Frame Rate (FPS) vs. Refresh Rate (Hz), Screen Tearing: What are they and why do they matter?

စာမမြင်လျှင် ဒီကိုနှိပ်ပါ

ဂိမ္းေတြေဆာ့ကစားတဲ့အခါမွာ ဖုန္းနဲ႔ျဖစ္ျဖစ္ ကြန္ပ်ဴတာနဲ႔ပဲျဖစ္ျဖစ္ တစ္ခါတစ္ေလ ေလးေနတာ အရုပ္ေတြထစ္ေနတာကို ႀကံဳဖူးၾကမယ္ထင္ပါတယ္။

ဒါဟာ Frame rate (FPS) နည္းလို႔ျဖစ္ရျခင္းပါ။

ကြန္ပ်ဴတာ ႏွစ္လံုး (သို႔) ႏွစ္လံုးထက္ပုိတဲ့ကြန္ပ်ဴတာေတြကုိ တစ္လံုးနဲ႔တစ္လံုး စြမ္းေဆာင္ရည္ဘယ္သူကပုိေကာင္းသလည္း ႏိႈင္းယွဥ္ၾကတဲ့အခါမွာ က်ေနာ္တုိ႔ေတြအဓိကထား ၾကည့္ၾကတဲ့အခ်က္က Frame Rate ပါ။ Frame Rate ရဲ႕ ယူနစ္က FPS (အရွည္အားျဖင့္ Frames per second) ျဖစ္ပါတယ္။

All Credit to Original Writer Soe Thu Aung, Copy from SJH facebook page

Frame Rate ဆုိတာဘာကုိေခၚတာလည္း ?

ဘာ့ေၾကာင့္ သူ႔ကုိ ကြန္ပ်ဴတာေတြ (အထူးသျဖင့္ Gaming PC) ရဲ႕စြမ္းေဆာင္ရည္ကုိတုိင္းတာတဲ့ စံ တစ္ခုအျဖစ္သံုးရတာလည္း ?

ဂိမ္းနဲ႔ မစိမ္းတဲ့သူေတာ္ေတာ္မ်ားမ်ားကေတာ့ FPS က ဘာလည္းဆုိတာကုိသိၿပီးၾကမွာျဖစ္ေပမဲ့ ေရးရျခင္းရဲ႕ရည္ရြယ္ခ်က္နဲ႔ေသြဖီမသြားေစဖုိ႔ရာအတြက္ ျပန္ရွင္းျပသြားမွာျဖစ္လုိ႔ သိပီးသားကုိ စဆရက လုပ္ရျခင္းမဟုတ္ဟု ႀကိဳစကားခံထားပါရေစ :3

specs မတူတဲ့ gaming PC ႏွစ္လံုး၊ ဂိမ္းတစ္ခု (ဥပမာ Call of Duty: Infinite Warfare) ကုိ resolution အတူတူ၊ in-game graphic settings အတူတူမွာထားပီး benchmark လုပ္မယ္ဆုိရင္ FPS မ်ားတဲ့သူက ပုိေကာင္းတယ္ဆုိတာကုိ သိၿပီးျဖစ္ၾကမွာပါ။

Frames per second ကုိ ျမန္မာလုိျပန္ရရင္ "တစ္စကၠန္႔အတြင္းရိွေသာ ဖရိန္မ်ား" ေပါ့..
 ဖရိန္ "Frame" က လႈပ္ရွားမႈမရိွတဲ့ ပံုရိပ္ "still image" တစ္ခုကုိကုိယ္စားျပဳပါတယ္၊ အဲဒီ "still image" ေလးမ်ားစြာစုေပါင္းပီး slide show တစ္ခုအေနနဲ႔ျပသေပးရာကေန သဘာ၀က်လွတဲ့လႈပ္ရွားမႈကုိျဖစ္ေပၚေစပါတယ္။
Frame Rate (FPS) ဆုိတာက ဆုိတာက အဲဒီ လႈပ္ရွားမႈမရိွတဲ့ ပံုရိပ္ "still image" ေလးေတြ တစ္စကၠန္႔အတြင္း ဘယ္ေလာက္မ်ားမ်ားျဖစ္ေပၚသြားသလည္းဆုိတာကိုေျပာျခင္းပါ။

