PC နဲ႔မစိမ္းတဲ့သူေတြအဖို႔ ခုရက္ပိုင္းအတြင္း ဂရပ္ဖစ္ခ်ပ္စ္ ထုတ္လုပ္သူ NVIDIA ရဲ႕ RTX 20 စီးရီး ဂရပ္ဖစ္ကတ္ေတြမိတ္ဆက္ေပးမႈကုိ အနည္းနဲ႔အမ်ား ၾကားၾက သိၾကမွာပါ။
စာမမြင်လျှင် ဒီကိုနှိပ်ပါ
All Credit to Original writer, Seo Thu Aung. Copy from SJH facebook page
Aug 20 ရက္ေန႔က Gamescom ျပပြဲ ပထမဆံုးရက္မွာ NVIDIA ရဲ႕ စီအီးအုိ ျဖစ္တဲ့ Jensen Huang ကေန ကုမၸဏီရဲ႕ 2016 ခုႏွစ္ကထြက္ရိွခဲ့တဲ့ Pascal (GTX 10 စီးရီး) ရဲ႕ ေနရာကုိ အစားထုိးမဲ့ Turing (RTX 20 စီးရီး) ကတ္အသစ္ေတြနဲ႔ ၄င္းကတ္ေတြမွာ ပါ၀င္လာမည့္ နည္းပညာသစ္ေတြကို အက်ယ္တ၀င့္မိတ္ဆက္သြားခဲ့ပါတယ္။
1. NVIDIA GeForce RTX 20-series GPUs
အလြယ္ေျပာရရင္ ဂရပ္ဖစ္ကတ္ေပ့ါ . .
GeForce RTX 2080 Ti
GeForce RTX 2080
GeForce RTX 2070
ဆုိပီး သံုးမ်ိဳးကုိေၾကညာသြားခဲ့ကာ RTX 2080 Ti နဲ႔ RTX 2080 ႏွစ္မ်ိဳးက ယခုႏွစ္စက္တင္ဘာ ၂၀ ရက္ေန႔မွာ ထြက္ရိွလာမွာျဖစ္ပါတယ္။
ေစ်းႏႈန္းအေနနဲ႔ NVIDIA ရဲ႕ ကိုယ္ပိုင္ Founders Edition ကတ္ေတြအတြက္
RTX 2080 Ti = $1200
RTX 2080 = $800
RTX 2070 = $600
ASUS, MSI, EVGA, GIGABYTE, ZOTAC စတဲ့ AiB ကုမၸဏီေတြရဲ႕ ကတ္ေတြကေတာ့ ေမာ္ဒယ္အလိုက္
RTX 2080 Ti = $1000
RTX 2080 = $700
RTX 2070 = $500
ကေန စတင္မွာျဖစ္ပါတယ္။
2. NVIDIA RTX (Raytracing & Deep Learning Super Sampling)
ဆယ္စုႏွစ္တစ္ခုအၾကာအထိအမည္ေပးအသံုးျပဳခဲ့တဲ့ GTX ကို 2018 မွာေတာ့ RTX ျဖင့္ အစားထုိးခဲ့ပါတယ္။
RTX ဆိုပီးေျပာင္းလဲခဲ့ရတဲ့အေၾကာင္းရင္းလည္းရိွပါတယ္၊ ဒါကေတာ့ ကြန္ဖရင့္စ္အတြင္း Jensen Huang ရဲ႕ပါးစပ္ဖ်ားကေနမခ်တဲ့ Raytracing/DLSS ေတြေၾကာင့္ပါ၊၊
Raytracing အေၾကာင္းအၾကမ္းျဖင္းေျပာရရင္ ကြန္ပ်ဴတာနဲ႔ဖန္တီးတဲ့ GFX ေတြမွာ အလင္းနဲ႔ ပံုရိပ္ျပန္တာေတြကို အျပင္နဲ႔ထပ္တူနီးပါး သဘာ၀က်ေအာင္ျပဳလုပ္ေပးတဲ့ နည္းပညာတစ္မ်ိဳးပါ။
Battlefield V လုိဂိမ္းမွာ Raytracing ကုိ ျပသြားတာ ေတာ္ေတာ္လန္းပါတယ္။ ေပါက္ကြဲမႈတစ္ခုရဲ႕ ပံုရိပ္ေတြက မ်က္လံုးမွာသြားထင္ေနတာမ်ိဳး အေဆာက္အဦးတစ္ခုရဲ႕ ျပတင္းေပါက္မွန္ေတြမွာ ေဘးက ပံုရိပ္ေတြသြားထင္ေနတာမ်ိဳးနဲ႔ ရင္သပ္ရႈေမာဖြယ္ရာပါ။
Raytracing က ယခုမွေကာက္ကာငင္ကာေပၚလာတဲ့ မိုးက်ေရႊကုိေတာ့မဟုတ္ပါဘူး .. .
