Gorogoa [PC, Nintendo Switch, iOS]

Gorogoa ဂိမ္းက အေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းတဲ့ puzzle ဂိမ္း အမ်ိဳးအစားပါ ။ က်ေနာ္ puzzle ဂိမ္းေတြ သိပ္မကစားတတ္ပါဘူး ။ ဒါေပမယ့္ ဒီ puzzle ဂိမ္းကိုေတာ့ ကစားၿပီး ေတာ္ေတာ္ႀကိဳက္သြားပါတယ္ ။ ဘာအခ်က္ေတြက က်ေနာ့္ကို ဆြဲေဆာင္ထားလဲဆိုတာ ၾကည့္ၾကရေအာင္ ။ စာဖတ်မရလျှင် ဒီကိုနှိပ်ပါ

Gorogoa ကေတာ့ puzzle အမ်ိဳးအစားျဖစ္ၿပီး Jason Roberts က ဖန္တီးထားၿပီး publisher ကေတာ့ Annapurna Interactive ျဖစ္ပါတယ္ ။ ေကာင္ေလးက နတ္ဘုရားလိုလို ဘာလိုလို သတၱဝါကို လိုက္႐ွာတာကို ဒုတိယကမၻာစစ္ေခတ္ အေငြ႔အသက္ ေနာက္ခံနဲ႔ ဇာတ္လမ္းတစ္ပုဒ္လို ျပသြားတာ ျဖစ္ပါတယ္ ။ Microsoft Windows, Nintendo Switch ႏွင့္ iOS အတြက္ ၂၀၁၇ ဒီဇင္ဘာ ၁၄ ရက္ေန႔မွာ ထြက္႐ွိလာခဲ့တာ ျဖစ္ပါတယ္ ။ ဆု တစ္ႀကိဳမွန္းစာရင္းထဲ အမ်ားဆံုးပါခဲ့တဲ့ ဂိမ္းတစ္ခု ျဖစ္ခဲ့ၿပီး the Visual Design Award, the Good Game Club top prize, Visual Art award စတဲ့ ဆုေတြလည္း ရ႐ွိခဲ့တဲ့ ဂိမ္းတစ္ခု ျဖစ္ပါတယ္ ။


Gorogoa ဂိမ္းက indie အမ်ိဳးအစားပါ ။ indie ဆိုတာကေတာ့ developer အုပ္စုေသးေသးေလးက publisher ရဲ႕ ေငြအေထာက္အပံ့မပါပဲ ဂိမ္းထုတ္လုပ္မႈ ကုန္က်စရိတ္ ကိုယ့္ဘာသာကိုယ္ ထုတ္ ၊ ေခါင္းအစားခံၿပီး ဂိမ္းအစေရးတာကေန ထုတ္တဲ့အဆံုး developer ကပဲ လုပ္သြားရတဲ့ ဂိမ္းအမ်ိဳးအစား ျဖစ္ပါတယ္ ။ ဂိမ္းက ေတာ္ေတာ္ေလး ေသသပ္ပါတယ္ ။ ႐ုပ္ထြက္က လက္ဆြဲပန္းခ်ီပံုေတြနဲ႔ ေသေသသပ္သပ္ ေရးဆြဲထားတာ ျမင္ေတြ႔ရမွာပါ ။ ဒီပန္းခ်ီပံုေတြက ဟိုးအရင္ ၁၉၀၀ ေက်ာ္ေခတ္က ေရေဆးပန္းခ်ီေတြလိုမ်ိဳးပဲ အႏုပညာေျမာက္တယ္ ။ ေနာက္ခံသီခ်င္းကေတာ့ သိပ္ၿပီး ထူးထူးျခားျခားမရွိဘူး ။ ေနာက္ၿပီး စာသားေတြက setting, main menu ထဲမွာပဲ ပါတယ္ ။ က်န္တာအကုန္ ဘာစာမွ မ႐ွိပါဘူး ။ ဒါေၾကာင့္ ဒီဂိမ္းက ဘာစာမွ ဖတ္စရာမလိုပါဘူး ။ ဒီဂိမ္းက သင့္ရဲ႕ အနီးအေဝးျမင္ကြင္း ဆက္စပ္စဥ္းစားႏုိင္စြမ္း ၊ ပံုတပံုရဲ႕ ဆုိလိုရင္း ၊ ျမဳပ္ထားတဲ့ အဓိပၸါယ္ ေဖာ္ထုတ္ႏုိင္စြမ္းကို စမ္းသပ္တာပဲ ျဖစ္ပါတယ္ ။


