Ghost of a Tale [PS4, Xbox One, PC]


အပ်ံစား႐ုပ္ထြက္ေတြနဲ႔ အၾကမ္းပတမ္းေတြ ေဆာ့ရမယ့္ ဂိမ္းေတြခ်ည္း ထြက္ေနေတာ့ နဲနဲ အေျပာင္းအလဲ ျဖစ္သြားေအာင္ Stealth/RPG ဂိမ္းတစ္ခုႏွင့္ မိတ္ဆက္ေပးပါမယ္​ ။ နာမည္ကေတာ့ Ghost of a Tale လို႔ေခၚပါတယ္ ။ နာမည္ကို ၾကည့္လိုက္ရင္ ဟာ.... သရဲေတြ ဘာေတြနဲ႔ ့ထင္လိုက္ရင္ေတာ့ မွားသြားပါလိမ့္မယ္ ။ ဒီဂိမ္းမွာ သင္ဟာ ႂကြက္တစ္ေကာင္ေနရာက ကစားရမွာပါ ။စာဖတ်မရလျှင် ဒီကိုနှိပ်ပါ


ပုပုဝဝနဲ႔ ခ်စ္စရာေကာင္းတဲ့ ႂကြက္ကေလးနာမည္ကေတာ့ Tilo လို႔ေခၚပါတယ္ ။ ေခါင္းေဆာင္းပါတဲ့ အက်ႌေလးဝတ္ထားျပီး ေက်ာမွာ ဗ်ပ္ေစာင္းတစ္လက္ ပိုးထားပါတယ္ ။ Tilo ဟာ အခ်ဳပ္ခန္းထဲ ေရာက္ေနပါတယ္ ။ Tilo ဟာ ဟို႐ွာ ဒီ႐ွာနဲ႔ အေစာင့္အေျခအေနကို ၾကည့္ၿပီး တိတ္တိတ္ကေလး ထြက္ေျပးလာလိုက္တယ္ ။ 

Ghost of a Tale ဂိမ္းဟာ Tilo အခ်ဳပ္ထဲ ေရာက္ေနရာကေန အစျပဳပါတယ္ ။ Tilo ဟာ တေနရာရာမွာ ခ်ဳပ္ေႏွာင္ခံထားရတဲ့ သူ႔ဇနီးကို ႐ွာဖို႔အတြက္ အခ်ဳပ္ထဲကေန ထြက္ေျပးဖို႔ လမ္း႐ွာရမွာ ျဖစ္ပါတယ္ ။ ဒါေပမယ့္ အခ်ဳပ္ထဲမွာ သံခ်ပ္ကာအက်ႌေတြနဲ႔ လက္နက္ေတြနဲ႔ ေစာင့္ၾကပ္ေနတဲ့ အေစာင့္ေတြက ႂကြက္ကေလး Tilo ကို ေစာင့္ၾကည့္ေနပါတယ္ ။ Tilo ဟာ ေျခသံလံုလံုနဲ႔ တိတ္တဆိတ္ လွမ္းသြားတယ္ ၊ ပတ္ဝန္းက်င္မွာ ႐ွိတဲ့ item ေတြ ရႏုိင္သမ်ွ ႐ွာၿပီး ယူတယ္ ၊ တံခါးေတြဖြင့္ဖို႔ ေသာ့ေတြ လိုက္႐ွာတယ္ ၊ တျခားအေစာင့္အၾကပ္ ႂကြက္ႀကီးေတြ မသိေအာင္ ေ႐ွာင္႐ွားသြားလာရမွာ ျဖစ္ပါတယ္ ။ အေစာင့္အၾကပ္ေတြ သိသြားရင္ေတာ့ Tilo ေနာက္ကို လိုက္ဖမ္းၿပီး သတ္ပစ္ေတာ့မွာပဲ ျဖစ္ပါတယ္ ။ 


