Beyond: Two Souls Review



ဂ်ိဳဒီ (Jodie Holmes)


ငယ္စဥ္သိတတ္စအရြယ္ကတည္းက မိဘဆုိတာမျမင္ခဲ့ မသိခဲ့ရ ေမြးစားမိဘနဲ႔ေနရသူ.. ေဆြမ်ိဳးရင္းခ်ာဆိုတာေ၀း၊ ကစားေဖာ္ကစားဖက္ သူငယ္ခ်င္းဆုိလည္း သူမနဲ႔ပတ္သတ္ရင္ ထိတ္လန္႔ဖြယ္ရာအျဖစ္ေတြနဲ႔တစ္နည္းမဟုတ္တစ္နည္း ႀကံဳရတာမို႔ ေနာက္ပိုင္း ဂ်ိဳဒီေလးနဲ႔မေဆာ့ကစားျခင္ မပတ္သတ္ျခင္ၾက ..

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
Writer, Seo Thu Aung

ဂ်ိဳဒီဟာ ေဆြမ်ိဳး အေပါင္းအသင္း မရိွဆုိေပမဲ့ လူ႔ေလာကရဲ႕ျဖစ္တည္ရာအျခားတစ္ဖက္မွာေတာ့ (စိတ္နယ္လြန္ / ပရေလာက / Ghost ႀကိဳက္သလုိအဓိပၸာယ္ဖြင့္ႏုိင္ပါတယ္) မိတ္ေဆြ တစ္ေယာက္ရိွပါတယ္။

သူကုိေတာ့ အုိက္ဒင္ (Aiden) လို႔ေခၚပါတယ္

Beyond: Two Souls
Developer: Quantic Dream
Platform: PlayStation 3, PlayStation 4
Release: October 2013

အုိက္ဒင္ဟာ ဂ်ိဳဒီနဲ႔ပတ္သတ္ရင္ သက္ေတာ္ေစာင့္လုိပါပဲ.. ဂ်ိဳဒီခုိင္းတာဘာေနေနျဖစ္ေျမာက္ေအာင္လုပ္ေပးတယ္၊ ဂ်ိဳဒီကုိခုိက္ရန္လုပ္သူေတြကေနကာကြယ္ေပးမယ္၊ မထင္ရင္မထင္သလုိ အသက္ကုိထိခုိက္ေစေလာက္တဲ့အထိအျပဳအမူလက္စားေခ်ျခင္းမ်ိဳးေတြကုိ အိုက္ဒင္ ကျပဳလုပ္တတ္ပါတယ္.. သူ႔ကုိ လူေတြက မျမင္ရ မၾကားရေတာ့ ဂ်ိဳဒီကုိ စုန္း ကေ၀ ေမွာ္အတတ္တတ္တဲ့သူ အျဖစ္ လန္႔ၾက ေၾကာက္ၾကတာေပါ့..

ဘယ္လုိပဲျဖစ္ျဖစ္ အုိက္ဒင္ဟာ ဂ်ိဳဒီ့စကားကုိေတာ့နားေထာင္ပါတယ္၊ သူဟာ လူေတြကုိ အေၾကာင္းမဲ့ရန္မူျခင္းမ်ိဳးမဟုတ္ပဲ ဂ်ိဳဒီကုိ ထိခုိက္လာမွသာတစ္ခုခုျပန္လုပ္တဲ့သေဘာပဲရိွပါတယ္။

ေနသမ္ (Nathan Dawkins)


သူကေတာ့ အစိုးရအဖြဲ႔အစည္းတစ္ခုရဲ႕အတြင္းကေန သဘာ၀စိတ္နယ္လြန္ဆုိင္ရာေတြကုိ သုေတသနျပဳေလ့လာရွာေဖြေနတဲ့ ပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။