pre-rendered လုပ္ပီးဖန္တီးရတဲ့ ေဟာလိ၀ုဒ္ ရုပ္ရွင္ နဲ႔ အန္နီေမးရွင္းနယ္ပယ္မွာ Raytracing ကုိ က်ယ္က်ယ္ျပန္႔ျပန္႔အသံုးျပဳေနခဲ့တာၾကာခဲ့ပီျဖစ္ေပမယ္လုိ႔ ဂိမ္မာေတြရဲ႕လက္ထဲကုိထည့္ေပးဖုိ႔အတြက္ၾက အဆင္မေျပခဲ့ဘူးေလ။
Raytracing ကုိ render လုပ္ႏုိင္ဖုိ႔အတြက္ ေဒၚလာ ေသာင္းဂဏန္းနဲ႔အထက္ စူပါပါ၀ါ ဂ်ီပီယူေတြလုိပါတယ္။
ဒီအတြက္ေၾကာင့္ NVIDIA က ယခု သူရဲ႕ RTX 20 စီးရီးကတ္ေတြကုိ ပထမဆံုး ဂိမ္မာေတြအတြက္ raytracing ကတ္ေတြဆုိပီး တဖြဖြနဲ႔ အမြမ္းတင္ေနတာေပါ့။
(ဂိမ္းနဲ႔ ရုပ္ရွင္ မတူတဲ့အခ်က္က ရုပ္ရွင္ေတြမွာ ေဒၚလာေသာင္းဂဏန္းခ်ီပီးေပးရတဲ့ ကြန္ပ်ဴတာေတြနဲ႔ pre-rendering လုပ္ပီးသားေတြကိုမွ က်ေနာ္တုိ႔က ကုိယ့္ရဲ႕ စမတ္ဖုန္း တီဗြီေတြနဲ႔ အခန္႔သားျမင္ရျခင္းျဖစ္ပါတယ္။
ဂိမ္းေတြကေတာ့ real-time rendering လုပ္ရပါတယ္. . ဒါေၾကာင့္မို႔ ဂိမ္းေဆာ့မည့္ကြန္ပ်ဴတာတစ္လံုးဟာ ဂရပ္ဖစ္ကတ္အေကာင္းစား အျမင့္စားေတြလုိအပ္ျခင္းျဖစ္ပါတယ္)
Raytracing နဲ႔အတူ ေနာက္ထပ္ Jensen Hung မိတ္ဆက္ေပးခဲ့တာကေတာ့ DLSS (Deep Learning Super Sampling) ပါ။
DLSS က ပံုရိပ္ေတြရဲ႕ အနားသပ္ကုိ ေခ်ာေမြ႕ေအာင္ျပဳလုပ္ေပးတဲ့ anti-aliasing နည္းပညာတစ္မ်ိဳးပဲျဖစ္ပီး ဂ်ီပီယူရဲ႕ tensor core ေတြကေနအသံုးခ်ထားတာျဖစ္ပါတယ္။
(စိတ္မေကာင္းစရာက tensor core ပါ၀င္တဲ့ consumer ဂ်ီပီယူေတြက ေလာေလာဆယ္ Titan V, RTX 20-series ကတ္ေတြပဲျဖစ္ေတာ့ ယခင္ gen ေတြျဖစ္က်တဲ့ GTX 10-series (GTX 1080, 1070 etc) အပါအ၀င္ သူ႔ေရွ႕ကထြက္ခဲ့ပီးသမွ်ေတြမွာေတာ့ DLSS ကုိအသံုးျပဳလုိ႔ရမွာမဟုတ္ပါဘူး။)
3. Raytracing, DLSS, and performance impact
Raytracing က က်ေနာ္တို႔ကုိ ရင္သပ္ရႈေမာဖြယ္ျဖစ္ရာေတြေပးသလုိပဲ အဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းမွာ ကုိယ္ကျပန္ေပးဆပ္လုိက္ရတာေတြရိွပါတယ္။
Gamescom NVIDIA booth မွာ ကုိယ္တုိင္စမ္းသပ္ခဲ့တဲ့ IGN.com ကလုိ reviewer ေတြရဲ႕ အေတြ႔အၾကံဳေတြက အားရစရာေတာ့မေကာင္းပါဘူး။
Raytracing ဖြင့္ထားတဲ့ Rise of the Tomb Raider, Battlefield V လုိဂိမ္းေတြက 1080p Full HD မွာ Frame Rate ကုိ 40-50 ပတ္လည္အတြင္းသာ run တယ္လုိ႔သိရပါတယ္ . . ဒါက လက္ရိွ top-tier ကတ္ျဖစ္တဲ့ GTX 2080 Ti အသံုးျပဳထားတဲ့ PC ေတြမွာပါ။