24 FPS ဆုိရင္ တစ္စကၠန္႔အတြင္း ႏွစ္ဆယ့္ေလးခု
30 FPS ဆုိရင္ တစ္စကၠန္႔အတြင္း ပံုရိပ္အခုသံုးဆယ္
60 FPS = ပံုရိပ္ အခုေျခာက္ဆယ္
120 FPS = မတူညီတဲ့ "still image" ေလးေတြ အခု တစ္ရာ့ႏွစ္ဆယ္ ...
ကြန္ပ်ဴတာ A နဲ႔ ကြန္ပ်ဴတာ B မွာ A က ပ်မ္းမွ် 40 FPS၊ B က 50 FPS ရတယ္ဆုိရင္ ပုိမ်ားတဲ့ ကြန္ပ်ဴတာ B က ပုိျမန္မယ္ ပံုရိပ္လည္း ပို ညက္ မယ္ဆုိတာ အေသအျခာပါပဲ။
CPU နဲ႔ GPU ပုိအားေကာင္းေလေလ တစ္စကၠန္႔အတြင္းမွာ ထုတ္ေပးႏိုင္မယ့္ frame အေရအတြက္မ်ားေလေလ ပါပဲ။

Refresh Rate အေၾကာင္း ဆက္ၾကစို႔...

Refresh Rate ကုိ Hz နဲ႔ တုိင္းတာပါတယ္။ Frame Rate က ကြန္ပ်ဴတာရဲ႕ CPU, GPU component ေတြရဲ႕ အပုိင္းျဖစ္ပီး Refresh Rate ကေတာ့ monitor ရဲ႕ အပုိင္းျဖစ္သြားပါတယ္။

60Hz ရိွတဲ့ monitor ဟာ တစ္စကၠန္႔အတြင္းကုိ အႀကိမ္ေရေျခာက္ဆယ္ နဲ႔ screen ကုိ redraw လုပ္ေပးႏုိင္ပါတယ္။ ဆုိလုိတာက တစ္စကၠန္႔ကုိ frame အေရအတြက္ ေျခာက္ဆယ္ လက္ခံေဖာ္ျပေပးႏိုင္တယ္လုိ႔ အၾကမ္းနားလည္ထားလုိ႔ရပါတယ္။
ဒါဆုိရင္ Frame Rate (FPS) က monitor ရဲ႕ကန္႔သတ္ျခင္းကုိ ခံရပီေပါ့ ?
မဟုတ္ပါဘူး.. monitor ရဲ႕ Refresh Rate က ကြန္ပ်ဴတာရဲ႕ Frame Rate ထုတ္လြတ္မႈကုိ သြားပီးမကန္႔သတ္ မတားဆီးပါဘူး။
ငါက 60Hz မုိ႔ မင္း (ကြန္ပ်ဴတာ) 60FPS ပဲထုတ္ ဆုိပီး မရိွပါဘူး။ monitor က 60Hz ေပမဲ့ သူန႔ဲတြဲထားတဲ့ ကြန္ပ်ဴတာက +80FPS ထုတ္ေပးႏုိင္တဲ့စြမ္းရည္ သူ႔မွာရိွေနရင္ အဲ့ေလာက္ပမာဏကုိထုတ္ေပးေနမွာပါပဲ။