ဒီလိုခ်ည္းပဲ လုပ္ေနရလို႔ ရန္သူလုပ္တာကို တခ်ိန္လံုး ခံေနရမွာလားလို႔ ထင္ေကာင္းထင္ေနပါလိမ့္မယ္ ။ တကယ္ေတာ့ ႂကြက္ကေလး Tilo ဟာ လံုးဝ powerless ျဖစ္ေနတာ မဟုတ္ပါဘူး ။ ရန္သူေတြကို ေမ့သြားေအာင္ ေဆးရည္ျဖန္းလို႔ရတယ္ ၊ ေျမႀကီးေပၚ ေဆးရည္ေတြ ျဖန္းၿပီး အေစာင့္ေတြ ေခ်ာ္လဲေအာင္ လုပ္ၿပီး သူတုိ႔ဘာသာသူတုိ႔ ေသသြားေအာင္ လုပ္မယ္ ၊ ပစၥည္းတစ္ခုခု ေစာင့္ေနတဲ့ အေစာင့္ ေခါင္းေပၚေရာက္ေအာင္ တြန္းေရႊ႔ၿပီး ပစ္ခ်ၿပီး မူးေမ့ေအာင္ လုပ္မယ္ စသျဖင့္ ကိုယ့္ပတ္ဝန္းက်င္မွာ ရႏုိင္တဲ့ ပစၥည္းေတြနဲ႔ ရန္သူေတြကို သူတုိ႔ဘာသာသူတုိ႔ ဒုကၡေရာက္ေအာင္ တတ္ႏုိင္တဲ့ အားအင္နဲ႔အညီ ဥာဏ္႐ွိသေလာက္ ဖန္တီးႏုိင္ပါတယ္ ။ ဒါ့အျပင္ Sprint skill ပါတာမုိ႔လို႔ ရန္သူလက္က လြတ္ေျမာက္ေအာင္ ေျပးတဲ့အခါ Sprint သံုးႏုိင္ပါတယ္ ။ Sprint သံုးတဲ့အခ်ိန္ Tilo ဟာ သူ႔ရဲ႕ ေျခေထာက္ ၄ ေခ်ာင္းလံုးသံုးၿပီး ေျပးတာမုိ႔လို႔ အေတာ့္ကို ျမန္ပါတယ္ ။ ၿပီးေတာ့ ခ်စ္စရာလည္းေကာင္းပါတယ္ ။ XD 

Ghost of a Tale ဂိမ္းမွာ ပတ္ဝန္းက်င္မွာ ဘယ္အရာေတြက ဘာေတြလုပ္ႏုိင္တယ္ ၊ ဘာေတြ ရႏုိင္တယ္ဆိုတာ သင့္ကို ျပေနမွာ မဟုတ္ပါဘူး ။ လံုေလာက္တဲ့ အကြာအေဝးတစ္ခု ေရာက္မွ ပစၥည္းတစ္ခုက သံုးရမရ ေရႊ႔ရမရ ဆိုတာ ေပၚလာမွာ ျဖစ္တာေၾကာင့္မုိ႔လို႔ သင့္အေနနဲ႔ ကုိယ္ေရာက္ေနတဲ့ ပတ္ဝန္းက်င္မွာ ေစ့ေစ့စပ္စပ္ ႐ွာေဖြတတ္ဖို႔ အေရးႀကီးပါတယ္ ။ Graphic ႐ုပ္ထြက္အေနနဲ႔ကေတာ့ Unreal Engine 4 ႏွင္​့ ဆြဲထား​လို႔ အေတာ္လွတယ္လို႔ပဲ ေျပာရမွာပါ ။ ပတ္ဝန္းက်င္က သစ္ပင္ေတြနဲ႔ စိမ္းလန္းစိုေျပလို႔ လိပ္ျပာေလးေတြ ပ်ံဝဲလို႔ ငွက္ကေလးေတြရဲ႕ ေအာ္သံ စတဲ့ သဘာဝေတာေတာင္ထဲက ျမင္ကြင္း ျမင္ေနရသလိုပါပဲ ။ ႂကြက္ကေလး Tilo ကလည္း တစ္​​ေနရာမွာ ေတာ္ေတာ္ၾကာၾကာေလး ရပ္ေနလိုက္ရင္ ေခါင္းလွည့္ၿပီး ဟိုၾကည့္ ဒီၾကည့္လိုက္၊ အၿမီးေလး လႈပ္ယမ္းလိုက္၊ ဖင္ထုတ္ကို လက္နဲ႔ တဗ်စ္ဗ်စ္ကုပ္လုိက္နဲ႔ ဆို​ေတာ့ သင့္အေနနဲ႔ တကယ့္ႂကြက္ႀကီးတစ္ေကာင္ ထိန္းေနရသလိုပါပဲ ။ 