NVIDIA နဲ႔ ဂိမ္းဒပေလာ့ပါျဖစ္တဲ့ Eidos Montreal က မေရွးမေႏွာင္းမွာပဲ raytracing နဲ႔ပတ္သတ္ပီးသူတုိ႔အေနနဲ႔ optimize လုပ္ရန္ရိွေသးေၾကာင္း၊ driver အေနနဲ႔လည္း ေနာက္ထပ္အလားအလာေကာင္းေတြရိွေနေၾကာင္း စသျဖင့္ ျပန္ကာေျပာၾကားခဲ့ပါတယ္။
(စထြက္ထြက္ျခင္းမုိ႔ optimization နဲ႔ပတ္သတ္ပီး ေကာင္းမြန္တဲ့အေနအထားေတြျဖစ္လာမွာကေတာ့မလြဲပါဘူး . . ဒါေပမယ့္ အဲ့ optimization က ဘယ္အေနအထားထိလည္း ?
4K 60FPS with raytracing ?
1440p 144Hz with raytracing ?
ခုေလာေလာဆယ္ေတာ့ $1200 တန္ RTX 2080 Ti ဟာ 1080p 60Hz with raytracing ကို ခက္ခဲစြာျဖတ္သန္းေနရပါတယ္)
DLSS ကေတာ့ အေျခအေနေကာင္းတယ္ေျပာရပါမယ္ . .
RTX 20 စီးရီးကတ္ေတြရဲ႕ Tensor core ေတြကေန လုပ္ေဆာင္ေပးမွာျဖစ္လုိ႔ စြမ္းေဆာင္ရည္ပိုင္းမွာ က်သြားျခင္းမရိွပဲ ယခင္ gen အေဟာင္းထက္ ႏွစ္ဆ နီးပါး frames per second ရရိွေစမယ္ဆုိပီး NVIDIA ေျပာထားပါတယ္။
(ေအာက္တြင္ RTX 2080 vs. GTX 1080 ကုိ ႏိႈင္းယွဥ္ျပထားတဲ့ ဂရပ္ပါပါတယ္၊
DLSS ပိတ္ထားရင္ RTX 2080 က GTX 1080 ထက္ 50% ျမန္ေပမဲ့ DLSS ဖြင့္ထားလုိက္ရင္ GTX 1080 ထက္ ႏွစ္ဆ (100%) ပိုျမန္သြားတာကိုေတြ႔ရမွာပါ)
တစ္ခုသိထားရမွာက RTX ကတ္ေတြသံုးထားတုိင္း DLSS ကုိ ဖြင့္လုိ႔ရမွာမဟုတ္ပါဘူး၊၊
Rraytracing, DLSS စတာေတြက ဂိမ္းရဲ႕ အေထာက္အပံ့ေပးမႈအေပၚမွာလည္းမူတည္ပါေသးတယ္။
လက္ရိွမွာ Raytracing/DLSS ကုိ အေထာက္အပံ့ေပးမည့္ ဂိမ္းစားရင္းကုိ NVIDIA က ေၾကျငာထားပီးျဖစ္ပါတယ္။
(တစ္ခ်ိဳ႕က Raytracing တစ္မ်ိဳးတည္း support လုပ္သလုိ တစ္ခ်ိဳ႕က DLSS တစ္မ်ိဳးတည္းသာ support ရပါတယ္။ Raytracing/DLSS ႏွစ္မ်ိဳးလံုး အေထာက္အပ့့ံေပးတဲ့ ဂိမ္းေတြလည္းပါပါတယ္)
4. NVIDIA RTX ကို အေထာက္အပံ့ေပးမည့္ ဂိမ္းစာရင္း (As of August 20, 2018)
Ark: Survival Evolved (DLSS)
Assetto Corsa Competizione (Raytracing)
Atomic Heart (Both)
Battlefield V (Raytracing)
Control (Raytracing)
Dauntless (DLSS)
Enlisted (DLSS)
Final Fantasy XV (DLSS)
Fractured Lands (DLSS)
Hitman 2 (DLSS)
Islands of Nyne (DLSS)
Justice (Both)