ဒါေပမဲ့..
ဒါေပမဲ့.. monitor ရဲ႕ Refresh Rate က သူ႔ရဲ႕ မ်က္ႏွာျပင္ေပၚမွာျဖစ္ေပၚလာမယ့္ ပံုရိပ္ေတြကုိေတာ့ သူပုိင္ပါတယ္။
ကြန္ပ်ဴတာက 80FPS ထုတ္ေပးလုိက္လင့္ကစား monitor က 60Hz ဆုိရင္ 60FPS ပံုရိပ္ေတြပဲ ျပေပးမွာပါ။

ဒီေလာက္ဆုိ Frame Rate နဲ႔ Refresh Rate ကုိ အၾကမ္းသိေလာက္ပီလုိ႔ထင္ပါတယ္။

Frame Rate က monitor ရဲ႕ လက္ခံေဖာ္ျပေပးႏိုင္တဲ့ Refresh Rate ထက္ နည္းေန/မ်ားေန ရင္ user experience အေနနဲ႔ဘာေတြျဖစ္လာႏုိင္မလည္း ?

Frame Rate က တစ္သတ္မတ္တည္းမရိွႏုိင္ဘူးေလ.. game ေတြမွာ scene အလုိက္ Frame အတက္ အက်က အခ်ိန္တုိင္းျဖစ္ေနေတာ့ အရမ္း intense ျဖစ္တဲ့အေျခအေနမွာ Frame Rate က monitor Refresh Rate ေအာက္ေရာက္ႏုိင္သလုိ သာမာန္အခ်ိန္မွာ Refresh Rate ထက္မ်ားသြားႏုိင္တာပါပဲ။

အဲဒီလုိအေျခအေနမ်ိဳးမွာ monitor မွာ tearing ကုိျဖစ္ေပၚေစပါတယ္။ monitor ရဲ႕ screen draw တစ္ခုအတြင္းမွာ Frame တစ္ခုပဲရိွရမွာျဖစ္ေပမဲ့ Frame ႏွစ္ခု သံုးခု မတူညီပဲျဖစ္ေပၚလာတဲ့အခါမွာ ပံုရိပ္မွာ tearing လုိ႔ေခၚတဲ့ အစင္းေလးေတြျဖစ္ေပၚလာပါတယ္။ (ပံုကိုၾကည့္ပါ)


ဒါက user experience အပိုင္းပါ.. screen tearing ဟာ monitor/PC components ကုိ ထိခိုက္ပ်က္စီးေစျခင္းမရိွပါဘူး။

screen tearing ကုိ ကာကြယ္ဖုိ႔အရာအတြက္က VSync (Vertical Synchronization) လုိ႔ေခၚတဲ့ လုပ္ေဆာင္ခ်က္ကုိ enable လုပ္ထားျခင္းျဖင့္ တားဆီးႏုိင္ပါတယ္။
(PC game တုိင္းရဲ႕ Display Settings/Option တုိင္းမွာ VSync ပါပါတယ္)
VSync ကုိ ဖြင့္ ထားခဲ့မယ္ဆုိရင္ ေကာင္းက်ိဳးအေနန႔ဲ သင္ ဂိမ္းေဆာ့ေနခ်ိန္မွာ screen tearing ကုိ ျမင္ေတြ႔ရေတာ့မွာမဟုတ္ပါဘူး။

ေကာင္းက်ိဳးဆုိေတာ့ ?

