( က ) တစ်ယောက်တည်း နှင့် အထီးကျန်ခြင်း
--------------------------------------
ဆက်ဆံရေးကောင်းမွန်ခြင်း၊ အပေါင်းအသင်းဆန့်ခြင်း၊ အဖေါ်များခြင်း၊ စသည်တိုု့ဟာ အရည်အချင်းတစ်ရပ်အဖြစ် အသိအမှတ်ပြုကြပါတယ်။ ဒါပေမဲ့ လူတော်တော်များများ မစဉ်းစားမိတဲ့အချက်တစ်ခုုရှိပါတယ်။ တစ်ယောက်တည်း အဆင်ပြေပြေ နေထိုုင်တတ်ခြင်းဟာလည်း အရည်အချင်း တစ်မျိုးဖြစ်ပါတယ်။
တစ်နည်းပြောရရင် ဆက်ဆံရေးမကောင်းခြင်းဟာ အားနည်းချက်ဖြစ်သလိုု၊ တစ်ယောက်တည်း အဆင်ပြေပြေ မနေထိုုင်တတ်ခြင်းဟာလည်း အားနည်းချက်ဖြစ်ပါတယ်။
မှန်ပါတယ်။ တစ်ယောက်တည်း နေထိုုင်တတ်ခြင်းဟာ အရည်အသွေး တစ်ရပ်ဖြစ်ပါတယ်။ လူတိုုင်းမှာ ဒီအရည်အချင်းမျိုး မပိုုင်ဆိုုင်ကြပါ။ ဒီအရည်အချင်းပိုုင်ဆိုုင်လိုု့ အထီးကျန်ခြင်းမဟုုတ်ပါ။ အထီးကျန်ခြင်းအပေါ် အကျင့်ဖြစ်သွားစေပြီး စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခုုခုု အကျိုးဖြစ်ထွန်းအောင် ကြံစည်လုုပ်ဆောင်သွားနိုုင်တာကိုု ဆိုုလိုုပါတယ်။
အထီးကျန်ခြင်းမှာ အခြေအနေ သုုံးရပ်ရှိပါတယ်။
၁။ လူတော်တော်များများဟာ အထီးကျန်လာပြီလိုု့ ခံစားရပြီဆိုုရင် ခြေမကိုုင်မိ၊ လက်မကိုုင်မိ၊ ဂနာမငြိမ်တော့ဘူး၊ ဘာလုုပ်ရမှန်းမသိတော့ဘူး။ ပျင်းလိုုက်တာ၊ ငြီးငွေ့လိုုက်တာ စသည်ဖြင့် တစ်ဖျစ်တောက်တောက်ငြီးတွားလာပြီး အထီးကျန်မှု ပပျောက်သွားအောင် ကြံဆောင်လာပါတော့တယ်။ ပျင်းလိုု့ အရက်သောက်မိတယ်။ ပျင်းလိုု့ မူးယစ်ဆေးဝါးဆော့ရင်းနဲ့ စွဲသွားတယ်။ ပျင်းလိုု့ လောင်းကစား သွားလုုပ်မိရာ အကုုန်ပြောင်သွားတယ် စသည်ဖြင့် ခဏခဏ ကြားဖူးလေ့ရှိပါတယ်။
၂။ အထီးကျန်မှုကို အကျင့်ရသွားသူများဖြစ်တယ်။ သူတိုု့ဟာ မူလတုုန်းက အထီးကျန်မှုကို မလိုုလားခဲ့ကြပေမဲ့ နောက်ပိုုင်းမှာ အာရုံ ပြောင်းတတ်လာပြီး စာဖတ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ ကိုုယ်ဝါသနာပါရာ အလုုပ်တစ်ခုုခုုကိုု လုုပ်ကိုုင်ခြင်း စသည်ဖြင့် အထီးကျန်မှု နဲ့ အရောတဝင်ဖြစ်လာပြီး ဘဝနေထိုုင်မှု အဆင်ပြေလာစေပါတယ်။