JX3 (Both)
MechWarrior 5: Mercenaries (Both)
Metro Exodus (Raytracing)
PlayerUnknown's Battlegrounds (DLSS)
ProjectDH (Raytracing)
Remnant: From the Ashes (DLSS)
Serious Sam 4: Planet Badass (DLSS)
Shadow of the Tomb Raider (Raytracing)
The Forge Arena (DLSS)
We Happy Few (DLSS)
RTX 20-series ႏွင့္ပတ္သက္ၿပီး က်ေနာ့္ရဲ႕ အျမင္
RTX 20-series ကတ္ေတြကို ၀ယ္သင့္သလား ?
- GTX 1060 ႏွင့္ အထက္ ရိွပီးသားသူေတြအဖို႔ 20-series ကုိ upgrade လုပ္ဖုိ႔ မလိုေသးပါဘူး။Raytracing ကုိ အသာထား . . လက္ရိွ GTX 1080 vs. RTX 2080 ရဲ႕ benchmark ရလဒ္ေတြကိုၾကည့္ျခင္းျဖင့္ RTX 2080 ရဲ႕ အေနအထားဟာ ယခင္ gen ေတြတုန္းကလုိ ျမင့္တက္သြားတာမ်ိဳး လက္ရိွ မေတြ႔ရပါဘူး။
GTX 1070 ဟာ သူ႔ေရွ႕က GTX 900 စီးရီးရဲ႕ အျမင့္ဆံုးျဖစ္တဲ့ GTX 980 Ti / Titan X (Maxwell) တုိ႔ကုိ ေနာက္ေကာက္ခ်ထားႏုိင္ေပမယ့္လုိ႔ ယခု RTX 2070 ကေတာ့ GTX 1080 Ti ကုိေက်ာ္တက္ဖုိ႔အသာထား . . လယ္ဗယ္တန္းျဖစ္ဖုိ႔ကုိ ရုန္းကန္ရမွာပါ။
(DLSS နဲ႔ဆုိရင္ ျဖစ္ႏုိင္ေပမယ့္ ဒါကလည္း ဂိမ္းက support လုပ္အံုးမွာ အသံုးခ်လို႔ရမွာပါ)
Raytracing ကုိ အသံုးခ်ဖုိ႔အတြက္ရည္ရြယ္ထားရင္ေတာ့ Full HD မွာပင္ သာမန္အဆင့္သာ run (optimized လုပ္ႏုိင္ပါကလည္း 1440p 60Hz ေလာက္အထိသာ အလြန္ဆံုးေမွ်ာ္မွန္းႏုိင္) တာမို႔ 4K Raytracing အတြက္ဆုိရင္ေတာ့ ယခု 20-seires ကုိ လ်စ္လ်ဴရႈထားသင့္ပါတယ္။
ဒီလုိမွမဟုတ္ပဲ raw-power ပဲၾကည့္မယ္ဆိုရင္ေတာ့ RTX 20-sereis က upgrade လုပ္ဖုိ႔သင့္ေတာ္တယ္လုိ႔ေျပာလို႔ရပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ GTX 900 series ကတ္ေတြကိုကုိင္ေဆာင္ထားတဲ့သူေတြအဖို႔ေတာ့ လံုး၀ upgrade လုပ္သင့္ပါပီ။
Estimated/Expected FPS gains
GTX 970 to RTX 2070 (+200% uplift)
GTX 970 to RTX 2080 Ti (~280% uplift)
GTX 980 Ti to RTX 2070 (~40% uplift)
GTX 980 Ti to RTX 2080 Ti (~80% uplift)
All Credit to Original writer, Seo Thu Aung. Copy from SJH facebook page
Unicode
PC နဲ့မစိမ်းတဲ့သူတွေအဖို့ ခုရက်ပိုင်းအတွင်း ဂရပ်ဖစ်ချပ်စ် ထုတ်လုပ်သူ NVIDIA ရဲ့ RTX 20 စီးရီး ဂရပ်ဖစ်ကတ်တွေမိတ်ဆက်ပေးမှုကို အနည်းနဲ့အများ ကြားကြ သိကြမှာပါ။
