Posts

Showing posts from March, 2015

Mi Phone တွေမှာ အသုံးပြုနိုင်မယ့် Xiao Mi Application လေးတွေပါ

Image
"System Tools" (MGS Team & Contributors) Xiaomi Localized Apps Collection
[Source]










AntiFake_10201
AntiFake_10201 - https://jd.mi.com/ - Chinese Only -



CoolWallpaper_2.3.1
CoolWallpaper_2.3.1 - http://app.mi.com/detail/41245 - Chinese Only


MiAuthenticator_2.27
MiAuthenticator_2.27 - http://app.mi.com/detail/62091 - English


MiClick_3.0.1
MiClick_3.0.1 - http://app.mi.com/detail/59090 - English


MiFit_1.3.412 (MiBand)
MiFit_1.3.114 - http://app.mi.com/detail/68548 - English + Chinese Images


MiHealth_1.3.3 (App For iHealth Device)
MiHealth_1.3.2 - http://app.mi.com/detail/73250 - Chinese Only


MiRemote_4.2
MiRemote_4.2 - http://app.mi.com/detail/31067 - Partially English

တကယ်က ပြီးပြည့်စုံတဲ့ဂီတနားဆင်မှု

တကယ်က ပြီးပြည့်စုံတဲ့ဂီတနားဆင်မှုဆိုတာ အချက်၅ချက်ပေါ်မူတည်ပါတယ်။

၁။ မူရင်းသီချင်းရဲ့ Recording နည်းပညာပါ။

     သီချင်းကိုယ်တိုင်က treble တွေ၊ bass သံတွေ ဝေဆာနေမယ်၊ အသံဖမ်းတွေကလည်း ပြည့်စုံနေမယ်ဆို လှပတဲ့သံစဉ်လေးတွေဖြစ်လာမှာပါ။ အဲဒီမှာ နည်းပညာမထွန်းကားသေးတဲ့ ၁၉၄ဝ အစောပိုင်းက သီချင်းတွေနဲ့ ဒီဘက်ခေတ်သီချင်းတွေကိုယှဉ်နားထောင်ကြည့်ရင်သိသာပါတယ်။

၂။ သီချင်းရဲ့ကွာလတီကလည်း အရေးပါတယ်။

     သီချင်းများများဆံ့ရင်ပြီးရော size ချုံ့ထည့်ထားတဲ့ 64kbps mp3 တွေနဲ့ တစ်ပုဒ်ကို 7MB ကနေ 15MB လောက်ရှိတတ်တဲ့ 320kbps mp3 တွေယှဉ်နားထောင်ကြားရင် သိသာလာမှာပါ။ mp3 ထက် ပိုကောင်းတဲ့ looseless audio format တွေနဲ့လည်း ချိန်ထိုးကြည့်နိုင်ပါတယ်။

၃။ သီချင်းဖွင့်မယ့်စက်ကလည်း အရေးပါပါတယ်။

     ကိုယ်က သိန်းကျော်တန် နားကြပ်ကြီးတွေသုံးမယ်၊ Hi-fi သီချင်းတွေနားထောင်မယ်ဆိုပေမယ့် ဖွင့်မဲ့စက်က ၂ဝဝဝတန် sd card စိုက်ဖွင့်တဲ့ mp3 player လေးတွေနဲ့ဆို ဘယ်လိုမှ နားထောင်လို့ကောင်းမှာ မဟုတ်တော့ပါဘူး။ ဖုန်းတွေထဲမှာဆို Vivo ဟာ Hi-fi chips တွေသုံးထားလို့ သီချင်းနားဆင်ရတာ အတော်လေးကောင်းတယ်ဆိုတာ Vivo သုံးဖူးသူတိုင်း ပထမဆုံးခံစားမိတဲ့ အတွေ့အကြုံပါ…

ကြင်နာမှု မျိုးစေ့ကလေးများကို အစဉ်ဖြန့်ကြဲပါ။

တစ်ရံသော် နာမည်ကျော် ဘင်ဂျီအမည်ရှိ ဝန်ကြီးချူပ်သည် ပါတီပွဲတစ်ခုသို့ သွားနေစဉ် သူ့ကိုယ်ရံတော်တစ်ဦးမှာ အတန်အရက်မူးနေပြီး ဗြုန်းခနဲ ဝန်ကြီးချူပ်၏ ယာဉ်ကော်ဇော်အပေါ် အန်ချလိုက်သည်။ ထိုအခါ အမှုထမ်းတစ်ဦးက ကြိမ်းမောင်းပြီး ဝန်ကြီးချူပ်အား ဤအရက်မူးနေသူကို ချက်ချင်း အလုပ်ထုတ်ပစ်ရမည်လောဟု မေးသည်။ ထိုအခါ ဝန်ကြီးချူပ်က ဒေါသမထွက် တည်ငြိမ်စွာပင်..

