===================
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ
===========
===========
Credit to Bro ChitKoKo
Final Fantasy 13 ရဲ့ နောက်ကွယ်က ဒဏ္ဍာရီ
=========
Fabula Nova Crystal လို့ခေါ်တဲ့ စကြဝဠာ ကြီးမှာ ဖြစ်ပါတယ် ။
God Bhunivelze က သူ့အမေ God Mwynn ကို သတ်ပြီး Death of Realm (သေဆုံးခြင်းနယ်ပယ်) ထဲ လွှင့်ပစ်လိုက်တယ် ။ ဒီလို သတ်ရခြင်းအကြောင်းရင်းက Mortal World ဖြစ်တဲ့ ကမ္ဘာကြီးကို သူ့တစ်ယောက်တည်း အုပ်စိုးချင်လို့ပါပဲ ။ သူသတ်ပစ်လို့ သူ့အမေ သေသွားပေမယ့် သူ့အမေက Bhunivelze ဟာ တချိန်ကျရင် ပျက်စီးလိမ့်မယ်ဆိုတဲ့ ကျိန်စာထားခဲ့တယ်လို့ ယုံကြည်ပြီး အစအနမကျန် အဆုံးသတ်ပစ်ဖို့ သေဆုံးခြင်းနယ်မြေ (Death of Realm) ထဲ သူ့အမေကို ဝင်ရှာမယ်လုပ်တယ် ။ ဒါပေမယ့် ကမ္ဘာကြီးကို ဒီအတိုင်း ထားထားခဲ့ပြီး သေဆုံးခြင်းနယ်မြေထဲ ဝင်ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး ။ ဒါကြောင့် သူ့လက်အောက်ခံ God Fal'Cie ၃ ခု ဖန်ဆင်းလိုက်တယ် ။ Lindzei , Pulse နှင့် Etro ဆိုပြီးတော့ ။ ပြီးတော့ ပါဝါနဲ့ တာဝန်ကိုယ်စီ ပေးအပ်လိုက်တယ် ။ လူတွေ ရွေးချယ်ပြီး Death of Realm (သေဆုံးခြင်းနယ်မြေ) ရဲ့ တံခါးပေါက်ကို ရှာဖို့နဲ့ ရှာတွေ့တဲ့အခါ သူ့ကို အသိပေးဖို့ တာဝန်ပေးပြီး Bhunivelze က crystal sleep ထဲ ဝင်သွားတယ် ။
Fal'Cie god တွေအထဲ Etro ဟာ ဒုတိယမြောက် God ဖြစ်ပြီး မိန်းကလေးလည်း ဖြစ်တယ် ။ Bhunivelze ဟာ Etro ကို သူ့အမေနဲ့တူအောင် ဖန်ဆင်းခဲ့မိပြီးနောက် စိုးရိမ်စိတ်နဲ့ သူ့ကို ပါဝါတွေ မပေးထားခဲ့ဘူး ။ Pulse နဲ့ Lindzei တို့ဟာ သူတို့စိတ်ကြိုက် လူတွေရွေးချယ် ၊ L'Cie တွေ တပ်ပြီး သေဆုံးခြင်းနယ်မြေတံခါးဝကို ရှာတဲ့ ရည်ရွယ်ချက် Focus တွေလုပ်ပြီး L'Cie တွေကို ရှာခိုင်းနေတဲ့ အချိန်မှာ သနားစရာ Etro ကတော့ တစ်ယောက်တည်း အထီးကျန်ဖြစ်နေခဲ့တာပေါ့ ။ ဒီတော့ Bhunivelze ရဲ့ သတိပြုမှုကို ရဖို့ Etro ဟာ သူ့ကိုယ်သူ တစ်စစီ ဆုတ်ဖြဲပစ်လိုက်တယ် ။ သူ့အပိုင်းအစတွေဟာ လွှင့်မျောရင်း Valhalla ထဲရောက်သွားပြီး ဒီနေရာမှာ Bhunivelze ရဲ့အမေ Mwynn ကို သွားတွေ့မိတယ် ။
Valhalla ကို ပြောရရင် သေဆုံးခြင်းနယ်မြေ (Death of Realm) နဲ့ ကမ္ဘာအကြားက နေရာလို့ ပြောရမယ် ။ နော့စ်ဒဏ္ဍာရီထဲမှာတော့ အိုဒင် (Odin) အုပ်ချုပ်တဲ့ Asgard ထဲက သေဆုံးပြီး ဝိညာဉ်တွေစုနေတဲ့ အခန်းကြီးတစ်ခန်းလို့ ဆိုတယ် ။
