Mi Phone တွေရဲ့ Tips and Tricks

Mi Phone တွေရဲ့ Tips and Tricks

၁. Lock Screen ကနေပြီး Camera, Phone call, messages ကိုတန်းသွားလို့ရတယ် ( မူရင်း Themes မှာ )

၂. Lock screen က အဝိုင်းလေးကို double tap ရင် Music playerကို တန်းခေါ်လို့ရတယ်။

၃. Home button ကို long press ရင် လက်နှိပ်ဓါတ်မီး တန်းပွင့်တယ်။

၎. MIUI မှာ App Drawer မရှိတော့ ထည့်ချင်ရင် MIUI App Drawer ကို play store ကထည့်လို့ရတယ်။

၅. လက်သုံးချောင်းနဲ့ စုလိုက်ရင် Page Previewer ရောက်တယ်။

၆. App တွေကို အလွယ်တကူရွှေ့ချင်ရင် လက်၂ချောင်းနဲ့စုလိုက်ပြီး Move App ကိုနှိပ်။ ပြီးရင် ရွှေ့ချင်တဲ့ app ကို အောက်ကိုဆွဲချပြီးတော့ ရွှေ့ချင်တဲ့ page မှာပြန်ချ

၇. App တွေကို နေရာတကျဖြစ်ချင်ရင် နံပါတ် ၆ အတိုင်း လက်၂ချောင်းနဲ့ စုလိုက်ရင် ရောက်တဲ့ shortcut page မှာ နေရာတကျမရှိတဲ့ page ကိုသွားပြီး ဖုန်းကို လှုပ်ပေးလိုက်ပါ။

၈. Google ရဲ့ service တွေမရှိလို့ ထည့်ချင်ရင် Google Installer ကို Mi Market ကနေ အရင်ထည့်ပြီးမှ လိုတဲ့ google ရဲ့ service တွေထည့်လို့ရတယ်။


၉. Root လုပ်ပြီးနောက် root permission ဖွင့်ချင် ပိတ်ချင်ရင်တော့ Security ထဲက root permission ကို ဖွင့်လို့ပိတ်လို့ရပါတယ်။ ဒီနေရာမှာ Security ဆိုတာ နှစ်မျိုးရှိပါတယ်။ Settings ထဲက Security ရယ် အပြင်က Security app ရယ်ပါ။ အခုဟာကတော့ အပြင်မှာ သတ်သတ်ရှိနေတဲ့ Security app ပါ။

၁၀. Task Manager (လတ်တလော ဖွင့်ထားတဲ့ app တွေ ပြတဲ့ tray) ကိုဖွင့်ချင်ရင်တော့ Home button ကို ကြာကြာလေးဖိထားရင်တွေ့ရပါမယ်။ ဖွင့်ထားတဲ့ app တွေပိတ်ချင်ရင်တော့ ပိတ်ချင်တဲ့ app ပေါ်မှာ ဖိထားပြီးတော့ အပေါ်ကို တွန်းလိုက်ပါ။ app အကုန်လုံးကို ပိတ်လိုက်ချင်ရင်တော့ ဆေးသုတ်တံလေးနဲ့တူတဲ့ icon လေးကို ဖိလိုက်ပါ။

၁၁. Background run ထားတဲ့ app တခုခုကို အပေါ်က နံပါတ် ၁၀ ကအတိုင်း ရှင်းရင်တောင် ပိတ်မသွားချင်ရင်တော့ lock လုပ်ထားရပါမယ်။ Lock လုပ်ချင်ရင်တော့ အပေါ်ကအတိုင်း Home Button ကိုကြာကြာဖိပြီး Task Manager ကို ဖွင့်လိုက်ပြီးနောက် lock ချင်တဲ့ appကို ဖိပြီးနောက် အောက်ကို နည်းနည်းဆွဲချလိုက်ပါက သော့ခလောက်ပုံလေး app icon ပေါ်မှာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ Lock ထားတဲ့ app ပါပိတ်ချင်ရင်တော့ ဖိထားပြီးနောက် အပေါ်ကိုဆွဲလိုက်ပြီး ပိတ်လိုက်လို့ရပါတယ်။

