ္ခဲ့မယ္ဆိုရင္ AMD ကိုေရြးသင့္ပါတယ္။

GTX 1650 or RX 570 ဆိုရင္ RX 570
GTX 1060 6GB or RX 480/580 8GB ဆိုရင္ RX 480/580
GTX 1660 or RX 590 ဆိုရင္ RX 590

စသျဖင့္ recommend ေပးလိုပါတယ္။

mid range မွာက AMD ကိုဘာလို႔ ညႊန္း လည္းဆိုေတာ့ raytracing ေတြဘာေတြ ထည့္စဥ္းစရာမလိုေတာ့တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။

high end ကေတာ့ ယခုေဆာင္းပါးေရးေနတဲ့အခ်ိန္အထိ NVIDIA က ဆရာႀကီးပါပဲ။

raytracing ပါမယ္၊
power efficient ျဖစ္တယ္၊
heat သိပ္မတက္ဘူး။

$600 range မွာ ဂရပ္ဖစ္ကတ္ရွာေနရင္ေတာ့ NVIDIA ကိုပဲ ေရြးရမွာျဖစ္ပါတယ္။

All credit to original writer Seo Thu Aung, Copy from SJH facebook group



Unicode



API Performance Test
(Ft. Sapphire Nitro+ RX 580 / MSI GTX 1660 Gaming X)
–––––––––––

အရင်ဆုံးစကားပုလ္လင်ခံရရင် AMD ရဲ့ RX 580 နဲ့ NVIDIA ရဲ့ GTX 1660 မှာ GTX 1660 က ပိုမြန်တယ် ပို powerful ဖြစ်တယ်ဆိုတာကျနော်သိပါတယ်၊
GTX 1660 level တူဆိုရင် RX 590 နဲ့ ယှဉ်ရမှာပါ။

All credit to original writer Seo Thu Aung, Copy from SJH facebook group

ဒါပေမဲ့ ယခု test က သူတို့နှစ်ခု ဘယ်သူကပိုမြန်တယ်ဆိုတာ နှိုင်းယှဉ်ဖို့ထက် API တွေအပေါ် ဘယ်လို စွမ်းဆောင်ရည်မျိုးနဲ့ handle လုပ်တယ်ဆိုတာကို သိစေဖို့အတွက်ဖြစ်ပါတယ်။
မတူညီတဲ့ API အသုံးပြု ဂိမ်းတွေအပေါ် AMD နဲ့ NVIDIA ဘယ်သူက ဘယ်လို effective ပိုဖြစ်သလည်းဆိုတာကို နှိုင်းယှဉ်ပြသွားမှာပါ။

(API ဆိုတာက နားလည်လွယ်အောင်ပြောရရင် ဂိမ်းအင်ဂျင် နဲ့ hardware အကြားကို အကောင်းမွန်ဆုံးအလုပ်လုပ်နိုင်အောင် စီစဉ်ပေးတဲ့သူလို့မှတ်လိုက်ပါ။
မန်နေဂျာသဘောမျိုး မင်းက ဘာအလုပ်လုပ်၊ ဟိုကောင်က ဘယ်ကိုသွား စတဲ့ ညွှန်ကြားပေးတဲ့သူ..
အသေးစိတ်သိချင်ရင်တော့ developer တွေကိုမေးပါလေ )

DirectX 11, DirectX 12, Vulkan API သုံးထားတဲ့ ဂိမ်းတွေတော်တော်များများကိုစမ်းထားပါတယ်။
Windows 10 နဲ့အတူ promote လုပ်လာတဲ့ DirectX 12 ဆိုရင် Microsoft က CPU/GPU overhead ကို DX10/11 တွေထက် များစွာလျော့ချပေးနိုင်တယ်ဆိုပီး လေ ပစ်ထားတယ်၊
ဒါပေမဲ့ သိကြတဲ့အတိုင်း DX12 က AMD ဂရပ်ဖစ်ကတ်တွေအပေါ်မှာသာ စွမ်းဆောင်ရည်ကောင်းပေမဲ့ NVIDIA ကတ်တွေဆိုရင် Pascal (GTX 10 Series) အထိ တိုင်ပတ်လို့ကောင်းတုန်းပဲ၊

