Final Fantasy Type 0-HD (Review)


Final Fantasy Type-0 ဂိမ္​းက​ေတာ့ Square Enix ကထုတ္တဲ့ ဇာတ္​လမ္​းသြားအက္​႐ွင္​ဂိမ္​း (action role-playing game) တစ္​ခုျဖစ္​ၿပီး ​၂၀၁၁ ​ေအာက္​တုိဘာလမွာ PlayStation Portable (PSP) အတြက္​ ဂ်ပန္​မွာပဲ ထြက္​႐ွိခဲ့တာ ျဖစ္​ပါတယ္​ ။ ဂ်ပန္​မွာ Final Fantasy Type-0 ဟာ အ​ေတာ္​​ေလး​ေက်ာ္​ၾကားလာ​ေတာ့ ဂ်ပန္​က​ေန အဂၤလိပ္​လိုဘာသာျပန္​တဲ့ translation patch ​ေတြ psp မွာ ထြက္​ခဲ့ၿပီး download ဆြဲယူကစားသူမ်ားလာတာက​ေနတဆင္​့ လူသိမ်ားလာ​ေတာ့ Square Enix က ၂၀၁၅ ခုႏွစ္​မွာ Final Fantasy Type-0 ကို remaster ျပန္​လုပ္​ၿပီး Final Fantasy Type-0 HD အျဖစ္ English version ႏွင္​့ PlayStation 4, Xbox One ႏွင္​့ PC ​ေတြမွာ ထုတ္​​ေပးၿပီး worldwide ျဖန္​႔ခ်ီ​ေပးခဲ့တာ ျဖစ္​ပါတယ္​ ။
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ

: : : :

အမွန္တရားက အႏိုင္ရေနၿပီ ျဖစ္ေပမယ့္ ေကာင္းေသာ အဆံုးသတ္က ကုိယ့္အတြက္ မဟုတ္ခဲ့တဲ့အခါ စေတးခံ ျဖစ္ေပးရေတာ့မွာပါ ။

ကုိယ္ရည္ကုိယ္ေသြး တစ္မ်ိဳးစီ ပိုင္ဆိုင္ထားၾကတဲ့ သူငယ္ခ်င္း ၁၂ ေယာက္ ၊ ကံတရားအရ တစ္စုတစ္ေပါင္းတည္း တစ္ေနရာတည္းမွာ လာဆံုခဲ့ၾကလို႔ Class Zero ဆိုတဲ့ အဖြဲ႔ေလး ျဖစ္လာခဲ့တယ္ ။ စည္းစည္းလံုးလံုးနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး စာသင္ရင္း အရြယ္နဲ႔မမ်ွ ေပးအပ္တဲ့ တာဝန္ေတြကို အသက္နဲ႔ရင္းၿပီး ေက်ပြန္ေအာင္ ထမ္းေဆာင္ခဲ့တယ္ ။ ႐ွိ႐ွိသမ်ွ ေက်ာင္းသား ေက်ာင္းသူေတြ အထင္ႀကီးေလးစား အားကိုးရတဲ့ Class Zero အဖြဲ႔ဝင္ေတြကို ကံၾကမၼာက တျဖည္းျဖည္းနဲ႔ ဆုပ္လည္းစူး စားလည္း႐ူးတဲ့အထိ က်ီစားလိုက္တဲ့အခါမွာ အခ်ိန္ယႏၱယားႀကီးက တပတ္ျပန္လည္ခဲ့ရပါေတာ့တယ္ ။

ဒါကေတာ့ ဇာတ္လမ္း အက်ဥ္းခ်ဳပ္ ။

က်ေနာ္စေဆာ့တုန္းက spoiler ေတြ ဘာေတြ မမိခဲ့ရေတာ့ ေဆာ့ရတာ အရမ္းေကာင္းခဲ့တယ္ ။ ဇာတ္လမ္းကလည္း ဘာျဖစ္မလဲဆိုတာ သိခ်င္စိတ္ကို တတိတိနဲ႔ ဆြေပးေနခဲ့ေတာ့ ထင္ေၾကးေတြလည္း ေပးရင္း စိတ္ဝင္တစား ေဆာ့ေနခဲ့တာ ။ ေနာက္က်မွ ထင္တာနဲ႔ တက္တက္စင္ေအာင္ လြဲၿပီး ဇာတ္လမ္းထဲ ေမ်ာပါသြားၿပီး အႀကီးအက်ယ္ feel မိေတာ့တယ္ ။ ဇာတ္လမ္းေနာက္ဆံုးခန္းက ေပးတဲ့ အရသာေလး အခုထက္ထိကို စြဲေနတုန္း ... ေမ့မရဘူး ။


