XMP (သို့) မြန်နှုန်းမြင့် RAM အသုံးပြုတိုင်း မေ့ထားလို့မရတဲ့အရာ


စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ​ Zawgyi version

RAM ကို 3200MHz ဝယ်ထားတယ်၊ ကိုယ့်ထဲကမားသားဘုတ်ကလည်း 3200MHz RAM ကို support လုပ်တယ် (သုံးရမယ်) ပြောတယ်၊

Credit to Original writer, Seo Thu Aung. Copy from SJH Facebook page.

ဒါပေမဲ့ တပ်သုံးတဲ့အခါ 3200 အထိမရပဲ အဲ့ထက်နည်းတဲ့ မြန်နှုန်း (3000/2800/2666/2133 စသဖြင့်) တစ်ခုခုနဲ့ run နေခဲ့မယ်ဆိုရင် . . . .

XMP (Extreme Memory Profile) ဆိုတာဘာလည်း ?


XMP ဆိုတာက Memory (RAM) တွေအတွက် "စံ" သတ်မှတ်ထားတဲ့ မြန်နှုန်းကိုကျော်လွန်ပီးအသုံးပြုလိုတဲ့အခါ ဆောင်ရွက်ပေးတဲ့ Intel ရဲ့ နည်းပညာလို့အကြမ်းဖြေရမှာပါ။

ကွန်ပျူတာနည်းပညာနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ "စံ" နှုန်းတွေကိုထိမ်းသိမ်းသတ်မှတ်ဖို့ရာ JEDEC ဆိုတဲ့အဖွဲ့အစည်းကြီးရှိပါတယ်၊
သူ့ရဲ့သတ်မှတ်ချက်တွေ စည်းကမ်းတွေ ကို ထုတ်လုပ်သူတွေကလိုက်နာရပါတယ်၊
(ကမ္ဘာ့ကုလသမ္မဂလိုအဖွဲ့အစည်းပေါ့ မြင်အောင်ပြောရရင်)

သင်သာ Intel ရဲ့ ဝဘ်စာမျက်နှာမှာ CPU နဲ့ပါတ်သတ်ပီး ရှာဖွေမွှေနှောက်ခဲ့ဖူးမယ်ဆိုရင် Memory (RAM) မြန်နှုန်း အထောက်အပံ့ကိုသတိထားမိမယ်ထင်ပါတယ်။
လက်ရှိအမြန်ဆုံး အကောင်းဆုံး CPU အဖြစ်သတ်မှတ်လို့ရတဲ့ Core i9-9900K တောင်မှ RAM ကို 2666MHz အထိပဲအထောက်အပံ့ပေးပါတယ်ဆိုပြီးတွေ့ရလိမ့်မယ်။ (JEDEC ရဲ့ "စံ" အရ)

ဒါပေမဲ့ ဈေးကွက်ထဲမှာဆိုရင် Memory (RAM) တွေရဲ့ မြန်နှုန်းက 4000MHz ကျော်အထိရှိနေပါတယ်။
(Corsair ရဲ့ ခုနောက်ဆုံးထွက် Vengeance LPX DDR4 ဆိုရင် 4866MHz ရှိပါတယ်)

ဒီတော့ ဘာလည်း . .
i9-9900K ကို Corsair 4866MHz နဲ့တွဲသုံးလိုက်ရင် 2666MHz နဲ့ပဲအလုပ်လုပ်မှာလား ?
4866MHz နဲ့အလုပ်လုပ်ဖို့ setting တွေချိန်ပေးဖို့လိုလား ?
2666MHz ကို ကျော်သွားရင်ကော အဲ့ဒီ i9 ကြီး ပျက်သွားနိုင်လား ? (သူလက်ခံတဲ့ပမာဏကိုကျော်သွားပီဆိုတော့)

4866 MHz RAM ကိုအပြည့်အဝသုံးချင်ရင်

  • (၁) ကိုယ့်မှာ အဲ့မြန်နှုန်းကိုအထောက်အပံ့ပေးတဲ့ မားသားဘုတ်ရှိရပါမယ်။ 
  • (၂) Intel ရဲ့ XMP ကိုလည်း ဖွင့်ထား (ON) ပေးရပါမယ်။ 

ဒီနှစ်ချက်နဲ့ညီမှ 4866MHz နဲ့ အလုပ်လုပ်မှာပါ။
i9-9900K ကြီးလည်း ဘာမှထိခိုက်မှုမရှိပါဘူး။

ဘုတ်ကအထောက်အပံ့ပေးတယ်. .
ဒါပေမဲ့ XMP တော့ ပိတ်ထား (OFF) ခဲ့မယ်ဆိုရင် default မြန်နှုန်းပဲရပါလိမ့်မယ်။

> XMP ကိုဘယ်နားကနေသွားဖွင့်ပေးရမှာလည်း ?