အခုနောက်ဆုံးပေါ် Turing (RTX 20/GTX 16 Series) မှာရော NVIDIA ကပြင်နိုင်ပီလား၊
အခြေအနေဘယ်လိုရှိလည်းသိရအောင်လို့ Turing ကတ်ဖြစ်တဲ့ GTX 1660 နဲ့ စမ်းထားပါတယ်။

တစ်ဖက်က AMD ရဲ့ RX 580 ကတော့ latest gen မဟုတ်တဲ့ Polaris ဖြစ်ပါတယ်။

* Test Setup *

Test Setup ကတော့ထုံးစံအတိုင်း

i5-6500 CPU
2x 8GB @2133MHz RAM

Windows 10 v1903 64-bit

Driver
GTX 1660 – GeForce 430.86WHQL
RX 580 – Adrenalin 19.8.1WHQL

ရလဒ်လေးတွေကိုတစ်ချက်ကြည့်လိုက်ရအောင်

Battlefield V
(1080p, Max, TAA)

RX 580 - 96FPS DX11 | 89FPS DX12
8℅ Decrease

GTX 1660 - 94FPS DX11 | 93FPS DX12
1% Decrease

Control
(1080p, Max, No AA)

RX 580 - 49FPS DX11 | 50FPS DX12
1% Increase

GTX 1660 - 60FPS DX11 | 54FPS DX12
11% Decrease

Resident Evil 2 Remake
(1080p, Max, TAA)

RX 580 - 96FPS DX11 | 77FPS DX12
25℅ Decrease

GTX 1660 - 96FPS DX11 | 80FPS DX12
20℅ Decrease

Rise of the Tomb Raider
(1080p, Max, No AA)

RX 580 - 66FPS DX11 | 77FPS DX12
14% Increase

GTX 1660 - 91FPS DX11 | 86FPS DX12
6% Decrease

Shadow of the Tomb Raider
(1080p, Max, TAA)

RX 580 - 51FPS DX11 | 65FPS DX12
22% Increase

GTX 1660 - 59FPS DX11 | 65FPS DX12
9% Increase

DirectX12 က Microsoft လေထွားခဲ့သလောက် မဟုတ်သေးပေမယ်လို့ AMD ရဲ့ မျိုးဆက်ဟောင်း Polaris ဟာ NVIDIA ရဲ့ နောက်ဆုံးပေါ် Turing ထက်ပင် ပိုပီး ကောင်းမွန်တာကိုတွေ့ရမှာပါ။

သင်ဟာ NVIDIA ဂရပ်ဖစ်ကတ်သုံးတဲ့သူဆိုရင် DX11 ကပဲ အသင့်တော်ဆုံးဖြစ်နေဆဲပါပဲ။
တစ်ခုရှိတာက real-time raytracing ကိုသဘောကျတဲ့သူဆိုရင်တော့ DX12 ကိုမဖြစ်မနေ ထားပေးရပါလိမ့်မယ်။
(Remedy's Control မှာ DX11 နဲ့ run ခဲ့မယ်ဆိုရင် raytracing ဖွင့်လို့မရပါဘူး)

* * * * * *
ယခုအောက်မှာ RX 580 နဲ့ GTX 1660 တို့အကြား စွမ်းဆောင်ရည် ဘယ်လိုရှိတယ်ဆိုတာကို စိတ်ဝင်စားသူတွေအတွက် single API အသုံးပြုဂိမ်းတွေနဲ့ ထပ်စမ်းပြထားပါတယ်။

Sapphire Nitro+ RX 580 8GB vs. MSI GTX 1660 Gaming X 6GB

RAGE 2
(1080p, Max)

RX 580 - 69FPS Vulkan
GTX 1660 - 74FPS Vulkan

Assassin's Creed Odyssey
(1080p, Max, AA Ultra)