"မထုတ်ပါနဲ့ အဲဒီ လူငယ်ဟာ လူတော်ပါ။ သူ့ကို အလုပ်ထုတ်လိုက်ရင် နာမည်ပျက်ပြီး ဘယ်နေရာမှာမှ အလုပ်ကောင်းရ နိုင်တော့မှာ မဟုတ်ဘူး။ သူ့ရဲ့နောင်ရေးကို ငါ မဖျက်ဆီးချင်ဘူး။ တစ်ပါးသူကို သနားစာနာတတ်ရတယ်။ သူ ကော်ဇောကို မတော်တဆ ပေစေတာပဲ။ အဲဒါဟာ ကြီးကျယ်တဲ့ ပြစ်မှုကြီး မဟုတ်ဘူး။ ငါ ဂရုမထားပါဘူး" ဟု ပြန်ပြောသည်။

ထိုခေတ်က အသက်တစ်ချောင်း အထူးသဖြင့် အခိုင်းအစေတို့နှင့် ကျွန်တို့၏ အသက်မှာ တန်ဖိုးမရှိချေ။ ယခု အမူးသမားပြစ်မှု အသေးအမွှားမျိုးကို အခိုင်းအစေတို့ ကျူးလွန်က ပြင်းထန်စွာ အပြစ်ပေးခံရပြီး အချို့အသတ်ပင် ခံကြရသည်။ အမှုထမ်းမှာ ပထမတွင် ဝန်ကြီးချူပ်၏ ရက်ရောမှုကြောင့် အံအားသင့်သွားသည်။ ထို့နောက် ခွင့်လွှတ်ကြောင်း ကြောက်ရွံ့နေသည့် အမူသမားကို ပြောပြရာ အံ့အားသင့် ဝမ်းမြောက်မဆုံ…

Mi Phone တွေရဲ့ Tips and Tricks

Mi Phone တွေရဲ့ Tips and Tricks
၁. Lock Screen ကနေပြီး Camera, Phone call, messages ကိုတန်းသွားလို့ရတယ် ( မူရင်း Themes မှာ )

၂. Lock screen က အဝိုင်းလေးကို double tap ရင် Music playerကို တန်းခေါ်လို့ရတယ်။

၃. Home button ကို long press ရင် လက်နှိပ်ဓါတ်မီး တန်းပွင့်တယ်။

၎. MIUI မှာ App Drawer မရှိတော့ ထည့်ချင်ရင် MIUI App Drawer ကို play store ကထည့်လို့ရတယ်။

၅. လက်သုံးချောင်းနဲ့ စုလိုက်ရင် Page Previewer ရောက်တယ်။

၆. App တွေကို အလွယ်တကူရွှေ့ချင်ရင် လက်၂ချောင်းနဲ့စုလိုက်ပြီး Move App ကိုနှိပ်။ ပြီးရင် ရွှေ့ချင်တဲ့ app ကို အောက်ကိုဆွဲချပြီးတော့ ရွှေ့ချင်တဲ့ page မှာပြန်ချ

၇. App တွေကို နေရာတကျဖြစ်ချင်ရင် နံပါတ် ၆ အတိုင်း လက်၂ချောင်းနဲ့ စုလိုက်ရင် ရောက်တဲ့ shortcut page မှာ နေရာတကျမရှိတဲ့ page ကိုသွားပြီး ဖုန်းကို လှုပ်ပေးလိုက်ပါ။

၈. Google ရဲ့ service တွေမရှိလို့ ထည့်ချင်ရင် Google Installer ကို Mi Market ကနေ အရင်ထည့်ပြီးမှ လိုတဲ့ google ရဲ့ service တွေထည့်လို့ရတယ်။

အမေရိကန်ချွေးမ

အမေရိကန်ချွေးမ ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။

(၁) မစားရင် အဆာခံပါ
----------------------
မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။
ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။

(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင် သူ့ဘာ…

သောက်ရေသန့်လုပ်ငန်း အချို့များတွင် ရှိသောအားနည်းချက်များ

Image
၁) Filter တိုင်ထည့်ထားသော housing အိမ်များကို Series အလိုက် ၃-၄လုံး ဆက်ကာ သုံးစွဲခြင်း၂) Filter တိုင်အရေအတွက် နှင့် ဆိုဒ် အရွယ်အစားတို.၏ flow rate နှင့် စက်တစ်ခုလုံး၏ flow rate တို့သည် မညီပဲ သုံးထားခြင်း၃) Germicidal UV မီးချောင်း ပါဝါ နှင့် flow rate တို့ အချိုးကျ တူညီစွာမသုံးထားသောကြောင့် ပိုးသေမှုစိတ်မချရခြင်း၎) ငါးမွေးကန်တွင်သုံးသော UV မီးချောင်းကို ရေသန့်စက် UV မီးချောင်းတွင် မှားယွင်းစွာသုံးစွဲခြင်း၅) ရေသန်စက်ရုံများတွင် chemical ၏ အချက်အလက်မှတ်တမ်းများ၊ backwash လုပ်သောအခြေအနေ၊ RO စက်တို.၏ အထွက်နှုန်း၊ ဖိအား နှင့် ရေ၏ အရည်အသွေးများကို နေ.စဉ် ထုတ်လုပ်မှုတို. မှ မှတ်တမ်းတင်မှု နည်းပါးခြင်း၆) ထွက်ရှိလာသော ရေ၏အရည်အသွေးကို ထိန်းသိမ်း၊ မှတ်တမ်းတင် စစ်ဆေးသော ဌာနမရှိခြင်း၊ ဓာတ်ခွဲခန်းလည်း မရှိခြင်း၇) ရေစေးမှ ရေသွက်ပြောင်းပေးသော Resin အိုးတွင် regeneration ပုံမှန်လို စစ်ဆေးမှု ၊ မှတ်တမ်းတင်မှု နည်းပါးခြင်း၈) ရေသန့်စက်တွင် သုံးသော chemical များကို ဆေးကြောမှု၊ အသစ်လဲမှု၊ ပိတ်သွားသော filter တိုင်များကိုလည်း လဲလှယ်မှုများကို နည်းပါးခြင်း၉) Reverse osmosis စက်ဒီဇိုင်းများကို မှားယွင်းစွာ တည်ဆောက်ြ…