မားသားဘုတ်ရဲ့ BIOS ထဲမှာ XMP ဆိုတာရှိပါလိမ့်မယ်၊
သူက ပုံမှန်ဆို OFF ဖြစ်နေတာပါ။
ON ပေးလိုက်ပါ။
Profile ဘာညာပြရင် 1 ကိုရွေးပေးလိုက်ပါ၊
ပြီးရင် BIOS settings ကို save ပေးလိုက်ပါ၊
ကျန်တာအထွေအထူးလုပ်ဖို့မလိုပါဘူး။

> XMP က RAM ရဲ့ မြန်နှုန်း အရှိကိုအရှိအတိုင်းအလုပ်လုပ်စေတာဆိုရင် ဘာလို့ BIOS ထဲမှာ တစ်ခါတည်း ON လုပ်မပေးထားတာလည်း ?


XMP သည် overclocking လုပ်ပေးခြင်းလုံးဝမဟုတ်ပါ။
RAM ရဲ့ အမြင့်ဆုံးရှိတဲ့ မြန်နှုန်းကို အလုပ်လုပ်စေခြင်းသာဖြစ်ပါတယ်။
သို့သော် JEDEC ရဲ့ သတ်မှတ်ချက်ကို ကျော်လွန်သွားရင် logic အရ overclocking လုပ်တယ်လို့ယူဆပါတယ်၊
ဒါကြောင့်မို့ မားသားဘုတ်ထုတ်လုပ်တဲ့သူတွေက XMP ကို default မှာ OFF လုပ်ထားတာဖြစ်ပါတယ်။

> ဘုတ်ကလည်း RAM ရဲ့ မြန်နှုန်းကိုအထောက်အပံ့ပေးတယ်၊
XMP လည်း ဖွင့်ထားတယ်၊
ဒါပေမဲ့ RAM speed က အပြည့်မထွက်ဘူး၊
ဘာလို့လည်း ?


ပထမဆုံးဖြေရှင်းရမှာက BIOS ကို update လုပ်ပေးရမှာပါ။
BIOS update ကို သက်ဆိုင်ရာမော်ဒယ်အလိုက် manufacturer ရဲ့ ဝဘ်စာမျက်နှာမှာ ရှာဖွေနိုင်ပါတယ်။

> BIOS လည်း latest update ဖြစ်သွားပီ၊
မြန်နှုန်းကအပြည့်မထွက်သေးဘူးဆိုရင်ကော ?


ကွန်ပျူတာဆိုတာက ထုတ်လုပ်သူအသီးသီးရဲ့ မတူညီတဲ့အစိတ်အပိုင်းအသီးသီးကို ပေါင်းစပ်အလုပ်လုပ်ရတာဖြစ်လို့ တစ်ခါတစ်လေမှာ ကိုက်ညီမှုမရှိတာလေးတွေ (ဖြစ်ခဲတယ်ဆိုပေမဲ့) ဖြစ်တတ်ပါတယ်၊
လူတွေတောင်မှ တစ်သက်လုံးဝါးနေတဲ့အစာက ချော်တော့ငေါ့ပီး နှာခေါင်းကနေပြန်ထွက်နိုင်သေးတာပဲ။
ချွင်းချက်ပေါ့လေ . . .

XMP ကို အသုံးချခြင်းက warranty (အာမခံ) ပျက်စေလား ?


အာမခံ မပျက်ပါ။

အချုပ်ပြောရရင် ဘုတ်အလန်းကြီးဝယ်ထားတယ်၊ RAM ရဲ့ ကြေငြာထားတဲ့ မြန်နှုန်းကိုလည်း အဲ့ဘုတ်ကအထောက်အပံ့ပေးတယ်ဆိုရင် ပထမဦးဆုံး BIOS ထဲဝင်ပီး XMP ကို ON/Enable လုပ်ကြပါလို့ပြောချင်ပါတယ်။

Credit to Original writer, Seo Thu Aung. Copy from SJH Facebook page.

* * * * *



Zawgyi


XMP (သို႔) ျမန္ႏႈန္းျမင့္ RAM အသံုးျပဳတိုင္း ေမ့ထားလို႔မရတဲ့အရာ

––––––

RAM ကို 3200MHz ဝယ္ထားတယ္၊ ကိုယ့္ထဲကမားသားဘုတ္ကလည္း 3200MHz RAM ကို support လုပ္တယ္ (သံုးရမယ္) ေျပာတယ္၊

Credit to Original writer, Seo Thu Aung. Copy from SJH Facebook page.