ဂိမ္းထဲ ဝင္လိုက္တာနဲ႔ အကြက္ ၄ ကြက္မွာ ပံု ၄ ပံု ေပးထားမယ္ ။ ကိုယ္က ပံုတစ္ပံုခ်င္းကို ေထာက္ၾကည့္ၿပီး ႏွိပ္စရာ႐ွိရင္ ႏွိပ္ ေရႊ႔စရာ႐ွိရင္ ေရႊ႔ရတယ္ ။ ပံု တစ္ပံုနဲ႔ တစ္ပံု ဆက္စပ္မႈ ႐ွိသြားရင္ ပံုက လႈပ္႐ွားလာတယ္ ။ တခန္​းရပ္​ ဇာတ္လမ္းတစ္ပုဒ္ ၾကည့္ေနရသလိုပဲ ။ ဥပမာ ေျပာရရင္ သစ္ကုိင္းမွာ ငွက္နားေနတဲ့ပံု ၊ တုိက္တာအေဆာက္အအံုပါတဲ့ အေဝးျမင္ကြင္းပံု ၊ အိမ္ထဲမွာ ေကာင္ေလးတစ္ေယာက္ ရပ္ေနတဲ့ပံု ။ ဒီပံု ၃ ပံုကို ဆက္စပ္မႈ႐ွိေအာင္ လုပ္လိုက္ရင္ ပံုထဲက ေကာင္ေလးက အိမ္ခန္းထဲက ခြက္ကိုယူၿပီး အျပင္ထြက္လာၿပီး ပန္းျခံထဲ လမ္းေလ်ွာက္လာတာကို ေတြ႔ရမယ္ ။ လမ္းေလ်ွာက္လာတဲ့ေနရာမွာ ပံု လႈပ္႐ွားမႈက ရပ္သြားတယ္ ။ ဒီေတာ့ ေကာင္ေလးက ခြက္ကို ကိုင္ၿပီး ဘာလာလုပ္တာလဲေပါ့ စဥ္းစားမိတယ္ ။ ေနာက္တစ္ကြက္ကို သိရဖို႔ ပံု ၂ ပံုနဲ႔ ဆက္စပ္မႈ ႐ွိေအာင္ စဥ္းစားရျပန္တယ္ ။ အကုန္လံုး ဆက္စပ္မႈ႐ွိသြားတဲ့အခါ ေဟာ... ေကာင္ေလးက ခုနက သစ္ကိုင္းေပၚ နားေနတဲ့ ငွက္ ပ်ံထြက္သြားလို႔ ျဖစ္ေပၚလာတဲ့ တုန္ခါမႈေၾကာင့္ သစ္ပင္ေပၚက ျပဳတ္က်လာတဲ့ ပန္းသီးကို သူယူလာတဲ့ ခြက္နဲ႔ ခံလိုက္တာကိုး ။ ေနာက္မွ ဒီသစ္ပင္ကလည္း ေကာင္ေလးေရာက္ေနတဲ့ ပန္းျခံထဲက သစ္ပင္ ျဖစ္ေနတာကို ေတြ႔လိုက္ရတယ္ ။