ေနသမ္ဟာ ဂ်ိဳဒီရဲ႕သာမန္ထက္ထူးျခားတဲ့ျဖစ္စဥ္ေတြအတြက္ကုိေလ့လာဖုိ႔နဲ႔ တျခားလူေတြကုိမထိခိုက္ေစဖုိ႔ရည္ရြယ္ျပီး ဂ်ိဳဒီရဲ႕ ေမြးစားမိဘေတြထံကေန သူ႔ထိန္းသိမ္းေစာင့္ေရွာက္မႈေအာက္မွာ ေနေစခဲ့ပါတယ္။ ေနသမ္ နဲ႔ သူ႔ရဲ႕ လုပ္ေဖာ္ကုိင္ဖက္ ပညာရွင္ ကုိးလ္ (Cole Freeman) တို႔ရဲ႕သင္ျပေပးမႈ ေစာင့္ေရွာက္မႈေတြေအာက္မွာ ဂ်ိဳဒီဟာ အသက္ ၇ ႏွစ္အရြယ္ကေနစျပီး အရြယ္ေရာက္တဲ့အထိႀကီးျပင္းခဲ့လာရပါတယ္။ ေနသမ္တို႔ရဲ႕ နည္းျပေပးမႈေတြေၾကာင့္ ဒီကာလေတြအတြင္း ဂ်ိဳဒီဟာ အိုက္ဒင္ကုိ ထိန္းခ်ဳပ္ဖုိ႔၊ အိုက္ဒင္ရဲ႕ စြမ္းအားေတြကုိဘယ္လုိအသံုးခ်လုိ႔ရတယ္ အစရိွသျဖင့္ ဂ်ိဳဒီ နဲ႔ အုိက္ဒင္ အၾကား ဆက္ႏြယ္မႈဟာ ငယ္စဥ္ကလုိ ကစဥ့္ကလ်ား မဟုတ္ေတာ့ပဲ ပုိမိုေကာင္းမြန္လာခဲ့ပါတယ္။

ေနသမ့္အတြက္ ဂ်ိဳဒီဟာ သမီးတစ္ေယာက္ျဖစ္သလုိ ဂ်ိဳဒီ့ အတြက္လည္း ေနသမ္ဟာ ဖခင္ေကာင္းတစ္ဦး၊ ကုိးလ္ ဟာ ဦးေလးတစ္ေယာက္ ပါပဲ။

ကုိးလ္ (Cole Freeman)


ေနသမ္နဲ႔အတူ ဂ်ိဳဒီရဲ႕ ျဖစ္ရပ္ေတြကုိေလ့လာတဲ့သူပါ..

ဂ်ိဳဒီကုိ ငယ္စဥ္ကတည္းကသူအနီးကပ္သြန္သင္ေပးခဲ့ရတာဆုိေတာ့ ဂ်ိဳဒီဟာ ကုိးလ္အတြက္ မင္သမီးငယ္ေလးတစ္ေယာက္လုိပါပဲ.. အရမ္းခ်စ္ပါတယ္ .. သံေယာဇဥ္ရိွပါတယ္

ရြိဳင္ယမ္ (Ryan Clayton)


စီအုိင္ေအ (CIA) ေအးဂ်င့္ တစ္ေယာက္ျဖစ္ၿပီး အစိုးရရဲ႕တာ၀န္ေပးမႈအရ ဂ်ိဳဒီကုိ စီအုိင္ေအ မွာအလုပ္လုပ္ေစဖုိ႔ ေဆာင္ရြက္ေပးရသူျဖစ္ပါတယ္။ စီအုိင္ေအရဲ႕ မစ္ရွင္ (mission) ေတြမွာအတူတူပါ၀င္လာရာကေနေနာက္ပိုုင္းမွာေတာ့ ရြိဳင္ယမ္ဟာ ဂ်ိဳဒီကုိ ခ်စ္ႀကိဳက္မိလာပါတယ္။

