အတွေးစလေးများ



စာမမြင်လျှင် ဒီကိုနှိပ်ပါ






Unicode

အရင်​နယ်​နမိတ်​အတိုင်​း ထားခဲ့မယ်​ ဆိုရင်​ တို့ဘိတ်​ဟာ အခုဆိုရင်​ ​တော်​​တော်​တိုးတက်​​နေ​လောက်​ပြီ


တစ်​​နေရာမှာ ဖတ်​ခဲ့ရဖူးတယ်​


အရင်​က ဘိတ်​၊ ထားဝယ်​၊ ​ကော့​သောင်​းဟာ ထိုင်​းနိုင်​ငံပိုင်​ ဖြစ်​ခဲ့တယ်​ ... မြန်​မာနိုင်​ငံ​မြေပုံကြီးက အဲ့ဒီ ၃ မြို့မရှိ​တော့ အမြီးပြတ်​​နေသလို ဖြစ်​​နေတယ်​ .... ဒါ​ပေမယ်​့ နိုင်​ငံ​တွေက သူတို့ရဲ့ နယ်​နမိတ်​​တွေ ပြန်​သတ်​မှတ်​ကြတဲ့အချိန်​မှာ ထိုင်​းက ကုန်​သွယ်​​ရေးအချက်​အချာကျတဲ့ ချင်​းမိုင်​ကို လိုချင်​တဲ့အတွက်​ ဘိတ်​၊ ထားဝယ်​၊ ​ကော့​သောင်​း ကို ​မြန်​မာနိုင်​ငံကို ​ပေးလိုက်​ရတယ်​ ... တကယ်​​တော့ ထိုင်​းက အဲ့ဒီ ၃ မြို့ကို မ​ပေးချင်​ခဲ့ဘူး ... ဘာဖြစ်​လို့လဲဆို​တော့ ဒီ ၃ မြို့မှာ ထိုင်​းအ​မွေအနှစ်​လက်​ရာ တစ်​ချို့ ရှိ​နေပြီး ပင်​လယ်​နဲ့ ဆက်​စပ်​​နေတဲ့ မြို့​တွေဆို​တော့ သယံဇာတ​တွေ ​တော်​​တော်​များလို့ ... နယ်​နမိတ်​မျဉ်​းသတ်​မှတ်​တဲ့အချိန်​တုန်​းက မြန်​မာပြည်​ဟာ အရမ်​းတိုးတက်​​နေခဲ့ပြီး ထိုင်​းက​တော့ ဆင်​းရဲတဲ့ နိုင်​ငံဖြစ်​ခဲ့တယ်​ ... သယံဇာတ​တွေ ထုတ်​ယူဖို့ နည်​းပညာပိုင်​း မတိုးတက်​​သေး​တော့ ကုန်​သွယ်​​ရေးနဲ့ ကြီးပွားလွယ်​မယ်​့ ချင်​းမိုင်​ကို ​တောင်​းခဲ့တာနဲ့ တူပါတယ်​ ...


ထားဝယ်​တို့ ​ကော့​သောင်​းတို့မှာ မသိ​ပေမယ်​့ တို့ဘိတ်​မှာ​တော့ ထိုင်​းနဲ့ဆက်​နွယ်​​နေတဲ့ သမိုင်​း​တွေ အများကြီး ရှိခဲ့တယ်​ ... ဘိတ်​မြို့စတင်​ဖြစ်​​ပေါ်လာရတာကလည်​း ထိုင်​းမင်​းသားတစ်​ပါး ခရီးထွက်​လာရာက​နေ မြိတ်​မြို့ ဖြစ်​လာမယ်​့ ​နေရာမှာ စတည်​းချလို့ ဖြစ်​လာခဲ့တာ .... ထိုင်​းမင်​းသားက သူ့မြင်​းကြိုးချည်​တဲ့တိုင်​ကို အစွဲပြုပြီး မာရိတ်​= မြိတ်​ ဆိုတဲ့ နာမည်​ မှည်​့ခဲ့တယ်​ ... အဲ့ဒီ မြင်​းချည်​တိုင်​က သိမ်​​တော်​ကြီးဘုရားမှာ ရှိတယ်​ ... ပြီး​တော့ ​တော​ကျောင်​းစာသင်​တိုက်​ကလည်​း ထိုင်​းက လူ​တွေပဲ လာတည်​​ပေးခဲ့တာလို့ ​ပြောတယ်​ .... ဟုတ်​လား မဟုတ်​လား​တော့ ​သေချာမသိ​ပေမယ်​့ ​တော​ကျောင်​းမှာ​တော့ ထိုင်​းဘုရင်​ပုံ ထိုင်​းမင်​းသား မင်​းသမီးပုံ​တွေ ​ချိတ်​ထားတယ်​ ... ထိုင်​းက လာတည်​ထားတဲ့ ဘုရားဆင်​းတု​တော်​​တွေလည်​း ရှိတယ်​ ... ထိုင်​းကလူ​တွေ ဘိတ်​ကို လာလည်​ရင်​ အဲ့ဒီ ​တော​ကျောင်​းစာသင်​တိုက်​ကို ဝင်​ပြီး ဦးချကန်​​တော့ပြီး အလှူအတန်​းလုပ်​​သွား​လေ့ရှိတယ်​ .. ​နောက်​ပြီး Pad Thai ဆိုတဲ့ အစားစာကလည်​း တို့ဘိတ်​က ကတ်​​ကြေးကိုက်​ပါပဲ .. အထဲက ingredient နဲနဲ​ပြောင်​းသွားတာပဲ ရှိတယ်​