Ghost of a Tale ဂိမ္းကေတာ့ Action- adventure/ stealth အမ်ိဳးအစား ဂိမ္းတစ္ခုျဖစ္ၿပီး single player only ျဖစ္ပါတယ္ ။ PlayStation 4, Xbox One အတြက္​ ဒီႏွစ္​အတြင္​း ထြက္​လာ​ေတာ့မွာ ျဖစ္​ၿပီး PC အတြက္​ေတာ့ မတ္လ ၁၃ ရက္ေန႔က ထြက္႐ွိလာခဲ့ၿပီး ျဖစ္ပါတယ္ ။ အလယ္ေခတ္ကို ေနာက္ခံျပဳေရးဆြဲထားၿပီး အႏၱရာယ္ေတြ ျပည့္ႏွက္ေနတဲ့ အခ်ဳပ္ေထာင္၊ ေနရာေတြကေန ထြက္ေျပးၿပီး အတိတ္က ထူးဆန္းတဲ့ ျဖစ္ရပ္ေတြ ႐ွာေဖြရမယ့္ ႂကြက္ကေလး Tilo ေနရာက ကစားရမွာ ျဖစ္ပါတယ္ ။ ယခုလက္​႐ွိမွာ Ghost of a Tale ဂိမ္​း​ဟာ steam မွာ ဝယ္​ယူ ရ႐ွိ​ေနၿပီ ျဖစ္​သလို GOG မွာလည္​း ရ႐ွိ​ေနၿပီ ျဖစ္​ပါတယ္​ ။ 

Link


အပျံစားရုပ်ထွက်တွေနဲ့ အကြမ်းပတမ်းတွေ ဆော့ရမယ့် ဂိမ်းတွေချည်း ထွက်နေတော့ နဲနဲ အပြောင်းအလဲ ဖြစ်သွားအောင် Stealth/RPG ဂိမ်းတစ်ခုနှင့် မိတ်ဆက်ပေးပါမယ်​ ။ နာမည်ကတော့ Ghost of a Tale လို့ခေါ်ပါတယ် ။ နာမည်ကို ကြည့်လိုက်ရင် ဟာ.... သရဲတွေ ဘာတွေနဲ့ ့ထင်လိုက်ရင်တော့ မှားသွားပါလိမ့်မယ် ။ ဒီဂိမ်းမှာ သင်ဟာ ကြွက်တစ်ကောင်နေရာက ကစားရမှာပါ ။

ပုပုဝဝနဲ့ ချစ်စရာကောင်းတဲ့ ကြွက်ကလေးနာမည်ကတော့ Tilo လို့ခေါ်ပါတယ် ။ ခေါင်းဆောင်းပါတဲ့ အကျႌလေးဝတ်ထားပြီး ကျောမှာ ဗျပ်စောင်းတစ်လက် ပိုးထားပါတယ် ။ Tilo ဟာ အချုပ်ခန်းထဲ ရောက်နေပါတယ် ။ Tilo ဟာ ဟိုရှာ ဒီရှာနဲ့ အစောင့်အခြေအနေကို ကြည့်ပြီး တိတ်တိတ်ကလေး ထွက်ပြေးလာလိုက်တယ် ။


Ghost of a Tale ဂိမ်းဟာ Tilo အချုပ်ထဲ ရောက်နေရာကနေ အစပြုပါတယ် ။ Tilo ဟာ တနေရာရာမှာ ချုပ်နှောင်ခံထားရတဲ့ သူ့ဇနီးကို ရှာဖို့အတွက် အချုပ်ထဲကနေ ထွက်ပြေးဖို့ လမ်းရှာရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် အချုပ်ထဲမှာ သံချပ်ကာအကျႌတွေနဲ့ လက်နက်တွေနဲ့ စောင့်ကြပ်နေတဲ့ အစောင့်တွေက ကြွက်ကလေး Tilo ကို စောင့်ကြည့်နေပါတယ် ။ Tilo ဟာ ခြေသံလုံလုံနဲ့ တိတ်တဆိတ် လှမ်းသွားတယ် ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ item တွေ ရနိုင်သမျှ ရှာပြီး ယူတယ် ၊ တံခါးတွေဖွင့်ဖို့ သော့တွေ လိုက်ရှာတယ် ၊ တခြားအစောင့်အကြပ် ကြွက်ကြီးတွေ မသိအောင် ရှောင်ရှားသွားလာရမှာ ဖြစ်ပါတယ် ။ အစောင့်အကြပ်တွေ သိသွားရင်တော့ Tilo နောက်ကို လိုက်ဖမ်းပြီး သတ်ပစ်တော့မှာပဲ ဖြစ်ပါတယ် ။ 