ဟုတ္ကဲ့ side effect ျဖစ္တဲ့ ဆိုးက်ိဳးတစ္ခုေတာ့ရိွပါတယ္။

VSync ဟာ GPU ကုိ monitor ရဲ႕ screen draw နဲ႔ တစ္သတ္မတ္တည္းျဖစ္ေစဖုိ႔ရာအတြက္ ဖိအားေပးခိုင္းေစလုပ္ေဆာင္ေစတဲ့အတြက္ monitor က 60Hz ဆုိရင္ frame rate ကုိ 60FPS မွာ limit လုပ္ပါတယ္။ တစ္ကယ္လုိ႔ GPU က 60FPS ထက္ပုိပီး ထုတ္ေပးခဲ့မယ္ဆုိရင္လည္း VSync ဟာ monitor ရဲ႕ Hz ကုိေက်ာ္လြန္ေစျခင္းမရိွေစပဲ 60FPS မွာပဲ ရိွေစမွာပါ။ GPU က 60FPS ေအာက္ကုိေရာက္သြားခဲ့မယ္ဆုိရင္ေတာ့ VSync ဟာ tearing ကုိ ကာကြယ္ဖုိ႔အတြက္ 30FPS ကုိ lock လုပ္လုိက္မွာပါ။ 48FPS ဆုိပါစုိ႔.. ဒါဆုိရင္ monitor ရဲ႕ 60Hz ေအာက္ကုိေရာက္သြားပီျဖစ္လုိ႔ VSync သာ enable/on ထားမယ္ဆုိရင္ 30FPS (no tearing) ကုိ lock လုပ္ပါလိမ့္မယ္။
VSync disable/off ဆုိရင္ေတာ့ 48FPS ရိွရင္ရိွသေလာက္ ျမင္ရမယ္ (with tearing) နဲ႔ေပါ့။

တစ္သတ္မတ္တည္း မရိွတဲ့ Frame Rate ေၾကာင့္ screen tearing ျဖစ္မွာကုိမလုိျခင္ဘူး.. ဒါေပမဲ့ VSnyc ကုိ ဖြင့္ထားလုိက္ျပန္ရင္လည္း tearing မျဖစ္ေတာ့တာမွန္ေပမဲ့ Frame Rate ကုိ ကန္႔သတ္မွာေၾကာင့္ သူ႔ကုိလည္း မသံုးျခင္ဘူး။ ႏွစ္ခုစလံုးအဆင္ေျပတာမရိွဘူးလား ? :3
ဒါဆုိရင္ သင္ဟာ GPU maker ႀကီးေတြျဖစ္တဲ့ NVIDIA နဲ႔ AMD တုိ႔ကုိ Premium Price ထပ္ေဆာင္းေပးဖို႔ရာသားေကာင္အျဖစ္ေရာက္ရိွသြားပါၿပီ :3

NVIDIA ရဲ႕ G-SYNC နည္းပညာနဲ႔ AMD ရဲ႕ FreeSync နည္းပညာဟာ monitor ရဲ႕ Refresh Rate နဲ႔ GPU ရဲ႕ Frame Rate ကုိ တူညီစြာရိွေန ေဖာ္ျပေပးႏုိင္ဖို႔ရာအတြက္စြမ္းေဆာင္ေပးပါတယ္။ NVIDIA ရဲ႕ G-SYNC ဟာ အထူးျပဳလုပ္ထားတဲ့ chip တစ္ခုကုိ monitor ထဲမွာထည့္သြင္းပီး G-SYNC ကုိအေထာက္အပံ့ေပးတဲ့ GeForce GTX GPU ေတြနဲ႔တြက္ဖက္အသံုးျပဳျခင္းျဖင့္ရရိွႏုိင္မွာပါ။ အက်ိဳးဆက္အေနနဲ႕ G-SYNC monitor ေတြဟာ ေစ်းႏႈန္းႀကီးျမင့္စြာနဲ႔လာေလ့ရိွပါတယ္။

AMD FreeSync ဆုိတာကလည္း NVIDIA G-SYNC နည္းတူပါပဲ.. ရည္ရြယ္ခ်က္က tearing မျဖစ္ေစဖုိ႔၊ refresh rate/ frame rate တူညီစြာရိွေနေစဖုိ႔ရာအတြက္ပဲျဖစ္ပါတယ္။ NVIDIA နဲ႔မတူတဲ့အခ်က္က AMD ဟာ သီးသန္႔ ခ်ပ္စ္ monitor ထဲထည့္သြင္းဖုိ႔ရာမလုိပဲ Display Port ရဲ႕ Adaptive-Sync လုပ္ေဆာင္ခ်က္အေပၚကေနယူပီး FreeSync နည္းပညာကုိဖန္တီးထားတာပါပဲ။ Display Port ကုိမူတည္ထားတာျဖစ္လုိ႔ အက်ိဳးဆက္အေနနဲ႔ FreeSync ကုိ HDMI ကေနသံုးမယ္ဆုိရင္ AMD နဲ႔ monitor maker ေတြစီကေန သီးသန္႔ drivers လုိအပ္မွာျဖစ္ပါတယ္။