၁၂. Music Player ကို ရိုးရိုးဖွင့်တာအပြင် icon ကိုဖိပြီး အောက်ကိုဆွဲလိုက်ပါက player ပေါ်လာပါလိမ့်မယ်။

၁၃. Music songs တွေမှာ ညာဖက်ကိုဆွဲလိုက်ပါက All Songs အပြင် Artists, Playlist နဲ့ online music တွေကိုတွေ့ရပါလိမ့်မယ်။

၁၄. Block Message and Important Message. Message ကို Block ချင်ရင်တော့ ပိတ်ချင်တဲ့ Message ပေါ်ဖိထားလိုက်ရင်ပြီး အောက်မှာပေါ်လာတဲ့ Add to blocklist ထဲထည့်လိုက်ရပါမယ်။ ဒါမှမဟုတ် အရေးကြီး Message အဖြစ် အပေါ်ဆုံးမှာထားချင်ရင်တော့ Pin ကိုရွေးရမှာဖြစ်ပါတယ်။

၁၅. Private Message အဖြစ်ထားချင်ရင်တော့ Message app ထဲက Message တွေ မြင်နေရတဲ့ အပေါ်မှာ ဖိပြီးဆွဲချလိုက်ရင်တော့ Private Message Section ကို မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ section ရဲ့ အောက်နားမှာ Setting ရှိပြီး Password ထားမလား pattern နဲ့ထားမလား ရွေးလိုရပြီး ဘယ်သူကတော့ private contact ပါဆိုတာရွေးလို့ရပါတယ်။

၁၆. Camera ( For v5 ) မှာပုံမှန်ရိုးရိုးကနေပြီး တခြားပေးထားတဲ့ feature တွေသုံးချင်ရင်တော့ camera ထဲဝင်လိုက်ပြီး ညာဖက်စွန်းက menu icon လေးကိုနှိပ်လိုက်ပါ။ ပြီးနောက် Settings ကိုရွေးပါ၊ Advanced Settings ကိုရွေးပြီးနောက် Simple Mode ကိုပိတ်ပေးလိုက်ရင်တော့ menu မှာအမျိုးမျိုး ချိန်လို့ရတာတွေကို တွေ့ရပါလိမ့်မယ်။

၁၇. Camera သုံးနေရင်းနဲ့ volume button ကို Shutter အဖြစ် Zoom အဖြစ်သုံးချင်ရင်တော့ Camera Setting ထဲက Volume Button Functions မှာရွေးလို့ရပါတယ်။

၁၈. Camera မှာ အချိန်ကို Watermark အနေနဲ့ သုံးချင်ရင်တော့ Camera Setting ထဲမှာပဲ Time Watermark ကို on ထားပေးရပါမယ်။

၁၉. Camera Grid Line ကို ဖွင့်ချင်ရင်တော့ Camera Setting ထဲက Reference Line ကို on ထားပေးရပါမယ်။

၂၀. Camera ထဲမှာ ဘယ်အသက်လဲ ယောကျာ်းလား မိန်းမလားခွဲပေးတဲ့ Feature သုံးချင်ရင်တော့ Face recognition ကို on ထားပေးရပါမယ်။

၂၁. Themes တွေ Font တွေ LockScreen Style တွေ Alarm style တွေ ပြောင်းချင်ရင်တော့ Themes ထဲမှာ ဝင်ပြောင်းနိုင်ပါတယ်။ Theme တခုလုံး ပြောင်းလို့ရတဲ့အပြင် ဆိုင်ရာဆိုင်ရာ တခုခြင်းဆီကို ပြောင်းချင်ရင်တော့ Category ထဲက Edit Theme (Customize Theme) ထဲမှာ တခုခြင်း စိတ်ကြိုက်ဝင်ပြောင်းလို့ရပါတယ်။

၂၂. Toggle မှာ ထပ်ထည့်ချင်ရင် ဖြုတ်ချင်ရင်တော့ Toggle Panel မှာ အစက်လေးသုံးစက်ပေါ်နှိပ်လိုက်ရင်တော့ Toggle တွေကို လိုသလို ရွှေ့လို့ရတဲ့နေရာကို ရောက်ပါမယ်။ အဲ့ဒီ့နေရာမှာ ရွှေ့ချင်တဲ့ပေါ်မှာဖိပြီး အပေါ်က Toggle Panel လိုင်းပေါ်ထိ ဆွဲထည့်ပေးရမှာဖြစ်ပါတယ် ( v6 မှာတော့ ဖြုတ်တာ ထည့်တာလုပ်မရပဲ နေရာပဲရွှေ့လို့ရတော့တယ် )