ဒီလိုနဲ႔ တခါတခါ ပံုတပံု လႈပ္႐ွားလာေအာင္ လုပ္ဖို႔ အေတာ္ႀကီးကို စဥ္းစားယူရတယ္ ။ က်ေနာ္ကိုယ္တုိင္ကကို puzzle ဘက္ျခမ္း ညံ႕ေနလို႔ ျဖစ္မွာပါ ။ ဒါေပမယ့္ ပေဟဠိေျဖ႐ွင္းဖို႔ ခ်ဥ္းကပ္ႏုိင္တဲ့ နည္းလမ္းေတြက တစ္လမ္းပဲ႐ွိေတာ့ ဒီတစ္လမ္းက လြဲသြားရင္ လံုးဝ ေ႐ွ႕ဆက္လို႔ မရေတာ့တာမ်ိဳး ေတြ႔ရတယ္ ။ ဒီလိုျဖစ္ၿပီဆို chapter အစကေန ျပန္ကစားရ​ေတာ့တာပဲ ။ သေဘာမက်တာတစ္ခုက ဂိမ္းထဲ စဝင္တာနဲ႔ intro ေတာင္ မဝင္ပဲ ဘာမွ မေျပာျပပဲ puzzle တန္းေျဖ႐ွင္းရတာပဲ ။ က်ေနာ္ေတာင္္​ စစဝင္​ခ်င္​း ဘာႀကီးပါလိမ့္? ဘာကိုျပေနတာလဲလို႔ ဆိုၿပီး အူေၾကာင္ေၾကာင္ ျဖစ္သြားတယ္ ။ ေနာက္ၿပီး ဆိုးတဲ့အခ်က္က puzzle ေျဖ႐ွင္းရင္း ကိုယ္ ဘယ္ေလာက္ေရာက္ေနၿပီ ဘယ္ chapter ကို ေရာက္ေနၿပီလဲဆိုတာ မသိရတာပဲ ။ ကစားရင္​း တစ္​​ေနရာမွာ တစ္​ ​ေနလို႔ ျပန္​ထြက္​ၾကည္​့မွ chapter ဘယ္​​ေလာက္​​ေရာက္​​ေနလဲဆိုတာ သိရတယ္​ ။


အခ်ဳပ္ဆိုရရင္ အေပၚက ေျပာခဲ့တဲ့ မေကာင္းတဲ့ အခ်က္က တကယ္ေတာ့ သိပ္အဆိုးႀကီး မဟုတ္ပါဘူး ။ ဒါေပမယ့္ Gorogoa ဂိမ္းက ေနာက္လာမယ့္ တစ္ကြက္က ဘာျဖစ္မွာလဲ ဆိုတာ သိခ်င္စိတ္က ပေဟဠိတစ္ခု ရေအာင္ ေျဖ႐ွင္းဖို႔ ဆြေပးေနသလို ျဖစ္ေနေတာ့ ကစားရင္း ဂိမ္းထဲ နစ္ေျမာသြားလို႔ အခ်ိန္ကုန္လို႔ ကုန္မွန္း မသိေတာ့တဲ့ အႀကိမ္ မ်ားပါတယ္ ။ စဥ္းစားရမ်ားလို႔ ေခါင္းလည္း အေတာ္ႀကိမ္းပါတယ္ ။ Gorogoa ဂိမ္းကေတာ့ puzzle game ႀကိဳက္သမားေတြ ကစားၾကည့္သင့္တဲ့ ဂိမ္းတစ္ခုပါပဲလို႔ ေျပာရင္း နိဂံုးခ်ဳပ္လိုက္ပါတယ္ ။



Gorogoa ဂိမ်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ puzzle ဂိမ်း အမျိုးအစားပါ ။ ကျနော် puzzle ဂိမ်းတွေ သိပ်မကစားတတ်ပါဘူး ။ ဒါပေမယ့် ဒီ puzzle ဂိမ်းကိုတော့ ကစားပြီး တော်တော်ကြိုက်သွားပါတယ် ။ ဘာအချက်တွေက ကျနော့်ကို ဆွဲဆောင်ထားလဲဆိုတာ ကြည့်ကြရအောင် ။

Gorogoa ကတော့ puzzle အမျိုးအစားဖြစ်ပြီး Jason Roberts က ဖန်တီးထားပြီး publisher ကတော့ Annapurna Interactive ဖြစ်ပါတယ် ။ ကောင်လေးက နတ်ဘုရားလိုလို ဘာလိုလို သတ္တဝါကို လိုက်ရှာတာကို ဒုတိယကမ္ဘာစစ်ခေတ် အငွေ့အသက် နောက်ခံနဲ့ ဇာတ်လမ်းတစ်ပုဒ်လို ပြသွားတာ ဖြစ်ပါတယ် ။ Microsoft Windows, Nintendo Switch နှင့် iOS အတွက် ၂၀၁၇ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ ဆု တစ်ကြိုမှန်းစာရင်းထဲ အများဆုံးပါခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ခဲ့ပြီး the Visual Design Award, the Good Game Club top prize, Visual Art award စတဲ့ ဆုတွေလည်း ရရှိခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။