၃။ တစ်ယောက်တည်း နေထိုုင်မှုကို အထီးကျန်တယ်လိုု့ပင် မစဉ်းစားမိတဲ့လူတွေပါ။ သူတိုု့ဟာ တစ်ယောက်တည်းနေရတဲ့အချိန်ကိုုတောင် ပိုုမိုုနှစ်သက်ကြပါတယ်။ အေးအေးဆေးဆေးနဲ့ ကိုုယ့်အလုုပ်ကိုု ပြီးမြောက်အောင် လုုပ်နိုုင်တဲ့အတွက်ကြောင့်ပါ။ ထူးချွန်တဲ့ ပုုဂ္ဂိုလ်တော်တော်များများဟာ နေ့စဉ် တစ်ယောက်တည်း နေတဲ့အချိန် ( ၂ )နာရီ၊ ( ၃ ) နာရီ ပေးရပါတယ်။ ဘယ်လောက်ပဲအလုုပ်များများ သူတိုု့ဟာ ကိုု်ယ်ပိုုင်အချိန်ကိုု မရရအောင် စီစဉ်တတ်ပါတယ်။ အဲဒီအချိန်မှာ သူတိုု့ဟာ အကြောင်းအရာတစ်ခုုခုုကိုု လေးလေးနက်နက် စဉ်းစားနိုုင်ပြီး ဆုုံးဖြတ်ချက်ကိုု တိတိကျကျ ချမှတ်နိုုင်တယ်လိုု့ ဆိုုပါတယ်။
( ခ ) ဘဝမှာ အငြိမ်းချမ်းဆုုံးအချိန်
---------------------------
တစ်ယောက်တည်းနေတတ်ရင်၊ ခံစားတတ်ရင် ဘဝမှာ အငြိမ်းချမ်းဆုုံး အချိန်အခါနဲ့ အလှပဆုုံးအချိန်အခါကိုု ခံစားတွေ့ကြုံနိုုင်ပါတယ်။ အထီးကျန်နည်းနည်းဆန်တာမှန်ပါတယ်။ တစ်ယောက်တည်း နေထိုုင်ခြင်းဟာ နက်နဲတဲ့ အတွင်းစိတ်မှာရှိတဲ့ မိမိရဲ့ လိပ်ပြာကိုု ပိုုမိုုအားအင် ကောင်းမွန်စေနိုုင်ပါတယ်။ တစ်ယောက်တည်းနေထိုုင်ချိန်ဟာ အခြားသူများကြီးစိုုးမင်းမူနေတဲ့ အရှုပ်အရှင်း ပေါင်းစုုံကြားကနေ လွတ်ထွက်နေတတ်ပါတယ်။ မိမိကိုုယ်မိမိ တကယ်ရင်ဆိုုင်တဲ့အချိန်လည်းဖြစ်ပါတယ်။ မိမိအတွင်းစိတ်နဲ့ စကားနှီးနှောဖလှယ်နိုု်င်တဲ့အချိန်အခါလည်း ဖြစ်ပါတယ်။ အတွင်းစိတ်ငြိမ်းချမ်းခြင်းစစ်စစ်ကိုု တစ်ယောက်တည်းနေထိုုင်တဲ့အချိန်အခါမှာပဲ ကောင်းမွန်စွာရရှိခံစားနိုုင်ပါတယ်။
( ဂ ) မိမိကိုုယ်မိမိ မိတ်ဖွဲ့ ခြင်း
--------------------------
လူတော်တော်များများဟာ အခြားသူများနဲ့သာစကားပြောဆိုုတတ်ပါတယ်။ မိမိကိုုယ်မိမိ ( သိုု့ ) မိမိအတွင်းစိတ်နဲ့ ပြောစရာ စကားရှာမရပေ၊ ဒါကြောင့်မိုု့လိုု့ တစ်ယောက်တည်းရှိတဲ့အခါတုုိင်း အထီးကျန်ဆန်တာကိုု ခံစားရတတ်ပါတယ်။
အမှန်တော့ လူဖြစ်တန်အောင် လူဆိုုတာ ကိုုယ့်အတွင်းစိတ်က ထွက်လာတဲ့ စကားသံကိုု နားထောင်တတ်အောင် သင်ထားရပါတယ်။ မိမိကိုုယ်မိမိ မိတ်ဖွဲ့တတ်ရပါတယ်။ မိမိအတွင်းစိတ်ရဲ့ စကားသံကိုု နားထောင်တတ်တဲ့လူ ( သိုု့ ) မိမိအတွင်းစိတ်ကိုု မေးခွန်းထုုတ်တတ်သူတိုု့ဟာ သူပြောကိုုယ်ပြော၊ သူများယောင်တိုုင်း ဘယ်တော့မှ လိုုက်မယောင်တတ်တော့ပါ။ ဥပမာ ဆိုုပါစိုု့၊ မိတ်ဆွေတွေနဲ့ ခရီးအတူသွားကြတယ်။ လမ်းမှာ အမှတ်တရ ပစ္စည်းဝယ်ကြတယ်။ သူဝယ်ကိုုယ်ဝယ်နဲ့ ဝယ်အောင်လည်း “ဂိုုက်”က စည်းရုုံးတယ်။ ကိုုယ့်စိတ်ကိုု မေးခွန်းထုုတ်တတ်တဲ့လူက ကိုုယ့်ကိုုယ်ကိုု မေးလိုုက်တယ်။ ငါဒါကိုု ဝယ်ရင် တကယ်စိတ်ချမ်းသာမှာလား၊ အားနာလိုု့ ဝယ်မှာလား၊ သူများဝယ်လိုု့ လိုုက်ဝယ်ရမှာလား၊ စသည်ဖြင့် မေးလိုုက်ပါတယ်။ ဝယ်ဖိုု့ မလိုုအပ်ဖူးလိုု့ ထင်မိရင် ဘယ်သူက ဘယ်လိုုပြောပြော မဝယ်တော့ပါ။