In summary:
G-SYNC: Only via Display Port as of now
Free-Sync: On both Display Port and HDMI (where as HDMI required custom drivers from respective monitor manufacturer)

All Credit to Original Writer Soe Thu Aung, Copy from SJH facebook page


Unicode



Frame Rate (FPS) vs. Refresh Rate (Hz), Screen Tearing FAQ: What are they and why do they matter?

ဂိမ်းတွေဆော့ကစားတဲ့အခါမှာ ဖုန်းနဲ့ဖြစ်ဖြစ် ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် တစ်ခါတစ်လေ လေးနေတာ အရုပ်တွေထစ်နေတာကို ကြုံဖူးကြမယ်ထင်ပါတယ်။

ဒါဟာ Frame rate (FPS) နည်းလို့ဖြစ်ရခြင်းပါ။

ကွန်ပျူတာ နှစ်လုံး (သို့) နှစ်လုံးထက်ပိုတဲ့ကွန်ပျူတာတွေကို တစ်လုံးနဲ့တစ်လုံး စွမ်းဆောင်ရည်ဘယ်သူကပိုကောင်းသလည်း နှိုင်းယှဉ်ကြတဲ့အခါမှာ ကျနော်တို့တွေအဓိကထား ကြည့်ကြတဲ့အချက်က Frame Rate ပါ။ Frame Rate ရဲ့ ယူနစ်က FPS (အရှည်အားဖြင့် Frames per second) ဖြစ်ပါတယ်။

All Credit to Original Writer Soe Thu Aung, Copy from SJH facebook page

Frame Rate ဆိုတာဘာကိုခေါ်တာလည်း ?

ဘာ့ကြောင့် သူ့ကို ကွန်ပျူတာတွေ (အထူးသဖြင့် Gaming PC) ရဲ့စွမ်းဆောင်ရည်ကိုတိုင်းတာတဲ့ စံ တစ်ခုအဖြစ်သုံးရတာလည်း ?

ဂိမ်းနဲ့ မစိမ်းတဲ့သူတော်တော်များများကတော့ FPS က ဘာလည်းဆိုတာကိုသိပြီးကြမှာဖြစ်ပေမဲ့ ရေးရခြင်းရဲ့ရည်ရွယ်ချက်နဲ့သွေဖီမသွားစေဖို့ရာအတွက် ပြန်ရှင်းပြသွားမှာဖြစ်လို့ သိပီးသားကို စဆရက လုပ်ရခြင်းမဟုတ်ဟု ကြိုစကားခံထားပါရစေ :3

specs မတူတဲ့ gaming PC နှစ်လုံး၊ ဂိမ်းတစ်ခု (ဥပမာ Call of Duty: Infinite Warfare) ကို resolution အတူတူ၊ in-game graphic settings အတူတူမှာထားပီး benchmark လုပ်မယ်ဆိုရင် FPS များတဲ့သူက ပိုကောင်းတယ်ဆိုတာကို သိပြီးဖြစ်ကြမှာပါ။