ထိုင်​းဘုရင်​ ဘူမိ​ဘောနှင်​့ ဂျပန်​ဘုရင်​ ဟ​ီရိုဟီတိုတို့ဟာ အရမ်​းခင်​ကြတယ်​ ... ဒုတိယကမ္ဘာစစ်​တုန်​းက ဂျပန်​​တွေက အ​ရှေ့​တောင်​အာရှဘက်​ ​နယ်​ချဲ့ချင်​လို့ အ​ခြေစိုက်​စခန်​းလုပ်​ဖို့ ​နေရာ​ရွေး​တယ်​ ... ကြည်​့လိုက်​​တော့ အ​ဲ့ဒီအချိန်​မှာ အ​ပေါ်ဘက်​ခြမ်​းကို ဂျာမန်​​တွေက သိမ်​းထားနှင်​့ပြီးပြ​ီ ... မြန်​မာပြည်​ကိုလည်​း ရွယ်​​နေပြီ ... ထိုင်​းတစ်​နိုင်​ငံတည်​းသာ ကျန်​​တော့တယ်​ .. ဒါနဲ့ ထိုင်​းဘုရင်​ဆီ ဂျပန်​ဘုရင်​က စာပို့လိုက်​တယ်​ ... ခင်​ဗျား​နိုင်​ငံထဲ ကျူပ်​စစ်​တပ်​ကို ခဏထားခွင်​့​ပေး .. ဒါဆို ခင်​ဗျား ကမ္ဘာစစ်​ထဲ မပါ​အောင်​ ကျုပ်​ ကာကွယ်​​ပေးမယ်​ ... ထိုင်​းဘုရင်​ကလည်​း ​ခေါင်​းညိတ်​လိုက်​တယ်​ .. ဒါနဲ့ပဲ အာရှဘက်​ကို ဂျပန်​​တွေ နယ်​ချဲ့လို့ရသွားခဲ့တယ်​ ... ဂျာမန်​​တွေကလည်​း သူနဲ့ မိတ်​ဖွဲ့ထားတဲ့ ဂျပန်​ကို မ​ျက်​နှာမပျက်​ချင်​လို့ ထိုင်​းကို မထိခဲ့ဘူး .. ဒါ​ကြောင်​့ ထိုင်​းဟာ ဒုတိယကမ္ဘာစစ်​ဒဏ်​မခံခဲ့ရတဲ့ တစ်​ခုတည်​း​သော နိုင်​ငံဖြစ်​ခဲ့တယ်​ ... ​နောက်​ပြီး ဒုတိကမ္ဘာစစ်​ပြီး​တော့ ဂျပန်​က စစ်​​လျော်​​ကြေး​တွေ ​ပေးလိုက်​ရလို့ မွဲပြာကျ​နေတဲ့အချိန်​မှာ ထိုင်​းက စားနပ်​ရိက္ခာ​တွေ ​ထောက်​ပံ့​ပေးခဲ့တယ်​ ... ဒီကတည်​းက စခဲ့တဲ့ ဂျပန်​နဲ့ ထိုင်​းရဲ့ ခင်​မင်​မှုဟာ တည်​တံ့ခဲ့တာ အခုထိပါပဲ ...


အဲ့ဒါက​တော့ ဂျပန်​ကို သွားလည်​တုန်​းက ဂျပန်​ဂိုက်​ ​ပြောပြခဲ့တာ 

 


 

Post a Comment

0 Comments