ဒီဂိမ္းကို စေတြ႔တုန္းက PSP version ပဲ ႐ွိပါ​ေသးတယ္​ ။ Final Fantasy ဆိုေတာ့ မ်က္စိမွိတ္ၿပီး download ဆြဲခဲ့တာေပါ့ ။ အစက အရင္လို turn based စနစ္ပဲ ျဖစ္လိမ့္မယ္လို႔ ထင္ခဲ့တယ္ ။ တကယ္လည္း ေဆာ့ၾကည့္ေရာ action rpg ျဖစ္ေနတာ ေတြ႔ရတယ္ ။ action ဆိုတဲ့အတုိင္း ရန္သူလႈပ္႐ွားမႈကို မ်က္ေျခမျပတ္ ၾကည့္ၿပီး ေ႐ွာင္သင့္ေ႐ွာင္ ခ်သင့္ခ်နဲ႔ ခလုတ္ကို အဆက္မျပတ္ ႏွိပ္ေနရတာ ။ Story ကို ေျပာရရင္ story က အပိုင္းလိုက္နဲ႔ တပိုင္းခ်င္းမွာ main mission အျပင္ side mission ေလးေတြ႐ွိတယ္ event ေလးေတြလည္း ႐ွိတယ္ ။ main mission ေအာင္ရင္ Story တစ္ဆင့္တက္တယ္ဆိုေတာ့ main mission က အဓိကပဲ ။ ဒီဟာေတြ အကုန္လံုးကို အခ်ိန္နဲ႔တြက္တယ္ ။ main mission တစ္ခုနဲ႔ တစ္ခုၾကား အခ်ိန္ေပးထားတယ္ ။ ေက်ာင္းဝင္းထဲ ႀကိဳက္တဲ့ေနရာ ႀကိဳက္သေလာက္ ေလ်ွာက္သြားလို႔ရတယ္ ။ အခ်ိန္လံုးဝ မကုန္ဘူး ။ ဒါေပမယ့္ event ျဖစ္ျဖစ္ side mission ျဖစ္ျဖစ္ ယူလိုက္ရင္ အခ်ိန္ ကုန္သြားတယ္ ။ event ဆို 1 နာရီ ကုန္တယ္ ။ side mission ဆို ၁၂ နာရီကုန္တယ္ ။ ေက်ာင္းျပင္ထြက္​ၿပီး world map ေပၚသြားရင္​ေတာ့ ၆ နာရီ ကုန္တယ္ ။ ပထမတႀကိမ္ေဆာ့တုန္း တခါတည္း side mission ေတြ event ေတြ အကုန္ၿပီးေအာင္ လုပ္သြားမယ္ဆိုၿပီး လုပ္လို႔မရဘူး ။ ဘာေၾကာင့္လဲဆိုေတာ့ အခ်ိန္မေလာက္လို႔ပဲ ။ အဲ့ဒီ side mission ေတြ event ေတြကုိလည္း ပစ္ထားလို႔မရဘူး ။ side mission ေတြ event ေတြက lore ေတြ biography ေတြ main story line မွာ မပါတဲ့ cutscene ေတြ ပြင့္တယ္ ။ event ေတြကေတာ့ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ ကုိယ္နဲ႔ relationship ေတြပါ ။ တခ်ိဳ႕ event ဆို ဘယ္သူနဲ႔မွ ၾကည့္လို႔ရတယ္ဆိုၿပီး ကန္႔သတ္ထားတာေတြ ႐ွိတယ္ ။ဇာတ္လမ္းသြား ေဆာ့ရံုတခုတည္းနဲ႔ဆို main mission ေတြ လုပ္ရတဲ့ အေၾကာင္းပဲ သိရလိမ့္မယ္ ။ side mission ေတြ ဘာေၾကာင့္ ျဖစ္ေပၚလာရတယ္ ဘာေၾကာင့္ လုပ္ရတယ္ ဆိုတာ သိရမွာ မဟုတ္ဘူး ။ အဲဒါေတြအေၾကာင္းကို သိခ်င္ရင္ Lore ေတြ Cutscene ေတြ ဖတ္ၾကည့္ပဲ ။


Gameplay အပိုင္းေျပာၾကည့္ရေအာင္ ။ Action rpg ဆိုေတာ့ အေပၚမွာေျပာထားတဲ့အတုိင္း တုိက္ပြဲထဲေရာက္ရင္ေတာ့ ရန္သူလႈပ္႐ွားမႈကို မ်က္ေျခမျပတ္ ၾကည့္ၿပီး ေ႐ွာင္သင့္ေ႐ွာင္ ခ်သင့္ခ်နဲ႔ ခလုတ္ကို အဆက္မျပတ္ ႏွိပ္ေနရေတာ့တာပဲ ။ ထူးျခားတာတစ္ခုက ရန္သူေတြကို target lock လုပ္ၿပီး ခ်လို႔ရတာပဲ ။ target lock လုပ္ထားရင္ ကုိယ့္ character က target lock လုပ္ခံထားရတဲ့ အေကာင္ကိုပဲ ေရြးခ်ေတာ့တာ ဆုိေတာ့ ခ်ရင္း ရန္သူေတြေပ်ာက္ေနရင္ target lock ႏွိပ္လိုက္ရင္ ရန္သူ ဘယ္ေရာက္ေနလဲဆိုတာ တန္းေပၚလာတယ္ ။ Settings ထဲမွာ target lock က ႏွိပ္လိုက္ရင္ တေကာင္တည္းကိုပဲ ဆက္တုိက္ခ်ိန္ေနမွာလား ဒါမွမဟုတ္ key ႏွိပ္တဲ့ အခ်ိန္ေလာက္ပဲ lock ျဖစ္ေနမွာလား ႀကိဳက္သလို ထားႏုိင္တယ္ ။

ဒီအထဲ က်ေနာ္ႀကိဳက္တာ တစ္ခုက တုိက္ပြဲခ်ေနတုန္း character 12 ေယာက္ကို တစ္ေယာက္ၿပီး တစ္ေယာက္ ေျပာင္းၿပီး ခ်လို႔ရတာကိုပဲ ။ Class Zero အဖြဲ႔သား တစ္ေယာက္ခ်င္းဆီမွာ ထူးျခားခ်က္ေလးေတြ ႐ွိတယ္ ။ ဥပမာ ျပရရင္ Jack ။ သူက kanta ဓားကိုင္တယ္ ။ အသြားအလာ ေႏွးေပမယ့္ သူ႔ဓားခ်က္ တစ္ခ်က္ခုတ္ခံရရင္ HP ၃ ပံု ၁ ပံုေလာက္ ေလ်ာ့သြားတယ္ ။ Seven က​ေတာ့ ၾကာပြတ္​နဲ႔ခ်တာမုိ႔ range က က်ယ္​တယ္​ ပတ္​ပတ္​လည္​ထိတယ္​ ။ အဲ့လို character တစ္​​ေယာက္​ခ်င္​းစီရဲ႕ ထူးျခားခ်က္​​ေလး​ေတြကို အခ်က္​က်က် ​ေျပာင္​းသံုးရတာ​ေလးက အ​ေတာ္​သ​ေဘာက်ဖို႔ ​ေကာင္​းတယ္​ ။ ေနာက္ၿပီး ထူးျခားတဲ့ special attack ေတြလည္း ကုိယ္စီ ႐ွိၾကတဲ့ အျပင္ သံုးေယာက္ေပါင္းၿပီး ထုတ္ႏုိင္တဲ့ အျပင္းစား special attack လည္း႐ွိၾကတယ္ ဆိုေတာ့ တုိက္ပြဲထဲေရာက္ရင္ ကုိယ္ဥာဏ္႐ွိသလို character ေတြ ေျပာင္းေျပာင္းၿပီး ခ်ရတာ အရမ္းစိတ္လႈပ္႐ွားဖုိ႔ေကာင္းသလို ေပ်ာ္ဖို႔လည္းေကာင္းတယ္ ။ difficulty ျမင့္လာရင္ေတာ့ တုိက္ပြဲထဲေရာက္ရင္ character ေတြ ခဏခဏ ေျပာင္းခ်မွ ရသလို ေျပးယံုတင္မကဘူး dash နဲ႔ ဟုိေျပးဒီေျပး ခ်မွရတယ္ ။ ရန္သူေတြက အေ႐ွာင္အတိမ္း ကြၽမ္းလို႔ ကုိယ့္မွာ ခ်ေနရင္း ဘယ္ေနရာ ဘယ္ကမၻာ ေရာက္ေနမွန္းမသိ တခါတခါ ကိုယ့္အနားမွာ ဘြားကနဲ ေပၚေပၚလာတတ္လို႔ ။ ဂ်ယ္လီတံုးလိုလို အေကာင္ေတြဆို အဆိုးဆံုး ။