Frames per second ကို မြန်မာလိုပြန်ရရင် "တစ်စက္ကန့်အတွင်းရှိသော ဖရိန်များ" ပေါ့..
င်္ဖရိန် "Frame" က လှုပ်ရှားမှုမရှိတဲ့ ပုံရိပ် "still image" တစ်ခုကိုကိုယ်စားပြုပါတယ်၊ အဲဒီ "still image" လေးများစွာစုပေါင်းပီး slide show တစ်ခုအနေနဲ့ပြသပေးရာကနေ သဘာဝကျလှတဲ့လှုပ်ရှားမှုကိုဖြစ်ပေါ်စေပါတယ်။
Frame Rate (FPS) ဆိုတာက ဆိုတာက အဲဒီ လှုပ်ရှားမှုမရှိတဲ့ ပုံရိပ် "still image" လေးတွေ တစ်စက္ကန့်အတွင်း ဘယ်လောက်များများဖြစ်ပေါ်သွားသလည်းဆိုတာကိုပြောခြင်းပါ။

24 FPS ဆိုရင် တစ်စက္ကန့်အတွင်း နှစ်ဆယ့်လေးခု
30 FPS ဆိုရင် တစ်စက္ကန့်အတွင်း ပုံရိပ်အခုသုံးဆယ်
60 FPS = ပုံရိပ် အခုခြောက်ဆယ်
120 FPS = မတူညီတဲ့ "still image" လေးတွေ အခု တစ်ရာ့နှစ်ဆယ် ...
ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B မှာ A က ပျမ်းမျှ 40 FPS၊ B က 50 FPS ရတယ်ဆိုရင် ပိုများတဲ့ ကွန်ပျူတာ B က ပိုမြန်မယ် ပုံရိပ်လည်း ပို ညက် မယ်ဆိုတာ အသေအခြာပါပဲ။
CPU နဲ့ GPU ပိုအားကောင်းလေလေ တစ်စက္ကန့်အတွင်းမှာ ထုတ်ပေးနိုင်မယ့် frame အရေအတွက်များလေလေ ပါပဲ။

Refresh Rate အကြောင်း ဆက်ကြစို့..

Refresh Rate ကို Hz နဲ့ တိုင်းတာပါတယ်။ Frame Rate က ကွန်ပျူတာရဲ့ CPU, GPU component တွေရဲ့ အပိုင်းဖြစ်ပီး Refresh Rate ကတော့ monitor ရဲ့ အပိုင်းဖြစ်သွားပါတယ်။

60Hz ရှိတဲ့ monitor ဟာ တစ်စက္ကန့်အတွင်းကို အကြိမ်ရေခြောက်ဆယ် နဲ့ screen ကို redraw လုပ်ပေးနိုင်ပါတယ်။ ဆိုလိုတာက တစ်စက္ကန့်ကို frame အရေအတွက် ခြောက်ဆယ် လက်ခံဖော်ပြပေးနိုင်တယ်လို့ အကြမ်းနားလည်ထားလို့ရပါတယ်။
ဒါဆိုရင် Frame Rate (FPS) က monitor ရဲ့ကန့်သတ်ခြင်းကို ခံရပီပေါ့ ?
မဟုတ်ပါဘူး.. monitor ရဲ့ Refresh Rate က ကွန်ပျူတာရဲ့ Frame Rate ထုတ်လွတ်မှုကို သွားပီးမကန့်သတ် မတားဆီးပါဘူး။

ငါက 60Hz မို့ မင်း (ကွန်ပျူတာ) 60FPS ပဲထုတ် ဆိုပီး မရှိပါဘူး။ monitor က 60Hz ပေမဲ့ သူနဲ့တွဲထားတဲ့ ကွန်ပျူတာက +80FPS ထုတ်ပေးနိုင်တဲ့စွမ်းရည် သူ့မှာရှိနေရင် အဲ့လောက်ပမာဏကိုထုတ်ပေးနေမှာပါပဲ။

ဒါပေမဲ့..
ဒါပေမဲ့.. monitor ရဲ့ Refresh Rate က သူ့ရဲ့ မျက်နှာပြင်ပေါ်မှာဖြစ်ပေါ်လာမယ့် ပုံရိပ်တွေကိုတော့ သူပိုင်ပါတယ်။
ကွန်ပျူတာက 80FPS ထုတ်ပေးလိုက်လင့်ကစား monitor က 60Hz ဆိုရင် 60FPS ပုံရိပ်တွေပဲ ပြပေးမှာပါ။