All Credit to Original writer, Seo Thu Aung. Copy from SJH facebook page
Aug 20 ရက်နေ့က Gamescom ပြပွဲ ပထမဆုံးရက်မှာ NVIDIA ရဲ့ စီအီးအို ဖြစ်တဲ့ Jensen Huang ကနေ ကုမ္ပဏီရဲ့ 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ Pascal (GTX 10 စီးရီး) ရဲ့ နေရာကို အစားထိုးမဲ့ Turing (RTX 20 စီးရီး) ကတ်အသစ်တွေနဲ့ ၄င်းကတ်တွေမှာ ပါဝင်လာမည့် နည်းပညာသစ်တွေကို အကျယ်တဝင့်မိတ်ဆက်သွားခဲ့ပါတယ်။
1. NVIDIA GeForce RTX 20-series GPUs
အလွယ်ပြောရရင် ဂရပ်ဖစ်ကတ်ပေ့ါ . .
GeForce RTX 2080 Ti
GeForce RTX 2080
GeForce RTX 2070
ဆိုပီး သုံးမျိုးကိုကြေညာသွားခဲ့ကာ RTX 2080 Ti နဲ့ RTX 2080 နှစ်မျိုးက ယခုနှစ်စက်တင်ဘာ ၂၀ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။
စျေးနှုန်းအနေနဲ့ NVIDIA ရဲ့ ကိုယ်ပိုင် Founders Edition ကတ်တွေအတွက်
RTX 2080 Ti = $1200
RTX 2080 = $800
RTX 2070 = $600
ASUS, MSI, EVGA, GIGABYTE, ZOTAC စတဲ့ AiB ကုမ္ပဏီတွေရဲ့ ကတ်တွေကတော့ မော်ဒယ်အလိုက်
RTX 2080 Ti = $1000
RTX 2080 = $700
RTX 2070 = $500
ကနေ စတင်မှာဖြစ်ပါတယ်။
2. NVIDIA RTX (Raytracing & Deep Learning Super Sampling)
ဆယ်စုနှစ်တစ်ခုအကြာအထိအမည်ပေးအသုံးပြုခဲ့တဲ့ GTX ကို 2018 မှာတော့ RTX ဖြင့် အစားထိုးခဲ့ပါတယ်။
RTX ဆိုပီးပြောင်းလဲခဲ့ရတဲ့အကြောင်းရင်းလည်းရှိပါတယ်၊ ဒါကတော့ ကွန်ဖရင့်စ်အတွင်း Jensen Huang ရဲ့ပါးစပ်ဖျားကနေမချတဲ့ Raytracing/DLSS တွေကြောင့်ပါ၊၊
Raytracing အကြောင်းအကြမ်းဖြင်းပြောရရင် ကွန်ပျူတာနဲ့ဖန်တီးတဲ့ GFX တွေမှာ အလင်းနဲ့ ပုံရိပ်ပြန်တာတွေကို အပြင်နဲ့ထပ်တူနီးပါး သဘာဝကျအောင်ပြုလုပ်ပေးတဲ့ နည်းပညာတစ်မျိုးပါ။
Battlefield V လိုဂိမ်းမှာ Raytracing ကို ပြသွားတာ တော်တော်လန်းပါတယ်။ ပေါက်ကွဲမှုတစ်ခုရဲ့ ပုံရိပ်တွေက မျက်လုံးမှာသွားထင်နေတာမျိုး အဆောက်အဦးတစ်ခုရဲ့ ပြတင်းပေါက်မှန်တွေမှာ ဘေးက ပုံရိပ်တွေသွားထင်နေတာမျိုးနဲ့ ရင်သပ်ရှုမောဖွယ်ရာပါ။
Raytracing က ယခုမှကောက်ကာငင်ကာပေါ်လာတဲ့ မိုးကျရွှေကိုတော့မဟုတ်ပါဘူး .. .