Action rpg စစ္​စစ္​ ျဖစ္​​ေပမယ္​့ real time strategy element ​ေလးလည္​း နဲနဲပါတယ္​ ။ တခ်ိဳ႕ mission မွာဆို world map ​ေပၚမွာ real time strategy လိုမ်ိဳး ခ်ခိုင္​းတယ္​ ။ base အျဖစ္ ၿမိဳ႕ က​ေန စစ္​တပ္​အမ်ိဳးအစား​ေတြ ​ေရြးခ်ယ္​ ထုတ္​ခိုင္​းၿပီး ရန္​သူၿမိဳ႕ကို ခ်ခိုင္​းတယ္​ ။ unit ေတြ ထြက္​တာက​ေတာ့ သူ႔အလိုလိုထြက္​ၿပီး သူ႔ဟာသူ auto တုိက္တယ္ ။ ကိုယ္​က world map ေပၚ ႐ွိေနၿပီး ၿမိဳ႕ေတြကို ဘာအမ်ိဳးအစား ထုတ္​မယ္​ ဘယ္​ၿမိဳ႕ကို တိုက္​မယ္​ဆိုတာ စစ္ေျမျပင္ကေန command အမိန္႔ေပးရတာ ။ ၿမိဳ႕ကို အၿပီးဝင္သိမ္းတဲ့အခ်ိန္က်ရင္ေတာ့ ကိုယ္ကုိယ္တုိင္ပဲ ၿမိဳ႕ထဲ ဝင္ခ်ၿပီး အဆံုးသတ္ေပးရတာပဲ ။ ေနာက္ၿပီး ထူးျခားတာတစ္ခုက ေဝဟင္တုိက္ပြဲ ထည့္ထားတာပဲ ျဖစ္တယ္ ။ ေလယာဥ္ပ်ံကေတာ့ ကုိယ့္ဘာသာကိုယ္ လိုက္႐ွာမွ ရမွာပါ ။ ေလယာဥ္ပ်ံရၿပီ ဆိုရင္ေတာ့ ဇာတ္လမ္းအစက ေတြ႔ရတဲ့ အေကာင္ႀကီးက ဘာလဲဆိုတာ သိရၿပီ ၿပီးေတာ့ သူ႔ကို တိုက္ခုိက္လို႔ရသြားပါၿပီ ။

World map အေပၚမွာ secret dungeon ေတြ trial ​ေတြ ျမဳပ္​ထားတယ္​ ။ dungeon ေတြကေန spell အေကာင္းစားေတြ item အေကာင္းစားေတြ ရသလို lore ေတြ cutscene ေတြလည္း ပြင့္သြားတတ္တယ္ ။ ျမဳပ္​ထားတဲ့ dungeon ​ေတြ trial ​ေတြ​ေတာ့ ဒုတိယအ​ေခါက္​ကစားတဲ့ အခါမွ ​ေတြ႔ရတတ္​တာမုိ႔ ဒုတိယအႀကိမ္​ ျပန္​ကစားဖို႔ မ​ေမ့ပါနဲ႔လို႔ ။


လက္နက္ေတြကို ေျပာရရင္ သိပ္ထူးထူးျခားျခားမ႐ွိပါဘူး ။ story တဆင့္တက္လာရင္ ကုိယ့္နယ္နမိတ္ က်ယ္လာေတာ့ သြားလို႔ရတဲ့ ၿမိဳ႕ေတြ မ်ားလာတယ္ ။ ထုိနည္းတူ ၿမိဳ႕ေတြမွာ lvl ျမင့္ weapon ေတြ accessories ေတြ ဝယ္လို႔ရလာမယ္ ။ ဒါပါပဲ ။ Magic အေၾကာင္းကို ေျပာရရင္ spell အမ်ိဳးအစား တစ္ခုခ်င္းစီမွာ အေဝးပစ္ (long range) အနီးပစ္ (short range), AOE range အမ်ိဳးအစားေတြ ႐ွိတယ္ ။ spell upgrade လုပ္ဖို႔ ရန္သူေတြ ေသရာကေန ထြက္လာတဲ့ fire shard တုိ႔ ice shard တုိ႔ စတာေတြ သံုးၿပီး ျမႇင့္ရတယ္ ။ ရန္သူအမ်ိဳးအစားတစ္မ်ိဳးစီမွာ ထြက္က်လာတဲ့ shard ေတြက မတူဘူးေပါ့ ။ ဥပမာ Flan ဆို fire shard က်မယ္ စသျဖင့္ စသျဖင့္ ။ Final Fantasy ထံုးစံ world map ေပၚသြားရင္း ျဗဳန္းကနဲနဲ႔ ရန္သူေတြက random ေပၚတတ္တာဆိုေတာ့ spell ေကာင္းေတြဆို ျမင့္ဖို႔ အခ်ိန္နဲနဲ ယူရလိမ့္မယ္ ။ spell upgrade လုပ္တဲ့အထဲ သေဘာမက်တာ တစ္ခုက spell မွာ stats အားလံုး max လုပ္လို႔ မရတာပဲ ။ ဥပမာ casting time ကို ျမႇင့္လိုက္ရင္ AOE မွာ ေလ်ာ့သြားမယ္ ဒါမွမဟုတ္ MP usage မွာ မ်ားလာမယ္ ။ ဒီလိုဆိုေတာ့ ကိုယ့္မွာ ဘယ္ spell ဘယ္အေျခအေနမွာ ထားမယ္ဆိုတာ လိုက္ ခ်ိန္ဆေနရတယ္ ။ 

ေနာက္ၿပီး တုိက္ပြဲထဲမွာ Eidolon ေလးေတြ (ဥပမာ Shiva တို႔ Ifrit တို႔ ) ေခၚလို႔ရတယ္ ။ ခ်တာေတာ့ ၾကမ္းပါတယ္ ။ ဒါေပမယ့္ တခါေခၚရင္ တေကာင္ပဲ ေခၚလို႔ရတယ္ ၿပီးေတာ့ ေခၚယူတဲ့သူက ေသသြားမွာဆိုေတာ့ အႏုိင္ပုိင္းႏိုင္ၿပီလို႔ ယူဆလို႔ရတဲ့အခ်ိန္က်ရင္ သံုးခ်င္သံုးႏုိင္သလို ေနာက္ဆံုး အၾကံကုန္ ဂဠန္ဆားခ်က္ခ်င္တဲ့ အခ်ိန္က်ရင္လည္း သံုးခ်င္သံုးႏိုင္ပါတယ္ ။ က်ေနာ္ေတာ့ မသံုးဘူး ။ ဒီအတုိင္းခ်တာက အသက္႐ွင္မယ့္ အခြင့္အေရး ပိုမ်ားလို႔ ။