ဒီအချိန်မှာ Valhalla ထဲက Mwynn ဟာ chaos တွေက သူမကို ဝါးမြိုနေလို့ ပျောက်ကွယ်လု ဆဲဆဲ ဖြစ်နေပါတယ် ။ Behunivelze ရဲ့ ထာဝရရှင်သန်နေမယ့် ကမ္ဘာကြီးလုပ်ဖို့ အစီအစဉ်က စကြဝဠာရဲ့ ညီညွတ်မျှတမှု သဘာဝကို ဖျက်ဆီးနေသလို ဖြစ်နေလို့ စကြဝဠာတစ်ခုလုံး ပျက်သုန်းစပြုနေပါပြီ ။ Mwynn က သူ့မှာစုစည်းလို့ရသမျှအင်အားနဲ့ သူမရဲ့ ပါဝါတွေကို Etro ဆီ လွဲပြောင်းပေးလိုက်တယ် ။ ပြီးတော့ ဒီ စွမ်းအားနဲ့ ကမ္ဘာကြီးရဲ့ ညီညွတ်မျှတမှုကို ထိန်းဖို့တာဝန်ပါ ပေးလိုက်တယ် ။
ဒီလိုနဲ့ Etro ဟာ Valhalla ကို ရောက်လာတဲ့ သေသွားပြီးတဲ့သူတွေကို ကြိုဆိုပြီး ကမ္ဘာထဲ အသစ်ပြန်မွေးဖွားဖို့ စီစဉ်ပေးတဲ့အခါမှာ လူတွေရဲ့ နှလုံးသားထဲ Chaos အပိုင်းအစနဲနဲနဲ့ သူ့အပိုင်းအစနဲနဲ ထည့်ပေးလိုက်တယ် ။ ပြောရရင် ကမ္ဘာမြေပေါ် မွေးဖွားလာတဲ့ လူတိုင်းရဲ့ ဝိညာဉ်ဟာ Etro ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းကနေ မွေးလာတာ ဖြစ်တယ် ။ အပိုင်းအစ အများကြီးပိုင်ဆိုင်တဲ့သူတွေဟာ Etro ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသူလို့ ဆိုရမှာပါ ။
Etro ဟာ နူးညံ့တယ် မေတ္တာတရား ကြီးမားတယ် Mwynn ရဲ့ စွမ်းအင်နဲ့ တာဝန်ကို ဆက်ခံထားတာမို့ လူတွေရဲ့ သေခြင်း ရှင်ခြင်း သဘာဝတာဝန်ကို ထမ်းဆောင်တယ် ။ ဒါကြောင့် Etro ကို Goddess of Death လို့ခေါ်တယ် ။ Bhunivelze အမိန့်နဲ့ Pulse နဲ့ Lindzei က L'Cie တွေလုပ်လို့ မညီမမျှဖြစ်နေတာကို Etro က ထိန်းတယ် ။ ဒါပေမယ့် Pulse နဲ့ Lindzei တို့ကို မကျော်နိုင်ခဲ့ဘူး ။ ပထမ FF13 မှာ ပျက်စီးတော့မယ့် Cocoon ကို ထိန်းဖို့ ၂ ယောက်ကို စတေးခဲ့ရတယ် ။ ၂ ယောက်ကတော့ Vanilla နဲ့ Fang ။ FF13-2 မှာတော့ Pulse နဲ့ Lindzei လုပ်ခဲ့သမျှတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ Timeline distortion ကို ပြင်ဖို့ ကြိုးစားခဲ့တယ် ။ ရလဒ်ကတော့ Final Fantasy XIII-2 ရဲ့ အဆုံးသတ်မှာ Etro ကိုယ်တိုင် သေဆုံးသွားခဲ့ရတာပဲ ဖြစ်တယ် ။
Final Fantasy 13 Lightning Return အရောက်မှာတော့ Pulse နဲ့ Lindzei တို့ Crystal sleep ဖြစ်နေပြီ ။ Etro ကလည်း သေဆုံးသွားပြီမို့ စကြဝဠာတစ်ခုလုံး ကမောက်ကမ ဖြစ်နေပြီ ။ ဒီအချိန်မှာ Bhunivelze ကလည်း နိုးလာပြီ ။ ဘယ်လိုမှ ပြန်ပြင်မရတော့မှန်း သိတဲ့အပြင် Ragnorak event က လာတော့မယ်ဆိုတာလည်း သိနေပြီ ။ Etro အပိုင်းအစပိုင်ဆိုင်ထားတဲ့သူတွေဟာ သူ့တို့မှာ စွမ်းအားရှိနေတယ်ဆိုတာ သူတို့ကိုယ်တိုင် မသိကြဘူး ။ Lightning ဟာ သူ့မှာရထားတဲ့ Bhunivelze ပါဝါနဲ့ Etro ပါဝါတွေသုံးပြီး Behunivelze ကို တိုက်ခိုက်ခဲ့တာပဲ ။ အရင်းအမြစ်စစ်လိုက်ရင် Etro ပါဝါက Bhunivelze အမေ Mwynn ရဲ့ ပါဝါဖြစ်နေတာ သွားတွေ့တယ် ။
