စာဖတ်မရလျှင် ဒီကိုနှိပ်ပါ
========
Atlus က Demon's Souls အွန်လိုင်းဆာဗာ ဖျက်သိမ်း၊ Fan တွေက သူတို့ရဲ့ အမှတ်တရတွေ အွန်လိုင်းပေါ် ဝေမျှ
========
Atlus က လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က Demon's Souls Online ဂိမ်းရဲ့ server တွေ အွန်လိုင်းဖြစ်နေရာက ရပ်နားလိုက်ပြီး အပြီးအပိုင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ် ။ Demon's Souls Online ကစားသူတွေဟာ  Demon’s Souls multiplayer ဟာ မည်မျှကောင်းကြောင်း ၊ မည်မျှအထိ ပျော်ရွှင်ခဲ့ရကြောင်းကို အင်တာနက်ဆိုရှယ်နက်ဝပ်တွေမှာ အပြန်အလှန် ပြန်လည်ဝေမျှရင်း ချီးကျူးနေကြပါတယ် ။ 
ယခုလက်ရှိမှာ Dark Soul လို့ နာမည် တွေ့လိုက်တာနဲ့ အခက်ခဲဆုံးဂိမ်းပဲလို့  လူတွေမှတ်ဉာဏ်ထဲ အမှတ်သညာပေးနိုင်ခဲ့တဲ့ Demon's Soul ဂိမ်းဟာဆိုရင် FromSoftware ရဲ့ အများနဲ့မတူ ထူးခြားတဲ့ multiplayer အရသာနှင့် အများကြားထိုးဖောက်ပြီး အွန်လိုင်း ဂိမ်းလောကမှာ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အွန်လိုင်းဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ် ။ ရာစုနှစ်တစ်ခုစာ ရှင်သန်ခဲ့တဲ့ ဂိမ်းဆာဗာတွေကို ဖျက်သိမ်းခါနီးမှာ အချိန် အတော်ကြာ မကစားခဲ့တဲ့ demon's soul fan ဟောင်းတွေလည်း ဆာဗာထဲ ပြန်ဝင်လာကြကာ နောက်ဆုံးအနေနဲ့ ဂိမ်းနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အမှတ်တရတွေ ဖန်တီးရင်း ဝမ်းနည်းစွာ နှုတ်ဆက်ခဲ့ကြပါတယ် ။ ဆာဗာမပိတ်ချမီ ဇန်နဝါရီလအထိတော့ Demon's Soul ဆာဗာဟာ ပျော်စရာ event တွေ community အသီးသီး တွေရဲ့ သူတို့ကိုယ်ပိုင် ကျင်းပတဲ့ ပွဲတွေနဲ့ စည်ကားနေခဲ့တာပါ ။ Fan ဟောင်းတွေလည်း ထောင့်တစ်နေရာမှာ ထားခဲ့မိတဲ့ Demon soul ကို ပြန်ထုတ်ကာ reinstall လုပ်ခဲ့ကြပြီး နှုတ်ဆက်တဲ့အနေနဲ့ နောက်ဆုံးအကြိမ် ဆင်နွှဲဖို့ ဆာဗာကို ရောက်လာခဲ့ကြပါတယ် ။ ဒီလိုနဲ့ Demon's soul ဆာဗာကြီးဟာ လူအမြောက်အများနဲ့ တဖန် သက်ဝင်လှုပ်ရှားလာပြီး ဒီလိုဝင်လာခဲ့ကြတဲ့ player တော်တော်များများဟာ Demon Soul ဂိမ်းကို အစကနေ အဆုံးထိ ပြန်ကစားခဲ့ကြပြီး တချို့ဆိုလျှင် အရင်တုန်းက မအောင်နိုင်ခဲ့တဲ့ boss တွေကိုပါ community တွေရဲ့အကူအညီ ၊ adventure တွေရဲ့ အကူအညီနဲ့ အကုန် အနိုင်ယူသွားခဲ့ကြပါသေးတယ် ။ ဒီလိုနဲ့ ဘယ်လိုမှ ရှောင်လွဲလို့မရတဲ့ ဂိမ်းဖျက်သိမ်းမှု အမှန်တကယ် ဖြစ်လာတဲ့အခါမှာတော့ အင်တာနက်တစ်ဝန်းမှာ Demon Soul fan တွေရဲ့ ဝမ်းနည်းမှုတွေ ဒေါသတွေနဲ့ ရင်ဖွင့်ထားတာတွေ အစုလိုက် အပြုံလိုက် တက်လာခဲ့ကြတော့တာပါပဲ ။ Demon's Soul ဂိမ်း ဖျက်သိမ်းခြင်းဟာ Demon's Soul Fan တွေအတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်သလို ဝမ်းအနည်းရဆုံးတစ်ခု ဖြစ်ခဲ့ပါတယ် ။ အွန်လိုင်း ဘယ်တော့မှ မဖြစ်တော့တဲ့ ဆာဗာကို ကြည့်ရင်း သူတို့ရဲ့ ကစားခဲ့ဖူးတဲ့ အမှတ်တရတွေကို ဆိုရှယ်နက်ဝပ်ပေါ် ဝေမျှကာ ဝမ်းနည်းခံစားနေကြပါတော့တယ် ။
Demon's Souls ဂိမ်းအကြောင်း ပြောပြရလျှင် Demon's Soul ဂိမ်းဟာ third person action role-playing game အမျိုးအစား ဖြစ်ပြီး From Software က ဖန်တီးခဲ့ပြီး Publisher ကတော့ Atlus ဖြစ်ပါတယ် ။ Demon's Soul ဂိမ်းကတော့ King's Field စီးရီးဂိမ်းမှာ အအောင်မြင်ဆုံး ဂိမ်းတစ်ခု ဖြစ်ခဲ့သလို  သူ့ရဲ့ အငွေ့အသက် အနှစ်သာရကို ဆက်ခံခဲ့တဲ့ ဂိမ်းစီးရီးကတော့ ယခုလက်ရှိ ကျော်ကြားနေတဲ့ Dark Soul ဂိမ်းစီးရီးပဲ ဖြစ်ပါတယ် ။
Post a Comment
0 Comments