ဒါေပမဲ့ တပ္သံုးတဲ့အခါ 3200 အထိမရပဲ အဲ့ထက္နည္းတဲ့ ျမန္ႏႈန္း (3000/2800/2666/2133 စသျဖင့္) တစ္ခုခုနဲ႔ run ေနခဲ့မယ္ဆိုရင္ . . . .

XMP (Extreme Memory Profile) ဆိုတာဘာလည္း ?


XMP ဆိုတာက Memory (RAM) ေတြအတြက္ "စံ" သတ္မွတ္ထားတဲ့ ျမန္ႏႈန္းကိုေက်ာ္လြန္ပီးအသံုးျပဳလိုတဲ့အခါ ေဆာင္ရြက္ေပးတဲ့ Intel ရဲ႕ နည္းပညာလို႔အၾကမ္းေျဖရမွာပါ။

ကြန္ပ်ဴတာနည္းပညာနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ "စံ" ႏႈန္းေတြကိုထိမ္းသိမ္းသတ္မွတ္ဖို႔ရာ JEDEC ဆိုတဲ့အဖြဲ႕အစည္းႀကီးရွိပါတယ္၊
သူ႔ရဲ႕သတ္မွတ္ခ်က္ေတြ စည္းကမ္းေတြ ကို ထုတ္လုပ္သူေတြကလိုက္နာရပါတယ္၊
(ကမာၻ႕ကုလသမၼဂလိုအဖြဲ႔အစည္းေပါ့ ျမင္ေအာင္ေျပာရရင္)

သင္သာ Intel ရဲ႕ ဝဘ္စာမ်က္ႏွာမွာ CPU နဲ႔ပါတ္သတ္ပီး ရွာေဖြေမႊေႏွာက္ခဲ့ဖူးမယ္ဆိုရင္ Memory (RAM) ျမန္ႏႈန္း အေထာက္အပံ့ကိုသတိထားမိမယ္ထင္ပါတယ္။
လက္ရွိအျမန္ဆံုး အေကာင္းဆံုး CPU အျဖစ္သတ္မွတ္လို႔ရတဲ့ Core i9-9900K ေတာင္မွ RAM ကို 2666MHz အထိပဲအေထာက္အပံ့ေပးပါတယ္ဆိုၿပီးေတြ႕ရလိမ့္မယ္။ (JEDEC ရဲ႕ "စံ" အရ)

ဒါေပမဲ့ ေစ်းကြက္ထဲမွာဆိုရင္ Memory (RAM) ေတြရဲ႕ ျမန္နႈန္းက 4000MHz ေက်ာ္အထိရွိေနပါတယ္။
(Corsair ရဲ႕ ခုေနာက္ဆံုးထြက္ Vengeance LPX DDR4 ဆိုရင္ 4866MHz ရွိပါတယ္)

ဒီေတာ့ ဘာလည္း . .
i9-9900K ကို Corsair 4866MHz နဲ႔တြဲသံုးလိုက္ရင္ 2666MHz နဲ႔ပဲအလုပ္လုပ္မွာလား ?
4866MHz နဲ႔အလုပ္လုပ္ဖို႔ setting ေတြခ်ိန္ေပးဖို႔လိုလား ?
2666MHz ကို ေက်ာ္သြားရင္ေကာ အဲ့ဒီ i9 ႀကီး ပ်က္သြားႏိုင္လား ? (သူလက္ခံတဲ့ပမာဏကိုေက်ာ္သြားပီဆိုေတာ့)

4866 MHz RAM ကိုအျပည့္အဝသံုးခ်င္ရင္

  • (၁) ကိုယ့္မွာ အဲ့ျမန္ႏႈန္းကိုအေထာက္အပံ့ေပးတဲ့ မားသားဘုတ္ရွိရပါမယ္။ 
  • (၂) Intel ရဲ႕ XMP ကိုလည္း ဖြင့္ထား (ON) ေပးရပါမယ္။ 

ဒီႏွစ္ခ်က္နဲ႔ညီမွ 4866MHz နဲ႔ အလုပ္လုပ္မွာပါ။
i9-9900K ႀကီးလည္း ဘာမွထိခိုက္မႈမရွိပါဘူး။

ဘုတ္ကအေထာက္အပံ့ေပးတယ္. .
ဒါေပမဲ့ XMP ေတာ့ ပိတ္ထား (OFF) ခဲ့မယ္ဆိုရင္ default ျမန္ႏႈန္းပဲရပါလိမ့္မယ္။

> XMP ကိုဘယ္နားကေနသြားဖြင့္ေပးရမွာလည္း ?