ငယ္ရြယ္ႏုပ်ိဳမႈရဲ႕လြတ္လပ္ျခင္း၊ လူသားဆန္စြာေနထိုင္လုိမႈ၊ အမိန္႔အရဆုိတဲ့ စီအုိင္ဒီရဲ႕တာ၀န္ အခ်ဳပ္အေႏွာင္ကေနလြတ္ကင္းတဲ့ သာမန္လူတစ္ေယာက္ရဲ႕ေနထုိင္မႈကို ဂ်ိဳဒီဟာ ႀကံဳေတြ႔ဖူးျခင္ ခံစားျခင္တာေၾကာင့္ လြတ္ေျမာက္ဖုိ႔ႀကိဳးစားရာကေန သူမတစ္ခါမွမႀကံဳေတြ႔ဖူးတဲ့ျပင္ပလူေနမႈ၊ အဲ့ေနာက္မွာမွ စိတ္၀ိညာဥ္ဆုိင္ရာျဖစ္ရပ္ေတြ၊ သူမမသိရိွခဲ့ရတဲ့ သူမရဲ႕ဘ၀ကန္႔လန္႔ကာ၊ အုိင္ဒင္ နဲ႔ ၀ိညာဥ္ကမာၻ၊ အုိင္ဒင္ နဲ႔ သူမ စတဲ့ျဖစ္ရပ္ေတြ တစ္ခုၿပီးတစ္ခု ဆက္တုိက္ဆုိသလုိပဲျဖစ္လာသိရိွလာရျပီးေနာက္မွာေတာ့…..

Gameplay


Beyond: Two Souls က interactive drama game အမ်ိဳးအစားျဖစ္တာမုိ႔ သူ႔ရဲ႕ ဂိမ္းပေလး ဟာ controller ကုိ non-stop ေတာက္ေလ်ာက္ဖိႏွိပ္ဖုိ႔ရာမလုိအပ္ပါဘူး။ DualShock 3 controller ရဲ႕ six-axis စနစ္ကုိ အျပည့္အ၀အသံုးခ်ထားတာေႀကာင့္ တစ္ခါတစ္ေလမွာ controller ကုိ အထက္ေအာက္ / ေဘးတုိက္ ေရြ႕လ်ားေပးရတာမ်ိဳး လုပ္ေပးရပါတယ္.. ခလုတ္ေတြႏွိပ္ေနရကာေန ဒါမ်ိဳး motion နဲ႔ လုပ္ေပးရေတာ့ အသစ္အဆန္းျဖစ္သလုိ စိတ္ေက်နပ္ဖုိ႔လည္းေကာင္းပါတယ္။ အဓိက ဇာတ္ေဆာင္ႏွစ္ဦးျဖစ္တဲ့ ဂ်ိဳဒီ နဲ႔ ေနသမ္ တုိ႔ႏွစ္ဦးလံုးအတြက္ motion capture ေတြကုိ Ellen Page (X-Men: The Last Stand, X-Men: Days of Future Past, Inception) နဲ႔ Willem Dafoe (Spider-Man, The Boondock Saints II: All Saints Day) တုိ႔က အသီးသီးသရုပ္ေဆာင္ေပးထားတာဆုိေတာ့ ဂိမ္းတြင္းက ဇာတ္ေကာင္ေတြျဖစ္တဲ့ ဂ်ိဳဒီဟာ Ellen Page နဲ႔တစ္ထပ္တည္းတူေနမွာျဖစ္ကာ ေနသမ္ဟာလည္း Willem Dafoe ရဲ႕ စကားေျပာပံု ေလယူေလသိမ္း အသြင္အျပင္ေတြနဲ႔ dialog ေတြဟာ လံုး၀အသက္၀င္ေနတာပါ။

interactive အျပန္အလွန္ေျပာဆုိဆက္ဆံမႈေတြဟာ ဇာတ္လမ္းရဲ႕အစိတ္အပိုင္းကုိတစ္နည္းတစ္ဖံုအက်ိဳးသက္ေရာက္ေစတာမုိ႔ decision ျပဳလုပ္ရာမွာ ပိုပီးသတိထားလာရေစပါတယ္။ player က ဂ်ိဳဒီေနရာကေနကစားေပးရတာမုိ႔ စီအုိင္ေအ ေအးဂ်င့္ ရြိဳင္ယမ္ က က်ေနာ့္ကုိတစ္ခ်ိဳ႕ေနရာေတြမွာ အျမင္ကတ္ခ်င္ကတ္ေနမွာပါ lol