pre-rendered လုပ်ပီးဖန်တီးရတဲ့ ဟောလိဝုဒ် ရုပ်ရှင် နဲ့ အန်နီမေးရှင်းနယ်ပယ်မှာ Raytracing ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေခဲ့တာကြာခဲ့ပီဖြစ်ပေမယ်လို့ ဂိမ်မာတွေရဲ့လက်ထဲကိုထည့်ပေးဖို့အတွက်ကြ အဆင်မပြေခဲ့ဘူးလေ။
Raytracing ကို render လုပ်နိုင်ဖို့အတွက် ဒေါ်လာ သောင်းဂဏန်းနဲ့အထက် စူပါပါ၀ါ ဂျီပီယူတွေလိုပါတယ်။
ဒီအတွက်ကြောင့် NVIDIA က ယခု သူရဲ့ RTX 20 စီးရီးကတ်တွေကို ပထမဆုံး ဂိမ်မာတွေအတွက် raytracing ကတ်တွေဆိုပီး တဖွဖွနဲ့ အမွမ်းတင်နေတာပေါ့။
(ဂိမ်းနဲ့ ရုပ်ရှင် မတူတဲ့အချက်က ရုပ်ရှင်တွေမှာ ဒေါ်လာသောင်းဂဏန်းချီပီးပေးရတဲ့ ကွန်ပျူတာတွေနဲ့ pre-rendering လုပ်ပီးသားတွေကိုမှ ကျနော်တို့က ကိုယ့်ရဲ့ စမတ်ဖုန်း တီဗွီတွေနဲ့ အခန့်သားမြင်ရခြင်းဖြစ်ပါတယ်။
ဂိမ်းတွေကတော့ real-time rendering လုပ်ရပါတယ်. . ဒါကြောင့်မို့ ဂိမ်းဆော့မည့်ကွန်ပျူတာတစ်လုံးဟာ ဂရပ်ဖစ်ကတ်အကောင်းစား အမြင့်စားတွေလိုအပ်ခြင်းဖြစ်ပါတယ်)
Raytracing နဲ့အတူ နောက်ထပ် Jensen Hung မိတ်ဆက်ပေးခဲ့တာကတော့ DLSS (Deep Learning Super Sampling) ပါ
DLSS က ပုံရိပ်တွေရဲ့ အနားသပ်ကို ချောမွေ့အောင်ပြုလုပ်ပေးတဲ့ anti-aliasing နည်းပညာတစ်မျိုးပဲဖြစ်ပီး ဂျီပီယူရဲ့ tensor core တွေကနေအသုံးချထားတာဖြစ်ပါတယ်။
(စိတ်မကောင်းစရာက tensor core ပါဝင်တဲ့ consumer ဂျီပီယူတွေက လောလောဆယ် Titan V, RTX 20-series ကတ်တွေပဲဖြစ်တော့ ယခင် gen တွေဖြစ်ကျတဲ့ GTX 10-series (GTX 1080, 1070 etc) အပါအဝင် သူ့ရှေ့ကထွက်ခဲ့ပီးသမျှတွေမှာတော့ DLSS ကိုအသုံးပြုလို့ရမှာမဟုတ်ပါဘူး။)
3. Raytracing, DLSS, and performance impact
Raytracing က ကျနော်တို့ကို ရင်သပ်ရှုမောဖွယ်ဖြစ်ရာတွေပေးသလိုပဲ အဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ကိုယ်ကပြန်ပေးဆပ်လိုက်ရတာတွေရှိပါတယ်။
Gamescom NVIDIA booth မှာ ကိုယ်တိုင်စမ်းသပ်ခဲ့တဲ့ IGN.com ကလို reviewer တွေရဲ့ အတွေ့အကြုံတွေက အားရစရာတော့မကောင်းပါဘူး။
Raytracing ဖွင့်ထားတဲ့ Rise of the Tomb Raider, Battlefield V လိုဂိမ်းတွေက 1080p Full HD မှာ Frame Rate ကို 40-50 ပတ်လည်အတွင်းသာ run တယ်လို့သိရပါတယ် . . ဒါက လက်ရှိ top-tier ကတ်ဖြစ်တဲ့ GTX 2080 Ti အသုံးပြုထားတဲ့ PC တွေမှာပါ။