RX 580 - 37FPS DX11
GTX 1660 - 48FPS DX11

Assassin's Creed Unity
(1080p, Max, 4x MSAA)

RX 580 - 45FPS DX11
GTX 1660 - 55FPS DX11

Tomb Raider
(1080p, Max, 4x SSAA)

RX 580 - 46FPS DX11
GTX 1660 - 60FPS DX11

Middle Earth Shadow of Mordor
(1080p, Max)

RX 580 - 92FPS DX11
GTX 1660 - 102FPS DX11

Far Cry Primal
(1080p, Max, SMAA)

RX 580 - 65FPS DX11
GTX 1660 - 76FPS DX11

Bioshock Infinite
(1080p, Max, DDOF)

RX 580 - 113FPS DX11
GTX 1660 - 115FPS DX11

Batman Arkham Knight
(1080p, Max, GameWorks Disabled)

RX 580 - 88FPS DX11
GTX 1660 - 92FPS DX11

Civilization VI
(1080p, Max, No AA)

RX 580 - 54FPS DX11
GTX 1660 - 55FPS DX11

Devil May Cry 5
(1080p, Max, TAA)

RX 580 - 101FPS DX12
GTX 1660 - 101FPS DX12

Forza Horizon 4
(1080p, Max, 8x MSAA + FXAA)

RX 580 - 57FPS DX12
GTX 1660 - 78FPS DX12

GTX 1660 ဟာ RX 580 8GB ထက် ပျှမ်းမျှအားဖြင့် 10% ပိုမြန်ပါတယ်။

ဆိုရရင် GTX 1660 နဲ့ level တစ်တန်းမှာရှိတာက RX 590 ပါ။

RX 480 to RX 580 to RX 590 ဆိုတာက ကြားထဲမှာ hardware ပိုင်းကို သိသိသာသာ ပြောင်းထားတာမျိုးမဟုတ်ပဲ gpu clock speed ကိုပဲ နည်းနည်းထပ်တင်ထားတဲ့ ကတ်တွေဖြစ်ပါတယ်။
ဒီတော့ performance ကလည်း မတိမ်းမယိမ်းပါပဲ။
(RX 580 8GB ဟာ RX 480 8GB ထက် Rise of the Tomb Raider DX11 test မှာ avg 2FPS ပဲပိုမြန်ပါတယ်)

နိဂုံးချုပ်ရရင် DX12 gaming မှာ AMD ဟာ NVIDIA ထက် အလားအလာပိုကောင်းပါတယ်။

ပီးတော့ AMD ရဲ့ သီးသန့် Enhanced Sync ကလည်းပဲ တော်တော်အသုံးဝင်ပါတယ်။

တကယ်လို့သင်က high end မဟုတ်တဲ့ mid range territory မှာ ဂရပ်ဖစ်ကတ်ရွေးချယ်ခဲ့မယ်ဆိုရင် AMD ကိုရွေးသင့်ပါတယ်။

GTX 1650 or RX 570 ဆိုရင် RX 570
GTX 1060 6GB or RX 480/580 8GB ဆိုရင် RX 480/580
GTX 1660 or RX 590 ဆိုရင် RX 590

စသဖြင့် recommend ပေးလိုပါတယ်။

mid range မှာက AMD ကိုဘာလို့ ညွှန်း လည်းဆိုတော့ raytracing တွေဘာတွေ ထည့်စဉ်းစရာမလိုတော့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

high end ကတော့ ယခုဆောင်းပါးရေးနေတဲ့အချိန်အထိ NVIDIA က ဆရာကြီးပါပဲ။

raytracing ပါမယ်၊
power efficient ဖြစ်တယ်၊
heat သိပ်မတက်ဘူး။

$600 range မှာ ဂရပ်ဖစ်ကတ်ရှာနေရင်တော့ NVIDIA ကိုပဲ ရွေးရမှာဖြစ်ပါတယ်။

All credit to original writer Seo Thu Aung, Copy from SJH facebook group

Post a Comment

0 Comments