Gorogoa ဂိမ်းက indie အမျိုးအစားပါ ။ indie ဆိုတာကတော့ developer အုပ်စုသေးသေးလေးက publisher ရဲ့ ငွေအထောက်အပံ့မပါပဲ ဂိမ်းထုတ်လုပ်မှု ကုန်ကျစရိတ် ကိုယ့်ဘာသာကိုယ် ထုတ် ၊ ခေါင်းအစားခံပြီး ဂိမ်းအစရေးတာကနေ ထုတ်တဲ့အဆုံး developer ကပဲ လုပ်သွားရတဲ့ ဂိမ်းအမျိုးအစား ဖြစ်ပါတယ် ။ ဂိမ်းက တော်တော်လေး သေသပ်ပါတယ် ။ ရုပ်ထွက်က လက်ဆွဲပန်းချီပုံတွေနဲ့ သေသေသပ်သပ် ရေးဆွဲထားတာ မြင်တွေ့ရမှာပါ ။ ဒီပန်းချီပုံတွေက ဟိုးအရင် ၁၉၀၀ ကျော်ခေတ်က ရေဆေးပန်းချီတွေလိုမျိုးပဲ အနုပညာမြောက်တယ် ။ နောက်ခံသီချင်းကတော့ သိပ်ပြီး ထူးထူးခြားခြားမရှိဘူး ။ နောက်ပြီး စာသားတွေက setting, main menu ထဲမှာပဲ ပါတယ် ။ ကျန်တာအကုန် ဘာစာမှ မရှိပါဘူး ။ ဒါကြောင့် ဒီဂိမ်းက ဘာစာမှ ဖတ်စရာမလိုပါဘူး ။ ဒီဂိမ်းက သင့်ရဲ့ အနီးအဝေးမြင်ကွင်း ဆက်စပ်စဉ်းစားနိုင်စွမ်း ၊ ပုံတပုံရဲ့ ဆိုလိုရင်း ၊ မြုပ်ထားတဲ့ အဓိပ္ပါယ် ဖော်ထုတ်နိုင်စွမ်းကို စမ်းသပ်တာပဲ ဖြစ်ပါတယ် ။


ဂိမ်းထဲ ဝင်လိုက်တာနဲ့ အကွက် ၄ ကွက်မှာ ပုံ ၄ ပုံ ပေးထားမယ် ။ ကိုယ်က ပုံတစ်ပုံချင်းကို ထောက်ကြည့်ပြီး နှိပ်စရာရှိရင် နှိပ် ရွှေ့စရာရှိရင် ရွှေ့ရတယ် ။ ပုံ တစ်ပုံနဲ့ တစ်ပုံ ဆက်စပ်မှု ရှိသွားရင် ပုံက လှုပ်ရှားလာတယ် ။ တခန်​းရပ်​ ဇာတ်လမ်းတစ်ပုဒ် ကြည့်နေရသလိုပဲ ။ ဥပမာ ပြောရရင် သစ်ကိုင်းမှာ ငှက်နားနေတဲ့ပုံ ၊ တိုက်တာအဆောက်အအုံပါတဲ့ အဝေးမြင်ကွင်းပုံ ၊ အိမ်ထဲမှာ ကောင်လေးတစ်ယောက် ရပ်နေတဲ့ပုံ ။ ဒီပုံ ၃ ပုံကို ဆက်စပ်မှုရှိအောင် လုပ်လိုက်ရင် ပုံထဲက ကောင်လေးက အိမ်ခန်းထဲက ခွက်ကိုယူပြီး အပြင်ထွက်လာပြီး ပန်းခြံထဲ လမ်းလျှောက်လာတာကို တွေ့ရမယ် ။ လမ်းလျှောက်လာတဲ့နေရာမှာ ပုံ လှုပ်ရှားမှုက ရပ်သွားတယ် ။ ဒီတော့ ကောင်လေးက ခွက်ကို ကိုင်ပြီး ဘာလာလုပ်တာလဲပေါ့ စဉ်းစားမိတယ် ။ နောက်တစ်ကွက်ကို သိရဖို့ ပုံ ၂ ပုံနဲ့ ဆက်စပ်မှု ရှိအောင် စဉ်းစားရပြန်တယ် ။ အကုန်လုံး ဆက်စပ်မှုရှိသွားတဲ့အခါ ဟော... ကောင်လေးက ခုနက သစ်ကိုင်းပေါ် နားနေတဲ့ ငှက် ပျံထွက်သွားလို့ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကြောင့် သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကို သူယူလာတဲ့ ခွက်နဲ့ ခံလိုက်တာကိုး ။ နောက်မှ ဒီသစ်ပင်ကလည်း ကောင်လေးရောက်နေတဲ့ ပန်းခြံထဲက သစ်ပင် ဖြစ်နေတာကို တွေ့လိုက်ရတယ် ။