NVIDIA နဲ့ ဂိမ်းဒပလော့ပါဖြစ်တဲ့ Eidos Montreal က မရှေးမနှောင်းမှာပဲ raytracing နဲ့ပတ်သတ်ပီးသူတို့အနေနဲ့ optimize လုပ်ရန်ရှိသေးကြောင်း၊ driver အနေနဲ့လည်း နောက်ထပ်အလားအလာကောင်းတွေရှိနေကြောင်း စသဖြင့် ပြန်ကာပြောကြားခဲ့ပါတယ်။
(စထွက်ထွက်ခြင်းမို့ optimization နဲ့ပတ်သတ်ပီး ကောင်းမွန်တဲ့အနေအထားတွေဖြစ်လာမှာကတော့မလွဲပါဘူး . . ဒါပေမယ့် အဲ့ optimization က ဘယ်အနေအထားထိလည်း ?
4K 60FPS with raytracing ?
1440p 144Hz with raytracing ?
ခုလောလောဆယ်တော့ $1200 တန် RTX 2080 Ti ဟာ 1080p 60Hz with raytracing ကို ခက်ခဲစွာဖြတ်သန်းနေရပါတယ်
DLSS ကတော့ အခြေအနေကောင်းတယ်ပြောရပါမယ် . .
RTX 20 စီးရီးကတ်တွေရဲ့ Tensor core တွေကနေ လုပ်ဆောင်ပေးမှာဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းမှာ ကျသွားခြင်းမရှိပဲ ယခင် gen အဟောင်းထက် နှစ်ဆ နီးပါး frames per second ရရှိစေမယ်ဆိုပီး NVIDIA ပြောထားပါတယ်။
(အောက်တွင် RTX 2080 vs. GTX 1080 ကို နှိုင်းယှဉ်ပြထားတဲ့ ဂရပ်ပါပါတယ်၊
DLSS ပိတ်ထားရင် RTX 2080 က GTX 1080 ထက် 50% မြန်ပေမဲ့ DLSS ဖွင့်ထားလိုက်ရင် GTX 1080 ထက် နှစ်ဆ (100%) ပိုမြန်သွားတာကိုတွေ့ရမှာပါ)
တစ်ခုသိထားရမှာက RTX ကတ်တွေသုံးထားတိုင်း DLSS ကို ဖွင့်လို့ရမှာမဟုတ်ပါဘူး၊၊
Rraytracing, DLSS စတာတွေက ဂိမ်းရဲ့ အထောက်အပံ့ပေးမှုအပေါ်မှာလည်းမူတည်ပါသေးတယ်။
လက်ရှိမှာ Raytracing/DLSS ကို အထောက်အပံ့ပေးမည့် ဂိမ်းစားရင်းကို NVIDIA က ကြေငြာထားပီးဖြစ်ပါတယ်။
(တစ်ချို့က Raytracing တစ်မျိုးတည်း support လုပ်သလို တစ်ချို့က DLSS တစ်မျိုးတည်းသာ support ရပါတယ်။ Raytracing/DLSS နှစ်မျိုးလုံး အထောက်အပ့့ံပေးတဲ့ ဂိမ်းတွေလည်းပါပါတယ်)
4. NVIDIA RTX ကို အထောက်အပံ့ပေးမည့် ဂိမ်းစာရင်း (As of August 20, 2018)
Ark: Survival Evolved (DLSS)
Assetto Corsa Competizione (Raytracing)
Atomic Heart (Both)
Battlefield V (Raytracing)
Control (Raytracing)
Dauntless (DLSS)
Enlisted (DLSS)
Final Fantasy XV (DLSS)