တိုက္ပြဲဝင္ရင္ Mini map ေလးေတြက ေသးလြန္းတယ္လို႔ ခံစားရတယ္ ။ ေနရာေတြကလည္း ခပ္ဆင္ဆင္ေလးေတြ ။ တခါတေလ သြားရင္းသြားရင္းနဲ႔ လမ္းေပ်ာက္သြားတတ္လို႔ Map အႀကီးကို ခဏခဏ ျပန္ၾကည့္ေနရတယ္ ။ က်ေနာ္ကိုယ္တုိင္ ေျမပံုၾကည့္သြားရာမွာ အားနည္းလို႔ ျဖစ္ပါလိမ့္မယ္ ။

Character က ၁၄ ေယာက္ေတာင္ ႐ွိေတာ့ lvl ျမင့္ရတာ ၾကာတယ္ ။ တေယာက္တည္း ကြက္ၿပီးလည္​း lvl ျမင့္လို႔မရဘူး ။ ေနာက္ပိုင္း lvl ျမင့္ mission ေတြ side quest ေတြ လုပ္တဲ့အခါ ေတာ္ေတာ္ခက္လာမွာ ။ character lvl ျမင့္ခ်င္ရင္ေတာ့ world map ထဲ ထြက္ၿပီး lvl ျမင့္ယူတာ အေကာင္းဆံုးပဲ ။ ရန္သူေတြ လိုက္႐ွာခ်ရင္း နားခ်င္ရင္ ၿမိဳ႕ထဲ ဝင္နား ၊ ၿပီးရင္ ျပန္ထြက္ခ် ။ ေက်ာင္းထဲဝင္နားလို႔​ေတာ့ ရ​ေပမယ္​့ အခ်ိန္ ၁၂ နာရီ ကုန္သြားလိမ့္မယ္ ။ ဒါေၾကာင့္ ၿမိဳ႕ထဲခဏနားဖုိ႔ အၾကံေပးရတာ ျဖစ္ပါတယ္ ။ Area အလိုက္​ ​ေတြ႔ရတတ္​တဲ့ အ​ေကာင္​​ေတြရဲ႕ lvl အျမင္​့ အနိမ္​့႐ွိ​ေတာ့ Rubran နဲ႔ အ​ေဝးဆံုးျဖစ္​တဲ့​ေနရာမွာ ​ေတြ႔ရတတ္​တဲ့ အ​ေကာင္​​ေတြဆို lvl အျမင္​့ဆံုးပဲ ။ lvl ျမင္​့​ေတာ့ ခ်ရခက္​သလို ​ေသၿပီးရင္​ က်လာတတ္​တဲ့ loot ​ေတြကလည္​း lvl ျမင္​့တယ္ဆိုတာကေတာ့ ​ေျပာ​ေနစရာ မလို​ေတာ့ပါဘူး ။ ​ေနာက္​ၿပီး ႐ွိ​ေသးတယ္​ ။ ကိုယ္​့ character ကို secret training ထဲ ထည္​့၊ ဂိမ္​းပိတ္​ခ်ၿပီး တစ္​ရက္​​ေလာက္​ ဝင္​မကစားပဲ ထားၿပီး ​ေနာက္​တစ္​ရက္​က်လို႔ ဝင္​ၾကည္​့တဲ့အခါ secret traning ထဲထားခဲ့တဲ့ character က Exp ​ေတြတက္​ၿပီး lvl up ျဖစ္​သြားတဲ့ feature လည္​း ႐ွိတယ္​ ။ အခ်ိန္​ၾကာၾကာထားရင္​ Exp တက္​တာ ပိုမ်ားလာတယ္​ ။ ဒီ feature က lvl တင္​ရပ်င္​း​ေနၿပီး မကစားခ်င္​​ေတာ့တဲ့ အခ်ိန္​ဆို ​ေတာ္​​ေတာ္​ အသံုးဝင္​တယ္​ ။


Final Fantasy Type 0 က remaster version မွာ single player ပဲ အဓိကထားေတာ့ Multiplayer ကစားလို႔ မရဘူး ။ psp version မွာ local multiplayer mode ပါေတာ့ mission ေတြလုပ္တဲ့အခါမွာ ကိုယ္အပါအဝင္ player ၃ ေယာက္နဲ႔ local multiplayer mode နဲ႔ ကစားလို႔ရတယ္ ။ အထက္​မွာ ​ေျပာထားတဲ့အတိုင္​းပဲ Single player RPG ဆို​ေတာ့ သူ႔ Multiplayer က သိပ္​အ​ေကာင္​းႀကီး မဟုတ္​ဘူး ။ player တစ္​​ေယာက္​ရဲ႕ mission ကို က်န္​ ၂ ​ေယာက္​က ဝင္​ကူခ်​ေပးတာ​ေလာက္​ပါပဲ ။

ေနာက္ တစ္ခု႐ွိတာက Final Fantasy Type 0 က PC version မွာ control ကို Keyboard နဲ႔ ထားထားရေတာ့ ထိန္းခ်ဳပ္ရတာ သိပ္မေကာင္းဘူး ။ အရင္က controller နဲ႔ ကစားရတာကို PC version ေျပာင္းထားတာေၾကာင့္ ဒီလုိေတြ ျဖစ္တာ ျဖစ္ပါလိမ့္မယ္ ။ ကစားရတာ ေတာ္ေတာ္လက္ေပါက္ ကပ္တယ္ ။ Defence button, အသြားအလာ button ႏွင့္ Evade button ေတြက ဘယ္ဘက္ တျခမ္းထဲ ႐ွိေနတာေၾကာင့္ အေရးရယ္အေၾကာင္းရယ္ဆုိ ႏွိပ္ဖို႔ ့ လက္ေခ်ာင္းက ငါးေခ်ာင္းေတာင္ မေလာက္ဘူး ျဖစ္သြားတယ္ ။ ဒါေၾကာင့္ Final Fantasy Type 0 ကို စိတ္ေျဖာင့္ေျဖာင့္နဲ႔ အားပါးတရ ကစားခ်င္ရင္ေတာ့ 360 controller နဲ႔ ခ်ိတ္ကစားပါလို႔ အၾကံျပဳပါရေစ ။