Ragnorak event ကတော့ စကြဝဠာပျက်သုန်းတဲ့ အဖြစ်အပျက်ပါ ။ တခါတလေ ရေနဲ့ ပျက်စီးတယ် ။ တခါတလေမှာတော့ မီးနဲ့ ။ Ragnorak event က God တွေ အကုန်သေဆုံးပြီး ရှိရှိသမျှ အကုန်ပျက်သုန်းပြီး စကြဝဠာအသစ် ကမ္ဘာအသစ် ဖြစ်လာတာရဲ့ အဖြစ်အပျက်အတွဲအဆက်ကြီးလို့ နော့စ်ဒဏ္ဍာရီမှာ ရေးထားတယ် ။ ဒီအဖြစ်အပျက်မှာ အသက်ရှင်ကျန်ရစ်တဲ့ အရာတွေက နောင်ဖြစ်လာမယ့် စကြဝဠာအသစ်မှာ အရာအသစ်တွေနဲ့အတူ ဆက်လက် ရှင်သန်ခွင့်ရကြတယ် ။
Final Fantasy 13 lightning return အဆုံးမှာ စမ်းစစ်ကြည့်လိုက်မယ်ဆိုရင် စကြဝဠာကို ပျက်သုန်းသွားအောင် လုပ်မယ့်အရာက Chaos ပဲ ။ Lightning တို့ အုပ်စုက Bhunivelze ကို အနိုင်တိုက်ပြီး unseen realm မမြင်ရတဲ့ နယ်ပယ်ထဲ Crystal sleep နဲ့ ထည့်ပိတ်ထားခဲ့တယ် ။ တနေ့နေ့ တချိန်ချိန်မှာ ဒီ မမြင်ရတဲ့နယ်ပယ်မှာ ထွက်ပေါက်ရှာတွေ့ခဲ့ရင် Bhunivelze က ကမ္ဘာကြီးကို ပြန်လာခဲ့ဦးမှာ သေချာတယ် ။
Final Fanatsy 13 lightning return ရဲ့ နောက်ဆုံး အခန်းမှာ စကြဝဠာအသစ်ထဲက ကမ္ဘာအသစ်မှာ ရှေ့ကအဖြစ်အပျက်တွေ တခါမှ မဖြစ်ဖူးခဲ့သလိုမျိုး အကုန်လုံး အေးချမ်းတည်ငြိမ်နေတာကို တွေ့ရပါလိမ့်မယ် ။ ဒီတော့ Lightning တို့ အုပ်စု ဘယ်ကနေ ဒီကို ရောက်လာတာလဲ? တကယ်တော့ သူတို့တွေလည်း Ragnorak event မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေပါပဲ ။ သူတို့ မှတ်ဉာဏ်ထဲ ရှေ့ကဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေ ကျန်ရစ်ခဲ့မှာလား မသိပေမယ့် Lightning မှာတော့ ရှိနေလိမ့်မယ်လို့ ထင်မိပါကြောင်း .....
===========
Fabula Nova Crystallis ဖြစ်ပေါ်လာပုံ အနှစ်ချုပ် ။
===========
===========
Fabula Nova Crystallis ဖြစ်ပေါ်လာပုံ အနှစ်ချုပ် ။
===========
FF XIII myth ကို မပြောခင် အစဖြစ်တဲ့ Fabula Nova Crystalis ကို ပြောရမယ်။
PS3 ခေတ်ရောက်လာတော့ Squre Enix က ခေတ်နဲ့ အညီ ဂိမ်းတစ်ခုကို အင်ဂျင် အသစ် ပြန်ပြန်လုပ်နေမယ့်အစား သူ့ in house Crystal Tools ဆိုတဲ့ ဂိမ်းအင်ဂျင် လုပ်ဖို့ ကြံတယ်။ အဲ့ အင်ဂျင်ကိုသုံးပြီး Universe တစ်ခုထဲမှာ ဖြစ်တဲ့ ဂိမ်း သုံးခုလုပ်မယ်ဆိုပြီး plan ချတယ်။ Final Fantasy XIII ၊ Final Fantasy Versus XIII နဲ့ Final Fantasy Agito XIII ဆိုပြီး သုံးခု လုပ်မယ်။ အဲ့ သုံးခု အတွက် controlling theme ကို Fabula nova Crystalis concept ကမ္ဘာကို ထိန်းကျောင်းနေသော ခရစ်တယ်များ ဆိုပြီး အိုင်ဒီယာချတယ်။
အဲ့ အိုင်ဒီယာမှာက အခု Bhunivelze တို့ Mwymm တို့ ကို နတ်ဘုရားတွေထက် Symbol တွေ အနေနဲ့ ထားဖို့ လုပ်တာ။
Mwymm ကိုရှာဖို့ သေခြင်းတံခါးဖွင့်ဖို့ Bhunivelze က Lindzei, Pulse နဲ့ Etros ကို ဖန်ဆင်းလိုက်တယ်။ သူတို့က Original fal'Cie တွေ (God Machines powered by Crystals).