Fractured Lands (DLSS)
Hitman 2 (DLSS)
Islands of Nyne (DLSS)
Justice (Both)
JX3 (Both)
MechWarrior 5: Mercenaries (Both)
Metro Exodus (Raytracing)
PlayerUnknown's Battlegrounds (DLSS)
ProjectDH (Raytracing)
Remnant: From the Ashes (DLSS)
Serious Sam 4: Planet Badass (DLSS)
Shadow of the Tomb Raider (Raytracing)
The Forge Arena (DLSS)
We Happy Few (DLSS)
RTX 20-series နှင့်ပတ်သက်ပြီး ကျနော့်ရဲ့ အမြင်
RTX 20-series ကတ်တွေကို ဝယ်သင့်သလား ?
- GTX 1060 နှင့် အထက် ရှိပီးသားသူတွေအဖို့ 20-series ကို upgrade လုပ်ဖို့ မလိုသေးပါဘူး။Raytracing ကို အသာထား . . လက်ရှိ GTX 1080 vs. RTX 2080 ရဲ့ benchmark ရလဒ်တွေကိုကြည့်ခြင်းဖြင့် RTX 2080 ရဲ့ အနေအထားဟာ ယခင် gen တွေတုန်းကလို မြင့်တက်သွားတာမျိုး လက်ရှိ မတွေ့ရပါဘူး။
GTX 1070 ဟာ သူ့ရှေ့က GTX 900 စီးရီးရဲ့ အမြင့်ဆုံးဖြစ်တဲ့ GTX 980 Ti / Titan X (Maxwell) တို့ကို နောက်ကောက်ချထားနိုင်ပေမယ့်လို့ ယခု RTX 2070 ကတော့ GTX 1080 Ti ကိုကျော်တက်ဖို့အသာထား . . လယ်ဗယ်တန်းဖြစ်ဖို့ကို ရုန်းကန်ရမှာပါ။
(DLSS နဲ့ဆိုရင် ဖြစ်နိုင်ပေမယ့် ဒါကလည်း ဂိမ်းက support လုပ်အုံးမှာ အသုံးချလို့ရမှာပါ)
Raytracing ကို အသုံးချဖို့အတွက်ရည်ရွယ်ထားရင်တော့ Full HD မှာပင် သာမန်အဆင့်သာ run (optimized လုပ်နိုင်ပါကလည်း 1440p 60Hz လောက်အထိသာ အလွန်ဆုံးမျှော်မှန်းနိုင်) တာမို့ 4K Raytracing အတွက်ဆိုရင်တော့ ယခု 20-seires ကို လျစ်လျူရှုထားသင့်ပါတယ်။
ဒီလိုမှမဟုတ်ပဲ raw-power ပဲကြည့်မယ်ဆိုရင်တော့ RTX 20-sereis က upgrade လုပ်ဖို့သင့်တော်တယ်လို့ပြောလို့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် GTX 900 series ကတ်တွေကိုကိုင်ဆောင်ထားတဲ့သူတွေအဖို့တော့ လုံးဝ upgrade လုပ်သင့်ပါပီ။
Estimated/Expected FPS gains
GTX 970 to RTX 2070 (+200% uplift)
GTX 970 to RTX 2080 Ti (~280% uplift)
GTX 980 Ti to RTX 2070 (~40% uplift)
GTX 980 Ti to RTX 2080 Ti (~80% uplift)
All Credit to Original writer, Seo Thu Aung. Copy from SJH facebook page
0 Comments