အခ်ဳပ္​​ေျပာရရင္​​ေတာ့ Final Fantasy Type 0 က နဂို turn based စနစ္​က ကြဲထြက္​ၿပီး သူ႔တစ္​ခုတည္​း သီးသန္​႔ျဖစ္​​ေနတယ္​ ။ အဓိကက​ေတာ့ action rpg ျဖစ္​​ေပမယ္​့ RTS ​ေတြ​ေရာ shooting ​ေတြ​ေရာ ​ေရာ​ေနတဲ့ စီးရီးတစ္​ခုလည္​း ျဖစ္​တယ္​ ။ Final Fantasy ဆိုကတည္​းက အမ်ားအားျဖင္​့ ​ဇာတ္​လမ္​းသြားက ​ေကာင္​း​​ေနတတ္​မွန္​း သိထားႏွင္​္​့ၾကၿပီးျဖစ္​​ေတာ့ ဇာတ္​လမ္​းအပိုင္​း ​ေထြထူး​ေျပာ​ေနစရာ မလို​ေတာ့ဘူး ထင္​ပါတယ္​ ။ အရင္​က Dynasty Warriors စီးရီး​ကို စြဲစြဲျမဲျမဲ ​ေဆာ့လာခဲ့သမား က်​ေနာ္​့အတြက္​​ေတာ့ Final Fantasy စီးရီးထဲမွာ အႀကိဳက္​ဆံုး စီးရီးတစ္​ခုပါပဲ ။ Final Fantasy ထဲ ​ေရြးခ်ယ္​စရာ character မ်ားမ်ားနဲ႔ Action hack and slash ပံုစံမ်ိဳးျပပါဆိုရင္​​ေတာ့ Final Fantasy Type 0 ကို ျပရမွာပဲ ျဖစ္​ပါတယ္​ ။

Unicode


Final Fantasy Type-0 ဂိမ်​းက​တော့ Square Enix ကထုတ်တဲ့ ဇာတ်​လမ်​းသွားအက်​ရှင်​ဂိမ်​း (action role-playing game) တစ်​ခုဖြစ်​ပြီး ​၂၀၁၁ ​အောက်​တိုဘာလမှာ PlayStation Portable (PSP) အတွက်​ ဂျပန်​မှာပဲ ထွက်​ရှိခဲ့တာ ဖြစ်​ပါတယ်​ ။ ဂျပန်​မှာ Final Fantasy Type-0 ဟာ အ​တော်​​လေး​ကျော်​ကြားလာ​တော့ ဂျပန်​က​နေ အင်္ဂလိပ်​လိုဘာသာပြန်​တဲ့ translation patch ​တွေ psp မှာ ထွက်​ခဲ့ပြီး download ဆွဲယူကစားသူများလာတာက​နေတဆင်​့ လူသိများလာ​တော့ Square Enix က ၂၀၁၅ ခုနှစ်​မှာ Final Fantasy Type-0 ကို remaster ပြန်​လုပ်​ပြီး Final Fantasy Type-0 HD အဖြစ် English version နှင်​့ PlayStation 4, Xbox One နှင်​့ PC ​တွေမှာ ထုတ်​​ပေးပြီး worldwide ဖြန်​့ချီ​ပေးခဲ့တာ ဖြစ်​ပါတယ်​ ။

: :
အမှန်တရားက အနိုင်ရနေပြီ ဖြစ်ပေမယ့် ကောင်းသော အဆုံးသတ်က ကိုယ့်အတွက် မဟုတ်ခဲ့တဲ့အခါ စတေးခံ ဖြစ်ပေးရတော့မှာပါ ။

ကိုယ်ရည်ကိုယ်သွေး တစ်မျိုးစီ ပိုင်ဆိုင်ထားကြတဲ့ သူငယ်ချင်း ၁၂ ယောက် ၊ ကံတရားအရ တစ်စုတစ်ပေါင်းတည်း တစ်နေရာတည်းမှာ လာဆုံခဲ့ကြလို့ Class Zero ဆိုတဲ့ အဖွဲ့လေး ဖြစ်လာခဲ့တယ် ။ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ပါးပါး စာသင်ရင်း အရွယ်နဲ့မမျှ ပေးအပ်တဲ့ တာဝန်တွေကို အသက်နဲ့ရင်းပြီး ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ် ။ ရှိရှိသမျှ ကျောင်းသား ကျောင်းသူတွေ အထင်ကြီးလေးစား အားကိုးရတဲ့ Class Zero အဖွဲ့ဝင်တွေကို ကံကြမ္မာက တဖြည်းဖြည်းနဲ့ ဆုပ်လည်းစူး စားလည်းရူးတဲ့အထိ ကျီစားလိုက်တဲ့အခါမှာ အချိန်ယန္တယားကြီးက တပတ်ပြန်လည်ခဲ့ရပါတော့တယ် ။

ဒါကတော့ ဇာတ်လမ်း အကျဉ်းချုပ် ။

ကျနော်စဆော့တုန်းက spoiler တွေ ဘာတွေ မမိခဲ့ရတော့ ဆော့ရတာ အရမ်းကောင်းခဲ့တယ် ။ ဇာတ်လမ်းကလည်း ဘာဖြစ်မလဲဆိုတာ သိချင်စိတ်ကို တတိတိနဲ့ ဆွပေးနေခဲ့တော့ ထင်ကြေးတွေလည်း ပေးရင်း စိတ်ဝင်တစား ဆော့နေခဲ့တာ ။  နောက်ကျမှ ထင်တာနဲ့ တက်တက်စင်အောင် လွဲပြီး ဇာတ်လမ်းထဲ မျောပါသွားပြီး အကြီးအကျယ် feel မိတော့တယ် ။ ဇာတ်လမ်းနောက်ဆုံးခန်းက ပေးတဲ့ အရသာလေး အခုထက်ထိကို စွဲနေတုန်း ... မေ့မရဘူး ။