ဒီလောက်ဆို Frame Rate နဲ့ Refresh Rate ကို အကြမ်းသိလောက်ပီလို့ထင်ပါတယ်။

င်္Frame Rate က monitor ရဲ့ လက်ခံဖော်ပြပေးနိုင်တဲ့ Refresh Rate ထက် နည်းနေ/များနေ ရင် user experience အနေနဲ့ဘာတွေဖြစ်လာနိုင်မလည်း ?
င်္Frame Rate က တစ်သတ်မတ်တည်းမရှိနိုင်ဘူးလေ.. game တွေမှာ scene အလိုက် Frame အတက် အကျက အချိန်တိုင်းဖြစ်နေတော့ အရမ်း intense ဖြစ်တဲ့အခြေအနေမှာ Frame Rate က monitor Refresh Rate အောက်ရောက်နိုင်သလို သာမာန်အချိန်မှာ Refresh Rate ထက်များသွားနိုင်တာပါပဲ။

အဲဒီလိုအခြေအနေမျိုးမှာ monitor မှာ tearing ကိုဖြစ်ပေါ်စေပါတယ်။ monitor ရဲ့ screen draw တစ်ခုအတွင်းမှာ Frame တစ်ခုပဲရှိရမှာဖြစ်ပေမဲ့ Frame နှစ်ခု သုံးခု မတူညီပဲဖြစ်ပေါ်လာတဲ့အခါမှာ ပုံရိပ်မှာ tearing လို့ခေါ်တဲ့ အစင်းလေးတွေဖြစ်ပေါ်လာပါတယ်။ (ပုံကိုကြည့်ပါ)


ဒါက user experience အပိုင်းပါ.. screen tearing ဟာ monitor/PC components ကို ထိခိုက်ပျက်စီးစေခြင်းမရှိပါဘူး။

screen tearing ကို ကာကွယ်ဖို့အရာအတွက်က VSync (Vertical Synchronization) လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကို enable လုပ်ထားခြင်းဖြင့် တားဆီးနိုင်ပါတယ်။
(PC game တိုင်းရဲ့ Display Settings/Option တိုင်းမှာ VSync ပါပါတယ်)
VSync ကို ဖွင့် ထားခဲ့မယ်ဆိုရင် ကောင်းကျိုးအနေနဲ့ သင် ဂိမ်းဆော့နေချိန်မှာ screen tearing ကို မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။

ကောင်းကျိုးဆိုတော့ ?

ဟုတ်ကဲ့ side effect ဖြစ်တဲ့ ဆိုးကျိုးတစ်ခုတော့ရှိပါတယ်။

VSync ဟာ GPU ကို monitor ရဲ့ screen draw နဲ့ တစ်သတ်မတ်တည်းဖြစ်စေဖို့ရာအတွက် ဖိအားပေးခိုင်းစေလုပ်ဆောင်စေတဲ့အတွက် monitor က 60Hz ဆိုရင် frame rate ကို 60FPS မှာ limit လုပ်ပါတယ်။ တစ်ကယ်လို့ GPU က 60FPS ထက်ပိုပီး ထုတ်ပေးခဲ့မယ်ဆိုရင်လည်း VSync ဟာ monitor ရဲ့ Hz ကိုကျော်လွန်စေခြင်းမရှိစေပဲ 60FPS မှာပဲ ရှိစေမှာပါ။ GPU က 60FPS အောက်ကိုရောက်သွားခဲ့မယ်ဆိုရင်တော့ VSync ဟာ tearing ကို ကာကွယ်ဖို့အတွက် 30FPS ကို lock လုပ်လိုက်မှာပါ။ 48FPS ဆိုပါစို့.. ဒါဆိုရင် monitor ရဲ့ 60Hz အောက်ကိုရောက်သွားပီဖြစ်လို့ VSync သာ enable/on ထားမယ်ဆိုရင် 30FPS (no tearing) ကို lock လုပ်ပါလိမ့်မယ်။
VSync disable/off ဆိုရင်တော့ 48FPS ရှိရင်ရှိသလောက် မြင်ရမယ် (with tearing) နဲ့ပေါ့။