ဒီလိုနဲ့ တခါတခါ ပုံတပုံ လှုပ်ရှားလာအောင် လုပ်ဖို့ အတော်ကြီးကို စဉ်းစားယူရတယ် ။ ကျနော်ကိုယ်တိုင်ကကို puzzle ဘက်ခြမ်း ညံ့နေလို့ ဖြစ်မှာပါ ။ ဒါပေမယ့် ပဟေဠိဖြေရှင်းဖို့ ချဉ်းကပ်နိုင်တဲ့ နည်းလမ်းတွေက တစ်လမ်းပဲရှိတော့ ဒီတစ်လမ်းက လွဲသွားရင် လုံးဝ ရှေ့ဆက်လို့ မရတော့တာမျိုး တွေ့ရတယ် ။ ဒီလိုဖြစ်ပြီဆို chapter အစကနေ ပြန်ကစားရ​တော့တာပဲ ။ သဘောမကျတာတစ်ခုက ဂိမ်းထဲ စဝင်တာနဲ့ intro တောင် မဝင်ပဲ ဘာမှ မပြောပြပဲ puzzle တန်းဖြေရှင်းရတာပဲ ။ ကျနော်တောင််​ စစဝင်​ချင်​း ဘာကြီးပါလိမ့်? ဘာကိုပြနေတာလဲလို့ ဆိုပြီး အူကြောင်ကြောင် ဖြစ်သွားတယ် ။ နောက်ပြီး ဆိုးတဲ့အချက်က puzzle ဖြေရှင်းရင်း ကိုယ် ဘယ်လောက်ရောက်နေပြီ ဘယ် chapter ကို ရောက်နေပြီလဲဆိုတာ မသိရတာပဲ ။ ကစားရင်​း တစ်​​နေရာမှာ တစ်​ ​နေလို့ ပြန်​ထွက်​ကြည်​့မှ chapter ဘယ်​​လောက်​​ရောက်​​နေလဲဆိုတာ သိရတယ်​ ။


အချုပ်ဆိုရရင် အပေါ်က ပြောခဲ့တဲ့ မကောင်းတဲ့ အချက်က တကယ်တော့ သိပ်အဆိုးကြီး မဟုတ်ပါဘူး ။ ဒါပေမယ့် Gorogoa ဂိမ်းက နောက်လာမယ့် တစ်ကွက်က ဘာဖြစ်မှာလဲ ဆိုတာ သိချင်စိတ်က ပဟေဠိတစ်ခု ရအောင် ဖြေရှင်းဖို့ ဆွပေးနေသလို ဖြစ်နေတော့ ကစားရင်း ဂိမ်းထဲ နစ်မြောသွားလို့ အချိန်ကုန်လို့ ကုန်မှန်း မသိတော့တဲ့ အကြိမ် များပါတယ် ။ စဉ်းစားရများလို့ ခေါင်းလည်း အတော်ကြိမ်းပါတယ် ။ Gorogoa ဂိမ်းကတော့ puzzle game ကြိုက်သမားတွေ ကစားကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါပဲလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ် ။

Links

Post a Comment

0 Comments