Supernatural လုိျဖစ္ရပ္မ်ိဳးေတြကုိႏွစ္သက္သူေတြအတြက္ကေတာ့ Beyond: Two Souls ဟာ ဂိမ္းေကာင္းတစ္ခုျဖစ္ေစမွာ ေသခ်ာပါတယ္။

Writer, Seo Thu Aung 


Unicode




ဂျိုဒီ (Jodie Holmes)


ငယ်စဉ်သိတတ်စအရွယ်ကတည်းက မိဘဆိုတာမမြင်ခဲ့ မသိခဲ့ရ မွေးစားမိဘနဲ့နေရသူ.. ဆွေမျိုးရင်းချာဆိုတာဝေး၊ ကစားဖော်ကစားဖက် သူငယ်ချင်းဆိုလည်း သူမနဲ့ပတ်သတ်ရင် ထိတ်လန့်ဖွယ်ရာအဖြစ်တွေနဲ့တစ်နည်းမဟုတ်တစ်နည်း ကြုံရတာမို့ နောက်ပိုင်း ဂျိုဒီလေးနဲ့မဆော့ကစားခြင် မပတ်သတ်ခြင်ကြ ..

Writer, Seo Thu Aung 

ဂျိုဒီဟာ ဆွေမျိုး အပေါင်းအသင်း မရှိဆိုပေမဲ့ လူ့လောကရဲ့ဖြစ်တည်ရာအခြားတစ်ဖက်မှာတော့ (စိတ်နယ်လွန် / ပရလောက / Ghost ကြိုက်သလိုအဓိပ္ပာယ်ဖွင့်နိုင်ပါတယ်) မိတ်ဆွေ တစ်ယောက်ရှိပါတယ်။

သူကိုတော့ အိုက်ဒင် (Aiden) လို့ခေါ်ပါတယ်

Beyond: Two Souls
Developer: Quantic Dream
Platform: PlayStation 3, PlayStation 4
Release: October 2013

အိုက်ဒင်ဟာ ဂျိုဒီနဲ့ပတ်သတ်ရင် သက်တော်စောင့်လိုပါပဲ.. ဂျိုဒီခိုင်းတာဘာနေနေဖြစ်မြောက်အောင်လုပ်ပေးတယ်၊ ဂျိုဒီကိုခိုက်ရန်လုပ်သူတွေကနေကာကွယ်ပေးမယ်၊ မထင်ရင်မထင်သလို အသက်ကိုထိခိုက်စေလောက်တဲ့အထိအပြုအမူလက်စားချေခြင်းမျိုးတွေကို အိုက်ဒင် ကပြုလုပ်တတ်ပါတယ်.. သူ့ကို လူတွေက မမြင်ရ မကြားရတော့ ဂျိုဒီကို စုန်း ကေ၀ မှော်အတတ်တတ်တဲ့သူ အဖြစ် လန့်ကြ ကြောက်ကြတာပေါ့..