၂၃. Toggle ရဲ့ layout ပြောင်းချင်ရင်တော့ Toggle ရဲ့ Setting ကနေပြီး Page နဲ့ပြမှာလား Bar နဲ့ပြမှာလားလို့ ရွေးလို့ရပါတယ်။ (v6 မှာမရပါ) ပုံမှန်က Page Layout နဲ့ပြပြီး Bar Layout ကိုပြောင်းလိုက်ရင်တော့ Notification page ရဲ့အောက်မှာ ဘားတန်းနဲ့ မြင်ရမှာဖြစ်ပါတယ်။

၂၄. Connection Speed တွေကိုလဲ ဒီ Notification Setting မှာ on ပေးလိုက်ရင်တော့ အပေါ်က status bar မှာပြပေးပါလိမ့်မယ်။

၂၅. Data usage info ကို Notification Setting မှာ on ပေးလိုက်ရင်ပြီး Notification Toggle မှာ ပြပေးပါလိမ့်မယ်။

၂၆. ဘယ် app ရဲ့ notification ကိုတော့ဖြင်  lock screen မှာပြပါ။ ဘာဟာတော့မပြပါနဲ့ ဆိုတာ ဒီ Notification Setting ရဲ့ Manage Notification မှာ သတ်မှတ်ထားလို့ရပါတယ်။

၂၇. Notification Setting ထဲမှာပဲ Additional Setting ထဲကို ဝင်လိုက်ရင်တော့ဖြင့် Provider နာမည်ကို ပြမယ် မပြဘူး။ Provider နာမည်တွေပြောင်းချင်တာ။ Screen Shot ရိုက်ပြီးကြောင်းကို ပြမယ် မပြဘူးတွေ။ Notification ကို Lock screen မှာ ပေါ်မယ် မပေါ်ဘူးတွေကို ဒီမှာပြင်လို့ရပါတယ်။

၂၈. Additional Setting ထဲက Collapse after touch ကိုဖွင့်ထားရင်တော့ Toggle က button တွေကို ထိပြီးတာနဲ့ Toggle ကအလိုလျှောက် အပေါ်ကိုပြန်တက်ပြီး ပိတ်သွားမှာ ဖြစ်ပါတယ်။

၂၉. Additional Setting ထဲက Enable on lock screen ကိုဖွင့်ထားရင်တော့ Toggle ကို lock screen မှာလဲ သုံးလို့ရမှာ ဖြစ်ပါတယ်။

၃၀. Battery icon ကို ရိုးရိုးပဲပြတာအပြင် percentage လေးနဲ့ပြချင်ရင်တော့ Setting ထဲက Battery ထဲကို ဝင်ပြီးတော့ Battery indicator ထဲမှာ Percentage နဲ့ပြချင်လား Graphical နဲ့ပြမလား Top Bar အတန်းလေးနဲ့ ပြမလားလို့ ရွေးလို့ရပါတယ်။

၃၁. နောက်တခုကတော့ Vol button ပဲဖြစ်ပါတယ်။ တခြားဖုန်းတွေအတိုင်းပါပဲ Vol Up ကိုရွေးရင် အသံချဲ့ပေးပြီး Vol Down ကို အဆုံးထိသွားရင် Vibrate mode ကိုပြောင်းပါတယ်။ ထပ်နှိပ်ရင်တော့ Silent mode ကိုထပ်ပြောင်းပါတယ်။ အဲ့ဒါအပြင် Vol Up ဒါမှမဟုတ် Down ကိုနှိပ်လို့ပေါ်လာတဲ့ အဝိုင်းလေးကို ဖိလိုက်ရင်တော့ ဘားတန်းလေးနဲ့ထွက်လာပြီး လက်ဖျားလေးနဲ့ အတိုးအချဲ့လိုသလိုရွှေ့လို့ရပါတယ်။

ကိုတင်ညွှန့်

Source : https://www.youtube.com/watch?v=c6E4Epa560A&feature=youtu.be

Credit to @Khaing Su Hlaing

 

 

Post a Comment

0 Comments