ဒီဂိမ်းကို စတွေ့တုန်းက PSP version ပဲ ရှိပါ​သေးတယ်​ ။ Final Fantasy ဆိုတော့ မျက်စိမှိတ်ပြီး download ဆွဲခဲ့တာပေါ့ ။ အစက အရင်လို turn based စနစ်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တယ် ။ တကယ်လည်း ဆော့ကြည့်ရော action rpg ဖြစ်နေတာ တွေ့ရတယ် ။ action ဆိုတဲ့အတိုင်း ရန်သူလှုပ်ရှားမှုကို မျက်ခြေမပြတ် ကြည့်ပြီး ရှောင်သင့်ရှောင် ချသင့်ချနဲ့ ခလုတ်ကို အဆက်မပြတ် နှိပ်နေရတာ ။ Story ကို ပြောရရင် story က အပိုင်းလိုက်နဲ့ တပိုင်းချင်းမှာ main mission အပြင် side mission လေးတွေရှိတယ် event လေးတွေလည်း ရှိတယ် ။ main mission အောင်ရင် Story တစ်ဆင့်တက်တယ်ဆိုတော့ main mission က အဓိကပဲ ။ ဒီဟာတွေ အကုန်လုံးကို အချိန်နဲ့တွက်တယ် ။ main mission တစ်ခုနဲ့ တစ်ခုကြား အချိန်ပေးထားတယ် ။ ကျောင်းဝင်းထဲ ကြိုက်တဲ့နေရာ ကြိုက်သလောက် လျှောက်သွားလို့ရတယ် ။ အချိန်လုံးဝ မကုန်ဘူး ။ ဒါပေမယ့် event ဖြစ်ဖြစ် side mission ဖြစ်ဖြစ် ယူလိုက်ရင် အချိန် ကုန်သွားတယ် ။ event ဆို 1 နာရီ ကုန်တယ် ။ side mission ဆို ၁၂ နာရီကုန်တယ် ။ ကျောင်းပြင်ထွက်​ပြီး world map ပေါ်သွားရင်​တော့ ၆ နာရီ ကုန်တယ် ။ ပထမတကြိမ်ဆော့တုန်း တခါတည်း side mission တွေ event တွေ အကုန်ပြီးအောင် လုပ်သွားမယ်ဆိုပြီး လုပ်လို့မရဘူး ။ ဘာကြောင့်လဲဆိုတော့ အချိန်မလောက်လို့ပဲ ။ အဲ့ဒီ side mission တွေ event တွေကိုလည်း ပစ်ထားလို့မရဘူး ။ side mission တွေ event တွေက lore တွေ biography တွေ main story line မှာ မပါတဲ့ cutscene တွေ ပွင့်တယ် ။ event တွေကတော့ ကျောင်းသားကျောင်းသူတွေနဲ့ ကိုယ်နဲ့ relationship တွေပါ ။ တချို့ event ဆို ဘယ်သူနဲ့မှ ကြည့်လို့ရတယ်ဆိုပြီး ကန့်သတ်ထားတာတွေ ရှိတယ် ။ဇာတ်လမ်းသွား ဆော့ရုံတခုတည်းနဲ့ဆို main mission တွေ လုပ်ရတဲ့ အကြောင်းပဲ သိရလိမ့်မယ် ။ side mission တွေ ဘာကြောင့် ဖြစ်ပေါ်လာရတယ် ဘာကြောင့် လုပ်ရတယ် ဆိုတာ သိရမှာ မဟုတ်ဘူး ။ အဲဒါတွေအကြောင်းကို သိချင်ရင် Lore တွေ Cutscene တွေ ဖတ်ကြည့်ပဲ ။


Gameplay အပိုင်းပြောကြည့်ရအောင် ။ Action rpg ဆိုတော့ အပေါ်မှာပြောထားတဲ့အတိုင်း တိုက်ပွဲထဲရောက်ရင်တော့ ရန်သူလှုပ်ရှားမှုကို မျက်ခြေမပြတ် ကြည့်ပြီး ရှောင်သင့်ရှောင် ချသင့်ချနဲ့ ခလုတ်ကို အဆက်မပြတ် နှိပ်နေရတော့တာပဲ ။ ထူးခြားတာတစ်ခုက ရန်သူတွေကို target lock လုပ်ပြီး ချလို့ရတာပဲ ။ target lock လုပ်ထားရင် ကိုယ့် character က target lock လုပ်ခံထားရတဲ့ အကောင်ကိုပဲ ရွေးချတော့တာ ဆိုတော့ ချရင်း ရန်သူတွေပျောက်နေရင် target lock နှိပ်လိုက်ရင် ရန်သူ ဘယ်ရောက်နေလဲဆိုတာ တန်းပေါ်လာတယ် ။ Settings ထဲမှာ target lock က နှိပ်လိုက်ရင် တကောင်တည်းကိုပဲ ဆက်တိုက်ချိန်နေမှာလား ဒါမှမဟုတ် key နှိပ်တဲ့ အချိန်လောက်ပဲ lock ဖြစ်နေမှာလား ကြိုက်သလို ထားနိုင်တယ် ။

 ဒီအထဲ ကျနော်ကြိုက်တာ တစ်ခုက တိုက်ပွဲချနေတုန်း character 12 ယောက်ကို တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ချလို့ရတာကိုပဲ ။ Class Zero အဖွဲ့သား တစ်ယောက်ချင်းဆီမှာ ထူးခြားချက်လေးတွေ ရှိတယ် ။ ဥပမာ ပြရရင် Jack ။ သူက kanta ဓားကိုင်တယ် ။ အသွားအလာ နှေးပေမယ့် သူ့ဓားချက် တစ်ချက်ခုတ်ခံရရင် HP ၃ ပုံ ၁ ပုံလောက် လျော့သွားတယ် ။ Seven က​တော့ ကြာပွတ်​နဲ့ချတာမို့ range က ကျယ်​တယ်​ ပတ်​ပတ်​လည်​ထိတယ်​ ။ အဲ့လို character တစ်​​ယောက်​ချင်​းစီရဲ့ ထူးခြားချက်​​လေး​တွေကို အချက်​ကျကျ ​ပြောင်​းသုံးရတာ​လေးက အ​တော်​သ​ဘောကျဖို့ ​ကောင်​းတယ်​ ။ နောက်ပြီး ထူးခြားတဲ့ special attack တွေလည်း ကိုယ်စီ ရှိကြတဲ့ အပြင် သုံးယောက်ပေါင်းပြီး ထုတ်နိုင်တဲ့ အပြင်းစား special attack လည်းရှိကြတယ် ဆိုတော့ တိုက်ပွဲထဲရောက်ရင် ကိုယ်ဉာဏ်ရှိသလို character တွေ ပြောင်းပြောင်းပြီး ချရတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းသလို ပျော်ဖို့လည်းကောင်းတယ် ။ difficulty မြင့်လာရင်တော့ တိုက်ပွဲထဲရောက်ရင် character တွေ ခဏခဏ ပြောင်းချမှ ရသလို ပြေးယုံတင်မကဘူး dash နဲ့ ဟိုပြေးဒီပြေး ချမှရတယ် ။ ရန်သူတွေက အရှောင်အတိမ်း ကျွမ်းလို့ ကိုယ့်မှာ ချနေရင်း ဘယ်နေရာ ဘယ်ကမ္ဘာ ရောက်နေမှန်းမသိ တခါတခါ ကိုယ့်အနားမှာ ဘွားကနဲ ပေါ်ပေါ်လာတတ်လို့ ။ ဂျယ်လီတုံးလိုလို အကောင်တွေဆို အဆိုးဆုံး ။