တစ်သတ်မတ်တည်း မရှိတဲ့ Frame Rate ကြောင့် screen tearing ဖြစ်မှာကိုမလိုခြင်ဘူး.. ဒါပေမဲ့ VSnyc ကို ဖွင့်ထားလိုက်ပြန်ရင်လည်း tearing မဖြစ်တော့တာမှန်ပေမဲ့ Frame Rate ကို ကန့်သတ်မှာကြောင့် သူ့ကိုလည်း မသုံးခြင်ဘူး။ နှစ်ခုစလုံးအဆင်ပြေတာမရှိဘူးလား ? :3
ဒါဆိုရင် သင်ဟာ GPU maker ကြီးတွေဖြစ်တဲ့ NVIDIA နဲ့ AMD တို့ကို Premium Price ထပ်ဆောင်းပေးဖို့ရာသားကောင်အဖြစ်ရောက်ရှိသွားပါပြီ :3

NVIDIA ရဲ့ G-SYNC နည်းပညာနဲ့ AMD ရဲ့ FreeSync နည်းပညာဟာ monitor ရဲ့ Refresh Rate နဲ့ GPU ရဲ့ Frame Rate ကို တူညီစွာရှိနေ ဖော်ပြပေးနိုင်ဖို့ရာအတွက်စွမ်းဆောင်ပေးပါတယ်။ NVIDIA ရဲ့ G-SYNC ဟာ အထူးပြုလုပ်ထားတဲ့ chip တစ်ခုကို monitor ထဲမှာထည့်သွင်းပီး G-SYNC ကိုအထောက်အပံ့ပေးတဲ့ GeForce GTX GPU တွေနဲ့တွက်ဖက်အသုံးပြုခြင်းဖြင့်ရရှိနိုင်မှာပါ။ အကျိုးဆက်အနေနဲ့ G-SYNC monitor တွေဟာ စျေးနှုန်းကြီးမြင့်စွာနဲ့လာလေ့ရှိပါတယ်။

AMD FreeSync ဆိုတာကလည်း NVIDIA G-SYNC နည်းတူပါပဲ.. ရည်ရွယ်ချက်က teaing မဖြစ်စေဖို့၊ refresh rate/ frame rate တူညီစွာရှိနေစေဖို့ရာအတွက်ပဲဖြစ်ပါတယ်။ NVIDIA နဲ့မတူတဲ့အချက်က AMD ဟာ သီးသန့် ချပ်စ် monitor ထဲထည့်သွင်းဖို့ရာမလိုပဲ Display Port ရဲ့ Adaptive-Sync လုပ်ဆောင်ချက်အပေါ်ကနေယူပီး FreeSync နည်းပညာကိုဖန်တီးထားတာပါပဲ။ Display Port ကိုမူတည်ထားတာဖြစ်လို့ အကျိုးဆက်အနေနဲ့ FreeSync ကို HDMI ကနေသုံးမယ်ဆိုရင် AMD နဲ့ monitor maker တွေစီကနေ သီးသန့် drivers လိုအပ်မှာဖြစ်ပါတယ်။

In summary:
G-SYNC: Only via Display Port as of now
FreeSync: On both Diaplay Port and HDMI (where as HDMI required custom drivers from respective monitor manufacturer)

All Credit to Original Writer Soe Thu Aung, Copy from SJH facebook page

Post a Comment

0 Comments