Etros က Mywmm နဲ့တူနေတော့ ဘာအစွမ်းမှ မပေးထားဘူး။
Lindzei နဲ့ Pulse ရဲ့တာဝန်က Universe အသီးသီးမှာ fal'Cie တွေ လုပ်ပြီး လူတွေကို မွေး။ များလာရင် သတ်ပြစ်ပြီး soul gate ကို ပွင့်အောင်လုပ်။ ဖန်တီးလိုက် ဖျက်ဆီးလိုက် cycle ကို ကိုယ်စားပြုတာ။ Hindu က Vishnu နဲ့ Shiva လိုပဲ။ Norse myth မဟုတ်ဘူး။ Universe တွေ ဖြစ်လိုက် ပျက်လိုက် အဖန်ဖန်ဖြစ်နေတာ ကို ပြချင်တာ။
စစချင်းက Bhunivelze တွေ Mywmm တွေ မပြောနဲ့ သူတို့ရဲ့ fal'Cie တွေဖြစ်တဲ့ Lindzei တို့ Pulse တို့တောင် ဂိမ်းထဲမှာ ပါဖို့ အစီအစဉ်မရှိဘူး။ Lindzei နဲ့ Pulse တို့ ထားခဲ့တဲ့ fal'Cie တွေက မွှေတာကို universe တစ်ခုတစ်ခု စီမှာဖြစ်တာကိုပြ ချင်တာ။ FFXIII က Orphan ။ FF Agito XIII (type-0) က Genbu, Suzaku, Seiryu, Byakko က fal'Cie crystal လေးခု။ သူတို့တာဝန်က လူတွေ ပွားအောင်စောင့်လျှောက် ပြီးရင် စစ်မဖြစ်ဖြစ်အောင်လုပ် ပြီးရင် ဘယ်သူနိုင်နိုင် အကုန်သေ အောင်လုပ်။ ဒါကြောင့် FF T0 မှာ နောက်ဆုံးခန်းမှာ space ကနေ ဘယ်ကမှန်းမသိတဲ့ စစ်သားတွေ ရောက်လာတာ။
FF V XIII, FF XIII, FF A XIII ဆိုပြီး interconnected universe သုံးခု လုပ်မယ်ကြံထားတာ FFXIII ထွက်လာတော့ ဇာတ်လမ်းကို နိုင်နင်းအောင်မရေးနိုင်တော့ ဝေဖန်ခံရတယ်။ Jim Sterling လို critic ဆို လူနားလည်အောင်မရေးထားတဲ့ ဇာတ်လမ်းဆိုပြီး ပက်ပက်စက်စက်ဝေဖန်တာ။ နောက်တော့ Crystal Tools Engine ကသန်းပေါင်းများစွာရင်းထားပြီး ထင်သလောက်မကောင်း။ FFXIV 1.0 က ခွက်ခွက်လန်အောင်ရှုံး။ SE လည်းမူလ plan ကို ဖျက်ပြီး Interconnect XIII universe မလုပ်တော့ပဲ ရှိပြီးသား FFXIII ဇာတ်လမ်းမှာ time travel Vahalla တွေ ဘာညာ ဘူးရှစ် တွေ လျှောက်ထည့်ပြီး ဇာတ်မြောကြီး လုပ်ပစ်လိုက်တယ်။
အာ့ကြောင့် LR XIII နဲ့ FF XIII-2 ကို fan အများစုက သောက်ရမ်းရွံတာ။
Credit to Bro ChitKoKo
Bro Chitko ကြီးကို ကျေးဇူး အထူးတင်ပါတယ် ။ အခုလို နှိုက်နှိုက်ချွတ်ချွတ် ပြောပြပေးလို့ FF13 စုတ်ပြတ်သတ်ရခြင်း အကြောင်းရင်း သိခွင့်ရခဲ့တာပါ ။
0 Comments