ဒီလိုချည်းပဲ လုပ်နေရလို့ ရန်သူလုပ်တာကို တချိန်လုံး ခံနေရမှာလားလို့ ထင်ကောင်းထင်နေပါလိမ့်မယ် ။ တကယ်တော့ ကြွက်ကလေး Tilo ဟာ လုံးဝ powerless ဖြစ်နေတာ မဟုတ်ပါဘူး ။ ရန်သူတွေကို မေ့သွားအောင် ဆေးရည်ဖြန်းလို့ရတယ် ၊ မြေကြီးပေါ် ဆေးရည်တွေ ဖြန်းပြီး အစောင့်တွေ ချော်လဲအောင် လုပ်ပြီး သူတို့ဘာသာသူတို့ သေသွားအောင် လုပ်မယ် ၊ ပစ္စည်းတစ်ခုခု စောင့်နေတဲ့ အစောင့် ခေါင်းပေါ်ရောက်အောင် တွန်းရွှေ့ပြီး ပစ်ချပြီး မူးမေ့အောင် လုပ်မယ် စသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ ရန်သူတွေကို သူတို့ဘာသာသူတို့ ဒုက္ခရောက်အောင် တတ်နိုင်တဲ့ အားအင်နဲ့အညီ ဉာဏ်ရှိသလောက် ဖန်တီးနိုင်ပါတယ် ။ ဒါ့အပြင် Sprint skill ပါတာမို့လို့ ရန်သူလက်က လွတ်မြောက်အောင် ပြေးတဲ့အခါ Sprint သုံးနိုင်ပါတယ် ။ Sprint သုံးတဲ့အချိန် Tilo ဟာ သူ့ရဲ့ ခြေထောက် ၄ ချောင်းလုံးသုံးပြီး ပြေးတာမို့လို့ အတော့်ကို မြန်ပါတယ် ။ ပြီးတော့ ချစ်စရာလည်းကောင်းပါတယ် ။ XD


Ghost of a Tale ဂိမ်းမှာ ပတ်ဝန်းကျင်မှာ ဘယ်အရာတွေက ဘာတွေလုပ်နိုင်တယ် ၊ ဘာတွေ ရနိုင်တယ်ဆိုတာ သင့်ကို ပြနေမှာ မဟုတ်ပါဘူး ။ လုံလောက်တဲ့ အကွာအဝေးတစ်ခု ရောက်မှ ပစ္စည်းတစ်ခုက သုံးရမရ ရွှေ့ရမရ ဆိုတာ ပေါ်လာမှာ ဖြစ်တာကြောင့်မို့လို့ သင့်အနေနဲ့ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်မှာ စေ့စေ့စပ်စပ် ရှာဖွေတတ်ဖို့ အရေးကြီးပါတယ် ။

Graphic ရုပ်ထွက်အနေနဲ့ကတော့ Unreal Engine 4 နှင်​့ ဆွဲထား​လို့ အတော်လှတယ်လို့ပဲ ပြောရမှာပါ ။ ပတ်ဝန်းကျင်က သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေလို့ လိပ်ပြာလေးတွေ ပျံဝဲလို့ ငှက်ကလေးတွေရဲ့ အော်သံ စတဲ့ သဘာဝတောတောင်ထဲက မြင်ကွင်း မြင်နေရသလိုပါပဲ ။ ကြွက်ကလေး Tilo ကလည်း တစ်​​နေရာမှာ တော်တော်ကြာကြာလေး ရပ်နေလိုက်ရင် ခေါင်းလှည့်ပြီး ဟိုကြည့် ဒီကြည့်လိုက်၊ အမြီးလေး လှုပ်ယမ်းလိုက်၊ ဖင်ထုတ်ကို လက်နဲ့ တဗျစ်ဗျစ်ကုပ်လိုက်နဲ့ ဆို​တော့ သင့်အနေနဲ့ တကယ့်ကြွက်ကြီးတစ်ကောင် ထိန်းနေရသလိုပါပဲ ။ 


Ghost of a Tale ဂိမ်းကတော့ Action- adventure/ stealth အမျိုးအစား ဂိမ်းတစ်ခုဖြစ်ပြီး single player only ဖြစ်ပါတယ် ။ PlayStation 4, Xbox One အတွက်​ ဒီနှစ်​အတွင်​း ထွက်​လာ​တော့မှာ ဖြစ်​ပြီး PC အတွက်​တော့ မတ်လ ၁၃ ရက်နေ့က ထွက်ရှိလာခဲ့ပြီး ဖြစ်ပါတယ် ။ အလယ်ခေတ်ကို နောက်ခံပြုရေးဆွဲထားပြီး အန္တရာယ်တွေ ပြည့်နှက်နေတဲ့ အချုပ်ထောင်၊ နေရာတွေကနေ ထွက်ပြေးပြီး အတိတ်က ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ရှာဖွေရမယ့် ကြွက်ကလေး Tilo နေရာက ကစားရမှာ ဖြစ်ပါတယ် ။ ယခုလက်​ရှိမှာ Ghost of a Tale ဂိမ်​း​ဟာ steam မှာ ဝယ်​ယူ ရရှိ​နေပြီ ဖြစ်​သလို GOG မှာလည်​း ရရှိ​နေပြီ ဖြစ်​ပါတယ်​ ။

Links

Post a Comment

0 Comments