Action rpg စစ်​စစ်​ ဖြစ်​​ပေမယ်​့ real time strategy element ​လေးလည်​း နဲနဲပါတယ်​ ။ တချို့ mission မှာဆို world map ​ပေါ်မှာ real time strategy လိုမျိုး ချခိုင်​းတယ်​ ။ base အဖြစ် မြို့ က​နေ စစ်​တပ်​အမျိုးအစား​တွေ ​ရွေးချယ်​ ထုတ်​ခိုင်​းပြီး ရန်​သူမြို့ကို ချခိုင်​းတယ်​ ။ unit တွေ ထွက်​တာက​တော့ သူ့အလိုလိုထွက်​ပြီး သူ့ဟာသူ auto တိုက်တယ် ။ ကိုယ်​က world map ပေါ် ရှိနေပြီး မြို့တွေကို ဘာအမျိုးအစား ထုတ်​မယ်​ ဘယ်​မြို့ကို တိုက်​မယ်​ဆိုတာ စစ်မြေပြင်ကနေ command အမိန့်ပေးရတာ ။ မြို့ကို အပြီးဝင်သိမ်းတဲ့အချိန်ကျရင်တော့ ကိုယ်ကိုယ်တိုင်ပဲ မြို့ထဲ ဝင်ချပြီး အဆုံးသတ်ပေးရတာပဲ ။ နောက်ပြီး ထူးခြားတာတစ်ခုက ဝေဟင်တိုက်ပွဲ ထည့်ထားတာပဲ ဖြစ်တယ် ။  လေယာဉ်ပျံကတော့ ကိုယ့်ဘာသာကိုယ် လိုက်ရှာမှ ရမှာပါ ။ လေယာဉ်ပျံရပြီ ဆိုရင်တော့ ဇာတ်လမ်းအစက တွေ့ရတဲ့ အကောင်ကြီးက ဘာလဲဆိုတာ သိရပြီ ပြီးတော့ သူ့ကို တိုက်ခိုက်လို့ရသွားပါပြီ ။

World map အပေါ်မှာ secret dungeon တွေ trial ​တွေ မြုပ်​ထားတယ်​ ။ dungeon တွေကနေ spell အကောင်းစားတွေ item အကောင်းစားတွေ ရသလို lore တွေ cutscene တွေလည်း ပွင့်သွားတတ်တယ် ။ မြုပ်​ထားတဲ့ dungeon ​တွေ trial ​တွေ​တော့ ဒုတိယအ​ခေါက်​ကစားတဲ့ အခါမှ ​တွေ့ရတတ်​တာမို့ ဒုတိယအကြိမ်​ ပြန်​ကစားဖို့ မ​မေ့ပါနဲ့လို့ ။


လက်နက်တွေကို ပြောရရင် သိပ်ထူးထူးခြားခြားမရှိပါဘူး ။ story တဆင့်တက်လာရင် ကိုယ့်နယ်နမိတ် ကျယ်လာတော့ သွားလို့ရတဲ့ မြို့တွေ များလာတယ် ။ ထိုနည်းတူ မြို့တွေမှာ lvl မြင့် weapon တွေ accessories တွေ ဝယ်လို့ရလာမယ် ။ ဒါပါပဲ ။ Magic အကြောင်းကို ပြောရရင် spell အမျိုးအစား တစ်ခုချင်းစီမှာ အဝေးပစ် (long range) အနီးပစ် (short range), AOE range အမျိုးအစားတွေ ရှိတယ် ။ spell upgrade လုပ်ဖို့ ရန်သူတွေ သေရာကနေ ထွက်လာတဲ့ fire shard တို့ ice shard တို့ စတာတွေ သုံးပြီး မြှင့်ရတယ် ။ ရန်သူအမျိုးအစားတစ်မျိုးစီမှာ ထွက်ကျလာတဲ့ shard တွေက မတူဘူးပေါ့ ။ ဥပမာ Flan ဆို fire shard ကျမယ် စသဖြင့် စသဖြင့် ။ Final Fantasy ထုံးစံ world map ပေါ်သွားရင်း ဗြုန်းကနဲနဲ့ ရန်သူတွေက random ပေါ်တတ်တာဆိုတော့ spell ကောင်းတွေဆို မြင့်ဖို့ အချိန်နဲနဲ ယူရလိမ့်မယ် ။ spell upgrade လုပ်တဲ့အထဲ သဘောမကျတာ တစ်ခုက spell မှာ stats အားလုံး max လုပ်လို့ မရတာပဲ ။ ဥပမာ casting time ကို မြှင့်လိုက်ရင် AOE မှာ လျော့သွားမယ် ဒါမှမဟုတ် MP usage မှာ များလာမယ် ။ ဒီလိုဆိုတော့ ကိုယ့်မှာ ဘယ် spell ဘယ်အခြေအနေမှာ ထားမယ်ဆိုတာ လိုက် ချိန်ဆနေရတယ် ။

နောက်ပြီး တိုက်ပွဲထဲမှာ Eidolon လေးတွေ (ဥပမာ Shiva တို့ Ifrit တို့ ) ခေါ်လို့ရတယ် ။ ချတာတော့ ကြမ်းပါတယ် ။ ဒါပေမယ့် တခါခေါ်ရင် တကောင်ပဲ ခေါ်လို့ရတယ် ပြီးတော့ ခေါ်ယူတဲ့သူက သေသွားမှာဆိုတော့ အနိုင်ပိုင်းနိုင်ပြီလို့ ယူဆလို့ရတဲ့အချိန်ကျရင် သုံးချင်သုံးနိုင်သလို နောက်ဆုံး အကြံကုန် ဂဠန်ဆားချက်ချင်တဲ့ အချိန်ကျရင်လည်း သုံးချင်သုံးနိုင်ပါတယ် ။ ကျနော်တော့ မသုံးဘူး ။ ဒီအတိုင်းချတာက အသက်ရှင်မယ့် အခွင့်အရေး ပိုများလို့ ။


တိုက်ပွဲဝင်ရင် Mini map လေးတွေက သေးလွန်းတယ်လို့ ခံစားရတယ် ။ နေရာတွေကလည်း ခပ်ဆင်ဆင်လေးတွေ ။ တခါတလေ သွားရင်းသွားရင်းနဲ့ လမ်းပျောက်သွားတတ်လို့ Map အကြီးကို ခဏခဏ ပြန်ကြည့်နေရတယ် ။ ကျနော်ကိုယ်တိုင် မြေပုံကြည့်သွားရာမှာ အားနည်းလို့ ဖြစ်ပါလိမ့်မယ် ။