ဘယ်လိုပဲဖြစ်ဖြစ် အိုက်ဒင်ဟာ ဂျိုဒီ့စကားကိုတော့နားထောင်ပါတယ်၊ သူဟာ လူတွေကို အကြောင်းမဲ့ရန်မူခြင်းမျိုးမဟုတ်ပဲ ဂျိုဒီကို ထိခိုက်လာမှသာတစ်ခုခုပြန်လုပ်တဲ့သဘောပဲရှိပါတယ်။

နေသမ် (Nathan Dawkins)


သူကတော့ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့အတွင်းကနေ သဘာဝစိတ်နယ်လွန်ဆိုင်ရာတွေကို သုတေသနပြုလေ့လာရှာဖွေနေတဲ့ ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

နေသမ်ဟာ ဂျိုဒီရဲ့သာမန်ထက်ထူးခြားတဲ့ဖြစ်စဉ်တွေအတွက်ကိုလေ့လာဖို့နဲ့ တခြားလူတွေကိုမထိခိုက်စေဖို့ရည်ရွယ်ပြီး ဂျိုဒီရဲ့ မွေးစားမိဘတွေထံကနေ သူ့ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ နေစေခဲ့ပါတယ်။ နေသမ် နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ပညာရှင် ကိုးလ် (Cole Freeman) တို့ရဲ့သင်ပြပေးမှု စောင့်ရှောက်မှုတွေအောက်မှာ ဂျိုဒီဟာ အသက် ၇ နှစ်အရွယ်ကနေစပြီး အရွယ်ရောက်တဲ့အထိကြီးပြင်းခဲ့လာရပါတယ်။ နေသမ်တို့ရဲ့ နည်းပြပေးမှုတွေကြောင့် ဒီကာလတွေအတွင်း ဂျိုဒီဟာ အိုက်ဒင်ကို ထိန်းချုပ်ဖို့၊ အိုက်ဒင်ရဲ့ စွမ်းအားတွေကိုဘယ်လိုအသုံးချလို့ရတယ် အစရှိသဖြင့် ဂျိုဒီ နဲ့ အိုက်ဒင် အကြား ဆက်နွယ်မှုဟာ ငယ်စဉ်ကလို ကစဉ့်ကလျား မဟုတ်တော့ပဲ ပိုမိုကောင်းမွန်လာခဲ့ပါတယ်။

နေသမ့်အတွက် ဂျိုဒီဟာ သမီးတစ်ယောက်ဖြစ်သလို ဂျိုဒီ့ အတွက်လည်း နေသမ်ဟာ ဖခင်ကောင်းတစ်ဦး၊ ကိုးလ် ဟာ ဦးလေးတစ်ယောက် ပါပဲ။

ကိုးလ် (Cole Freeman)


နေသမ်နဲ့အတူ ဂျိုဒီရဲ့ ဖြစ်ရပ်တွေကိုလေ့လာတဲ့သူပါ..

ဂျိုဒီကို ငယ်စဉ်ကတည်းကသူအနီးကပ်သွန်သင်ပေးခဲ့ရတာဆိုတော့ ဂျိုဒီဟာ ကိုးလ်အတွက် မင်သမီးငယ်လေးတစ်ယောက်လိုပါပဲ.. အရမ်းချစ်ပါတယ် .. သံယောဇဉ်ရှိပါတယ်

ရွိုင်ယမ် (Ryan Clayton) 


စီအိုင်အေ (CIA) အေးဂျင့် တစ်ယောက်ဖြစ်ပြီး အစိုးရရဲ့တာဝန်ပေးမှုအရ ဂျိုဒီကို စီအိုင်အေ မှာအလုပ်လုပ်စေဖို့ ဆောင်ရွက်ပေးရသူဖြစ်ပါတယ်။ စီအိုင်အေရဲ့ မစ်ရှင် (mission) တွေမှာအတူတူပါဝင်လာရာကနေနောက်ပိုင်းမှာတော့ ရွိုင်ယမ်ဟာ ဂျိုဒီကို ချစ်ကြိုက်မိလာပါတယ်။