မားသားဘုတ္ရဲ႕ BIOS ထဲမွာ XMP ဆိုတာရွိပါလိမ့္မယ္၊
သူက ပံုမွန္ဆို OFF ျဖစ္ေနတာပါ။
ON ေပးလိုက္ပါ။
Profile ဘာညာျပရင္ 1 ကိုေရြးေပးလိုက္ပါ၊
ၿပီးရင္ BIOS settings ကို save ေပးလိုက္ပါ၊
က်န္တာအေထြအထူးလုပ္ဖို႔မလိုပါဘူး။

> XMP က RAM ရဲ႕ ျမန္ႏႈန္း အရွိကိုအရွိအတိုင္းအလုပ္လုပ္ေစတာဆိုရင္ ဘာလို႔ BIOS ထဲမွာ တစ္ခါတည္း ON လုပ္မေပးထားတာလည္း ?

XMP သည္ overclocking လုပ္ေပးျခင္းလံုးဝမဟုတ္ပါ။
RAM ရဲ႕ အျမင့္ဆံုးရွိတဲ့ ျမန္ႏႈန္းကို အလုပ္လုပ္ေစျခင္းသာျဖစ္ပါတယ္။
သို႔ေသာ္ JEDEC ရဲ႕ သတ္မွတ္ခ်က္ကို ေက်ာ္လြန္သြားရင္ logic အရ overclocking လုပ္တယ္လို႔ယူဆပါတယ္၊
ဒါေၾကာင့္မို႔ မားသားဘုတ္ထုတ္လုပ္တဲ့သူေတြက XMP ကို default မွာ OFF လုပ္ထားတာျဖစ္ပါတယ္။

> ဘုတ္ကလည္း RAM ရဲ႕ ျမန္ႏႈန္းကိုအေထာက္အပံ့ေပးတယ္၊
XMP လည္း ဖြင့္ထားတယ္၊
ဒါေပမဲ့ RAM speed က အျပည့္မထြက္ဘူး၊
ဘာလို႔လည္း ?


ပထမဆံုးေျဖရွင္းရမွာက BIOS ကို update လုပ္ေပးရမွာပါ။
BIOS update ကို သက္ဆိုင္ရာေမာ္ဒယ္အလိုက္ manufacturer ရဲဲ႕ ဝဘ္စာမ်က္ႏွာမွာ ရွာေဖြႏိုင္ပါတယ္။

> BIOS လည္း latest update ျဖစ္သြားပီ၊
ျမန္ႏႈန္းကအျပည့္မထြက္ေသးဘူးဆိုရင္ေကာ ?


ကြန္ပ်ဴတာဆိုတာက ထုတ္လုပ္သူအသီးသီးရဲ႕ မတူညီတဲ့အစိတ္အပိုင္းအသီးသီးကို ေပါင္းစပ္အလုပ္လုပ္ရတာျဖစ္လို႔ တစ္ခါတစ္ေလမွာ ကိုက္ညီမႈမရွိတာေလးေတြ (ျဖစ္ခဲတယ္ဆိုေပမဲ့) ျဖစ္တတ္ပါတယ္၊
လူေတြေတာင္မွ တစ္သက္လံုးဝါးေနတဲ့အစာက ေခ်ာ္ေတာ့ေငါ့ပီး ႏွာေခါင္းကေနျပန္ထြက္ႏိုင္ေသးတာပဲ။
ခြ်င္းခ်က္ေပါ့ေလ . . .

> XMP ကို အသံုးခ်ျခင္းက warranty (အာမခံ) ပ်က္ေစလား ?


အာမခံ မပ်က္ပါ။

အခ်ဳပ္ေျပာရရင္ ဘုတ္အလန္းႀကီးဝယ္ထားတယ္၊ RAM ရဲ႕ ေၾကျငာထားတဲ့ ျမန္ႏႈန္းကိုလည္း အဲ့ဘုတ္ကအေထာက္အပံ့ေပးတယ္ဆိုရင္ ပထမဦးဆံုး BIOS ထဲဝင္ပီး XMP ကို ON/Enable လုပ္ၾကပါလို႔ေျပာခ်င္ပါတယ္။

Credit to Original writer, Seo Thu Aung. Copy from SJH Facebook page.

Post a Comment

0 Comments