Character က ၁၄ ယောက်တောင် ရှိတော့ lvl မြင့်ရတာ ကြာတယ် ။ တယောက်တည်း ကွက်ပြီးလည်​း lvl မြင့်လို့မရဘူး ။ နောက်ပိုင်း lvl မြင့် mission တွေ side quest တွေ လုပ်တဲ့အခါ တော်တော်ခက်လာမှာ ။ character lvl မြင့်ချင်ရင်တော့ world map ထဲ ထွက်ပြီး lvl မြင့်ယူတာ အကောင်းဆုံးပဲ ။ ရန်သူတွေ လိုက်ရှာချရင်း နားချင်ရင် မြို့ထဲ ဝင်နား ၊ ပြီးရင် ပြန်ထွက်ချ ။ ကျောင်းထဲဝင်နားလို့​တော့ ရ​ပေမယ်​့ အချိန် ၁၂ နာရီ ကုန်သွားလိမ့်မယ် ။ ဒါကြောင့် မြို့ထဲခဏနားဖို့ အကြံပေးရတာ ဖြစ်ပါတယ် ။ Area အလိုက်​ ​တွေ့ရတတ်​တဲ့ အ​ကောင်​​တွေရဲ့ lvl အမြင်​့ အနိမ်​့ရှိ​တော့ Rubran နဲ့ အ​ဝေးဆုံးဖြစ်​တဲ့​နေရာမှာ ​တွေ့ရတတ်​တဲ့ အ​ကောင်​​တွေဆို lvl အမြင်​့ဆုံးပဲ ။ lvl မြင်​့​တော့ ချရခက်​သလို ​သေပြီးရင်​ ကျလာတတ်​တဲ့ loot ​တွေကလည်​း lvl မြင်​့တယ်ဆိုတာကတော့ ​ပြော​နေစရာ မလို​တော့ပါဘူး ။ ​နောက်​ပြီး ရှိ​သေးတယ်​ ။ ကိုယ်​့ character ကို secret training ထဲ ထည်​့၊ ဂိမ်​းပိတ်​ချပြီး တစ်​ရက်​​လောက်​ ဝင်​မကစားပဲ ထားပြီး ​နောက်​တစ်​ရက်​ကျလို့ ဝင်​ကြည်​့တဲ့အခါ secret traning ထဲထားခဲ့တဲ့ character က Exp ​တွေတက်​ပြီး lvl up ဖြစ်​သွားတဲ့ feature လည်​း ရှိတယ်​ ။ အချိန်​ကြာကြာထားရင်​ Exp တက်​တာ ပိုများလာတယ်​ ။ ဒီ feature က lvl တင်​ရပျင်​း​နေပြီး မကစားချင်​​တော့တဲ့ အချိန်​ဆို ​တော်​​တော်​ အသုံးဝင်​တယ်​ ။


Final Fantasy Type 0 က remaster version မှာ single player ပဲ အဓိကထားတော့ Multiplayer ကစားလို့ မရဘူး ။ psp version မှာ local multiplayer mode ပါတော့ mission တွေလုပ်တဲ့အခါမှာ ကိုယ်အပါအဝင် player ၃ ယောက်နဲ့ local multiplayer mode နဲ့ ကစားလို့ရတယ် ။ အထက်​မှာ ​ပြောထားတဲ့အတိုင်​းပဲ Single player RPG ဆို​တော့ သူ့ Multiplayer က သိပ်​အ​ကောင်​းကြီး မဟုတ်​ဘူး ။ player တစ်​​ယောက်​ရဲ့ mission ကို ကျန်​ ၂ ​ယောက်​က ဝင်​ကူချ​ပေးတာ​လောက်​ပါပဲ ။

နောက် တစ်ခုရှိတာက Final Fantasy Type 0 က PC version မှာ control ကို Keyboard နဲ့ ထားထားရတော့ ထိန်းချုပ်ရတာ သိပ်မကောင်းဘူး ။ အရင်က controller နဲ့ ကစားရတာကို PC version ပြောင်းထားတာကြောင့် ဒီလိုတွေ ဖြစ်တာ ဖြစ်ပါလိမ့်မယ် ။ ကစားရတာ တော်တော်လက်ပေါက် ကပ်တယ် ။ Defence button, အသွားအလာ button နှင့် Evade button တွေက ဘယ်ဘက် တခြမ်းထဲ ရှိနေတာကြောင့် အရေးရယ်အကြောင်းရယ်ဆို နှိပ်ဖို့ ့ လက်ချောင်းက ငါးချောင်းတောင် မလောက်ဘူး ဖြစ်သွားတယ် ။ ဒါကြောင့် Final Fantasy Type 0 ကို စိတ်ဖြောင့်ဖြောင့်နဲ့ အားပါးတရ ကစားချင်ရင်တော့ 360 controller နဲ့ ချိတ်ကစားပါလို့ အကြံပြုပါရစေ ။


အချုပ်​​ပြောရရင်​​တော့ Final Fantasy Type 0 က နဂို turn based စနစ်​က ကွဲထွက်​ပြီး သူ့တစ်​ခုတည်​း သီးသန်​့ဖြစ်​​နေတယ်​ ။ အဓိကက​တော့  action rpg ဖြစ်​​ပေမယ်​့ RTS ​တွေ​ရော shooting ​တွေ​ရော ​ရော​နေတဲ့ စီးရီးတစ်​ခုလည်​း ဖြစ်​တယ်​ ။ Final Fantasy ဆိုကတည်​းက အများအားဖြင်​့ ​ဇာတ်​လမ်​းသွားက ​ကောင်​း​​နေတတ်​မှန်​း သိထားနှင်​်​့ကြပြီးဖြစ်​​တော့ ဇာတ်​လမ်​းအပိုင်​း ​ထွေထူး​ပြော​နေစရာ မလို​တော့ဘူး ထင်​ပါတယ်​ ။ အရင်​က Dynasty Warriors စီးရီး​ကို စွဲစွဲမြဲမြဲ ​ဆော့လာခဲ့သမား ကျ​နော်​့အတွက်​​တော့ Final Fantasy စီးရီးထဲမှာ အကြိုက်​ဆုံး စီးရီးတစ်​ခုပါပဲ ။ Final Fantasy ထဲ ​ရွေးချယ်​စရာ character များများနဲ့ Action hack and slash ပုံစံမျိုးပြပါဆိုရင်​​တော့ Final Fantasy Type 0 ကို ပြရမှာပဲ ဖြစ်​ပါတယ်​ ။

======End======

Post a Comment

0 Comments