ငယ်ရွယ်နုပျိုမှုရဲ့လွတ်လပ်ခြင်း၊ လူသားဆန်စွာနေထိုင်လိုမှု၊ အမိန့်အရဆိုတဲ့ စီအိုင်ဒီရဲ့တာဝန် အချုပ်အနှောင်ကနေလွတ်ကင်းတဲ့ သာမန်လူတစ်ယောက်ရဲ့နေထိုင်မှုကို ဂျိုဒီဟာ ကြုံတွေ့ဖူးခြင် ခံစားခြင်တာကြောင့် လွတ်မြောက်ဖို့ကြိုးစားရာကနေ သူမတစ်ခါမှမကြုံတွေ့ဖူးတဲ့ပြင်ပလူနေမှု၊ အဲ့နောက်မှာမှ စိတ်ဝိညာဉ်ဆိုင်ရာဖြစ်ရပ်တွေ၊ သူမမသိရှိခဲ့ရတဲ့ သူမရဲ့ဘဝကန့်လန့်ကာ၊ အိုင်ဒင် နဲ့ ဝိညာဉ်ကမ္ဘာ၊ အိုင်ဒင် နဲ့ သူမ စတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလိုပဲဖြစ်လာသိရှိလာရပြီးနောက်မှာတော့…..

Gameplay 


Beyond: Two Souls က interactive drama game အမျိုးအစားဖြစ်တာမို့ သူ့ရဲ့ ဂိမ်းပလေး ဟာ controller ကို non-stop တောက်လျောက်ဖိနှိပ်ဖို့ရာမလိုအပ်ပါဘူး။ DualShock 3 controller ရဲ့ six-axis စနစ်ကို အပြည့်အဝအသုံးချထားတာကြောင့် တစ်ခါတစ်လေမှာ controller ကို အထက်အောက် / ဘေးတိုက် ရွေ့လျားပေးရတာမျိုး လုပ်ပေးရပါတယ်.. ခလုတ်တွေနှိပ်နေရကာနေ ဒါမျိုး motion နဲ့ လုပ်ပေးရတော့ အသစ်အဆန်းဖြစ်သလို စိတ်ကျေနပ်ဖို့လည်းကောင်းပါတယ်။ အဓိက ဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ဂျိုဒီ နဲ့ နေသမ် တို့နှစ်ဦးလုံးအတွက် motion capture တွေကို Ellen Page (X-Men: The Last Stand, X-Men: Days of Future Past, Inception) နဲ့ Willem Dafoe (Spider-Man, The Boondock Saints II: All Saints Day) တို့က အသီးသီးသရုပ်ဆောင်ပေးထားတာဆိုတော့ ဂိမ်းတွင်းက ဇာတ်ကောင်တွေဖြစ်တဲ့ ဂျိုဒီဟာ Ellen Page နဲ့တစ်ထပ်တည်းတူနေမှာဖြစ်ကာ နေသမ်ဟာလည်း Willem Dafoe ရဲ့ စကားပြောပုံ လေယူလေသိမ်း အသွင်အပြင်တွေနဲ့ dialog တွေဟာ လုံးဝအသက်ဝင်နေတာပါ။

interactive အပြန်အလှန်ပြောဆိုဆက်ဆံမှုတွေဟာ ဇာတ်လမ်းရဲ့အစိတ်အပိုင်းကိုတစ်နည်းတစ်ဖုံအကျိုးသက်ရောက်စေတာမို့ decision ပြုလုပ်ရာမှာ ပိုပီးသတိထားလာရစေပါတယ်။ player က ဂျိုဒီနေရာကနေကစားပေးရတာမို့ စီအိုင်အေ အေးဂျင့် ရွိုင်ယမ် က ကျနော့်ကိုတစ်ချို့နေရာတွေမှာ အမြင်ကတ်ချင်ကတ်နေမှာပါ lol

Supernatural လိုဖြစ်ရပ်မျိုးတွေကိုနှစ်သက်သူတွေအတွက်ကတော့ Beyond: Two Souls ဟာ ဂိမ်းကောင်းတစ်ခုဖြစ်စေမှာ သေချာပါတယ်။

Writer, Seo Thu Aung

Post a Comment

0 Comments