( ဃ ) အောင်မြင်တဲ့ ဒဏ်ကိုု ပိုုမိုုခံနိုုင်ရည်ရှိစေခြင်း
--------------------------
အထီးကျန်မှုဒဏ်ကိုု ခံနိုုင်တဲ့လူဟာ အောင်မြင်မှုဒဏ်ကို ကောင်းမွန်စွာ ခံနိုုင်ရည်ရှိသွားစေပါတယ်။ ဘယ်လောက်ပဲ အောင်မြင်အောင်မြင် လုုပ်စရာရှိတာ၊ ဆုုံးဖြတ်စရာ ရှိတာ အေးအေးဆေးဆေး ဆုုံးဖြတ်လုုပ်ဆောင်သွားနိုုင်စွမ်းရှိပါတယ်။ ကျွန်တော်တိုု့ နိုုင်ငံမှာ အောင်မြင်တဲ့လူတော်တော်များများ အချွေအရံ ပေါများကြပါတယ်။ အောင်မြင်မှု ကြီးမားလေလေ၊ အချွေအရံရဲ့ အဆင့်မြင့်မားလေလေဖြစ်ပါတယ်။ ဖိနပ်တိုုက်တာကအစ၊ အစားအသောက်စီစဉ်တာကအဆုုံး အချွေအရံတွေက လုုပ်ဆောင်ပေးကြပါတယ်။ နားဝင်ချိုတဲ့စကား၊ မိမိကိုုယ်မိမိ အထင်ကြီးစေတဲ့စကားလုုံးများကိုုလည်း အချွေအရံတွေက တစ်ဆင့် ကြားရပါတော့တယ်။ လိမ်ညာတဲ့စကားဖြစ်ဖြစ်၊ ဖားတဲ့စကားဖြစ်ဖြစ်၊ အကြိမ်တစ်ထောင်လောက် ဆက်တိုုက်ပြောလိုုက်ရင် အမှန်တရားလိုု့ အထင်ရောက်သွားစေတတ်ပါတယ်။ ခေတ်အဆက်ဆက်မှာ လူကြီးများဒီလိုုပဲ အဖျက်ဆီးခံခဲ့ရကြပါတယ်။ ဒီလိုုပဲ ပျက်စီးခဲ့ကြရပါတယ်။ တကယ်လိုု့ ဒီလူကြီးတွေကသာ အထီးကျန်မှု ရဲ့ တန်ဖိုုးကိုု သိခဲ့ကြမယ်ဆိုုရင် မိမိမူလ ရပ်တည်ချက် ခိိုုင်ခိုုင်မာမာနဲ့ အများအကျိုးကိုု ပိုုမိုု သယ်ပိုုးနိုုင်ခဲ့ကြမှာ မလွှဲပါဘူး။
နောက်ဆုုံးအနေနဲ့ တင်ပြချင်တာကတော့ သင့်မှာ ဘယ်လောက်သာယာတဲ့ အိမ်ထောင်ရေးပဲ ပိုုင်ဆိုုင်နေပါစေ၊ ဘယ်လောက်ချစ်တဲ့ အသိုုင်းအဝန်းပဲ ရှိနေပါစေ၊ အထီးကျန်မှု နဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ကျွန်တော်တိုု့ အားလုုံးဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အိုုကြရမှာချည်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ တစ်ယောက်တည်း စိတ်ချမ်းသာအောင် နေတတ်ဖိုု့ဆိုုတာ အလွန်အရေးကြီးလာပါတယ်။
အထီးကျန်မှုနှင့် ရင်းနှီးကျွမ်းဝင်နိုုင်ကြပါစေ။
Ref: we chat
Credit to Sayar U Aung Ko Latt
0 Comments